ဆောင်းဟာ အခုအချိန်မှာ သင့်ကိုစတင်ဆီးကြိုနေခဲ့ပါပြီ။ ဒါကြောင့် ဒီရာသီမှာ သင့်ခန္ဓာကိုယ်ကို အနွေးဓာတ်ပေးနိုင်မယ့်အစားအသောက်တွေ ရွေး ချယ်စားသောက်ဖို့ လိုလာပြီပေါ့။ ဒီထဲမှာ မြန်မာတွေ အကြိုက်ဖြစ်တဲ့ ဟင်းချိုတို့ စွပ်ပြုတ်တို့ရဲ့အခန်းကဏ္ဍဟာလည်း သိပ်ကိုအရေးပါလာတာ ငြင်းနိုင်မယ်မထင်ပါဘူး။ ဒါပေမဲ့ အစာလည်းဆေး၊ ဆေးလည်းအစာ ဆိုသလို သင်စားသုံးလိုက်တဲ့အစားအစာတစ်ခုက အားကိုသာမက ကျန်းမာမှုကိုပါ ပေးစွမ်းနိုင်ခဲ့မယ်ဆိုရင်ဖြင့် အတိုင်းထက်အလွန်ကျေနပ်စရာပါ။ စွပ်ပြုတ်တွေဟာ တရုတ်လူမျိုးတွေရဲ့သဘာဝမှာ အဆီကိုကျ စေတဲ့ကုထုံးလို ဖြစ်စေတယ်လို့ဆိုထားပါသေးတယ်။ ဒါကြောင့်မို့ ဆောင်းတွင်းအေးအေးလေးမှာ သောက်သုံးသင့်တဲ့ တရုတ်ရိုးရာ စွပ်ပြုတ်တွေအကြောင်း တင်ဆက်ပေးလိုက်ရပါတယ်။

rib

ကြာရိုးနဲ့ ဝက်နံရိုးစွပ်ပြုတ်

ဒီစွပ်ပြုတ်ကတော့ တရုတ်ပြည်မကြီး အလယ်ပိုင်းက ဝူဟန်ဒေသမှာ အင်မတန်မှကိုနာမည်ကျော်တဲ့ စွပ်တစ်မျိုးပါ။ ကြာရိုးနဲ့ချက်ပြုတ်ထားတဲ့ ဒီစွပ်ပြုတ် ဟာ

ဆိုရင် ဝူဟန်ဒေသရဲ့ အကောင်းဆုံးအရသာလို့ တောင် တင်စားခေါ်ဝေါ်ထားပါတယ်။ ဒီစွပ်ပြုတ်ရဲ့ အရသာဟာ နူးညံ့ပျော့ပျောင်းပြီး အေးနေတဲ့ သွေးတွေကို ကောင်းစွာ အထောက်အကူပြုစေတယ်လို့ ဆိုပါတယ်။

Chicken with pig belly soup

ကြက်သားနဲ့ ဝက်ခြေထောက်စွပ်ပြုတ်

ဒီစွပ်ပြုတ်ကတော့ ကြားလိုက်တာနဲ့တင် သွားရည်ယိုစရာပေါ့။ တရုတ်လူမျိုးတွေကတော့ ဒီစွပ်ပြုတ်ကို အာဟာရတန်ဖိုး အလွန်မြင့်မားပြီး အစာအိမ် အတွက်လည်း ကောင်းစေတယ်လို့ ဆိုထားပါတယ်။ ဒါကြောင့်မို့လို့ ဒီစွပ်ပြုတ်ကို သင့်ရဲ့ရင်သွေးလေးတွေအတွက်၊ ဒါမှမဟုတ်သင့်အိမ်က သက်ကြီးဝါကြီး ပုဂ္ဂိုလ်တွေအတွက် ချက်ပြုတ်ပြင်ဆင်ပေးနိုင်ရုံသာ မက ကိုယ်ဝန်ဆောင်နဲ့ နာမကျန်းတဲ့ လူနာတွေအတွက်လည်း ချက်ပြုတ်ကျွေးဖို့ အထူးသင့်တော်လှပါတယ်။

Pawpaw and tremella sweet soup with lotus seeds

ကြာစေ့၊ ကျောက်ပွင့်နဲ့ သင်္ဘောသီးစွပ်ပြုတ်ချို

အရသာ ခပ်ချိုချိုလေးတွေကို နှစ်သက်သူတွေအတွက် အဆင်ပြေနိုင်မယ့် စွပ်ပြုတ်တစ်မျိုးပါ။ ဒီစွပ်ပြုတ်ဟာ အရင်ကတော့ တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုန်းဒေသက ရိုးရာအစားအစာတစ်မျိုးသာ ဖြစ်ခဲ့ပေမဲ့ အခုအချိန်မှာတော့ ဒေသတော်တော်များများမှာပါ ရေပန်းစားလာနေတဲ့ အစားအသောက်တစ်မျိုးဖြစ်လို့နေပါပြီ။ စွပ်ပြုတ်လို့ဆိုပေမဲ့ အရသာခံရုံပစ္စည်းတစ်မျိုးအနေနဲ့သာမကအဆုတ်ကြောင့်ဖြစ်တဲ့ အအေးမိ၊ ချောင်းဆိုးရောဂါတွေကိုပါ သက် သာစေတာကြောင့် အဖိုးတန်တဲ့ အစားအစာတစ်ခုလို့ ဆိုရမှာပါပဲ။ ဒါ့အပြင် ကျောက်ပွင့်ရောသင်္ဘောသီးနှစ်မျိုးစလုံးဟာ အရေပြားကို အထူးအထောက်အပံ့ပေးနိုင်တာကြောင့်လည်း အမျိုးသမီးတွေအဖို့ ပိုပြီး နှစ်သက်နိုင်မယ့် စွပ်ပြုတ်ပဲဖြစ်ပါတယ်။

Mutton with ginger soup

ဆိတ်သားချင်းစွပ်ပြုတ်

ချင်းဟာ အညှီဓာတ်ကို ကောင်းစွာ ချေဖျက်ပေးနိုင်ရုံသာမက အစာမကြေလို့ မအီမသာဖြစ်တာတွေ၊ နာကျင်ဖျားနာကိုက်ခဲတာတွေမှာပါ သက်သာ စေနိုင်တာကြောင့် တရုတ်လူမျိုးတွေရော၊ ကမ္ဘာတစ်ဝန်းက လူမျိုးတွေပါ သဘောတွေ့နှစ်ခြိုက်တဲ့ ဟင်းခတ် အမွှေးအကြိုင်တစ်ခုပါ။ နူးညံ့ပျော့ပျောင်းတဲ့ ဆိတ်သားရဲ့ ကောင်းမွန်မှုနဲ့အတူ ချင်းကရတဲ့ အနွေးဓာတ်တွေကြောင့်လည်း ကိုယ်ခန္ဓာအတွက်အလွန်အကျိုး ရှိတဲ့ စွပ်ပြုတ်တစ်ခုပါပဲ။

Gedatang or dough drop and assorted vegetable soup

ဂျုံမှုန့်နဲ့ အသီးအရွက်စွပ်ပြုတ်

အသားစွပ်တွေချည်းပြောနေလို့ သက်သတ်လွတ်သမားတွေ စိတ်မညစ်လိုက်ပါနဲ့။ ဒါကတော့ အသီးအရွက်တွေနဲ့ ဂျုံမှုန့်သာရောပြီး ချက်ပြုတ် သောက်သုံးနိုင်တဲ့ စွပ်တစ်မျိုးပါ။ ဒီစွပ်ပြုတ်ဟာ တရုတ်နိုင်ငံမြောက်ပိုင်းဒေသရဲ့ ဒေသအစားအစာတစ်မျိုးဖြစ်သလို အစာကြေလွယ်တဲ့အသီးအရွက်တွေ ချည်းချက်ရတာကြောင့် ဆောင်းတွင်းညနေခင်းအေးအေးလေးတွေမှာ အလျင်အမြန် လွယ်လွယ်ကူကူ ချက်စားလို့လည်း ရပါတယ်။

d4bed9d6cb4017acf3e020

ပဲပိစပ်နဲ့ ဝက်ခြေထောက်စွပ်ပြုတ်

ဒီစွပ်ပြုတ်ကတော့ တရုတ်နိုင်ငံက အမျိုးသမီး တွေကြားမှာ အလွန်ရေပန်းစားတာ တွေ့ရပါတယ်။ ဘာလို့လဲဆိုတော့ သူဟာ ကော်လဂျင်ဓာတ်ကို အား ဖြည့်စေနိုင်လို့ပါပဲ။ ကော်လဂျင်ဆိုတာက အသား အရည်တင်းရင်းလှပဖို့၊ လင်းလက်တောက်ပဖို့နဲ့ အရေ ပြားတစ်ခုလုံးရဲ့ ဆဲလ်တွေကိုတစ်စုတစ်စည်းတည်း ဖြစ်အောင် လုပ်ပေးရာမှာ အလွန်အသုံးဝင်လှပါတယ်။

Curry beef soup

အမဲသားဟင်းစွပ်ပြုတ်

ရှန်ဟိုင်းရဲ့နာမည်ကျော်ဟင်းလျာတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ဒီစွပ်ပြုတ်ဟာအမဲသား ကြိုက်သူတွေအတွက်တော့သတင်းကောင်းပါပဲ။ အာလူးနဲ့အမဲသားကိုရောပြီး ချက်ရတာဖြစ်တာကြောင့် မြန်မာအစားအစာနဲ့လည်း နီးစပ်လှပါတယ်။ နှစ်မျိုးစလုံးက နူးညံ့ပြီး ကျန်းမာရေးအတွက်လည်းကောင်းမွန်ပါတယ်။ သွေးအားကောင်းစေတဲ့ အမဲသားရယ်၊ အသားဓာတ်ပြည့်ဝတဲ့အာလူးတို့ရယ်ကြောင့် စားမြိန် ပြီး အာဟာရဖြစ်စေမှာ သေချာတာပေါ့နော်။

Red date longan and yam sweet soup

ဆီးသီးခြောက်၊ ကန်စွန်းဥနဲ့
soapberry သီးစွပ်ပြုတ်

အားလုံးကတော့ အချိုတွေပါပဲ။ အသီးအနှံ ကြိုက်တတ်တဲ့သူတွေအတွက် ပိုပြီးသင့်တော်မှာပါ။ ကန်စွန်းဥက အာဟာရပြည့်ဝပြီး အစာအိမ်အတွက် အကျိုးရှိစေပါတယ်။ soapberry သီးကတော့ အစာအိမ်ရောင်ခြင်း၊ အိပ်ရေးပျက်ခြင်းနဲ့ မှတ်ဥာဏ်ချို့တဲ့တဲ့ ရောဂါတွေအတွက် ကောင်းမွန်စေပါတယ်။ နှလုံးနဲ့သရက်ရွက်ကိုအားတိုးစေပြီး သွေးကို အာဟာရပြည့်စေတာကြောင့် အာရုံကိုငြိမ်းအေးစေလို့ စာပေသမားတွေအတွက်လည်း သင့်တော်ပါတယ်။တရုတ်ဆီးသီးခြောက်ရဲ့ အစွမ်းကလည်းများလှတာကြောင့် သောက်ကိုသောက်သုံးသင့်တဲ့ စွပ်တစ်မျိုးလို့ဆိုရမှာပါပဲ။


Radish mutton
မုန်လာဥနဲ့ ဆိတ်သား စွပ်ပြုတ်

ဆိတ်သားကတော့ ကိုယ်ခံအားကို ကောင်းမွန် စေတာကြောင့် ချမ်းအေးလှတဲ့ ဆောင်းတွင်းမှာစားလေ့ရှိကြတဲ့ အသားတစ်မျိုးပါ။ ကိုယ်တွင်းမှာ အပူဓာတ်များတတ်တဲ့ ဆောင်းရာသီမှာအပူငြိမ်းစေတဲ့ မုန်လာဥကလည်း ဆေးတစ်ပါးပါပဲ။ ဒါကြောင့် ဒီစွပ်ပြုတ်ကို ဆောင်းတွင်းစာလို့လည်း ဆိုပါတယ်။

သက်ထားမေ

Go to top