3

           

1-2                         

                                  ဖဲပြားရောင်စုံလေးတွေကို သင်ကိုယ်တိုင် လုပ်ကြည့်ဖို့ စိတ်ကူးမိပါသလား။ အားလပ်ချိန်တွေမှာ စိတ်လက် အပန်းဖြေရင်း ပြုလုပ်နိုင်တဲ့ အလုပ်ကလေးတစ်ခုပဲဖြစ်ပါတယ်။ ဦးခေါင်းထက်မှာ အလှဆင်နိုင်သလို၊ ပစ္စည်းထုတ်ပိုးမှု၊ အဝတ်အစား စတဲ့နေရာတွေမှာလည်း တန်ဆာဆင်လို့ ရပါတယ်။ ဒါ့အပြင်

Read more: ချစ်ခင်ဖွယ် ဖဲပြားလေးတွေ

olive oil 000041825220 Small

ကိုယ့်ရဲ့ မီးဖိုခန်းထဲမှာ ရှိနေတဲ့သံလွင်ဆီတစ်ပုလင်း ဆွဲထုတ်ယူလာခဲ့ပြီး တခြား အံ့သြဖွယ်အသုံးပြုနိုင်တာလေးတွေကို ရှာဖွေကြည့်ရအောင်ပါ။ ကိုယ်တို့ရဲ့ အသားအရေ၊ ပရိဘောဂတွေနဲ့ တခြားနေရာတွေမှာ ထူးထူးခြားခြားအသုံးပြုနိုင်တာလေးတွေ ရှိနေသေးသတဲ့။


hair conditioner အဖြစ် အသုံးပြုနိုင်တယ်

ကိုယ်တို့ရဲ့ဆံပင်သားခြောက်သွေ့နေလား။ သဲကန္တာရထဲက ချုံပင်လိုမျိုးပဲ ကြွပ်ဆတ်ကျိုးပဲ့လွယ်နေပြီလား။ သံလွင်ဆီကို ခွက်တစ်ဝက်လောက်ထည့်ပြီး အပူပေးပါ။ (ပွက်ပွက်ဆူတဲ့အထိ အပူမပေးဘဲ နွေးရုံလောက်ပါပဲ) ပြီးရင် ဆံပင်သားတွေထဲ နှံ့နှံ့စပ်စပ် သုတ်လိမ်းလိုက်ပေါ့။ ပလတ်စတစ်အိတ် (ကြွပ်ကြွပ်အိတ်လည်းရတာပါပဲ)နဲ့ ဖုံးအုပ်ပြီး မျက်နှာသုတ်ပဝါနဲ့ ထုပ်ထားလိုက်ပါ။ ၄၅ မိနစ်လောက် ထားပြီး ခေါင်းလျှော်ရည်နဲ့ စေ့စေ့စပ်စပ်လျှော်လိုက်ရင် ချောမွေ့နုညက်တဲ့ ဆံပင်သားလေးအဖြစ် ပြောင်းလဲသွားနိုင်သတဲ့။

ဝက်ခြံတွေကို ရှင်းလင်းမယ်

မျက်နှာပေါ်ကို ဆီသုတ်လိမ်းပြီး ဝက်ခြံပျောက်ကင်းအောင်ကုသမယ်ဆိုရင် ပေါတောတောနဲ့ရယ်စရာဖြစ်နေတော့မှာပဲ။ ဟုတ်တာပေါ့။ ဒါပေမဲ့ အစဉ်အဆက်အသုံးပြုခဲ့ကြတဲ့ ရှေးလူကြီးတွေကတော့ ဒီလိုကု သနိုင်တာကို ကျိန်တွယ်ပြီး ယုံအောင်ပြောပြနိုင်ကြလိမ့်မယ်။ အသုံးပြုနည်းကတော့

Read more: သံလွင်ဆီ ထူးထူးခြားခြားအသုံးပြုပုံလေးများ

 

Green Gift Idea for your Valentine    

ချစ်သူများနေ့ရှိတဲ့ ဒီလအတွက်တော့ ကမ္ဘာမြေကို ထိန်းသိမ်းဖို့ Green Environment  ဖြစ်အောင်ကူညီပေးလိုတဲ့သူတွေအတွက် Green Gift Idea လေးတွေပေး ချင်ပါတယ်။ Green Gift ဆိုတာက အစိမ်းရောင်ရှိဖို့၊ တိုက်ရိုက်အားဖြင့် သက်ဆိုင်တဲ့ အပင်တွေပေးဖို့ ချည်းမဟုတ်ပါဘူး။ Recycle ပြန်လုပ်နိုင်တဲ့၊ ကမ္ဘာမြေကို မညစ် ညမ်းစေတဲ့ကုန်ကြမ်း၊ သဘာဝသယံဇာတတွေကို ချွေတာနိုင်တဲ့ကုန်ကြမ်း/လုပ်ငန်းစဉ်ကို သုံးပြီးထုတ်ထားတဲ့ လက်ဆောင်ပစ္စည်းတွေ စသဖြင့်တွေလည်းပါဝင်ပါတယ်။ ဘယ်လိုလက်ဆောင်ကိုပေးမလဲဆိုတာကတော့ သင်ပေးမယ့်သူရဲ့ အသက်၊ အကြိုက်၊ ကျား/မ၊ သင့်မှာရှိတဲ့ အရင်းအမြစ် (ကုန်ကြမ်း၊ငွေ၊အချိန် စသဖြင့်. . .) တွေပေါ် မူတည်ပြီး ပေးထားတဲ့ idea  တွေကနေ ရွေးချယ် သုံးလို့ရသလို ဆင့်ပွားပေါ်ပေါက်လာတဲ့ စိတ်ကူးလေးတွေကို အကောင်အထည်ဖော်ပြီးတော့လည်း Green Valentine Gift  လေးတွေကို ဖန်တီးပြီး ကိုယ့်အချစ်ဆုံးသူတွေဆီ ပေးနိုင်ပါလိမ့်မယ်။

Read more: Green Gift Idea for your Valentine

health

လူတွေဟာ ရှင်သန်နေထိုင်ခွင့်ရတဲ့အချိန်လေးအတွင်းမှာ ကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်ခွင့်ရဖို့အတွက် အထူးလိုအပ်ပါတယ်။ ကျန်းမာခြင်းကသာ ပျော်ရွှင်ဖွယ်ဘဝဆီသို့ သင့်ကို ခေါ်ဆောင်သွားနိုင်မှာပါ။ ကျန်း မာအောင် ဘယ်လိုနေထိုင်မလဲလို့ မေးလာခဲ့ရင်တော့ ကျွန်မတို့အားလုံးဟာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အစားအစာတွေကို စားသုံးခြင်းနဲ့ နေ့စဉ် ကိုယ်လက် လှုပ်ရှား လေ့ကျင့်ခန်းလုပ်ခြင်းပဲ ဖြစ်တယ်လို့ အလွယ်တကူ ဖြေကြားကြပါတယ်။ ဒီလိုအလွယ်တကူ ပြောကြပေမဲ့လည်း တကယ်တမ်းမှာတော့ လွယ်လွယ်ကူကူ လိုက်မလုပ်ဖြစ်ကြပါဘူး။ 

Read more: ကျန်းမာစွာနေနိုင်ရန် နည်းလမ်း ၅ သွယ်

1d

အိမ်တစ်အိမ်မှာ စာအုပ်စင်ဆိုတာ မရှိမဖြစ်ပါဝင်ရမယ့် အရာပဲဖြစ်ပါတယ်။ ခေတ်တွေ ပြောင်းရွေ့လာတာနဲ့ အမျှ Furniture ဒီဇိုင်းတွေ ပြောင်းလဲဖန်တီးလာရာစာအုပ်စင်ဒီဇိုင်းတွေဟာလည်း အသစ်အဆန်းပုံစံ တွေ ထွက်ပေါ်လာပါတယ်။ ရှင်တို့နေထိုင်ရာ အိမ်ဂေဟာမှာရော ဘယ်လိုစာအုပ်စင်ဒီဇိုင်းမျိုးကို ထားချင်ပါသလဲ။

Read more: သင့်အိမ်ကလေးအတွက် စာအုပ်စင်ဒီဇိုင်း

Go to top