j33

ဒီယွန်းအုပ်၊ မှန်တင်ခုံ၊ ဒါတွေက တကယ့်ရှေးဟောင်းပစ္စည်းတွေပါ။

 

Decoration ပြင်ဆင်ကြရာမှာ ခေတ်မီ ဒီဇိုင်းတွေကို ကြိုက်နှစ်သက်သူတွေရှိသလို မြန်မာမှုဟန်ပန်တွေကိုနှစ်သက်သူတွေလည်း ရှိကြပါတယ်။ ကိုယ့်ယဉ်ကျေးမှုကို ကိုယ်က ထိန်းသိမ်းမှသာ တိုင်းတစ်ပါးသားတွေကလည်း တန်ဖိုးထားမှာဖြစ်တယ်ဆိုတဲ့ ခံယူချက်နဲ့ ရှေးဟောင်းပစ္စည်းလုပ်ငန်းကို လုပ်ကိုင်နေသူ ဒေါက်တာလှဝင်းအောင်ရဲ့ အိမ်ကိုကျွန်မတို့ Living Fashion အဖွဲ့သားတွေသွား ရောက်လေ့လာနိုင်ခဲ့ပါတယ်။ မြန်မာမှုလက်ရာကို နှစ်သက်မြတ်နိုးပြီးအိမ်၊ ဟိုတယ်စတာတွေကိုပြင်ဆင်ချင်သူတွေ စိတ်ကူးကောင်းရအောင် Decoration အနေနဲ့ ပြင်ဆင် ပြသပေးထားတာဖြစ်ပါတယ်။ အားလုံးအတူတူ လေ့လာကြည့်ရအောင်ပါနော်။

j34-35

ဒီပစ္စည်းကလည်း တကယ့်ရှေးဟောင်းပစ္စည်းပါပဲ။ ရှေးဟောင်းပစ္စည်းဆိုင်က ဝယ်လာတာ။ သစ်သားကိုပဲ အထပ်အထပ်တွေ
ဖြစ်အောင် ထုထားတာ။ မသိရင် ကြေးနန်းကြိုးတို့၊ဝါယာကြိုးတို့နဲ့ ဆက်ထားတဲ့အတိုင်းပဲ။လောကနတ်အရုပ်ကလည်း တကယ့်ရှေးဟောင်းပစ္စည်းပါ။

ဒီပစ္စည်းတွေကို ဖုန်မတက်အောင် အနံ့မဖြစ် အောင်၊ ပိုးသတ်တာတွေကို အမြဲတမ်းလစဉ် ဂရုစိုက်ပြီးလုပ်ပေးရတယ်။ သန့်ရှင်းရေးလည်း နေ့တိုင်းလုပ်ပေးရပါတယ်။ကျွန်တော်က ရှေးဟောင်းပစ္စည်း အတုရောင်းတာလည်း မဟုတ်ဘူး။ ရှေးဟောင်းပစ္စည်းကို ဖျက်ဆီးပစ်တာလည်း မဟုတ်ပါဘူး။ ဟိုတယ်တွေ အိမ် တွေမှာ နန်းဆန်ဆန်၊ မြန်မာဆန်ဆန်လေးပြင်ချင်တဲ့ သူတွေအတွက် ကိုယ်က ဒီလိုလေးပြထားတော့ သူတို့လာကြည့်ရင် သူတို့အိမ်မှာ သူတို့ဟိုတယ်မှာ ဘယ်လိုလုပ်မယ်ဆိုတှဲို့နေ ရတယ်ပေါ့နော်။ အဲဒါ ကိုမှ ကျွန်တော်ကလုပ်ပေးတာပါ။ ကျွန်တော်ကလည်း တကယ်ဝါသနာပါလို့ ဒီလိုင်းထဲရောက်လာတာပါ။
အခုဆို ယိုးဒယားဟိုတယ်တစ်ခုလုံး ပြင်နေရတယ်။ မြန်မာပြည်မှာလည်း နိုင်ငံတော်ဧည့်ဂေဟာ တော် တော်များများကို ပြင်ရတယ်။ နောက်ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်မှာရှိတဲ့ လူတစ်ရပ်ကျော်တဲ့ ဆွမ်း အုပ်ကြီးဆို ကျွန်တော့်ဆီကပါ။ အခုဆိုလည်း နိုင်ငံ တကာ လေယာဉ်ကွင်းမှာရှိတဲ့ ဆောင်းအကြီးကြီး တွေလည်း ကျွန်တော်ပြင်ပေးတဲ့ဟာပါပဲ။

jj34-35

ဒီဘီရိုတွေက တကယ့်ရှေးဟောင်းပစ္စည်းတွေ ပါ။ နှစ်ပေါင်းတစ်ရာကျော်ပါပြီ။


ဒီလုပ်ငန်းကိုလုပ်ဖြစ်ခဲ့တာက မန္တလေးမှာ ကျောင်းတက်ခဲ့တော့ မန္တလေးအတုမရှိ ကျောင်း တော်ကြီး၊ နန်းမတော်မယ်နုအုတ်ကျောင်း၊ ပခုက္ကူ ဘက်မှာဆိုရင် ပခန်းကြီး၊ ပခန်းငယ်ကျောင်းတွေ၊ နောက်သရက္ခန်ဘုရားကိန်းဝပ်တဲ့နေရာတွေ၊ ပခုက္ကူမြို့ မှာ အထင်ကရရှိတဲ့ ရွှေကူတဂဲတော်ကြီး အဲဒါက ကမ္ဘာ့ အံ့ဖွယ်ထဲမှာ ပါတယ်လေ။ သစ်သား ၅ တုံးနဲ့ ၃ နှစ် ကြာအောင် ထုရတယ်။ အဲဒီလက်ရာတွေကို မြင်ခဲ့ တွေ့ ခဲ့ရတော့ တအားကြိုက်တယ်။ အဲဒီအတိုင်း တအား ထိန်းသိမ်းချင်တယ်။ နောက် မင်းဘူးကျောင်း တော်ရာမှာ ရှိတဲ့ တကယ့်ပန်းပုတွေ၊ ပုဂံညောင်ဦးမှာ ရုပ်စုံကျောင်း ဆိုပြီး နာမည်ကြီးတယ်။ ရုပ်စုံကျောင်း ကိုသွားလိုက်ရင် ဘာမှမရှိတော့ဘူး။ မင်းဘူးကျောင်းတော်ရာကိုသွား ကြည့်ရင်ရှိသေးတယ်။ မန္တလေးအတုမရှိကျောင်း တော်ကြီးဆို တိုင်ပဲရှိတော့တယ်။ ကျန်တာက အခု ခေတ်ဖြစ်သွားပြီ။ အဲဒါတွေကိုကြည့်ပြီး မြန်မာ့ရိုးရာ လက်မှုပစ္စည်းတွေကို ထိန်းသိမ်းချင်တယ်။ ဘယ်လို လုပ်ရင်ကောင်းမလဲဆိုပြီး ရှေးဟောင်းပစ္စည်းဆိုင်တွေ သွားတယ်။ ရှေးဟောင်းပစ္စည်းတွေဝယ်ပြီး ရေရှည်ခံ အောင် ပိုးထိုးတော့မယ်ဆို ပိုးသတ်ပစ်တာမျိုး၊ ပြန်ပြုပြင်တာမျိုးလုပ်ပါတယ်။ ဒါပေမဲ့ ရှေးဟောင်းမပျက်ပြင်တာပါ။ ကိုယ့်အကြိုက်ပြင်ပစ်လိုက်တာမျိုးမဟုတ်ပါဘူး။ သူမူအတိုင်း မပျက်စေဘဲ ၁ဝ နှစ်ခံမယ့် နေရာမှာ နှစ် ၁ဝဝ ခံအောင်ပေါ့။ အဲဒီလိုပြင်တာပါ။

jba

ဒီပန်းပုရုပ်တွေကလည်း ထုထားတာ နှစ်ငါး ဆယ်ကျော်ရှိနေပါပြီ။ နှစ်တစ်ရာမပြည့်သေးလို့သာ ရှေးဟောင်းလို့ မပြောတာပါ။ ဆရာလေးတို့ မမွေးခင် ကတည်းက ပစ္စည်းတွေပါ။ တော်တော်များများက မသိတော့ ကြေးနဲ့လုပ်ထားတာလား။ ဒါမှမဟုတ် ဒီလောက်နွဲ့နှောင်းပြီး အချိုးအစားကျနေတာဆို တော့ ပလာစတာမိုလားပေါ့ အဲဒီလို ထင်ကြတယ်။ အမှန်တော့ ကျွန်းသားနဲ့ ထုထားတာပါ။

အဓိကကတော့ ကိုယ့်မြန်မာ့ရိုးရာ ပစ္စည်းတွေ ကို ကိုယ်က တန်ဖိုးထားမှ တိုင်းတစ်ပါးသားတွေ တန်ဖိုးထားမယ်ဆိုတဲ့ စိတ်နဲ့ကိုယ့်အိမ်မှာပြင်ပြီးမှ ရောင်းတာပါ။ ဒီပစ္စည်းတွေကို ပိုးဘယ်လိုသတ်ရ တယ်။ ဘယ်လိုအသုံးဝင်တယ်ဆိုတာကိုသိမှသူများကို ရောင်းတာပါ။ဒီပညာကို လေ့လာခဲ့တာကတော့ ရှေးဟောင်းပစ္စည်းဆိုင်တွေလိုက်ကြည့်တယ်။ အဲဒီမှာ ရေရှည်ခိုင်ခံ့ဖို့ ၊ တချို့ကျိုးတာ၊ ပဲ့တာလေးတွေ ဆက်ဖို့ အတွက် ပညာရှင်တွေလိုက်ရှာတယ်။ သူတို့နဲ့တွေ့တဲ့အခါလက်ပွန်းတတီးနေပြီး သစ်ရိုးပညာဆို သူတို့ ဘယ်လိုလုပ်တာလည်း ပိုးဘယ်လိုသတ်တာလဲဆိုတာကို လေ့လာတယ်။ သူတို့နဲ့ လက်ပွန်းတတီးနေပြီး လေ့လာရင်းနဲ့ တတ်သွားတာပါ။ ကိုယ့်ကိုယ်ကိုယ်မို့ ပြောတာမဟုတ်ပါဘူး။ မြန်မာပြည်မှာတော့ သစ်သားရုပ်တု တွေပေါ်မှာ သစ်ရိုးပညာနဲ့ ပန်းကပ်တာ ကျွန်တော်က ပထမဆုံး စွန့်ဦးတီထွင်သူ ပါပဲ။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတာ မဟုတ်ပါဘူး။ ဒီပညာကိုတန်ဖိုးထားတာပါ။ ရှေးက အရုပ်တွေရှိခဲ့တယ်ဆိုပေမယ့်လည်း တော်တော်ကြီး ပျောက်ကွယ်နေပါပြီ။ ဒီဘက်ခေတ်မှာ ကျွန်တော်ပြန်စလုပ်တာပါ။

အိအိထွေး
ဓာတ်ပုံ - မင်းမင်းထွန်း

Go to top