chef

My Foodies Food Service, Canteen ဆိုင်များရဲ့owner chef ဖြစ်ပြီး။ Food Magazine ရဲ့ Food Editor, Food Writer တစ်ယောက်ဖြစ်တဲ့ Owner Chef ဖြစ်တဲ့ ကိုသစ်ထူးရဲ့ ငါးကြင်း ငှက်ပျောရွက်ထုပ်ကင် ဟင်းလျာလေးနဲ့ သူ့အကြောင်း တစ်စေ့တစောင်းနဲ့ အစားအသောက်ပေါ် အမြင်လေးကို Living Fashion Magazine ရဲ့ စာဖတ်ပရိသတ်တွေအတွက် အခုလို ဖော်ပြပေးလိုက်ပါတယ်။



အခုလောလောဆယ်တော့ My Foodies ကနေ service အနေနဲ့ International ကျောင်း Canteen တွေအပြင်ကုမ္ပဏီတွေရဲ့ဝန်ထမ်း စာတွေ ပို့ပေးနေပါတယ်။ Magazine ရဲ့ Food Editor, Food Writer အနေနဲ့လည်းလုပ်ကိုင်နေပါတယ်။ စားသောက်ကုန်သွင်းတဲ့ ကုမ္ပဏီတွေ၊ စားသောက် ကုန်ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီတွေအတွက် recipe developing service ကိုလည်း ဆောင်ရွက် ပေးနေပါတယ်။

fishg

ကျွန်တော် ခပ်ငယ်ငယ် ၁၉၉၆ ခုနှစ်လောက်မှာ Oriental House Restaurant မှာ helperဘဝနဲ့ စားသောက်ဆိုင်လောကထဲကိုစဝင်ခဲ့ပါတယ်။ အဲဒီနောက်မှာ အချက်အပြုတ်ကို ဝါသနာပါလာပြီး ရောက်လေရာ အလုပ်လုပ်သမျှ ဆိုင်တိုင်းမှာကိုက စားပွဲထိုးနေရာမှာလုပ်နေရရင်တောင် အားနေချိန်နားနေချိန် တွေမှာအနားမနေဘဲ Kitchen ထဲဝင်ကူစရာရှိတာ ကူလုပ်ပေးရင်း ရနိုင်သမျှ ပညာကိုရအောင်သင်ယူခဲ့ပါတယ်။ စာဖိုးမှူးဘဝကိုတော့ ထိုင်းနိုင်ငံက German Company တစ်ခုမှာစခဲ့တာပါ။ ကုမ္ပဏီဝန်ထမ်းတွေအတွက်ချက်ရတာပါ။ နောက်ပိုင်းနှစ်တွေမှာတော့ အိန္ဒိယစားသောက်ဆိုင်တွေဘက်ကိုကူးပြီး Kitchan Manager, Restaurant Manager ဖြစ်လာခဲ့ပါတယ်။ နောက်တော့မြန်မာပြည်ပြန်ရောက်လာပြီး ကိုယ်ပိုင်စီးပွားရေးလေးထူထောင်ပြီး အခုလုပ်ငန်းလေးတွေကို လုပ်နေခဲ့တာ ၅ နှစ်ကျော်လာခဲ့ပါပြီ။

birt

ဒီဟင်းလေးက ဒီဇင်ဘာလ X‘mas နဲ့ New Year အတွက် ကျွန်တော့်ဆိုင်တွေမှာ Promote လုပ်ဖို့ နောက်ဆုံးဖန်တီးထားတဲ့ ဟင်းလျာသစ်လေး ဖြစ်ပါတယ်။ မြန်မာပြည်မှာ နာမည်ကြီး လူကြိုက်များနေတဲ့ ငါးကင်ကို တစ်မျိုးဆန်းသစ်ထားတဲ့ ငါးကြင်းငှက် ပျောရွက်ဖက်ထုပ်ကင်လေး ဖြစ်ပါတယ်။ ဆော့စ်ဆိုရင်လည်း မြန်မာပုံစံမန်ကျည်းသီးအချဉ်လေးလုပ်ပေးထားပါတယ်။

ထူးခြားချက်ကတော့ ငါးကြင်းကို သုံးထားပြီး ငါးမှာသဘာဝအတိုင်းပါတဲ့ အဆီကိုပဲ ပြန်အားပြုထားပါတယ်။ ကင်တာရယ်မှမဟုတ်ပါဘူး ဒီပါဝင်ပစ္စည်းတွေအတိုင်း နယ်နှပ်ပြီး ဟင်းချက်မယ်ဆိုလည်း ဖြစ်ပါတယ်။ ကြော်မယ်ဆိုရင်လည်း ဖြစ်ပါတယ်။ ဟင်းခပ်ရွက်အစုံသုံးထားပြီး မြန်မာအကြိုက် ချဉ်ချဉ်စပ်စပ်လေးဖြစ်တဲ့အတွက်ကြောင့် အနံ့အရသာ စုံလင်အရသာရှိလှပြီး ဟင်းခတ်ရွက်တွေရဲ့ အစွမ်းကြောင့် ကျန်းမာရေးကို ပိုမိုအထောက်အကူပြုစေမှာ ဖြစ်ပါတယ်။ ထူးခြားတဲ့ မန်ကျည်းသီးဆော့စ်လေးကလည်း အဆီနဲ့အချိုဓာတ်မပါတာကြောင့် ကျန်းမာရေးအစားအစာအနေနဲ့ အထူးသင့်လျော်မယ်လို့ ယူဆပါတယ်။ စားဖိုမှူးတစ်ယောက်ဖြစ်လာတဲ့ နောက်ပိုင်းမှာ ပထမဦးဆုံးအရသာထက်ကို အစားအစာသန့်ရှင်းပြီး စားသုံးသူတွေဘေးကင်းဖို့ကို ပထမဦးစားပေးအနေနဲ့ အထူးဂရုပြုရပါတယ်။ ကျွန်တော်တစ်ယောက်တည်း အမြင်ကို ပြောတာပါ။ ကျွန်တော်အတွက်ကတော့ ဒီအချက်က ပိုပြီးအရေးကြီးပါတယ်။ ပြီးရင်တော့ အာဟာရမျှတဖို့ကို စဉ်းစားရပါတယ်။ အရသာက နောက်မှပါ။ စာဖတ်ပရိသတ်တွေနဲ့လည်း ဒီဟင်းလျာ ပြင်ဆင်ပုံလေးကို နမူနာယူပြီး ဟင်းပွဲတစ်ပွဲဖန်တီးဖို့ အချုပ်အနှောင်တွေ စည်းမျဉ်းစည်းကမ်းတွေမထားဘဲ အရသာရှိတဲ့ဟင်းလျာများကို ကိုယ်ပိုင်ဟန်နဲ့ လွတ်လပ်စွာ ဖန်တီးချက်ပြုတ်နိုင်ပါတယ်လို့ အမှတ်တရအနေ နဲ့ပြောလိုပါတယ်။


ငါးကြင်းငှက်ပျောရွက်ထုပ်ကင်

အရသာနယ်နှပ်ရန်

ငါးကြင်း ၄ဝ သား
(အလယ်ရိုးထုတ်ပြီး ၄ တုံးတုံးထားပါ)
သံပရာသီး ၂ လုံး
ဆား (လက်ဖက်ရည်ဇွန်း) ၁ ဝက်
သကြား အနည်းငယ်
ငံပြာရည် (စားပွဲဇွန်း) ၂ ဇွန်း
အနှစ်ကြိတ်ရန် ကြက်သွန်ဖြူ ၅ တက်
ဖက်ဖယ်ရွက် ၅ ပင်
နံနံပင် ၁ဝ ပင်
ရှားနံနံ ၁ဝ ပင်
ငရုတ်သီးစိမ်း ၃ တောင့်

ငါးထုပ်ရန်

ငါးထုပ်ရန် ငှက်ပျောဖက် ၆ လက်မပတ်လည်     -  ၄ ခု
အပေါ်မှထပ်ထုပ်ရန် Aluminum Foil               -  ၄ ခု
(၆ လက်မပတ်လည်)

ပြုလုပ်ပုံအဆင့်ဆင့်

ဇလုံတစ်လုံးထဲတွင် သံပုရာသီး ၂ လုံးကိုအရည် ညှစ်ပြီး ဆား၊ သကြား၊ ငံပြာရည်တို့ထည့်ပြီး အရည်ပျော်သွားသည်အထိ ခေါက်ပေးပါ။ငါးတုံးများရော နယ်ပေးပြီး ပလတ်စတစ်အိတ်အတွင်း လေလုံအောင်ထည့်ပိတ်ပြီး ရေခဲသေတ္တာ ရိုးရိုးအအေးခန်းမှာ ၁ဝ မိနစ်ခန့်နှပ်ထားပေးပါ။အနှစ်ကြိတ်ရန် ပါဝင်ပစ္စည်းများကိုအနေတော် လှီးဖြတ်ပြီး ကြိတ်စက်မှာထည့်ကြိတ်ပါ။ ရလာတဲ့ အနှစ်များကိုငါးတုံးများနဲ့ ရောနယ်ပြီး ငါးတုံးတစ်တုံး ချင်းစီကို ငှက်ပျောဖက်နဲ့ထုပ်ပါ။ အပေါ်မှာ Aluminum Foil နှင့်ထပ်ထုပ်ပါ။ အိမ်သုံး အကင်မီးဖိုမှာ အပေါ်မီး အောက်မီးနှင့် အပူချိန် ၁၅ဝ ဒီဂရီထားပြီး ၁ဝ မိနစ်မှ ၁၅ မိနစ်အထိကင်ပြီး မကျည်းရည်အချဉ်နှင့် သုံးဆောင်နိုင်ပါပြီ။

မန်ကျည်းဆော့စ်ပြုလုပ်ရန်

မန်ကျည်းမှည့်ကို ရေနွေးနဲ့ဖျော် ဆန်ခါနှင့်စစ်ပြီး ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ နံနံပင်များစဉ်းထည့်၊ ငံပြာရည်၊ သကြားတို့နှင့် စိတ်ကြိုက်အရသာစပ်ပါ။

အာဂ
Photo- Ko Ko Htet

Go to top