wedding

မင်္ဂလာဆောင် အခမ်းအနား (wedding) ဆိုတာ တတ်နိုင်သမျှ ခမ်းနားကြီး ကျယ်စွာကျင်းပ အပ်တဲ့ အခမ်းအနား တစ်မျိုး ဖြစ်ပါတယ်။
မင်္ဂလာဆောင် နေ့မှာ ကံကောင်း စေမယ့် ကျက်သရေ ရှိမယ့်စကားတွေ ကိုသာ ပြောဆိုပါ။ တွေးတောကြံစည်ပါ။
မင်္ဂလာဆောင်ကျင်းပမယ့် အချိန်နဲ့နေရာကို သေချာစွာ စိစစ်ရွေးချယ်ရပါမယ်။
မင်္ဂလာဆောင်အခမ်းအနားမှာ ဓာတ်ပုံများစွာ ရိုက်ကူးထားသင့်ပါတယ်။ ဓာတ်ပုံ တွေထဲက အကောင်းဆုံး ဓာတ်ပုံတွေကို ဘောင်သွင်းပြီး အိမ်မှာထားခြင်းကြောင့် ကံကောင်းမှုများ ကြုံနိုင်ပါတယ်။
မိမိတတ်နိုင်သလောက် အကောင်းဆုံးကားကို ဝယ်ယူခြင်း (သို့) ငှားရမ်းခြင်းဖြင့် မင်္ဂလာဆောင်နေ့မှာ စီးသင့်ပါတယ်။
မင်္ဂလာဆောင်မှာ သုံးတဲ့ပန်းတွေဟာ လန်းဆန်း ပွင့်ကားပြီး လှနေရပါမယ်။
မင်္ဂလာဆောင်ခါနီးမှာ စိတ်ရှုပ်ထွေးစရာတွေ၊ ဖိအားတွေကြုံတွေ့နိုင်သော် လည်း ပျော်ရွှင်တက်ကြွစွာ လုပ်ကိုင်ဆောင်ရွက်ပါ။ ချစ်သူနှစ်ဦး တိုင်တိုင်ပင်ပင်နဲ့ နားလည် ခွင့်လွှတ်တတ်ကြပါစေ။

Read more: မင်္ဂလာဆောင် သူများအတွက် မင်္ဂလာရှိသော အစီအမံများ

" It is more important to click with people than to click the shutter "
Alfred Gisenstaedt
German Photojournalist

living-with-photo

ဓာတ်ပုံတွေဟာ ဘဝရဲ့ အစိတ်အပိုင်း တစ်ခုလို ဖြစ်လာပါပြီ။ ဓာတ်ပုံဆိုတဲ့ ဝေါဟာရကို Sir John Herschel (1792-1871) ဆိုသူ အင်္ဂလိပ် စွယ်စုံပညာ ရှင်ကြီးက ၁၈၃၉ ခုနှစ်မှာ စတင်အသုံးပြုခဲ့တာပါ။ ဓာတ်ပုံဟာဂရိစကား ဖြစ်ပြီးdrawing with light  လို့ အဓိပ္ပာယ်ရပါတယ်။ ဒါကြောင့်လည်း ဓာတ်ပုံကို 'အလင်းပန်းချီ' လို့ တင်စားကြတာဖြစ်ပါတယ်။ကမ္ဘာ့ပထမဆုံးလို့ ခေါ်ရမယ့် ဓာတ်ပုံတော့ ၁၇၉ဝ ပြည့်နှ စ်လောက်က စတင်ပေါ်ပေါက်ခဲ့တာပါ။ ကာလာဓာတ်ပုံတွေကိုတော့ ၁၉ဝ၃ ခုနှစ်မှာ စတင် မိတ်ဆက်ခဲ့တာပါ။ ယနေ့အချိန်ကာလမှာဆိုရင် ဝက်ဘ်ဆိုက်တွေဟာလည်း ဓာတ်ပုံတွေ စုဆောင်း ဖော်ပြ ရာနေ ရာတွေဖြစ်လာပါပြီ။ ဝက်ဘ်ဆိုက်ပေါ် ပထမဆုံး ဓာတ်ပုံတင်ခဲ့တဲ့ သူကတော့Tim Berners-Lee ဖြစ်ပြီး ၁၉၉၂ က စတင်ခဲ့တာပါ။ ယနေ့ လူကြိုက်အများဆုံး ဓာတ်ပုံဝက်ဘ်ဆိုက်တွေကတောFlickr, Picasa, Photo Bucket နဲ့ Soopx  တို့ ဖြစ်ပါတယ်။ ကမ္ဘာ ပေါ်က လူပေါင်းသန်းနဲ့ချီပြီး ဓာတ်ပုံတွေကို နေ့စဉ် ဖလှယ်နေကြပါတယ်။

Read more: ဓာတ်ပုံများနှင့် နေထိုင်ခြင်း

living-green

အဆောက်အဦး တည်ဆောက်ကတည်းက သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ပေးနိုင်မယ့် green building  တွေ ပုံစံထုတ် ပြင်ဆင်နိုင်ခြင်း မရှိခဲ့ရင်တောင် ကိုယ် လက်ရှိနေထိုင်တဲ့ အိမ်လေးမှာပဲ eco-friendlyဖြစ်မယ်၊ ငွေကြေးကုန်ကျမှုကို လည်း သက်သာထိန်း သိမ်းပေးနိုင်တဲ့ လွယ်လွယ်ကူကူ နည်းလမ်းလေးတွေ ရှိနေ ပါတယ်။

Read more: နေထိုင်ရှင်သန်ခြင်း 'အစိမ်းရောင်'

morethanwecanuse

သင် အသုံးပြု လက်စပစ္စည်း တစ်ခုပျက်စီးသွား တဲ့အခါမှာ အဲ့ဒီပစ္စည်းကို ဘယ်လိုမျိုး ဆက်အသုံးပြုရ မလဲလို့ သင် တစ်ကြိမ်တစ်ခါလောက် တွေးမိပါသလား။ ဒါမှမဟုတ် ပျက်စီးသွားတာနဲ့ပဲ အသုံးပြုလို့မရတော့ ဘူးဆိုပြီး ချောင်ထိုးဖို့၊ လွှင့်ပစ်ဖို့ပဲ သင် စိတ်ကူးပါသလား မိတ်ဆွေ။ ပစ္စည်းတစ်ခု ပျက်စီးသွားတိုင်း ထပ်ဝယ်နေရရင် ငွေကုန်ရုံပဲရှိတော့မှာပေါ့။ ဆက်အသုံးပြု လို့မရတော့လို့ ထပ်ဝယ်ရရင်တောင် အဲ့ဒီပျက်စီး သွားတဲ့ပစ္စည်းကို တခြားဘယ်နေရာမှာများ အစားထိုးအသုံးပြုရမလဲ တွေးကြည့်သင့်ပါတယ်။ ဒါမှသာ ငွေအပိုကုန်တာတွေ သက်သာမှာဖြစ်ပါတယ်။ တချို့ပစ္စည်းတွေမှာ သူတို့ကို အသုံးပြုနိုင်တာထက် ပိုတဲ့အ ရည်အသွေး တွေ ရှိနေတတ်ပါ တယ်။ကဲ … ဘယ်လိုပစ္စည်းတွေမှာ သူတို့ကို အသုံးပြုနိုင်တာထက် ပိုလျှံတဲ့ ဘယ်လိုအရည်အသွေးတွေ ရှိနေသလဲဆိုတာ ကျွန်တော်တို့ ဒီစာမျက်နှာလေး ကနေလေ့ လာကြည့် လိုက်ရအောင်။

Read more: MORE THAN WE CAN USE(September)

fire

မီးဘေးအန္တရာယ်ဟာ အလွန်ပဲ အရေးကြီးပါတယ်။မီးလောင်မှုတစ်ခုဖြစ်ပွားရင် ပစ္စည်းဥစ္စာဆုံးရှုံးရုံသာ မက လူ့အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်ပါတယ်။ဒါကြောင့် မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်လာရင်
အရေးပေါ် ငြှိမ်းသတ်ဖို့အတွက် အလွယ်တကူအသုံးပြုနိုင်တဲ့FIRE.Safe မီးသတ်ဆေးဘူးတွေနဲ့မိတ်ဆက်ပေး ပါရစေ။

Read more: မီးကိုနိုင်တဲ့ FIRE.Safe မီးသတ်ဆေးဘူးတွေ

Go to top