ဒီလမှာ Living Fashion ပရိသတ်ကြီးအတွက် Taste Power ကနေဖော်ပြပေးချင်တာကတော့ ဧပြီလဆိုတဲ့အတိုင်း သင်္ကြန်စာလေးပါ။ သင်္ကြန်မှာဆိုရင် အများဆုံးလုပ်စားဖြစ်ကြတာကတော့ မုန့်လုံး ရေပေါ် ပါပဲ။ နေရာတိုင်းမှာလည်း လုပ်စားဖြစ်ကြပါတယ်။ ဒါကြောင့် လူတွေက သင်္ကြန်စာတချို့ကို မေ့နေတာတွေ ရှိပါတယ်။ ဒီတော့ ဒီလဖော်ပြပေးချင်တဲ့ သင်္ကြန်စာလေးကတော့ သင်္ကြန် ထမင်းလေး ပဲဖြစ်ပါ တယ်။ ပရိသတ်ကြီးလည်း ဒီသင်္ကြန်မှာသင်္ကြန်ထမင်း လေးစားရင်း အေးချမ်းမှုအပေါင်းနဲ့ ပြည့်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Thingyan Rice5


ပါဝင်တဲ့ပစ္စည်းတွေက..

ဆန် ၂ လုံး
ငါးခြောက် ၃ဝသား
ဆီ ၂၅ ကျပ်သား
ကြက်သွန်ဖြူ အနည်းငယ်
နှမ်း ၃ ဇွန်း (စားပွဲတင်ဇွန်း)
ငံပြာရည် ၂ဇွန်း(စားပွဲတင်ဇွန်း)
ပုစွန်ခြောက် ၃ဇွန်း(စားပွဲတင်ဇွန်း)
သရက်သီးအစိမ်း ၃လုံး
စန္ဒကူးစ အနည်းငယ်
ပျားဖယောင်းချပ် အနည်းငယ်


အရင်ဆုံး ဆန်ဆေးပြီး ထမင်းအိုးတည်ပေးပါ။ ရေဆူလို့ ထမင်းကျက်ရင်ရေစစ်ထားပါ။ ရေစစ်ထားတဲ့ ထမင်းကိုပဲ ရေထပ်ထည့်ပြီး ရေနောက်တစ်ခေါက်ထပ် စစ်ပါ။ ရေစစ်ပြီးရင် ထမင်းကို အအေးခံထားပါ။ ထမင်းက မွမွလေးဖြစ်သွားပါလိမ့်မယ်။ မီးငွေ့ငွေ့လေးရှိတဲ့ မီးဖိုပေါ်ကို အိုးတစ်လုံးကိုတင်လိုက်ပါ။ အိုးထဲကို ပျားဖယောင်းချပ်နဲ့ စန္ဒကူးစ အနည်းငယ်ကိုထည့်ပါ။ အိုးကို မီးဖိုပေါ်မှာ ခဏလောက်တည်ပြီးရင် ထမင်းနဲ့ ရေသန့်ကို ရောထည့်လိုက်ပါ။ တချို့က ထမင်းနဲ့ရေသန့်ကို မထည့်ခင်မှာ အိုးကို အဝတ်စနဲ့ ပိတ်ထားပါသေးတယ်။ ပျားဖယောင်းချပ်နဲ့ စန္ဒကူးအနံ့တွေမထွက်သွားအောင်ပါ။ ပြီးရင်တော့ပန်းကန်ထဲ ထမင်းထည့်ထားလို့ရပါပြီ။ တချို့ကလည်း ထမင်းပန်းကန်ထဲက ရေပေါ်မှာ စံပယ်ပန်းထပ်ထည့် အလှဆင်ပြီး ရနံ့ထပ်ပေါင်းတာလည်းရှိပါတယ်။ ပြီးတော့ ဒီသင်္ကြန်ထမင်းနဲ့ တွဲဖက်ပြီးစားဖို့ ငါးခြောက်ေ ထာင်းကြော်နဲ့ သရက်သီးသုပ်လုပ်ရအောင်ပါ။

ငါးခြောက်ထောင်းလုပ်ဖို့ အရင်ဆုံး ငါးခြောက်ကို ပြုတ်ပါ။ ပြုတ်ထားတဲ့ ငါးခြောက်ကိုထောင်းထားပါ။ ထုထားတဲ့ ကြက်သွန်ဖြူကိုဆီသတ်ပါ။ ကြက်သွန်ဖြူကျက်သွားရင်တော့ ငါးခြောက်ထောင်း ကိုထည့်ပြီး ရဲနေအောင် ကြော်လိုက်ပါ။ ပြီးရင်တော့ လှီးထားပြီးသား ကြက်သွန်နီကို ကြော်လိုက်ပါ။ ကြက်သွန်နီကို တစ်ခါတည်း များများကြော်ထားဖို့မမေ့ပါနဲ့။ ကြက်သွန်ကြော် တစ်ဝက်ကို ငါးခြောက်ထောင်းနဲ့ ရော လိုက်ပါ။

ပြီးရင်သရက်သီး သုပ်ဖို့ပြင်ရပါမယ်။ သရက်သီးကိုခြစ်နဲ့ခြစ်ပြီး ရေနဲ့ဆေးထားပါ။ တချို့လည်းခြစ်ပြီးသားသရက်သီးကို အသုံးပြုကြပါတယ်။ ကြက်သွန်နီနဲ့ ငရုတ်သီးစိမ်းကို ပါးပါးလှီးထားပေးပါ။ ပြီးရင်တော့ သ ရက်သီး၊ ကြက်သွန်နီ၊ ငံပြာရည်၊ ပုစွန်ခြောက်မှုန့်၊ နှမ်းလှော်၊ လှီးထားတဲ့ ငရုတ်သီးစိမ်းလေးကို ပန်းကန်ထဲ ထည့်ပြီး နှံ့အောင်နယ်ပြီးရင်တော့ စားချင်စဖွယ် သရက်သီးသုပ်လေးရပြီပေါ့။ နယ်ပြီးရင်တော့ ပန်း ကန်ထဲ ထည့်ပြီးပြင်ဆင်လို့ရပါပြီ။ အပေါ်ကနေခုနကကြက်သွန်နီ ကြော်လေးကိုဖြူးလိုက်ပါ။ ငါးခြောက်ထောင်းကြော်နဲ့ သရက်သီးသုပ် အဆင်သင့်ဖြစ်ပြီးနေပြီဆိုရင်တော့ သင်္ကြန်ထမင်းလေးနဲ့ တွဲဖက်ပြီး စားသုံးလို့ရပါပြီနော်။ ပရိသတ်ကြီး ကျေနပ်နှစ်သက်မယ်လို့ မျှော်လင့်ရင်း နှစ်သစ်မှာ ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ခက်


Special Thingyan Meal

Thingyan, a four day festival that ushers in the Burmese New Year, is the biggest holiday of the year in Myanmar. It usually begins around April 13th. In the cities and towns, makeshift pavilions with stages for singing and dancing are erected, and barrels are filled with water. Young people dance and sing on the stages and throw water on anyone who passes by. It is believed that being drenched with Thingyan water washes away one’s sin and bad luck. Decorative floats may also take part in processions. Thingyan is closely associated with the start of the annual rainy season. In Myanmar, India and Southeast and South Asia in general, where rain is associated with happiness and good times.

img 0027

Thingyan Rice

Special Thingyan Meal is from the Mon State served only during the period of “Thingyan.” It consists of specially prepared rice, crisply fried shreds of dried fish with a generous sprinkling of fried onions and a salad of green mangoes. The Mon people still adhere to this tradition of “Thingyan Rice” as it is called to this day. It is a novel and quaint way of cooking rice.

Ingredients:
1) Rice - two condensed milk tins full;
2) Dried fish. (Snakehead or any fleshy fish such as Spanish Mackerel) - 1lb;
3) Oil – 10 ounces;
4) Onion – 10;
5) medium-sized Garlic – a few pods;
6) Sesame – 3 tbs;
7) Fish sauce – 2 tps;
8 ) Pounded dried prawns – 2 tablespoons 3 or so (optional);
9) Green (unripe) mangoes – 3;
10) Sandalwood – a few slivers; ) Beeswax – a few flakes.

To cook the rice wash rice thoroughly. put in pot. fill with water and put on stove. When the water boils and the rice is cooked. drain the starchy water. Put in more water and repeat the process twice. This is to get rid of all the starch and to cook the rice till the grains become plump and flaky. Drain the rice for the last time and set aside to cool. (Usually rice is boiled till cooked and the water is drained only once. after which. the rice minus water is put back on stove to steam it to the right consistency).

Build an open charcoal fire in a small stove. When the charcoal begins to smoulder put in sandalwood slivers and flakes of beeswax and immediately cover with a clean cooking pot set aside for the purpose. This is to infuse the pot with the aroma of the sandalwood and beeswax. When it is judged that the sandalwood and beeswax have burned out remove pot and immediately put in the cooked rice and pour drinking water to cover the rice. Some cover the pot with a cloth before putting in the rice so that the aroma of the sandalwood and beeswax will not escape. The rice is now ready to be served in individual bowls water and all. Some sprinkle a few buds of jasmine on the water for decorative purposes and to lend some added fragrance as well. =

Accompanying dishes:

1) Fried Dried Fish: Boil the dried fish till tender. Remove bones and lightly pound the meat with traditional mortar and pestle. Heat half the oil till cooked and put in garlic lightly crushed; when garlic turns slightly brown. put in pounded dried fish and fry till golden. Slice 8 onions and fry till crisp. Leave half the fried onions for the mango salad and dress the fried fish with crisp golden onions.

2) Mango Salad: Peel and grate the mangoes and wash and drain. Slice raw onions and green chilis. Put in a bowl the grated mangoes. sliced onions. roasted sesame and pounded dried prawns. sprinkle fish sauce (to taste) and mix thoroughly. Put the lot in a serving dish and top with crisp fried onions.

The Thingyan meal is usually served for lunch or even later when the temperature is soaring. It is a heart-cooling meal. The rice is fragrant. Water slakes the thirst and the fried fish and mango salad lends a sharpness to wet the appetite.

AKM

lv112

ဒီလမှာတော့ ပရိသတ်တွေအတွက်မြန်မာတွေရဲ့အကြိုက်ဖြစ်တဲ့ အစားအစာတစ်မျိုးကိုတင်ဆက်ပေးချင်ပါတယ်။ သူကတော့ပဲပြုတ်ပေါ့။ ပဲပြုတ်ဆိုတာနဲ့ ကျွန်မမျက်စိထဲမြင်မိတာကတော့ ပဲပြုတ်နဲ့နံပြားတွဲပြီး စားတာကိုအရင်ဆုံးပြေးမြင်မိတယ်။ ဘာဖြစ်လို့ဆို ဗိုလ်ချုပ်ရဲ့ပြောစကားလေးကိုကြားယောင်မိလို့ပါပဲ။ ဘာတဲ့ ဗိုလ်ချုပ်က ' ကြည်ရေ ပဲပြုတ်နဲ့နံပြားရရင်တော့ဖြင့် စားချင်တယ်' တဲ့။ ကျွန်မငယ်ငယ်ကတည်းက ပဲပြုတ်နဲ့တွဲဖက်ပြီး အစားချင်ဆုံးကလည်းနံပြားပါပဲ။ ဒါကြောင့် ဒီလဟာဗိုလ်ချုပ်မွေးတဲ့လလည်းဖြစ် ဗိုလ်ချုပ်ကိုအမှတ်ရတဲ့အနေနဲ့ ပဲပြုတ်နဲ့ နံပြားလေးကို လုပ်စားလိုက်ကြရအောင်နော်။ ပဲပြုတ်ကိုမြန် မာတွေေ တ်ာတော်များများက လုပ်စားတတ်ကြပါတယ်။ ဒါပေမဲ့တချို့လုပ်စားချင်သူ တွေအတွက် အလွယ်တကူလုပ်စားနိုင်အောင် ဒီချက်နည်းလေးကို ဝေမျှပေးလိုက်ပါတယ်။

ပဲပြုတ်လုပ်ဖို့ ပါဝင်တဲ့ပစ္စည်း တွေကတော့…

Read more: စားရင်းလွမ်းမယ် . . .

taste

ဒီလ Living Fashion ပရိသတ်ကြီးအတွက် Taste Power ကဏ္ဍလေးကနေ ဖော်ပြပေးချင်တာကတော့ မနက်စာအတွက် စဉ်းစားရခက်တယ်ဆိုတဲ့ အိမ်ရှင်မတွေအတွက် မြန်မာတွေအကြိုက် ထမင်းသုပ်လေး အကြောင်းပါ။ ထမင်းသုပ်မှာမှ နာမည်ကြီးပါတယ်ဆိုတဲ့ ပြည်ထမင်းသုပ်လေးကို ဖော်ပြပေးချင်ပါတယ်။ ပြည်ထမင်းသုပ်ကို ပြည်ကိုသွားမှ စားခွင့်ရမှာမဟုတ်ပါဘူး။ ပြည်မသွားဘဲနဲ့လည်း ကိုယ့်ဘာသာကိုယ် လုပ်စားလို့ရတယ်ဆိုတာပရိသတ်ကြီးကိုပြောပြချင်ပါတယ်။ ပြည်ထမင်းသုပ်ကို

Read more: ရောင်နီမလာခင် လုပ်စားရအောင်

res1

 

Read more: ကမ္ဘာကျော် တို့နှင့် သူတို့ပိုင် စားသောက်ဆိုင်များ

soung

မိုးနှောင်း နိဂုံးချုပ်လို့ ဆောင်းဦး တောင် နိဒါန်းစ ခဲ့ပါပြီ။ ဒီလို ဆောင်းတွင်း အချိန်ကာလမှာ တန် ဆောင်တိုင်ပွဲတော် လည်းရှိတော့ လူ တွေက တောင်ကြီး တန်ဆောင်တိုင်ပွဲ တော်ကို အလည်အပတ် သွားကြ တာများ ပါတယ်။ တောင်ကြီး ဆိုတော့ ရှမ် ပြည်ပေါ့။ ရှမ်းပြည်နယ် ကိုရောက်ရင် အရင်ဆုံး သတိရမိတာက ရှမ်းရိုးရာအ စားအစာတွေ ကိုပါ။ ရှမ်းစာတွေ ထဲက မှ ကျွန်မက ရှမ်းခေါက်ဆွဲကို အကြိုက်ဆုံး ပါပဲ။ ကျွန်မလိုပဲ ရှမ်းခေါက်ဆွဲကြိုက် ကြ တဲ့သူတွေလည်း ရှိမယ်လို့ထင် ပါတယ်။ ရှမ်းခေါက်ဆွဲကြိုက်သူတွေ အနေနဲ့ ရှမ်းပြည် သွားမှ စားလို့ရတာ မဟုတ်ပါဘူး။ ကိုယ့်ဘာသာ ကိုယ်လည်း လုပ်စားလို့ ရပါသေး တယ်။ အဲဒီတော့ ကိုယ့်ဘာသာ ကိုယ် ရှမ်းခေါက် ဆွဲလုပ် စားချင်တဲ့သူတွေ အတွက်  ရှမ်းခေါက်ဆွဲချက် နည်း လေးကို ဖော်ပြပေး လိုက်တယ်နော်။ကဲ... ပရိသတ်ကြီးရေ ဆောင်း တွင်း အေးအေးလေးမှာ ရှမ်းခေါက်ဆွဲ ပူပူ လေးကို လုပ်စားကြည့် ကြရအောင်။

ပထမဦးဆုံး ပြင်ဆင် ရမှာက ကြက် သား (ဒါမှမဟုတ်) ဝက်သား၊ ကြက်သွန်နီ နဲ့ ချင်းတို့ကို နုပ်နုပ် စဉ်းထားပါ။ ခရမ်းချဉ် သီးကိုလည်း ပါးပါးလှီးပေး ရပါမယ်။ လှော်ပြီးသားမြေပဲကို မညက်တ ညက် ထောင်းပေး ထားပါ။ကြက်သွန်ဖြူကိုလည်း အခွံနွှာပြီး နုပ်နုပ်စဉ်း ထားရပါမယ်။

 

အဲဒါ တွေလုပ်ပြီး ရင်တော့ စတင် ချက်ပြုတ် ပါတော့မယ်။အရင်ဆုံး ရှမ်းခေါက်ဆွဲခြောက် တွေကို နာရီဝက်ခန့် ရေစိမ်ထား ရပါမယ်။ ပြီးရင် ဒယ်အိုးထဲ ဆီထည့်ပြီး ဆီပူရင် တော့ ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ ချင်းတို့ ကို ဆီသတ်ပါ။ အရောင်တင် မှုန့်ထည့်ပြီး မွှေလိုက်ပါ။

 

မွှေပြီးရင် ခရမ်းချဉ်သီး တွေကို ထည့်ပြီး ရေနည်းနည်း ထည့်ကာ မွှေလိုက် ပါ။ အနှစ်ရပြီဆိုရင်တော့ကြက်သား (ဒါမှမဟုတ်) ဝက်သားကို ထည့်ပြီး ပဲငပိ နဲ့ ပဲငံပြာရည် တို့ကို ထည့်လိုက်ပါ။ အသား တွေ နူးအိနေ ဖို့ အတွက် ရေနည်းနည်း ထည့်ပြီး ဆီပြန်လာ တဲ့အထိ အဖုံးအုပ် ထားပေးပါ။

 

ဆီပြန်လာ ရင်အသားနဲ့ ခရမ်းချဉ်သီး အနှစ်ကို အပေါ့ အငန်မြည်းကြည့်ပြီး အနေတော်ဖြစ် သွားရင်တော့ မီးဖိုပေါ်က နေချလို့ရပါပြီ။ အဲဒါပြီးရင် ခုနက ရေ စိမ်ထားတဲ့ ခေါက်ဆွဲတွေကို အိုးထဲ ထည့်ပြီး ရေနွေး နဲ့ ၂ မိနစ်ခန့် ပြုတ်ပေးပါ။ရှမ်းခေါက် ဆွဲတွေ နူးသွားရင်တော့ ဆန် ခါနဲ့ စစ်ထားပေးပါ။

 

ပြီးရင်တော့ ရှမ်း ခေါက်ဆွဲတွေကို ကိုယ်လိုချင် သလောက် ပန်းကန်ထဲ ထည့်လိုက်ပါ။ ရှမ်းခေါက်ဆွဲ အပေါ်ကနေ အသားနဲ့ ခရမ်းချဉ်သီးအနှစ်၊ ထောင်းထား တဲ့မြေပဲလှော်၊ ကြက်သွန်မြိတ် နဲ့ ပဲငံပြာရည် အကြည် နည်းနည်းကို ထည့် ပြီး မွှေလိုက် ပါ။

 

မွှေပြီးရင်တော့ စားချင်စဖွယ် ရှမ်းခေါက် ဆွဲပူပူလေးကို ရပြီပေါ့နော်။ ရှမ်းခေါက်ဆွဲကို ဒီအတိုင်း စားရတာငြီးငွေ့ တယ်ဆိုတဲ့ သူတွေအတွက်က တိုဟူးနွေး၊ ဆီတိုဟူး၊ တိုဟူးကြော်နဲ့ ဝက်ခေါက်ကြော် စတာတွေ နဲ့ လည်း တွဲဖက်ပြီး စားလို့ရ ပါသေးတယ်။ အချဉ် အနေနဲ့  မုန်ညင်းချဉ်နဲ့ တွဲပြီးလည်း စားသုံးလို့ ရတယ်နော်။ ဆောင်းတွင်း အေးအေးမှာ ရှမ်းခေါက် ဆွဲပူပူလေး ကိုစားကြပါစို့ . . .

song1

 

ပါဝင်တဲ့ပစ္စည်းတွေက

ကြက်သား (သို့မဟုတ်) ဝက်သား               -    ၂ဝ ကျပ်သား
ကြက်သွန်နီ                                               -     ၂ လုံး
ချင်း                                                           -     ၁ တက်
ခရမ်းချဉ်သီး                                              -     ၄ လုံး
ပဲငံပြာရည် (အကြည်)                                -     စားပွဲတင်ဇွန်း  ၂ ဇွန်း
ပဲငပိ                                                          -     စားပွဲတင်ဇွန်း ၂ ဇွန်း
သကြား                                                     -     စားပွဲတင်ဇွန်း၂ ဇွန်း            
ငရုတ်သီးမှုန့်                                              -     စားပွဲတင်ဇွန်း၁ ဇွန်း
မြေပဲလှော်                                                 -     ၅ ကျပ်သား            
ကြက်သွန်ဖြူ                                              -     ၄ မြွှာ
ဆီ                                                            -    ၂ဝ ကျပ်သား            
အရောင်တင်မှုန့်                                        -     အနည်းငယ်
ကြက်သွန်မြိတ်                                         -     အနည်းငယ်
ရှမ်းခေါက်ဆွဲ                                             -     ၁ ထုပ်

 

ခက်

Go to top