သူငယ်ချင်းတို့ရေ တစ်ခါတစ်ရံမှာ တစ်ယောက် တည်း လွတ်လွတ်လပ်လပ် သွားလာရတဲ့ အရသာကို နှစ်သက်ကြပါသလား။ လူတစ်ဦးနဲ့ တစ်ဦးကတော့ မတူနိုင်ပါဘူး။ သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့အတူ သွား လာရတာ
ပျော်စရာကောင်းပေမဲ့ တစ်ခါတလေတော့ လည်း တစ်ယောက်တည်းသွားလာရတဲ့ လွတ်လပ်မှု က ပိုမိုကြည်နူးစရာကောင်းပါတယ်။ ကဲ ဒီနေ့မှာတော့ တစ်ယောက်တည်း သွားမယ်၊ စားမယ် . . .။
Model                 - Kyi Cin
Make up            - Gucci Aung
Photo                 - Ko Naing (Escape)
Location            - Asagiri
Arranged By      - Ei Ei Htwe
om
Read more: Only Me
5Stars  စားသောက်ဆိုင် အစားအစာကို မီးဖိုချောင်မှာ ချက်ပြုတ်နိုင်ဖို့အတွက် လွယ်ကူပြီး အရသာရှိတဲ့ ပင်လယ်စာနှစ်မျိုးချက်နည်းကို ဒီလ Living Fashion ကနေ ပြောပြမှာဖြစ်ပါ တယ်။ရွေးချယ်ထား တဲ့ပင် လယ်စာနှစ်မျိုးကတော့
(၁) ပြည်ကြီးငါးကြော်
(၂) ပုစွန်ကြော်နဲ့ Sweet Chili Sauce တို့ ဖြစ်ပါတယ်။
 ပြည်ကြီးငါးကြော်
ပြည်ကြီး ငါးကြော်လေးက စလိုက်ရအောင် . . . .ဒီလို ပြည်ကြီးငါးကြော်မျိုးကို 5Stars  စားသောက်ဆိုင် မှာစားမိခဲ့ရင် အကြိုက်တွေ့ပြီး ချက်နည်းကတော့ တော်တော် ခက်ခဲမယ်လို့ လူအများ တွေးမိကြမှာပါ။
တကယ်တော့ဒီချက်နည်းက လွယ်ကူပါတယ်။ ထူးခြားတာကတော့ ပျဉ်းတော်သိမ်ကို သုံးထားတဲ့အတွက် မွှေးမွှေးလေးနဲ့ အင်မတန်မှ စားကောင်းပြီး ထမင်းကြော် ဒါမှမဟုတ် ထမင်းဖြူနဲ့ တွဲဖက်စား သုံးနိုင် ပါတယ်။
ကဲ . . .ချက်နည်းလေးကို ကြည့်ရအောင် . . . .
tp
ပြည်ကြီးငါး                                       ၄၅၀gm
ငရုတ်သီးစိမ်း                                   ၃တောင့် (နုပ်နုပ်စင်းထားပါ)
ကြက်သွန်နီဥအသေး                       ၃လုံး(နုပ်နုပ်စင်းထားပါ)
ကြက်သွန်ဖြူ                                    ၂မြှောင့် (နုပ်နုပ်စင်းထားပါ)
ပဲငံပြာရည်                                       ၁ဇွန်း(စားပွဲစားဇွန်း)
ပျဉ်းတော်သိမ်ရွက်                           ၁ညွန့်
ကြက်ပြုတ်ရည်(သို့မဟုတ်)ရေ         ၁/၂ ခွက်
သကြား                                           အနည်းငယ်
ငရုတ်သီးအနှစ်                                ၁စားပွဲစားဇွန်း
ခရမ်းချဉ်သီးဆော့စ်                          ၃စားပွဲစားဇွန်း
Read more: DELICIOUS RECIPE
Myeilk-Cut-Purse
မြိတ်ကိုရောက်ရင် ပထမဦးဆုံး စားရမှာက မြိတ်ကတ်ကြေးကိုက်ပေါ့။မြိတ် ကတ်ကြေးကိုက်ဟာ လူသိများ ထင်ရှားလှပါတယ်။ ပင်လယ်စာအမျိုးမျိုး ပေါင်းစု ရောပြွမ်းထားတာမို့ အရသာလည်း ထူးကဲလှပါ တယ်။ကမာ၊ ကဏန်း၊ ပုစွန်ကျား၊ ပြည်ကြီးငါး၊ ကြက်ဥ၊ ကြက်သား စတာတွေ စုံညီပါဝင်နေတာမို့ အရင်းအနှီးကလည်း မနည်းလှပါဘူး။ ကိုယ်တိုင် တတ်ကျွမ်းထားတော့ အချိန်မရွေး လုပ်စားလို့ရတာမို့ ချက် နည်းပြုတ် နည်းလေးပေးလိုက်ပါတယ်။ ချက်ပြုတ်မြည်း စမ်းကြည့်ကြပါဦး။
Read more: မြိတ်ကတ်ကြေးကိုက်
watermellon
ကမ္ဘာတစ်ဝန်းမှာ ခရီးသွား ဧည့်သည်တွေကို အသွင်အမျိုးမျိုးနဲ့ မိမိနိုင်ငံကို လာချင်အောင် ဆွဲဆောင် တဲ့နေရာမှာ စားသောက်ဖွယ် သီးနှံတွေကို ဖန်တီး အလှဆင် ပြသကြတာဟာ အံ့ဖွယ်အနုပညာ တစ်ခု ပါပဲ ။ကျန်းမာရေး နဲ့ညီညွတ်ပြီး လူတွေစားသုံးဖို့ သင့်တော်လှတဲ့ ဖရဲသီး၊ မုန်လာဥ၊ စတော်ဘယ်ရီသီး၊ ပဲသီး၊ နာနတ်သီး စသဖြင့် သစ်သီးတွေကို မွမ်းမံပြင်ဆင် မှုဟာ နိုင်ငံတကာမှာ ဝင့်ဝါကျော်ကြား လို့လာနေပြီ  ဖြစ်ပါတယ်။သစ်သီးဝလံထည့်ဖို့ ဗန်းကလေးနဲ့ ခြင်းတောင်းလေးတွေနဲ့ အောက်ပါအတိုင်း အလှဆင် ခင်းကျင်းပြသနိုင်ပါတယ်။ မိမိတတ်ကျွမ်းသလို ဒါမှမဟုတ် စိတ်ကူးရသလို ဘယ်လိုပဲဖြစ်ဖြစ် ခင်း ကျင်း ပြုလုပ်ကြည့်ပါ။လှလာပါလိမ့်မယ်။ ခရမ်းချဉ်သီးဆော့စ် နဲ့ ချိစ်တို့ ဖုံးအုပ် အလှဆင်ထားတဲ့  အီတလီ အစားအစာ၊ ပီဇာ၊ သစ်သီး ကိတ် စတာတွေကိုလည်း တွေ့မြင်ရပါလိမ့် မယ်။ ကမ္ဘာ မှာ လူသားတွေ ဟာ decorative fruits  ကို  အရည် အသွေးမြင့်မြင့် အမျိုးမျိုး အစွမ်းပြ ဖန်တီး တတ်ကြတာလည်း အံ့တစ်ပါးပါပဲ။ ပဲသီးတောင့်တွေ၊ အခွန်မာသီးတွေ၊ ခရမ်းချဉ်သီးတွေ စတဲ့ လှပတဲ့ ပန်းပွင့်ပုံစံ၊ လိပ်ပြာ အေ ကာင်ပုံစံ၊ ပုံဖော်ထုဆစ်ကြတာတကယ့်ကို အနုပညာမြောက်လှပါတယ်။ များလှတဲ့ အစေ့အဆန်တွေကို အဝိုင်း၊ အချွန်၊ လေးမြှောင့် စတဲ့ မိမိတို့စိတ်ကူးရှိသလို ဆန်းဆန်းပြားပြား တီထွင် ဖန်တီးလာကြ တယ်။ မင်္ဂလာအခမ်းအနားပွဲတွေမှာ၊ဧည့်ခံပွဲတွေမှာ ဒီလို ပြောင်မြောက်တဲ့ အနုပညာအပြင် အဆင်မျိုးကို အများအားဖြင့် တွေ့မြင်လာကြရပါပြီ။ သစ်တော်သီး၊ ပန်းသီး၊ သင်္ဘောသီး၊ ဖရဲသီးတို့လို အခွံမာသီးေ တွကို ခွက်လုပ်နိုင်ပါတယ်။ ခွက်ထဲမှာခရမ်းချဉ်သီးကို ပန်းပွင့်လေးသဖွယ် ဖန်တီးတီထွင် ထိုးစိုက်နိုင်ပါတယ်။ အတွေးကောင်းကောင်း စိတ်ကူး ကောင်းကောင်းနဲ့ ပေါ့။
Read more: Fruit Decoration
coffee1
Read more: တစ်ခေါက်တစ်ခဏ အပန်းဖြေစရာ ကော်ဖီရနံ့တို့ သင်းပျံ့ရာမှာ
Go to top