shwepy

အခုလ Living Fashion မဂ္ဂဇင်းအတွက် ဖော်ပြပေးမယ့်သူကတော့ အချက်အပြုတ်လုပ်သက် အတွေ့အကြုံများစွာရှိပြီး လောလောဆယ် မြန်မာပလာဇာက Coffee Shop နဲ့ Htet Family’s ပိုင်ရှင်တစ်ယောက်ဖြစ်သူ ရန်ကုန်မြို့က လှည်းတန်း စံရိပ်ငြိမ်က ဓနုဖြူဒေါ်စောရီရဲ့မြေး တစ်ယောက်ဖြစ်သူ မအိသက်ရဲ့လက်ရာလေးပါ။အချက်အပြုတ်ကတော့

အိမ်ထောင်ကျပြီးကတည်းက စပြီးချက်ခဲ့ပါတယ်။ အဲဒီကစလို့ လန်ဒန်မှာ Catering တွေကို တာဝန်ယူချက်ပြုတ် ပေးခဲ့တာက အစပြုခဲ့ပါတယ်။ အခုဆိုရင်တော့ ၁၂ နှစ် ကျော်ရှိပါပြီ။ အခုချက်တဲ့ ဟင်းလေးက အစ်မ၊ အစ်ကိုတစ်ယောက် နေမကောင်းလို့ ဆေးရုံတက်နေတဲ့ အချိန်မှာ အစ်မရဲ့ အစ်မအကြီးဆုံးက သူ့ကိုအားဖြစ်အောင် ချက်ချက်ပို့နေကျဟင်းလေးပါ။ ဒါလေးကို သဘောကျလို့ မမကြီးကိုမေးပြီး၊ ချက်ပြီးရေးပေး လိုက်တာပါ။ ရွှေဖရုံသီးကို အဓိကထားပြီးလုပ်ထားတဲ့ အစားအစာလေးမို့ ဖရုံသီးရဲ့အာနိသင်ကိုပြောပြချင်ပါတယ်။ဗီတာမင် A၊ သံဓာတ်တွေတို့လိုမျိုးတွေကို ဖရုံသီးက နေရနိုင်ပါတယ်။ အခုလို မိုးရာသီမျိုးမှာ Immune System ဖြစ်တဲ့ ခုခံကာကွယ်နိုင်အားကောင်းစေပါတယ်။ အမျှင်ဓာတ်များတဲ့ အစားအစာလည်း ဝမ်းချုပ် ခြင်း ကင်းဝေးစေနိုင်ပါတယ်။ အသီးအနှံတွေများများပါတာမို့ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေမှာ အသေချာပါ။ နောက်တစ်ခုက ချက်ပြုတ်ထားတာ မဟုတ်ဘဲ။ ပေါင်းခြင်း၊ ကင်ခြင်းမျိုးသာဖြစ်လို့ စီစဉ်ရတာလွယ်ကူပါတယ်။

shweby

ဒီဟင်းပွဲလေးရဲ့ ထူးခြားချက်ကတော့ လျင်မြန်လွယ်ကူပြီးအရသာရှိကာ အမြင်အားဖြင့်လည်း စားချင့်စဖွယ်ရှိလှပါတယ်။ အစကတော့ အစ်မကိုယ်အစ်မ စားဖိုမှူးဆိုတာ အိမ်ရှင်မတစ်ယောက်လို အမြဲခံယူထားပါတယ်။ အိမ်မှာ ကိုယ့်မိသားစုအတွက်ချက်ပြုတ်တဲ့အခါ ဘယ်လို စေတနာထားသလဲ၊ အဲ့ဒီလိုစိတ်ဓာတ်လေးနဲ့ပဲ အစ်မဘာဟင်းချက်ချက်။ဘယ်သူအတွက်ချက်ချက် အဲ့ဒီ စေတနာလေးထားတယ်။ ဒီစိတ်လေးကတော့ အစ်မ ရဲ့မိဘများဖြစ်တဲ့ (လှည်းတန်း၊စံရိပ်ငြိမ်)ဓနုဖြူ ဒေါ်စောရီပိုင်ရှင်များဆီက အတုယူအားကျလိုက်နာခဲ့တာလေးပါ။ မိသားစုအတွက်ချက်တဲ့အခါ၊ တစ်ယောက်ချင်းစီရဲ့ အကြိုက်နဲ့အညီ အာဟာရဖြစ်အောင် စီစဉ်ရတယ်မဟုတ်လား။ ဆီဆိုလည်းပါသင့်သလောက်ပဲပါ အောင် သန့်သန့်ရှင်းရှင်းနဲ့ လတ်ဆတ်တဲ့အရသာရှိတဲ့ ဟင်းခွက်တိုင်းဖြစ်အောင်၊ အမြင်အားဖြင့်လည်းတင့်တယ်အောင်ဆောင်ရွက်ရပါတယ်။ အဲ့ဒီလိုမျိုး ဟင်းခွက်တိုင်းမှာ စေတနာပါသင့်ပါတယ်။အခုဟင်းပွဲလေးကတော့ အစ်မက မိခင်တစ်ယောက်ပီပီ သားသား၊ မီးမီးတို့ရှိတဲ့ မေမေတွေကို တိုက်တွန်းချင်ပါတယ်။ ကလေးလေးတွေအတွက် လည်း အာဟာရဖြစ်ပါတယ်။ မေမေတွေလည်း လွယ် လွယ်ကူကူလုပ်လို့ရတဲ့ ဟင်းလျာပါ။ အသီးအနှံ အသားစတာတွေကို ကိုယ်ကြိုက်နှစ်သက်ရာ ပြောင်း လဲပြီး ပြင်ဆင်လို့ရတဲ့အတွက် ဘာစည်းမျဉ်း၊ စည်း ကမ်း မလိုဘဲ အလွယ်ကူဆုံးနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားစာဖြစ်တာမို့ စမ်းချက်ပြုတ် မြည်းစမ်းစေချင်ပါတယ်။

shweb

ရွှေဖရုံသီး ဟင်း

ဒီရွှေဖရုံသီးဟင်းလေးကို ကျွန်မ မမကြီးက သူ့အစ်ကို ၊ကျွန်မတို့အစ်ကို နေမကောင်းလို့ ဆေးရုံတက်ရတဲ့ အချိန်လေးမှာ လုပ်ကျွေးဖြစ်တာလေးပါ။ လွယ်လည်း လွယ်ပါတယ်။ Living Fashion Magazine အတွက် ကျန်းမာရေးလည်း ညီညွတ်မယ်၊ ကရိကထလည်း မများဘဲ စတိုင်ကျကျ ချက်ပြုတ်နိုင်မဲ့အရသာရှိတဲ့ ဟင်းလျာတစ်ပွဲကို ဖန်တီးပေးရမယ်လို့ ဆိုလာတဲ့အခါ၊ ကျွန်မပထမဆုံးစဉ်းစားမိတာ လေးပါ။ အသီးအနှံလည်း များများပါတာမို့ ကျန်းမာရေးအတွက်အထူးပြောစရာမလိုပါဘူးနော်။ ကောင်းပြီးသားပေါ့။ ရွှေဖရုံသီးကိုယ်တိုင်ကိုယ်က အမျှင်ဓာတ်များပြီးသားပါ။ နောက်တစ်ခု ကြိုက်နှစ်သက်ရာအသီး အနှံ အသားတို့ကို သုံးနိုင်တာမို့ လုံးဝကရိကထမများတဲ့ လုပ်နည်းလေးပါ။

ပါဝင်ပစ္စည်းများ

ရွှေဖရုံသီးအလတ် - တစ်လုံး
ကြက်သွန်ဖြူ - သုံးစိတ်ခန့်
ချင်း - လက်တစ်ဆစ်ခန့် ခပ်ပြားပြားလှီးပြီးသား ၁ပြား
အသီးအနှံအစုံ - (ဥပမာ ပန်းဂေါ်ဖီအစိမ်း၊ မုန်လာဥနီ၊ ပင်အပ်မှို၊ ငရုတ်ပွ၊ ရှမ်းနံနံအစရှိသော နှစ်သက်ရာ အနည်းငယ်စီ)(အသားများမှာ ကြိုက်နှစ်သက်ရာ အသား များကို တစ်ရေပြုတ်ပြီးသား ထည့်နိုင်ပါတယ်။ တစ်ခါ တလေ ဘေကင်၊ ဝက်အူချောင်း၊ ကြက်အူချောင်း သုံးနိုင်ပါ တယ်။)
ပုစွန် - အနည်းငယ်
ကဏန်း - အသားအနည်းငယ်
Soy Sauce အကြည် - စားပွဲတင်ဇွန်း ၁ဇွန်း
ဆား - လက်ဖက်ရည်ဇွန်း ၁ဇွန်း
ဟင်းသီးဟင်းရွက်အမှုန့် - လက်ဖက်ရည်ဇွန်း ၁ဇွန်း
သံလွင်ဆီ - စားပွဲတင်ဇွန်း ၁ဇွန်း
ငရုတ်ကောင်း - လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြုလုပ်နည်း

၁။ ကဏန်း အသားတုချောင်းလေးများကို အတုံး လေးများ လှီးထားပါ။
၂။ အသီးအနှံများကို အနေတော် လှီးဖြတ် ရေဆေးကာ ဇလုံတစ်ခုထဲကို ကဏန်းသား၊ပုစွန်နဲ့အတူ အကုန်ထည့်ပြီး ကျန်အဆာပလာများပါထည့်၊
ခပ်ဖွဖွနယ်ထားပါ။

၃။ ရွှေဖရုံသီးပေါ် အညှာဘက်ကို လိုချင်တဲ့ပုံ လှီးဖြတ်ကာ ဖောက်ထုတ်ပြီးအထဲမှ အဆာပလာများစေ့များကို နှိုက်ထုတ်လိုက်ပါ။ ပြီးမှာ ရွှေဖရုံသီးထဲကို စောစောက ဇလုံထဲမှာ နယ်ထားသော အဆာပလာများထည့်ပြီး ပြန်ပိတ်လိုက်ပါ။
၎။ ရွှေဖရုံသီးဘေးကို ဆီအနည်းငယ်သုတ်ကာ Kitchen Foil နဲ့ပတ်လိုက်ပါ။
၅။ Preheat Oven ထဲမှာဖြစ်စေ၊ ပေါင်း၍မဖြစ် ပြုလုပ်နိုင်ပါတယ်။

ကျွန်မကတော့ Mini Oven & Halugen Oven ထဲကို ရေခွက်သေးသေးလေးခံကာ 200°C ဖြင့် ၄၅ မိနစ်ခန့် ပေါင်းလိုက်ပါတယ်။ အချိန်ပြည့် အဖုံးဖွင့်ကြည့်ပြီး ဖရုံသီးဘေးသားများကျက်ပြီဆိုရင် အဆင်သင့်ဖြစ်ပါပြီ ။ လူမမာ၊ နာလန်ကာစများကိုလည်းကျွေးနိုင်တဲ့ အားဖြည့်အစားစာတစ်ခု ဖြစ်ပါတယ်။

အာဂ

Go to top