relax1

Model                : Steven Kyaw (Star & Models Int'I) , Shwe Zin Ko Ko
Dress               : Nobody , Blue Coner
Make-Up          : Gucci Aung
Location           : 50th Street Bar
Photo                : Min Khant Kyaw (Excellent King)
Arranged By    : Nay Yi Yi Lin

Read more: TIME TO RELAX

pan-taw-win1

ငြိမ်သက်အေးချမ်းတဲ့ ပတ်ဝန်းကျင်မှာ ပန်းပင်၊ ပျိုးပင်လေးတွေကို ကြည့်ရှုခံစားရင်း အစားအသောက်တွေ ကို စားသုံးချင်တယ်ဆိုရင်တော့ ပြင်ဦးလွင်မြို့မှာရှိတဲ့ ပန်းတော်ဝင် ပျိုးဥယျာဉ်နှင့် စားသောက်ဆိုင် ကို လမ်းညွှန် ပါရစေ။ ပျိုးဥယျာဉ်နှင့် စားသောက်ဆိုင်ဆို တဲ့အတိုင်း ပျိုးပင်၊ ပန်းပင်တွေကို ကြည့်ရှုခံစားနိုင်ပြီး Floral Service & Gift Shop လေးလည်း ပူးတွဲ တည်ရှိနေပါတယ်။

pan-taw-win

Floral Service & Gift Shop  မှာရရှိနိုင်တဲ့ ဝန်ဆောင်မှုတွေကတော့

မင်္ဂလာအခမ်းအနားနှင့် အခြားအခမ်းအနား
တွေအတွက် ပန်းအလှဆင်ပေးခြင်း
လက်ကိုင်ပန်းနှင့် ပန်းစည်းများ ပြုလုပ်ပေးခြင်း
သစ်ခွပန်းအမျိုးမျိုး
Artificial Flower
Handmade Flower with Luna Clay
မြေယာရှုခင်း ပြုလုပ်ပေးခြင်း (Landscaping)
စတဲ့  ဝန်ဆောင်မှုများကို ရရှိနိုင်ပါတယ်။

pan-taw-win2

စားသောက်ဆိုင် အနေနှင့်လည်း သန့်စင်တဲ့လေထုနဲ့ ငြိမ်သက်အေးချမ်း မှု ကို ခံစားရစေပြီး သက်သောင့်သက်သာ အနားယူကာ ကြိုက်နှစ်သက် ရာ ပြည်တွင်း၊ ပြည်ပ စားသောက်ဖွယ်ရာ မျိုးစုံကိုမှာယူ စားသောက်နိုင်ပါတယ်။ Breakfast အနေနဲ့ မြန်မာ အစားအစာနဲ့ နိုင်ငံတကာ စား သောက်ဖွယ်ရာတွေကို ရရှိနိုင်ပါတယ်။ ဥရောပအစားအစာ၊ တရုတ် အစားအစာ၊ ဂျပန်အစားအစာ၊ ကိုရီးယား အစား အ စာတွေ အပြင် ပန်းတော်ဝင်ရဲ့  Special  အစားအစာနဲ့ Snack တွေလည်း ရရှိနိုင်ပါ တယ်။ ပန်းတော်ဝင်မှာ မွေးနေ့ပါတီ၊ မိတ်ဆုံစားပွဲ စတဲ့ အခမ်းအနား အမျိုးမျိုးအတွက်လည်း စီစဉ်ဆောင် ရွက်ပေး ပါ တယ်။ပန်းတော်ဝင်ဟာ နေရာထိုင်ခင်းကောင်းမွန် သလိုအစားအစာ တွေရဲ့သန့်ရှင်း လတ်ဆတ်မှုနဲ့ ပတ်သက်လို့လည်း Customer တွေရဲ့ ကျန်းမာရေးနဲ့ ကျေနပ်နှစ်သိမ့်မှုအတွက် အာမခံတယ်လို့ ဆို ထားပါ တယ်။

pan-taw-win3

ဒါ့အပြင် အမျိုးသားကန်တော်ကြီးဥယျာဉ်ထဲမှာလည်း Fine Leaf  ဆိုတဲ့ Souvenir Shop ကို ပန်းတော်ဝင်မှ ထပ်မံ ဖွင့်လှစ်မှာ ဖြစ်ပါ တယ်။ပန်းတော်ဝင်ကို အလည်သွားချင်တယ်ဆိုရင် လိပ်စာကတော့ နန္ဒာ လမ်း(ကန်တော်ကြီးပတ်လမ်း)၊ ရပ်ကွက်ကြီး ၆၊ ပြင်ဦးလွင်မြို့ ပဲ ဖြစ်ပါတယ်။ ဖုန်းနံပါတ်  ဝ၉- ၇၃ဝ၅၆၂၆၉ ကို ဆက်သွယ်လို့ရပါတယ်။Email လိပ်စာကတော Email ဖြစ်ပါတယ်။နေ့စဉ် နံနက် ၇ နာရီမှ ည ၁ဝ နာရီအထိဖွင့်လှစ်ပေးနေတဲ့ ပန်းတော်ဝင်ကို အလည်လာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါရစေ။

pan-taw-win4

EEH

ei-soe-say

အစားအစာကို ကြိုက်နှစ်သက် သူတွေကတော့ စားကောင်းသောက် ကောင်းတွေ တည်ရှိရာ နေရာတွေဆီ တခုတ်တရ ရှာဖွေပြီး သွားတတ်ကြပါတယ်။ ဒီအပတ်တော့ တရုတ်အစားအစာ စားသောက် ဆိုင်မှာ သွားစားမယ်၊ ဒီအပတ် တော့ အီတလီ အစားအစာ စားသောက်ဆိုင်မှာ သွားစားမယ်၊ ဒီအပတ်တော့ အိန္ဒိယအစားအစာ စားသောက်ဆိုင်မှာ သွားစားမယ် စသဖြင့် ကိုယ်ကြိုက် နှစ်သက်ရာ အစားအစာတွေ ရှိရာစားသောက်ဆိုင်လေးတွေဆီ အချိန်ပေးပြီး ကိုသွား ရောက်တတ်ကြတာပါ။

Read more: အီစိုးဆေးမှာသုံးဆောင်ပါနှစ်သက်ဖွယ်ရာ ဂျပန်အစားအစာ

mote-hinn-khar

ဘာလိုလိုနဲ့ မိုးရာသီကုန်လို့ ဆောင်းကိုတောင် ရောက်လာပေါ့။ ဒီလို အေးချမ်းတဲ့ဆောင်းရာသီနံနက်ခင်းလေးမှာ ပူပူနွေးနွေးနဲ့ စားလို့ကောင်းတဲ့ မနက်စာကို လူတိုင်းကြိုက်နှစ်သက်မှာပါနော်။ဒီတော့ . . . ဒီလမှာ ပရိသတ်ကြီးအတွက် ကျွန်မစဉ်းစားမိတဲ့ မနက်စာလေးကတော့ မြန်မာလူမျိုးတိုင်းကြိုက်တဲ့ မုန့်ဟင်းခါးလေးပဲ ဖြစ်ပါတယ်။မြန်မာမုန့်ဟင်းခါးကိုပဲ မြန်မာလူမျိုးတွေက နာမည် အမျိုးမျိုးနဲ့ ချက်ပြုတ်စားသောက် လျက် ရှိ ပါတယ်။ မုန့်ဟင်းခါးကို မြောင်းမြ၊ မော်လမြိုင်၊ ရန်ကုန် အစရှိသဖြင့် အမျိုးမျိုးခေါ်လေ့ရှိပါတယ်။ ကျွန်မကတော့ ရန်ကုန်မုန့်ဟင်းခါးကို ပိုစားဖြစ်ပါတယ်။မုန့်ဟင်းခါးဆိုင် တော်တော်များများ ရှိပေမဲ့  အိမ်မှာပဲ စား ချင်တဲ့သူတွေအတွက် ဒီစာမျက်နှာ လေးကနေ မုန့်ဟင်းခါးချက်နည်းလေးကို တင်ပြ ပေးလိုက်ပါတယ်။ မနက်ခင်းစာ ပူပူ နွေးနွေးလေးကို လုပ်စားကြည့် လိုက်ပါဦးနော်။

Read more: နွေးထွေးလှတဲ့မနက်ခင်းစာ

myint-oo-thar

ကိုမြင့်ဦးသာကို ပရိသတ်တွေအားလုံး သိရှိပြီးသားဖြစ်တဲ့အတွက် အထူးတလည် မိတ်ဆက်ပေးနေ စရာမလိုတော့ပါဘူးနော်။MRTV-4  ရဲ့Food & Deco အစီအစဉ်ကို တင်ဆက်နေတဲ့သူဖြစ်သလို ကျွန်မ တို့ရဲ့ LivingFashion Magazine မှာလည်း Delicious Recipe ခေါင်းစဉ်နဲ့ စားသောက်ဖွယ်ရာ အဆန်းအပြားလေးတွေကို ပရိသတ်ထံ ဝေငှနေသူ ဖြစ်ပါတယ်။ ကိုမြင့်ဦးသာမြန်မာပြည်ကို ရောက် ခိုက် တခြားတိုင်းပြည်တစ်ခုမှာရပ်တည်နေတဲ့ သူ့ရဲ့ ရပ်တည်မှု၊ လေ့လာအားထုတ်မှုနဲ့ လုပ်ငန်းဆိုင်ရာတွေကို မေးမြန်းဖော်ပြပေးလိုက်ပါ တယ်။

Read more: အောင်မြင်ဖို့အတွက် ကိုယ်ဝါသနာပါတဲ့ လုပ်ငန်းတစ်ခုကို ရှာဖွေပါဆိုတဲ့ Chef & Decorator မြင့်ဦးသာ

Go to top