much more 1

 ကျွန်မတို့အတွက် အစဉ်အမြဲ နှစ်သက်စွဲလမ်းစွာ စားသုံးနေလေ့ရှိတဲ့ မှို (ဟင်းချက်မှို)ဟာ အရသာအလွန်ရှိရုံမက အာဟာရဓာတ်ပါြ<ွကယ်ဝစွာ ပါဝင်နေတာကို အံ့မခန်းတွေ့ရှိခဲ့ရပါတယ်။ ဒီလို အညတရ   အစားအစာလေး က မျက်စိနဲ့ကြည့်ရုံတော့ ဒီလောက် အဖိုးတန်မှန်း ဘယ်လိုသိ နိုင်ပါ့မလဲနော်။ ဒါပေမဲ့ မယုံမရှိကြပါနဲ့။ မှိုဟင်းတစ်ခွက်က သင့်ရဲ့ စားပွဲပေါ်အရောက် အာဟာရ ဓာတ်တွေ  ဆောင်ကျဉ်းပေးနေတယ်ဆိုတာ တကယ့်လက်တွေ့ပါ။

much more 2

မှိုတွေမှာ ဗီတာမင်    B အုပ်စုဝင်တွေဖြစ်တဲ့ နိုင်ယာစင်၊ ရီဗိုဖလာဗင်၊ သိုင်ယာမင်၊ ဖောလစ် အက်ဆစ်၊ ဘိုင်အိုတင်၊ ပန်သိုသန်းနစ်အက်ဆစ်နဲ့ ဗီတာမင်ဘီစစ်တို့ ပါဝင်နေကြောင်း အရီဇိုးနား ပေါင်းစပ်ဆေးပညာစင်တာက ဒေါက်တာအန်ဒရူးဝေးလ်နဲ့ Mayo Clinicတို့က တင်ပြခဲ့ကြ ပါတယ်။ အဲဒီဗီတာမင်တွေဟာ စိတ်ဖိစီးမှုလျော့ကျစေခြင်း၊ ပင်ပန်းနွမ်းနယ်မှုတွေနဲ့၊ စိတ်ကျ ရောဂါတွေအတွက် အလွန်ပင်ကောင်းမွန်တဲ့  ဗီတာမင်တွေလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မှိုတွေဟာ အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့ အသီးအရွက်တစ်မျိုး ဖြစ်သလို လူတွေမစားသုံးသင့်တဲ့ ပြည့်ဝဆီရော အဆီ ဓာတ်တွေပါ နည်းပါးစွာ ပါဝင်တာကြောင့် စားသုံးဖို့ သင့်တော်တဲ့ အသီး အရွက်တစ်မျိုးပဲ ဖြစ်ပါတယ်။

ဟိုးအရင်တုန်းကတော့ လူတွေဟာ မှိုကိုသိပ် ပြီး မစားသုံးရဲကြပါဘူး။ မှိုဟာ အဆိပ်အတောက်ဖြစ်စေ တာကြောင့်ဆိုတဲ့ အတွေးအမြင်တွေကြောင့် မှို အစိမ်းထက် အခြောက်ခံထားတဲ့ မှိုတွေသာ ဈေး ကွက်မှာ တွေ့ရတတ်ပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာတော့ မှိုဆိုတာ တန်ဖိုးကြီး အစားအစာတစ်ခုဖြစ်လာနေပါ ပြီ။ မှိုအစို၊ အခြောက် အားလုံးကို ဈေးကွက်ထဲမှာ လွယ်ကူစွာ ရှာဖွေဝယ်ယူရရှိနိုင်ပါပြီ။
 အခုဆိုရင်တော့ မှိုဖူး၊ မှိုပွင့်လေးတွေကအစ မှို ပွင့်ကြီးတွေ (ထီးမှို)လို မှိုတွေအထိ ကျယ်ပြန့်စွာ စား သုံးလာကြပါပြီ။ တချို့ကလည်း မှိုချည်းပဲ ကြော်စား တယ်။  တချို့ကတော့ ကန်စွန်းရွက်၊ အသီး၊ အရွက်စုံ စတာနဲ့ ကြော်စားတယ်။ တချို့ကျတော့လည်း အသား တစ်မျိုးမျိုးနဲ့ တွဲဖက်ချက်ပြုတ်စားသောက် ကြပြီး တချို့စားသောက်ဆိုင်တွကတော့ မှိုတွေကို ကင်ပြီး ရောင်းချလာတဲ့အထိ မှိုတွေရဲ့ အခန်းကဏ္ဍ ကျယ်ပြန့် လို့လာနေပါပြီ။

much more 4
ဂျပန်နိုင်ငံမှာ အသုံးများတဲ့  'မိုင်တိတ်'မှိုနဲ့ 'ရှီမိ ကျိ' မှိုတွေဟာ အဖိုးတန်တဲ့ ဟင်းလျာစာရင်းတွေမှာ နေရာအပြည့်အဝ ရယူထားပါတယ်။ ဂျပန်မှာတော့                'မိုင်တိတ်' မှိုကို ကချေသည်မှိုလို့ တင်စားခေါ် ဝေါ်ထား ပြီး လူ့ခန္ဓာကိုယ်မှာရှိတဲ့ ကင်ဆာ၊ ဆီးချိုနဲ့ တခြားရောဂါ တွေကို ဖြစ်ပေါ်စေတဲ့ ဗိုင်းရပ်စ်တွေနဲ့ ဘက်တီးရီးယား တွေအတွက် အလွန်အားကိုးရတဲ့ အစားအသောက် တစ်ခုဖြစ်ပါတယ်။ ဘာလို့ လဲဆိုတော့  သူ့ မှာ ပါတဲ့ ဓာတ်တွေ က လူ့ကိုယ် ခံအားကို ကောင်း မွန်စေတာ ကြောင့် ပါ။ ဒါ့အပြင် သူဟာ တိရ စ္ဆာန်တွေနဲ့ လူ သားတွေရဲ့ သွေးတွင်းမှာ ရှိတဲ့ သကြားဓာတ်ကို ထိန်းညှိပေးနိုင်ပြီး ကင်ဆာဖြစ် ပွားစေတဲ့ အသားတွေရဲ့ တိုးတက်မှုနှုန်းကိုလည်း နှေးကွေးစေနိုင်ပါတယ်။

much more 6

ဒီလိုအချက်တွေကြောင့် မှိုဟာ အဖိုးတန်တဲ့ ဟင်းလျာတစ်မျိုးအဖြစ်သာမက အလွန်အသုံးဝင်တဲ့ ဆေးဖက်ဝင်ဓာတ်စာအဖြစ်ပါ လူသားတွေကို အကျိုး ပြုလျက်ရှိပါတယ်။ ဖိုင်ဘာ (အမျှင်ဓာတ်)၊ ဗီ တာမင်ဘီ၊ ဗီတာမင်ဒီ၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ဇင့်ဓာတ် တွေများစွာပါဝင်နေတဲ့ အဟာရတန်ဖိုးမြင့် အစားအစာ ဖြစ်တဲ့ မှိုဟင်းလျာတွေကိုတော့ နိုင်ငံတွေ၊ ဒေသတွေ တစ်ခုနဲ့တစ်ခု မတူတာကြောင့် ချက်ပြုတ်စားသောက် နည်းတွေ ကွဲပြားစွာ တွေ့ရှိရပါတယ်။

ထိုင်းမှာတော့ သံလွင်ဆီသုတ်ကာ  ရိုးရိုးတန်း တန်းအကြွပ်ကင်စားတာ ရေပန်းစားပါတယ်။ နောက် ပြီး မှိုကိုပြုတ်ကာ ဆလတ်ရွက်နဲ့ထုပ်ပြီး ခပ်ထူထူ အနေအထားရအောင် နုပ်နုပ်စဉ်းကာ အစပ်အရသာ ပေါ်အောင် သုပ်စားတာမျိုးကလည်း ထိုင်းရဲ့စား ကောင်းသောက်ဖွယ် ဟင်းလျာတစ်မျိုးဖြစ်ပါတယ်။ အဲဒီအသုပ်ကိုတော့ ထမင်းကြော်နဲ့ တွဲဖက်စားသုံး တာများပါတယ်။ မှိုဟင်းတစ်ခွက်စာဟာ လူတစ်   ယောက်  တစ်နေ့တာလိုအပ်တဲ့  ဗီတာမင်ဒီဓာတ်ကို လုံလောက်စေတယ်လို့သိရပြီး ဗီတာမင်ဒီဟာ အရိုး တည်ဆောက်မှုနဲ့ အရိုးသန်မာမှုအတွက် အလွန် အရေးပါတဲ့ ဓာတ်တစ်မျိုးလည်း ဖြစ်ပါတယ်။
အချုပ်အားဖြင့် ပြောရရင်တော့ လူတစ်ယောက် အတွက် တစ်နေ့တာလိုအပ်တဲ့ ကယ်လိုရီ ၁၈ဝဝ မှာ မှိုဟင်းတစ်ခွက်စားသုံးခြင်းဖြင့် အဆီ ဓာတ်  သုညဒသမ သုညငါးရာခိုင်နှုန်းကို ထောက်ပံ့ပေးနိုင်တာကြောင့် အရသာလည်း အလွန်ရှိ၊ အာဟာရ တန် ဖိုးလည်းတိုးတဲ့ မှိုဟင်းလျာတွေကို သင့်ရဲ့ စားပွဲပေါ်အရောက် ခေါ်ဆောင် လာခဲ့ပါတော့လို့ . . . . ။     much more 5

မှိုသုပ်တစ်ပွဲ ဘယ်လိုပြင်မလဲ

    ပထမဆုံး ကိုယ်လိုချင်တဲ့ ပမာဏကိုယူပြီး  ပင်စည်တွေဖြတ်တာ၊ အညစ်အကြေးတွေဖယ်ရှားတာ၊ ရေဆေး တာလုပ်ပြီးရင် တစ်လုတ်စာအနေအထားရအောင် အတုံးလေးတွေ တုံးရပါမယ်။
    နောက်ပြီး ကြက်သွန်နီကို နွှာပြီး ခပ်ပါးပါးလှီးကာ ရေဆေးပါ။
    ငရုတ်သီးအနည်းငယ်ပါးပါးလှီးထားပါ။
    နံနံပင်ကို ရေစင်စင်ဆေးပြီး လှီးထားပါ။
    စပါးလင်အနည်းငယ် ပါးပါးလှီးထားပါ။
    ဆလတ်ရွက်အနည်းငယ်ကို ခပ်ထူထူလှီးပေးပါ။
    သံပုရာရည်တစ်ဇွန်း
    ငံပြာရည်တစ်ဇွန်း
    အရသာမှုန့်တစ်ဇွန်း (မိမိနှစ်သက်ရာ)

much more 5
    ဒါတွေအားလုံး ပြင်ဆင်ထားပြီးပြီဆိုရင် တော့ မှိုကိုယူပြီး ဆူပွက်နေတဲ့ ရေထဲမှာ အချိန် ခဏလောက် ထည့်ပြုတ်ပေးပါ။ လှီးချွတ်ထားတဲ့ အမွှေးအကြိုင်အရွက်တွေကို ပန်းကန်တစ်ခုထဲ အကုန်ရောထည့်ပြီး ခုနက ပြုတ်ထားတဲ့ မှိုပွင့်လေး တွေပါ တစ်ပြိုင်တည်း ရောနယ်ပြီး သုပ်လိုက်လို့ရ ပါပြီ။ အရသာကိုတော့ ကိုယ့်စိတ်ကြိုက်ချိန်ဆ ပြီး ထည့်နိုင်ပါတယ်။ အားလုံးပြီးသွားရင်တော့ အရသာကောင်းပြီး အဟာရ ပြည့်တဲ့ မှိုသုပ်တစ်ပွဲ ကို ရရှိပြီဖြစ်ပါတယ်။

KK

Go to top