MAA 9205

Model : Jet San Htun
Photo : Maran Aung (Double-K)
Location : Mood Bar & Restaurant
Arranged by Thida Soe

ဒီတစ်လမှာတော့ အဆိုတော် မော်ဒယ် ဂျက်ဆန်ထွန်းဖွင့်လှစ်ထားတဲ့ Mood Bar & Restaurant ဆိုင်လေးကို အလည်သွားရအောင်နော်။ တိုင်းရင်းသားအစားအစာတွေဖြစ်တဲ့ ကချင်အစားအစာ၊ မွန်အစားအစာတွေကိုရရှိတဲ့အပြင် တရုတ်အစားအစာ၊ ယိုးဒယားအစားအစာတွေကိုလည်း ရရှိပါတယ်။ အစားအသောက်ကောင်းစားရရင် ကိုယ်ချစ်တဲ့သူတွေကို သတိရတတ်ကြတဲ့အတွက် ကိုယ့်ချစ်တဲ့သူတွေကိုခေါ်ပြီး သွားရောက်ကြည့်ကြပါလို့ လမ်းညွှန် ပေးလိုက်ပါရစေ။ ဆိုင်လေးကတော့

အမှတ် ၁၆၇၊ ဗားကရာလမ်းနှင့် ကျွန်းတောလမ်းထောင့်၊ ကျွန်းတောင်ရပ်ကွက်၊ စမ်းချောင်းမြို့နယ်မှာရှိတယ်နော်။

ဂျက်ဆန်ထွန်းရဲ့ ဆိုင်လေးကို ဘယ်တုန်းက ဖွင့်ဖြစ်ခဲ့တာလဲ။
၂ဝ၁၆၊ ဇန်နဝါရီ ၂ဝ ရက်နေ့က စပြီး ဖွင့်ဖြစ်ခဲ့တာပါ။

စားသောက်ဆိုင်ဖွင့်ဖို့အတွက် အရင်ကတည်းက ဆန္ဒရှိခဲ့တာလား။

ကျွန်တော့်ရဲ့သူငယ်ချင်း brang mai ဆိုင်ဖွင့်ဖို့ အားပေးခဲ့တာပါ။ သူကိုယ်တိုင်ကလည်း Hot Sport ဆိုတဲ့ အင်္ကျီဆိုင်ဖွင့်ထားပါတယ်။ သူငယ်ချင်းတွေစုပြီး ဝိုင်းလုပ်ကြမယ်ဆိုပြီးလုပ်ဖြစ်ခဲ့တာပါ။

MAA 9226

ဂျက်ဆန်ထွန်းရဲ့ ဆိုင်မှာ အဓိကရရှိမယ့် ဟင်းလျာတွေကို ပြောပြပေးပါဦး။

တရုတ်အစားအစာ၊ထိုင်းအစားအစာ၊ ယူရိုပီရမ်အစားအစာတွေရတဲ့အပြင် မွန်ရိုးရာအစားအသောက်တွေလည်း ရပါတယ်။ ကချင်ရိုးရာအစား အသောက်တွေကိုလည်း အစုံအလင်ရပါတယ်။ ခေါင်ရည်လည်း ရပါတယ်။

ဈေးနှုန်းနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး။

အများပြည်သူတွေ စားသုံးလို့ အဆင်ပြေစေမယ့် ဈေးနှုန်းလေးတွေပဲ လုပ်ပေးထားပါတယ်။

ဆိုင်မှာလာရောက်သုံးဆောင်တဲ့ ဧည့်သည်တွေက ဘယ်လိုမျိုးအစားအစာတွေကို အများဆုံးမှာစားကြပါသလဲ။

တော်တော်များများကတော့ ကချင်အစား အစာ တွေ စားတာများပါတယ်။ နိုင်ငံခြားသားတွေလည်း လာစားကြပါတယ်။

jett

ဂျက်ဆန်ထွန်းကိုယ်တိုင်ဖန်တီးထားတဲ့ ဟင်းလျာရှိလား။

ရှိပါတယ်။ ငါးကို ခဲပတ်နဲ့ကင်ထားပြီး အပေါ်မှာ ရုံးပတီသီးလေးတွေ တင်ထားတဲ့ ဟင်းလျာပုံစံက ကျွန်တော့်စိတ်ကူးပါ။ အချဉ်စားချင်သူတွေအတွက် သံပုရာသီးလည်းထည့်ပေးထားပါတယ်။ ငါးကတော့ ကားကတစ်လည်းရတယ်။ စားသုံးသူတွေ စားချင်တဲ့ ငါးနဲ့ အဆင်ပြေအောင်လုပ်ပေးပါတယ်။ အခုလက်ရှိ ရှိတဲ့ အစားအစာတွေအပြင် နောက်ထပ် ဟင်းလျာတွေ ထပ်ထည့်ဖို့ အစီအစဉ်ရှိပါတယ်။ ရိုးရာဟင်းလျာတွေလည်း ထပ်တိုးဖို့ ရှိပါတယ်။

ကချင်တိုင်းရင်းသားတစ်ယောက်အနေနဲ့ ကချင်အစားအစာကို စားသုံးသူတွေအများဆုံးမှာ စားကြတဲ့အပေါ် ဂျက်ဆန်ထွန်းရဲ့ ပီတိစကားကို ပြောပြပေးပါဦး။

အရမ်းကိုကျေနပ်ပြီး ဝမ်းသာရပါတယ်။ ကျွန်တော် ဆိုင်ဖွင့်ထားတဲ့ စမ်းချောင်းပတ်ဝန်းကျင်မှာလည်း ကချင်တွေများတယ်လေ။ နိုင်ငံခြားသားတွေက လည်း တိုင်းရင်းသားရိုးရာအစားအစာကို ကြိုက်ကြတယ်။ ကချင်အစားအစာက ဆီတော်တော်နည်းတယ်။ ကချင်အစားအစာက ကျန်းမာရေးနဲ့ညီညွတ်တော့ စားသုံးသူတွေပိုပြီး ရွေးချယ်လာတာပေါ့နော်။

jettsan

အစားအသောက်တွေကို ကျန်းမာရေးနဲ့ညီညွတ်အောင် ဘယ်လိုမျိုးစီမံဖြစ်လဲ။

ကျွန်တော်ဆိုင်မှာ အချိုမှုန့်ကို ရှောင်ပါတယ်။ သကြားနဲ့ဆားကိုပဲ အဓိကထားပြီး သုံးပါတယ်။ မဖြစ် မနေထည့်ရမယ့် ဟင်းလျာမျိုးမှာတော့ ကြက်သား မှုန့်ထည့်သုံးရပါတယ်။ တချို့စားသုံးသူတွေ ကျတော့ ကြက်သားမှုန့်ပါတဲ့ အရသာကိုကြိုက်ကြတယ်။ စား သုံးသူတွေ အဆင်ပြေအောင်၊ ခံတွင်းတွေ့အောင် လုပ် ပေးရတာတော့ ရှိပါတယ်။

နောက်ထပ်ဆိုင်ခွဲတွေဖွင့်ဖို့ရော အစီအစဉ်ရှိလား။

လောလောဆယ်တော့ ဒီတစ်ဆိုင်ပဲ ဖွင့်ဖြစ်သေးတာပေါ့နော်။ နောက်ထပ် ရန်ကုန်မြို့အပြင် တခြားနယ်တွေမှာ ဆိုင်ခွဲတွေဖွင့်ဖို့ အစီအစဉ်ရှိပါတယ်။

သီတာစိုး

Go to top