arrt

Ar-T နဲ့ သူရဲ့ အစ်မတို့ ပူးပေါင်းပြီး ဖွင့်လှစ်ထားတဲ့ 'ချဉ်၊ ငန်၊ စပ်'ဆိုင်လေးကိုရောက်ပြီးသွားကြပြီလား ပရိသတ်ကြီးရေ။ 'ချဉ်၊ ငန်၊ စပ်' ဆိုတဲ့ နာမည်လေးအတိုင်း စားသုံးသူတွေရဲ့အကြိုက်ချဉ်ချဉ်၊ ငန်ငန်၊ စပ်စပ်တွေ ပါဝင်တဲ့ ကချင်ဒေသ အစားအစာဟင်းလျာတွေ ရရှိမှာဖြစ်ပြီး Ar-T တို့ ကိုယ်ပိုင်စိတ်ကူးတွေနဲ့ ဖော်စပ်ထားတဲ့ အရသာဆန်းဆန်းနဲ့ ဟင်းလျာတွေကိုလည်း ရရှိမှာဖြစ်ပါတယ်။ ဈေးနှုန်းလေးတွေ သင့်တင့်ပြီး အရသာရှိတဲ့ ချဉ်၊ ငန်၊ စပ်လေးတွေစားချင်တယ်ဆိုရင်တော့ အမှတ်-၅၈၊ ရှမ်းကုန်းလမ်း၊ စမ်းချောင်းမြို့နယ်မှာရှိတဲ့ Ar-T ရဲ့ 'ချဉ်၊ ငန်၊ စပ်' ဆိုင်လေးကို သွားကြရအောင်နော်။

Read more: Ar-T ရဲ့ ချဉ်၊ ငန်၊ စပ်ဆိုင်လေးကို သွား မြ ည်း ရေ အာ င်

much more 1

 ကျွန်မတို့အတွက် အစဉ်အမြဲ နှစ်သက်စွဲလမ်းစွာ စားသုံးနေလေ့ရှိတဲ့ မှို (ဟင်းချက်မှို)ဟာ အရသာအလွန်ရှိရုံမက အာဟာရဓာတ်ပါြ<ွကယ်ဝစွာ ပါဝင်နေတာကို အံ့မခန်းတွေ့ရှိခဲ့ရပါတယ်။ ဒီလို အညတရ   အစားအစာလေး က မျက်စိနဲ့ကြည့်ရုံတော့ ဒီလောက် အဖိုးတန်မှန်း ဘယ်လိုသိ နိုင်ပါ့မလဲနော်။ ဒါပေမဲ့ မယုံမရှိကြပါနဲ့။ မှိုဟင်းတစ်ခွက်က သင့်ရဲ့ စားပွဲပေါ်အရောက် အာဟာရ ဓာတ်တွေ  ဆောင်ကျဉ်းပေးနေတယ်ဆိုတာ တကယ့်လက်တွေ့ပါ။

much more 2

မှိုတွေမှာ ဗီတာမင်    B အုပ်စုဝင်တွေဖြစ်တဲ့ နိုင်ယာစင်၊ ရီဗိုဖလာဗင်၊ သိုင်ယာမင်၊ ဖောလစ် အက်ဆစ်၊ ဘိုင်အိုတင်၊ ပန်သိုသန်းနစ်အက်ဆစ်နဲ့ ဗီတာမင်ဘီစစ်တို့ ပါဝင်နေကြောင်း အရီဇိုးနား ပေါင်းစပ်ဆေးပညာစင်တာက ဒေါက်တာအန်ဒရူးဝေးလ်နဲ့ Mayo Clinicတို့က တင်ပြခဲ့ကြ ပါတယ်။ အဲဒီဗီတာမင်တွေဟာ စိတ်ဖိစီးမှုလျော့ကျစေခြင်း၊ ပင်ပန်းနွမ်းနယ်မှုတွေနဲ့၊ စိတ်ကျ ရောဂါတွေအတွက် အလွန်ပင်ကောင်းမွန်တဲ့  ဗီတာမင်တွေလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မှိုတွေဟာ အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့ အသီးအရွက်တစ်မျိုး ဖြစ်သလို လူတွေမစားသုံးသင့်တဲ့ ပြည့်ဝဆီရော အဆီ ဓာတ်တွေပါ နည်းပါးစွာ ပါဝင်တာကြောင့် စားသုံးဖို့ သင့်တော်တဲ့ အသီး အရွက်တစ်မျိုးပဲ ဖြစ်ပါတယ်။

ဟိုးအရင်တုန်းကတော့ လူတွေဟာ မှိုကိုသိပ် ပြီး မစားသုံးရဲကြပါဘူး။ မှိုဟာ အဆိပ်အတောက်ဖြစ်စေ တာကြောင့်ဆိုတဲ့ အတွေးအမြင်တွေကြောင့် မှို အစိမ်းထက် အခြောက်ခံထားတဲ့ မှိုတွေသာ ဈေး ကွက်မှာ တွေ့ရတတ်ပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာတော့ မှိုဆိုတာ တန်ဖိုးကြီး အစားအစာတစ်ခုဖြစ်လာနေပါ ပြီ။ မှိုအစို၊ အခြောက် အားလုံးကို ဈေးကွက်ထဲမှာ လွယ်ကူစွာ ရှာဖွေဝယ်ယူရရှိနိုင်ပါပြီ။
 အခုဆိုရင်တော့ မှိုဖူး၊ မှိုပွင့်လေးတွေကအစ မှို ပွင့်ကြီးတွေ (ထီးမှို)လို မှိုတွေအထိ ကျယ်ပြန့်စွာ စား သုံးလာကြပါပြီ။ တချို့ကလည်း မှိုချည်းပဲ ကြော်စား တယ်။  တချို့ကတော့ ကန်စွန်းရွက်၊ အသီး၊ အရွက်စုံ စတာနဲ့ ကြော်စားတယ်။ တချို့ကျတော့လည်း အသား တစ်မျိုးမျိုးနဲ့ တွဲဖက်ချက်ပြုတ်စားသောက် ကြပြီး တချို့စားသောက်ဆိုင်တွကတော့ မှိုတွေကို ကင်ပြီး ရောင်းချလာတဲ့အထိ မှိုတွေရဲ့ အခန်းကဏ္ဍ ကျယ်ပြန့် လို့လာနေပါပြီ။

much more 4
ဂျပန်နိုင်ငံမှာ အသုံးများတဲ့  'မိုင်တိတ်'မှိုနဲ့ 'ရှီမိ ကျိ' မှိုတွေဟာ အဖိုးတန်တဲ့ ဟင်းလျာစာရင်းတွေမှာ နေရာအပြည့်အဝ ရယူထားပါတယ်။ ဂျပန်မှာတော့                'မိုင်တိတ်' မှိုကို ကချေသည်မှိုလို့ တင်စားခေါ် ဝေါ်ထား ပြီး လူ့ခန္ဓာကိုယ်မှာရှိတဲ့ ကင်ဆာ၊ ဆီးချိုနဲ့ တခြားရောဂါ တွေကို ဖြစ်ပေါ်စေတဲ့ ဗိုင်းရပ်စ်တွေနဲ့ ဘက်တီးရီးယား တွေအတွက် အလွန်အားကိုးရတဲ့ အစားအသောက် တစ်ခုဖြစ်ပါတယ်။ ဘာလို့ လဲဆိုတော့  သူ့ မှာ ပါတဲ့ ဓာတ်တွေ က လူ့ကိုယ် ခံအားကို ကောင်း မွန်စေတာ ကြောင့် ပါ။ ဒါ့အပြင် သူဟာ တိရ စ္ဆာန်တွေနဲ့ လူ သားတွေရဲ့ သွေးတွင်းမှာ ရှိတဲ့ သကြားဓာတ်ကို ထိန်းညှိပေးနိုင်ပြီး ကင်ဆာဖြစ် ပွားစေတဲ့ အသားတွေရဲ့ တိုးတက်မှုနှုန်းကိုလည်း နှေးကွေးစေနိုင်ပါတယ်။

much more 6

ဒီလိုအချက်တွေကြောင့် မှိုဟာ အဖိုးတန်တဲ့ ဟင်းလျာတစ်မျိုးအဖြစ်သာမက အလွန်အသုံးဝင်တဲ့ ဆေးဖက်ဝင်ဓာတ်စာအဖြစ်ပါ လူသားတွေကို အကျိုး ပြုလျက်ရှိပါတယ်။ ဖိုင်ဘာ (အမျှင်ဓာတ်)၊ ဗီ တာမင်ဘီ၊ ဗီတာမင်ဒီ၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ဇင့်ဓာတ် တွေများစွာပါဝင်နေတဲ့ အဟာရတန်ဖိုးမြင့် အစားအစာ ဖြစ်တဲ့ မှိုဟင်းလျာတွေကိုတော့ နိုင်ငံတွေ၊ ဒေသတွေ တစ်ခုနဲ့တစ်ခု မတူတာကြောင့် ချက်ပြုတ်စားသောက် နည်းတွေ ကွဲပြားစွာ တွေ့ရှိရပါတယ်။

ထိုင်းမှာတော့ သံလွင်ဆီသုတ်ကာ  ရိုးရိုးတန်း တန်းအကြွပ်ကင်စားတာ ရေပန်းစားပါတယ်။ နောက် ပြီး မှိုကိုပြုတ်ကာ ဆလတ်ရွက်နဲ့ထုပ်ပြီး ခပ်ထူထူ အနေအထားရအောင် နုပ်နုပ်စဉ်းကာ အစပ်အရသာ ပေါ်အောင် သုပ်စားတာမျိုးကလည်း ထိုင်းရဲ့စား ကောင်းသောက်ဖွယ် ဟင်းလျာတစ်မျိုးဖြစ်ပါတယ်။ အဲဒီအသုပ်ကိုတော့ ထမင်းကြော်နဲ့ တွဲဖက်စားသုံး တာများပါတယ်။ မှိုဟင်းတစ်ခွက်စာဟာ လူတစ်   ယောက်  တစ်နေ့တာလိုအပ်တဲ့  ဗီတာမင်ဒီဓာတ်ကို လုံလောက်စေတယ်လို့သိရပြီး ဗီတာမင်ဒီဟာ အရိုး တည်ဆောက်မှုနဲ့ အရိုးသန်မာမှုအတွက် အလွန် အရေးပါတဲ့ ဓာတ်တစ်မျိုးလည်း ဖြစ်ပါတယ်။
အချုပ်အားဖြင့် ပြောရရင်တော့ လူတစ်ယောက် အတွက် တစ်နေ့တာလိုအပ်တဲ့ ကယ်လိုရီ ၁၈ဝဝ မှာ မှိုဟင်းတစ်ခွက်စားသုံးခြင်းဖြင့် အဆီ ဓာတ်  သုညဒသမ သုညငါးရာခိုင်နှုန်းကို ထောက်ပံ့ပေးနိုင်တာကြောင့် အရသာလည်း အလွန်ရှိ၊ အာဟာရ တန် ဖိုးလည်းတိုးတဲ့ မှိုဟင်းလျာတွေကို သင့်ရဲ့ စားပွဲပေါ်အရောက် ခေါ်ဆောင် လာခဲ့ပါတော့လို့ . . . . ။     much more 5

မှိုသုပ်တစ်ပွဲ ဘယ်လိုပြင်မလဲ

    ပထမဆုံး ကိုယ်လိုချင်တဲ့ ပမာဏကိုယူပြီး  ပင်စည်တွေဖြတ်တာ၊ အညစ်အကြေးတွေဖယ်ရှားတာ၊ ရေဆေး တာလုပ်ပြီးရင် တစ်လုတ်စာအနေအထားရအောင် အတုံးလေးတွေ တုံးရပါမယ်။
    နောက်ပြီး ကြက်သွန်နီကို နွှာပြီး ခပ်ပါးပါးလှီးကာ ရေဆေးပါ။
    ငရုတ်သီးအနည်းငယ်ပါးပါးလှီးထားပါ။
    နံနံပင်ကို ရေစင်စင်ဆေးပြီး လှီးထားပါ။
    စပါးလင်အနည်းငယ် ပါးပါးလှီးထားပါ။
    ဆလတ်ရွက်အနည်းငယ်ကို ခပ်ထူထူလှီးပေးပါ။
    သံပုရာရည်တစ်ဇွန်း
    ငံပြာရည်တစ်ဇွန်း
    အရသာမှုန့်တစ်ဇွန်း (မိမိနှစ်သက်ရာ)

much more 5
    ဒါတွေအားလုံး ပြင်ဆင်ထားပြီးပြီဆိုရင် တော့ မှိုကိုယူပြီး ဆူပွက်နေတဲ့ ရေထဲမှာ အချိန် ခဏလောက် ထည့်ပြုတ်ပေးပါ။ လှီးချွတ်ထားတဲ့ အမွှေးအကြိုင်အရွက်တွေကို ပန်းကန်တစ်ခုထဲ အကုန်ရောထည့်ပြီး ခုနက ပြုတ်ထားတဲ့ မှိုပွင့်လေး တွေပါ တစ်ပြိုင်တည်း ရောနယ်ပြီး သုပ်လိုက်လို့ရ ပါပြီ။ အရသာကိုတော့ ကိုယ့်စိတ်ကြိုက်ချိန်ဆ ပြီး ထည့်နိုင်ပါတယ်။ အားလုံးပြီးသွားရင်တော့ အရသာကောင်းပြီး အဟာရ ပြည့်တဲ့ မှိုသုပ်တစ်ပွဲ ကို ရရှိပြီဖြစ်ပါတယ်။

KK

 

 

မုန့်ကြာစေ့

mote kyar siပထမဦးစွာ  မုန့်ကြာစေ့ခေါ် မုန့်ပိန္နဲကို တင်ဆက်ပေးချင်ပါတယ်။  မုန့်လုံးရေ ပေါ်လုပ်နည်းနဲ့ က  အတူတူ ပါပဲ ။  အကြီးအသေး အရွယ်အစားသာ  ကွာခြားသွား ပါတယ်။

Read more: မြန်မာ့ရိုးရာစားစရာများ

vegetables-basket

ကိုယ့်ရဲ့ဈေးဝယ်ရမယ့် စာရင်းစာရွက်လေးရဲ့ ထိပ်ဆုံးတွေမှာ antidoxidant ကြွယ်ဝပေါများစွာထုတ်ပေးနိုင်တာလေးတွေနေရာပေးထားရမှာပေါ့။ ကိုယ်နေ့စဉ်မဝယ်မဖြစ်၊ မသုံးမဖြစ်သုံးနေရတဲ့ဟင်းသီးဟင်းရွက်တွေဟာ ကျန်းမာရေးအတွက် ဘာတွေအကူအညီပေးနေလဲ သိထားရတာလည်း စိတ်ဝင်စားစရာကောင်းလှတယ်။

ကြက်သွန်နီ (Onions)

ကြက်သွန်နီက မြန်မာဟင်းလျာတွေချက်ပြုတ်တဲ့အခါ မပါမဖြစ်တဲ့အသုံးပြုကြတာပါ။ ချက်ပြုတ်စားတာထက် အစိမ်းလတ်လတ်ဆတ်ဆတ်စားတဲ့အခါ ကြက်သွန်နီဟာ ကင်ဆာကိုတိုက်ဖျက်နိုင်တဲ့ antioxidant တွေပေးပါတယ်။ အပူပြင်းပြင်းနဲ့ ချက်လိုက်တဲ့အခါမှာတော့ phytochemical (အပင်တွေမှာပါဝင် ဇီဝဓာတ်ပစ္စည်းလှုပ်ရှားစေတဲ့ဓာတ်ပေါင်း)ရဲ့အကျိုးကျေးဇူးသိသိသာသာလျော့ကျသွားစေပါ။ အဲဒီဓာတ်ပေါင်းတွေဟာ အဆုတ်နဲ့ ဆီးကြိတ်ကင်ဆာကို ကာကွယ်နိုင်ကြတယ်။ ခရမ်းချဉ်သီး၊ ထောပတ်သီး နဲ့ ငရုတ်ချိုတောင့်ပွတို့ကို အတုံးလေးတွေကြိုက်သလိုပုံစံလှီးဖြတ်ပြီး ကြက်သွန်နီကိုလည်းအစိမ်းအကွင်းအဝိုင်းကြီးတွေပဲအဖြစ် အတုံးသေးသေးလေးတွေပဲဖြစ်ဖြစ်လှီး ရောမွှေကာ သံလွင်ဆီထည့်လို့ သံပရာရည်လေးညှစ်ဖြန်းပေးပြီး ဆလတ်အဖြစ်စားပေးရင် သွေးထဲကသကြားဓာတ်လျော့ကြစေတယ်။ သွေးလည်ပတ်မှုကောင်းမွန်စေပါတယ်။

ပြောင်းဖူး (Corn)

ပြောင်းဖူးအဖူးလိုက်ပဲဖြစ်ဖြစ်၊ ချွေထားတာပဲဖြစ်ဖြစ် ပြုတ်ထားတဲ့ပြောင်းဖူးသေချာစေဖို့ပါပဲ။ ပြောင်းဖူးကတော့ အစိမ်းလိုက်စားလို့မှ မရတာပဲနော်။ Jouranal of Agricultural Food and Chemistry တွေ့ရှိချက်မှာ ကြာရှည်ပြုတ်ထားလေလေ lutein (သစ်ရွက်တွေနဲ့ ကြက်ဥအနှစ်မှာတွေ့ရတဲ့ အဝါရင့် ရောင်ခြယ်) ဟာ သက်ကြီးရွယ်အိုတွေမှာဖြစ်လာတတ်ဲ့ မျက်စိမှုန်၊ မျက်စိကွယ်တာတွေကို တိုက်ဖျက်ချေမှုန်းစေတယ်လို့ ဆိုထားတယ်။ အုန်းနို့ပြောင်းဖူးကင် လုပ်စားတာလည်း အရသာကောင်းမွန်လှသလို ကျန်းမာရေးအတွက်သင့်တော်လှတယ်။

ပဲစိမ်းလုံး (Peas)

သေးငယ်ပေမယ့် အားကြီးလှတယ်လို့တောင် ညွှန်းဆိုကြတာပါ။ International Journal of Cancer ရဲ့ လေ့လာတွေ့ရှိချက်တစ်ခုမှာ ပဲစိမ်းလုံးနေ့စဉ်စားသုံးပေးတာဟာ တခြားပဲတောင့်ရှည်မျိုးတွေစားပေးတာထက် အစာအိမ်ကင်ဆာဖြစ်နှုန်းလျော့ကျစေတယ်။ အစာအိမ်ကင်ဆာကာကွယ်ပေးတယ်လို့ ဖော်ပြထားတယ်။ ပဲအမျိုးမျိုးရဲ့အကျိုးကျေးဇူးများများစားစားထက်ကို ဒီ Green Pea လေးတွေက အစာအိမ်ကင်ဆာအတွက်အထူးသင့်တော်ပါတယ်တဲ့။ ဆန်လုံးညိုနဲ့ သံပုရာ၊ ပဲစိမ်းလုံး အီတာလျံထမင်း (Brown Rice Risotto) က ကျန်းမာရေးအတွက်ကောင်းမွန်တယ်လို့ ညွှန်းပါတယ်။

ကိုက်လန် (Kale)

အနားစလေးတွေတွန့်တွန့်ကွေးကွေးနဲ့ တရုတ်ကိုက်လန်လို့ ခေါ်ကြတဲ့ Kale မှာ ဗီတာမင် စီ ပေါများကြွယ်ဝလှတယ်။ LDL Levelလျော့ကျတာကြောင့် (သွေးရည်ကြည်ထဲက lipoprotein လျော့ကျတာကြောင့်) ဖြစ်နိုင်တဲ့ နှလုံးရောဂါဖြစ်နိုင်ခြေနည်းသွားမှာပါ။

ပန်းဂေါ်ဖီစိမ်း (Broccoli)

ဘရော့ကိုလီမှာ ကင်ဆာကိုတိုက်ဖျက်တဲ့ antioxidant တွေပြည့်ပြည့်ဝဝ ပါဝင်တယ်။ ဘရော့ကိုလီ အပါအဝင် ဂေါ်ဖီထုပ်အမျိုးအစားတွေကို ရက်သတ္တတစ်ပတ်မှာ ငါးကြိမ်နဲ့ အထက်စားတဲ့ အမျိုးသားတစ်ဦးဟာ ဆီအိတ်ကင်ဆာဖြစ်နိုင်ခြေထက်ဝက်ခန့် လျှော့ချနိုင်တယ်လို့ ဆိုပါတယ်။ ဒိန်ခဲအဝါ (cheddar cheese) နဲ့ ဘရော့ကိုလီစွပ်တစ်ခွက် ပြင်ဆင်ချက်ပြုတ်နိုင်ပါတယ်။

ငရုတ်တောင့်ပွအနီ (Red bell pepper)

အရွယ်အလတ်စားငရုတ်တောင့်ပွတစ်တောင့်မှာ ကယ်လိုရီနည်းနည်းပဲပါတယ်၊ ဒါပေမဲ့ ဗီတာမင် စီ မြင့်မားစွာပါဝင်နေပါတယ်။ သွေးလွှတ်ကြောမှာ သွေးဖြူဥတွေစုပုံတတ်တဲ့သွေးကြောဆိုင်ရာရောဂါ Atherosclerosis ပြဿနာတွေကို စောင့်ကြပ်ကြည့်ရှုပေးနိုင်ကြတယ်။

ဟင်းနုနွယ် (Spinach)

အပင်တွေမှာ အဝါရောင်၊ လိမ္မော်ရောင်၊ အနီရောင်ရောင်ခြယ်ပေးတဲ့ ကယ်ရိုတင်းပါ carotenoid တွေ ပါဝင်ကြတယ်။ မျက်စိအားကောင်းလှတဲ့ antioxidant တွေဖြည့်တင်းပေးတယ်။ မျက်စိအတွက် အထူးသင့်တော်လှတဲ့ အစားအစာပါ။


ပဲပင်ပေါက် (Alfalfa sprouts)

သေးငယ်လှတဲ့ ဒီပဲပင်ပေါက်မှာ beta-carotene တွေ ပေါများကြွယ်ဝစွာပါဝင်နေပါတယ်။ အဆုတ်ကင်ဆာနဲ့ ကျန်းမာလန်းဆတ်တဲ့အသားအရည်၊ ဆံပင်သား၊ လက်သည်း၊ သွားဖုံး၊ ဂလင်းတွေ၊ အရိုး နဲ့ သွားတွေ ကျန်းမာရေးကောင်းမွန်စေဖို့ ကူညီပေးကြတယ်။ နောက်ထပ် ဗီတာမင် အီး လည်း ပါဝင်သေးတာကြောင့် နှလုံးရောဂါ၊ heart attack/ stroke မျိုးတွေ ကာကွယ်ပေးပါတယ်။ ဆီးအိတ်ကင်ဆာကြောင့် သေဆုံးနိုင်ခြေကိုလည်း လျော့ကျစေတယ်။ ကြက်သား၊ ထောပတ်၊ တို့နဲ့ alfalfa ပဲပင်ပေါက်အတူ ပြင်ဆင်ထားတဲ့ အသားညှပ်မုန့်ဟာလည်း ကျန်းမာရေးအတွက် ကောင်းမွန်တဲ့အစားအစာပါ။


မုံလာစိမ်းထုပ် (Brussels sprouts)

ဘောလုံးသေးသေးလေးတွေလို မုံလာစိမ်းထုပ်လေးတွေမှာ antioxidant တွေပါဝင်ကြပြီး ကင်ဆာဆိပ်တွေကိုရှင်းထုတ်ဖို့ ကူညီပေးတယ်။ နေ့စဉ်လိုအပ်တဲ့ ဗီတာမင် စီ ၈၀ ရာခိုင်နှုန်းကိုပေးနိုင်ပြီး နှလုံးရောဂါနဲ့ မျက်စိတိမ်စွဲရောဂါမျိုးတွေကို ကာကွယ်ပေးပါတယ်။

သကြားမုံလာ (Beets)

ကင်တာပဲဖြစ်ဖြစ် သနပ်လုပ်ထားတာပဲဖြစ်ဖြစ် ဒီ သကြားမုံလာဥမှာ ကင်ဆာကိုတိုက်ခိုက်နိုင်တဲ့ antioxidant အဆင့်မြင့်မားစွာပါဝင်နေဆဲပါ။ မျက်စိကိုကာကွယ်ပေးတဲ့ lutein လည်းပါဝင်ကြတယ်။ ဒီမုံလာဥနီနီလေးရဲ့ အရွက်တွေကိုလည်း လွှင့်မပစ်ပါနဲ့။ တခြားအစိမ်းရောင်ဟင်းရွက်တွေလိုပဲ ချက်ပြုတ်နိုင်ပါတယ်။ အဟာရကြွယ်ဝလှတဲ့ အရွက်လေးတွေပါ။ ဗီတာမင် အေ၊ စီ နဲ့ ဘီလည်း ကြွယ်ဝစွာပါဝင်သေးတယ်။ ကယ်လ်စီယမ်နဲ့ မဂ္ဂနီစီယမ်အရင်းအမြစ်တွေလည်း ပေါများစွာပါရှိတယ်။ အီတလီထမင်း Risotto With Beets ဟာ ကျန်းမာရေးနဲ့ ကိုက်ညီလှတယ်။ကျန်းမာလန်းဆန်းစေတဲ့ ဟင်းသီးဟင်းရွက်တွေရဲ့ အစွမ်း မလွတ်တမ်းဖမ်းယူပြီး အရသာလည်းရှိလှတဲ့ ဟင်းလျာတြွေ ပြင်ဆင်ချက်ပြုတ်နိုင်ကြပါစေ။ ။

Source: 10 of the Healthiest Vegetables You Can Eat | Reader's Digest

nankyit


ဒီလအတွက် taste power ကနေ တင်ဆက်ပေးချင်တာကတော့ အသုပ်တစ်မျိုးပဲဖြစ်ပါတယ်။ မြန်မာလူမျိုးတော်တော်များများကအသုပ်ကို ကျား၊ မ၊ ကလေးလူကြီးမရွေး ကြိုက်နှစ်သက် ကြပါတယ်။ ဒီတော့ အသုပ်တွေထဲကမှ လူကြိုက်များလှတဲ့ နန်းကြီးသုပ်လေးကို တင်ဆက်ပေးချင်ပါတယ်။ ပါဝင်တဲ့ ပစ္စည်းတွေကတော့ - 

Read more: ရိုးရှင်းလှတဲ့ မနက်ခင်းစာ

Go to top