strawbarry

မိမိအိမ်မှာ ပစ္စည်းတွေ ကြေးညှော်တက်နေတဲ့ အခါ၊ အရောင်တွေ မှေးမှိန်လာတဲ့အခါမျိုးတွေမှာ တိုက်ချွတ်ဆေးကြောပြီး အရောင်တောက်ပလာ အောင် ပြုလုပ်တတ်ကြပါတယ်။ ဒီလိုပဲ သင့်ရဲ့သွားတွေကို လည်း ကြေးညှော်ကင်းပြီး ဖြူစင်တောက်ပအောင် ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ ပုံမှန်သွားတိုက်ဆေးနဲ့ သွားတိုက်သန့်စင်နေကျအပြင် အခု ဖော်ပြလိုက်တဲ့ ကိုယ်တိုင်ပြုလုပ်လို့ရတဲ့ နည်းလမ်းလေးတွေကို ပူးတွဲ ပြုလုပ်ပေးခြင်းကလည်း သင့်သွားလေးတွေ နဂိုထက် ပိုမိုဖြူစင်တောက်ပဖို့ နည်းလမ်းကောင်းပဲ ဖြစ်ပါ တယ်။

Read more: Do It Yourself Pearly White Your Teeth

ဈေးဝယ်ထွက်ရတာကို ကစားနည်းတစ်ခုလိုစွဲလမ်းနေကြတဲ့ နှစ်တစ်နှစ်ကုန်ဆုံးတော့မယ့်အချိန်ဆို ဆိုင်တွေမှာ မြင်သာအောင်ရေးထားတဲ့ discount နှုန်း စာလုံးလေးတွေကို စိတ်ဝင်တစားကြည့်မိကြမှာပါ။ အဲဒီ လျှော့ဈေးစာလုံးလေးတွေကပဲ အိပ်ကပ်ပေါင်းများစွာထဲက ပိုက်ဆံလေးတွေကို ဆွဲထုတ်ယူသွားနိုင်တာပေါ့။ ဈေးဝယ်ထွက်ကြတဲ့အခါ ပိုပြီးချွေတာနိုင်အောင် စိတ်ကိုလှည့်စားနိုင်မယ့်လှို့ဝှက်နည်းလမ်းတွေကို ပြောပြချင်ပါတယ်။ ဘာကြောင့်သုံးမှာလဲ။ ဘယ်လိုသုံးမှာလဲ။ ဘယ်လောက်သုံးမှာလဲ အဲဒီလိုအတွေးလေးတချိန်လုံးတွေးတောရင်း သတိရှိတဲ့ ဈေးဝယ်ထွက်သူလေးတွေဖြစ်နိုင်ကြစေဖို့ပါနော်။

Read more: ချွေချွေတာတာ လျှော့ဈေးပွဲတော်ရက်တွေမှာ

handy-tips-01
မျက်နှာဆိုတာ လူတစ်ယောက်နဲ့ တစ်ယောက် ဆုံတွေ့ကြရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ ဒါကြောင့် ကိုယ့်မျက်နှာကို အမြဲတမ်း ကြည်လင်သန့်စင်အောင် ပြုလုပ်ထားဖို့လိုပါတယ်။ အခုခေတ်လို မနက်မိုးလင်းကနေ ညနေနေဝင်ချိန်အထိ အလုပ်လုပ်နေကြတဲ့အခါမှာ ကိုယ့်မျက်နှာ၊ အသားအရေကို အချိန်ပြည့် ဂရုမစိုက်နိုင်တော့ပါဘူး။ မနက်အလုပ်သွားဖို့ အလှအပပြင်ဆင်ကြပြီး ညနေအိမ်ပြန်ရောက်မှ မျက်နှာသစ်သန့်စင်တတ် ကြတာပါ။

 

ဒီလို မျက်နှာသစ်တဲ့အခါ Facial Formတွေကို အသုံးပြုတဲ့အခါမှာ ချွေးပေါက်တွေထဲမှာ ဝင်နေတဲ့ မိတ်ကပ်နဲ့ ဖုန်မှုန့်အညစ်အကြေးတွေကို Facial Form နဲ့ ရှင်းထုတ်လိုက်တဲ့အခါမှာ ဖြစ်လာတတ်တဲ့ ချွေးပေါက်ကျယ်တဲ့ ပြဿနာကိုလည်း Tonerကို အသုံးပြုပြီးတော့ ဖြေရှင်းရပါတယ်။

 

အခုအချိန်မှာတော့ Cosmetic နဲ့Skin Careတွေကလည်း ရွေးချယ်စရာ တံဆိပ်တွေ အများအပြားနဲ့ ဈေးကွက်ထဲကို အပြိုင်အဆိုင် ဝင်ရောက်လာပါပြီ။ အဲဒီလိုဝင်ရောက်လာတဲ့အထဲမှာ သဘာဝပစ္စည်း အသုံးပြုထုတ်လုပ်ထားတဲ့ ပစ္စည်းတွေလည်း ရှိပါတယ်။ ဒီလိုသဘာဝပစ္စည်းနဲ့ ပြုလုပ်တာတွေကို ကိုယ်တိုင်အိမ်မှာလည်း ပြုလုပ်သုံးစွဲလို့ရတယ်ဆိုတာကို ပရိသတ်ကြီးလည်းသိမှာပါ။ ဒါကြောင့် အားလပ်ရက်မှာ အသားအရေထိန်းသိမ်းမှုပြုလုပ်ဖို့ သစ်သီးတွေကနေ အလွယ်တကူ ထုတ်ယူပြုလုပ်နိုင်တဲ့ Tonerတွေကို ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

Read more: အိမ်မှာကိုယ်တိုင်လုပ်လို့ရတဲ့ Fruity Toner

Go to top