7592 1280x800

 

ရာသီဥတု တစ်မျိုးကနေတစ်မျိုး အကူးအပြောင်း ကာလမှာ ကိုယ်ခန္ဓာထဲက အစိတ်အပိုင်းလေးတွေ အလိုက်သင့်မပြောင်းလဲနိုင်ဘဲ လူကမအီမသာ ဖြစ်နေတတ်ပါတယ်။မိုးရာသီဟာ ကမ္ဘာဂြိုဟ်ပေါ်မှာ ရှိနေ တဲ့သက်ရှိအားလုံးကို ပြန်လည်နုပျိုစေတဲ့ ရာသီဥတု လို့တော့ဆိုကြတယ်။ နွေရာသီကာလ ပြင်းလှတဲ့အပူတွေ လွတ်မြောက်သွားစေမယ့် မိုးရေ စက်တွေကို လူတိုင်းကြိုဆို ချင်ကြပါတယ်။ မုတ်သုံ ရာသီ ဟာ တချို့ကျန်းမာရေး အတွက် စိတ်ပူစရာအခြေအနေလေးတွေလည်း သယ်ဆောင်လာတတ်သေးတာကို တော့ သတိပြုကြရမှာပါ။ မုတ်သုံမိုးနဲ့အတူ  အစာအဆိပ်သင့်၊ ဝမ်းပျက်ဝမ်းလျှော၊ ဝမ်းကိုက်နဲ့ ကာလ ဝ မ်းရောဂါလိုရောဂါတွေရောယောင်ပါဝင်လာတတ်ကြတယ်။ စိုထိုင်း မှုကလည်း လေထုထဲမှာ အမြင့်ဆုံးအဆင့်မှာ ရှိနေတတ်ပါတယ်။ ကိုယ်တို့ ခန္ဓာကိုယ် မှာတော့ အစာချေဖျက်တဲ့စနစ်ရဲ့  စွမ်းဆောင်နိုင် မှု ကအနိမ့်ဆုံးအဆင့်ဖြစ်နေပါသတဲ့။ မိုးရာသီမှာ အစာချေဖျက်ခြင်းအားနည်းပါတယ်။  အဲဒါကြောင့် အစားအစာကို နည်းနည်း လျှော့စားပေးတာ သင့်တော်ပါတယ်။

Read more: မိုးရာသီလေးထဲမှာ ကျန်းမာပျော်ရွှင်စွာ

0201မိတ်ဆွေ . . . အခု သင် သင့်အိမ်ကို အလှဆင်ဖို့ စိတ်ကူးနေပါသလား။ ဘယ်လို အလှဆင်ဖို့ စိတ်ကူးနေပါသလဲ။ အချိန်ကုန်လည်း သက်သာ၊ ငွေကုန်ကြေးကျလည်း နည်းမယ့် နည်းလမ်းလေး တစ်ခုကို ပြောပြချင်ပါတယ်။ အခုပြောပြမယ့် အိမ်အလှဆင်နည်းဟာ အိမ်ကို လှပစေရုံသာမက ပြုလုပ်သူကိုယ်တိုင်ရဲ့ စိတ်ကိုလည်း တည်ငြိမ်အေးချမ်းစေပါတယ်။ အားလပ်တဲ့ အချိန်လေးမှာ အလွယ်တကူ ပြုလုပ်နိုင်တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။

 


 

လိုအပ်တဲ့ ပစ္စည်းတွေကတော့ . . .
(၁) ရောင်စုံစက္ကူစာရွက်များ
(၂) ခဲတံ
(၃) ပေတံ
(၄) ကတ်ကြေး
(၅) stapler

Read more: Home Decoration with Handmade

mohingar

အရသာ ကောင်းမွန်ရုံတင် မကဘဲ ပုံသဏ္ဌာန်အနေနဲ့လည်း ချစ်စရာကောင်းတဲ့ စတော်ဘယ်ရီသီးလေးတွေက သင့်ရဲ့ အသားအရေ လှပဖို့အတွက်လည်း အသုံးဝင်တယ်ဆိုတာကို ဒီမှာ ကြည့်ရအောင်ပါ။

 

Read more: Easy At Home Beauty Treatment

Living-Room-Furniture
''The ornament of a house is the friends who frequent it." အိမ်တစ်လုံး၏ တန်ဆာဆင်မှုသည် မိတ်ဆွေအပေါင်းအသင်းများ မကြာခဏ အလည်လာခြင်းပင်ဖြစ်သည်ဟု အမေရိကန် အတွေးအခေါ် ပညာရှင်ကြီး အီမာဆင် (Ralph Waldo Emerson) က မိန့်ဆိုဖူးသည်။ "အိမ်သာလျှင် ဧည့်လာမည်" ဟူ၍လည်း မြန်မာစကားရှိသည်။

 

အိမ်သည် လူသားတို့အတွက် ခိုလှုံနေထိုင်စရာ အဖြစ်သာမကလူနေမှုအဆင့်အတန်းကို မှတ်ကျောက်တင်ရာ နေရာတစ်ခုလည်း ဖြစ်လာနေပြီဖြစ် သည်။ လူတန်းစားမရွေး မိမိသက်ဆိုင်ရာ နေအိမ်သို့ပြန်ရောက်ပြီး မိသားစုနှင့်အတူ ပျော်ရွှင်ကြည်နူးဖွယ် အချိန် ကာလကလေးများ ကို ဖြတ်သန်းကြသည်။ ထို့ကြောင့်လည်း "ချိုမြိန်နှစ်သက်ဖွယ် အိမ်" Home Sweet Home ဟုပြောဆိုနေကြခြင်းလည်း ဖြစ်သည်။ အမှန်ပြောရလျှင် အိမ်သည် ချိုမြိန်ဖွယ် အကောင်းဆုံး ဖြစ်သည်။ သင်၏ နေအိမ်ကို လှလှပပတင့်တင့်တယ်တယ် ပြင်ဆင် ခြယ်သထားခြင်းဖြင့် သင့်မိသားစုသာမက ဧည့်သည်များပါ ကြည်နူး နှစ်သက်ဖွယ်ခံစားကြရမည်ဖြစ်သည်။ သင့် အိမ်သည် သင်၏ ကိုယ်ရည် ကိုယ်သွေးနှင့် လူနေမှု ဘဝစတိုင်ကိုပါ ထင်ဟပ်စေသည်။ သင့်အိပ်မက် စိတ်ကူးထဲက အိမ်ကလေးကို လှပတင့်တယ်စေရန် နည်းလမ်းကောင်းလေးများကို ဝေမျှလိုက်ရပါသည်။

Read more: ထိရောက်သော အိမ်တန်ဆာဆင်ခြင်း နည်းလမ်း ၁ဝ

7.Enjoy-in-your-artworkလက်ထဲက အမှိုက်တစ်ခုကို အမှိုက်ပုံးထဲကို မထည့်သေးခင် ဒီအမှိုက်ကလေးဟာ ကိုယ့်အတွက် ဘာများ အသုံးဝင်သေးသလဲ တွေးဖူးပါသလား။ တစ်ခါတလေ ကိုယ်စွန့်ပစ်လိုက်တော့မယ့် အမှိုက် တစ်ခုဟာ ကိုယ့်အတွက် တစ်စုံတစ်ရာ အသုံးဝင်နေတယ်ဆိုတာ အခုပြောပြမယ့် နည်းလမ်းလေး တစ်ခုက သက်သေတည်နေပါပြီ။ ဥပမာ သင့်ရဲ့အိမ်မှာ သတင်းစာ အဟောင်းတွေ ပုံနေပြီဆိုပါစို့။ အဲဒီ သတင်းစာ အဟောင်းတွေကို သင် ဘာလုပ်ပစ်မှာလဲ . . . . . . .

လှပတဲ့ အိမ်လေး တစ်အိမ်ထဲမှာ နေထိုင်ဖို့၊ ကိုယ့်အခန်းကို လှပတဲ့ အခန်းလေးတစ်ခန်းအဖြစ် ဖန်တီးဖိွုျ့န်တော်တို့တစ်တွေ တစ်ကြိမ် တစ်ခါလောက် စိတ်ကူးမိကြမယ် ထင်ပါတယ်။ ဒါပေမဲ့အချိန်မပေးနိုင်သေးလို့၊ ငွေရေးကြေးရေး အခက်အခဲ စတဲ့ အကြောင်း အမျိုးမျိုးကြောင့်ကိုယ့် စိတ်ကူးတွေကို အကောင်အထည် မဖော်နိုင်သေးဘူးဆိုရင် . . .

အခု ပြောပြမယ့်နည်းလမ်းက အချိန်ကုန်လည်း သက်သာပြီး ငွေကုန်ကြေးကျလည်း သက်သာရာရစေတဲ့ နည်းလမ်းဖြစ်တာမို့ Living Fashion မဂ္ဂဇင်း ပရိသတ်ကြီး နှစ်သက်သဘောကျလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဘယ်လောက်တောင် အချိန်ကုန် သက်သာသလဲ ငွေကုန်ကြေးကျ သက်သာသလဲဆိုရင် ကျွန်တော်တို့မှာ သတင်းစာ အဟောင်းတွေ ရှိရုံနဲ့တင် ကိုယ့်အခန်းကို လှပကျော့ရှင်းအောင် အလှဆင်နိုင်တာ . . .

Read more: Recyclable Art

Go to top