coffee

ဆိုင်တစ်ဆိုင် ဖွင့်လိုက်ပြီဆိုတာနဲ့ ဝယ်ယူစားသုံးသူ ရှိလာပြီဆိုရင် ရောင်းပေးရမယ့် ဆိုင်ပိုင်ရှင်ရှိရမှာဖြစ်သလို ဝယ်ယူစားသုံးသူတွေကို ဝန်ဆောင်မှုပေးဖို့ အတွက် waiter နဲ့ waitress တို့လို  ဝန်ထမ်းတွေ ရှိရမှာဖြစ်ပါတယ်။ ဒါပေမဲ့ အမေရိကန်နိုင်ငံ၊ မြောက်ဒါကိုတာပြည်နယ်က တောင်ကြားမြို့လေးမှာရှိတဲ့ The Vault  ဆိုတဲ့ ကော်ဖီဆိုင်မှာတော့ စားသုံးသူတွေကို ရောင်းပေးမယ့် ဆိုင်ရှင်လည်းမရှိသလို ဝန်ေ ဆာင်မှု ပေးမယ့်ဝန်ထမ်းလည်း တစ်ယောက်မှ မရှိပါဘူး။The Vault ကို လာရောက်ကြတဲ့ စားသုံးသူတွေဟာ ဆိုင်မှာ ရောင်းချပေးနေတဲ့  ကော်ဖီ ၊ လက်ဖက်ရည် နဲ့  မုန့်တွေထဲက  ကိုယ်ကြိုက်နှစ်သက် တဲ့ ကော်ဖီ၊ လက်ဖက်ရည်နဲ့မုန့်တွေကို ကိုယ်တိုင်ယူ ၊ကိုယ်တို င်ဖျော်ပြီး သုံးဆောင်ကြရပါတယ်။ ကိုယ်သုံးဆောင်တာတွေအတွက် ကျသင့်တဲ့ အခကြေးငွေကိုလည်း ကိုယ်တိုင်ပဲ ရှင်းရပါတယ်။ 

 

Read more: ရောင်းသူမရှိတဲ့ ကော်ဖီဆိုင်

si-hta-min

ဒီလ Living Fashion ပရိသတ်ကြီး အတွက် ဒီကဏ္ဍလေး ကနေ တင်ဆက် ပေးချင်တာ ကတော့ မိုးအေးအေးလေးမှာ ကော်ဖီပူပူလေး နဲ့ပဲဖြစ်ဖြစ်၊ လက်ဖက်ရည် ပူပူလေးနဲ့ ပဲဖြစ်ဖြစ် တွဲစားလို့ရတဲ့ ဆီထမင်း လုပ်နည်းလေး ပဲ ဖြစ်ပါတယ်။ ဆီထမင်းကို မြန်မာလူမျိုးတော်တော် များများက ကြိုက်နှစ်သက် ကြပါတယ်။  မိုးအေးအေးလေး မှာ လက်ဖက်ရည် ပူပူ လေးနဲ့ ဆီထမင်းလေးကို စားရတဲ့ အရသာကိုလည်းလူတိုင်း  ကြိုက်နှစ် သက် လိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်မ ကိုယ်တိုင် လည်း ကြိုက်နှစ်သက် လို့ပါ။ ငယ်ငယ်တုန်းက ဝယ်စားခဲ့တဲ့ ကျောင်းရှေ့က ပဲပြုတ်နဲ့ ဆီထမင်း ကို သတိရမိတယ်။ ဘယ်လောက် စားေ ကာ င်းတဲ့ အစားအစာဖြစ်နေပါစေ အလွန်အကျွံ စားသုံးဖို့ မသင့်ပါဘူး။ တန်ဆေးလွန်ဘေးဆိုတဲ့ စကားကလည်း အဓိပ္ပာယ် ရှိလှပါတယ်။ ဆီထမင်းဟာ ကောက်ညှင်းနဲ့ လုပ်တာ ဖြစ်တဲ့အတွက် များများစားမိရင် ရ င်ပြည့် ရင်ကယ် ဖြစ်တတ်ပါတယ်။ ပြီးတော့ ဝမ်းချုပ်တတ်သူဆိုရင်လည်း များများမစားသင့်ပါဘူး။ ဆီးချိုရောဂါရှိတဲ့ သူတွေလည်း အနည်းငယ်သာ စားသင့်ပါတယ်။ ဆီထမင်းကို မနက်စောစောမှာ လာရောင်း တဲ့ ပဲပြုတ်သည် ဆီက ဝယ်လို့ရသလို ကိုယ်တိုင် လည်း ထိုးစားလို့ရပါသေးတယ်။ ကျွန်မကတော့ မေမေထိုးတဲ့ ဆီထမင်းကို အသည်းစွဲမို့ မေမေ့ကိုပဲ ထိုးခိုင်းလိုက် တော့မယ်နော်။ သြော်  . . .           ပရိသတ်ကြီးအတွက်လည်း မေမေ့ဆီက ဆီထမင်းထိုးနည်းလေးကို ဝေမျှပေးလိုက်မယ်နော် . . .

Read more: မိုးအေးအေးမှာ ဆီထမင်းလေး ထိုးစားမယ်

Moe Coffee Shop

မျက်လုံးထဲ ကော်ဖီဆိုင်လေးတစ်ဆိုင်ကို ပြေးမြင်မိတယ်။ Moe Coffee Shop တဲ့။ ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ် ၊ ၃၆ လမ်း (အလယ်)၊ အမှတ် ၁၅၇ မှာ ဖွင့်လှစ်ထားတဲ့ ဆိုင်ကလေး။ ၂ဝဝ၉ ခုနှစ်က ရန် ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ အင်းလျားလမ်း၊ ၉ ရပ်ကွက်မှာ စတင်ဖွင့်လှစ်ခဲ့ပြီးတော့ ၂ဝ၁၁ ခုနှစ်က စတင်ပြီး ဆူးလေတစ်ဝိုက်က ရုံးဝန်ထမ်းတွေ သန့်သန့်ရှင်းရှင်း၊ သက်သက်သာသာနဲ့ စားသုံးနိုင်ဖို့ရည်ရွယ်ပြီး ဖွင့်လှစ်ဖြစ်ခဲ့တဲ့ ဆိုင်လေးပါပဲ။

Read more: ကော်ဖီရနံ့နဲ့ စိတ်ကူးတွေ လွင့်ဝဲရာ Moe Coffee Shop မှာ

KNP 8356

မိုးလေးတစ်ဖွဲဖွဲနဲ့ အေးချမ်းတဲ့ ဒီလိုအချိန်မျိုးဆို Yu က တခြားနေရာတွေ သွားတာထက် Coffee Shop တို့ Lotteria တို့မှာ ထိုင်ဖြစ်တာများတယ်။ အပြင်သွားရင် မိုးရေတွေနဲ့ စိုနေတာကို မကြိုက်ဘူးလေ။ Lotteria က အိမ်နဲ့လည်းနီးတယ်၊ ပြီးတော့ Yu က ကြက်ကြော်လည်း ကြိုက်တော့ ထိုင်ဖြစ်တာများတယ်။ တစ်ခါတလေ သူငယ်ချင်းတွေနဲ့ လာသလို ကိုယ်တစ်ယောက်တည်း အေးအေးဆေးဆေးလေး လာထိုင်ဖြစ်တဲ့ အချိန်တွေလည်း ရှိတယ်။ မိုးရာသီမှာ Yu အကြိုက်ဆုံး အရာက သီချင်းလေးနားထောင်ပြီး ကိုယ်ကြိုက်တဲ့ အစားအစာလေးတွေနဲ့ ကိုယ်တွေးချင်ရာ တွေးနေရတာမျိုးပေါ့။

Read more: Haven In Rain (Lotteria)

asagiri

အစားအစာတွေထဲက ဂျပန်အစားအစာတွေကိုမှ နှစ်ခြိုက်ခုံမင်စွာ သုံးဆောင်လိုကြတဲ့ သူတွေအတွက် ဂျပန်စားသောက်ဆိုင်ကောင်းကောင်းနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ASAGIRI တဲ့ . . . .

Read more: လာ...သွားကြစို့ရဲ့ ASAGIRIဆီ

Go to top