baking-soda-cleaner

မုန့်ဖုတ်ဆိုဒါကို ချောကလက်၊ ကွတ်ကီးဖုတ်လို့ ရတယ်ဆိုတာပဲ သင်သိထားပါသလား။ မုန့်ဖုတ်တဲ့ နေရာအပြင် မုန့်ဖုတ်ဆိုဒါကို အသုံးပြုပြီး အိမ်မှာ သန့် ရှင်းရေးပြုလုပ်လို့ရတာတွေ အများကြီးရှိပါတယ်။ သဘာဝအနံ့ပျောက်ဆေးဖြစ်သလို ထူးခြားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိနေပါတယ်။ မုန့်ဖုတ်ဆိုဒါကို

ဘယ်လိုတွေသုံးလို့ရတယ်ဆိုတာ လေ့လာကြည့်ကြပါစို့။

သင့်ရဲ့ ဈေးဝယ်ပလတ်စတစ်အိတ်တွေ ညစ်ပေနံစော်နေရင် မုန့်ဖုတ်ဆိုဒါကို အသုံးပြုပြီးသန့်စင်ပေး နိုင်ပါတယ်။ လွှင့်ပစ်လိုက်ရင်ရတယ်ဆိုပေမယ့်လည်း လျှော်ဖွပ်ပြီး ပြန်လည်အသုံးပြုခြင်းက သဘာဝပတ် ဝန်းကျင်ကို ထိန်းသိမ်းရာရောက်ပါတယ်။ အစွန်း အထင်းရှိတဲ့အခါ မုန့်ဖုတ်ဆိုဒါကို ဖြူးပြီး အဝတ်စနှင့် ပွတ်သုတ်နိုင်သလို ညစ်ပေနံစော်နေရင်တော့ ရေခပ်နွေးနွေးထဲမှာ မုန့်ဖုတ်ဆိုဒါကို လက်ဖက်ရည်ဇွန်း ၄ ဇွန်းထည့်ဖျော်ပြီး ပလတ်စတစ်အိတ်တွေကို စိမ်ကာ လျှော်ဖွပ်ပေးနိုင်ပါတယ်။

shutterstock 309034112

မုန့်ဖုတ်ဆိုဒါအနည်းငယ်ကို ရေနှင့်ဖျော်ပြီးအသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကို ဆေးကြောသန့်စင်နိုင်ပါတယ်။ မုန့်ဖုတ်ဆိုဒါက အညစ်အကြေးတွေကို သန့်စင်ပေးနိုင်သလို အသီးအနှံတွေမှာ ပြောင်လက်နေအောင်တင်ထားတဲ့ ပျားဖယောင်းတွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ မုန့်ဖုတ်ဆိုဒါက မီးဖို ချောင်အတွင်းတစ်ဝိုက်ရှိ အညစ်အကြေးတွေကို လည်း သန့်စင်နိုင်ပါတယ်။ မုန့်ဖုတ်ဆိုဒါကို ရေနှင့် အတူရောပြီး မီးဖိုချောင်ကောင်တာများ၊ စတီးရေပိုက် ခေါင်းများ၊ မိုက်ခရိုဝေ့အပြင် မီးဖိုချောင်သုံး အိုးခွက် ပန်းကန်များကိုလည်း ဆေးကြောသန့်စင်နိုင်ပါတယ်။

မုန့်ဖုတ်ဆိုဒါမှာ ဟင်းအဆီတွေကို ဖယ်ရှားသန့် စင်နိုင်တဲ့အပြင် အစွန်းအထင်းတွေကိုပါ ဖယ်ရှား ရှင်းလင်းနိုင်တဲ့ အစွန်းချွတ်ဆေးအဖြစ်လည်း အစွမ်း အာနိသင်ရှိပါတယ်။ အိုးခွက်ပန်းကန်ဆေးတဲ့ ရေမြှုပ်တွေ ညစ်ပတ်နံစော်လာတဲ့အခါမှာလည်း မုန့်ဖုတ်ဆိုဒါနဲ့ ရေကိုရောစပ်ပြီး သန့်စင်ပေးနိုင်ပါတယ်။ ဒါဆို ရေမြှုပ်ဖတ်တွေကိုမကြာခဏလွှင့်မပစ်ရဘဲ ရေရှည်အသုံးပြုနိုင်မှာပါ။ ကလေးငယ်တွေဟာ သူတို့ရဲ့ အနုပညာလက်ရာ တွေကို အိမ်နံရံတွေမှာ ပြသတတ်ကြပါတယ်။ အဲဒါ တွေကို ပြန်ဖျက်ဖို့အတွက် ရေမြှုပ်ဖတ်ကို ခပ်စိုစို ဖြစ်အောင်ပြုလုပ်ပြီး မုန့်ဖုတ်ဆိုဒါနဲ့ ပွတ်တိုက်ပြီး ပြန်ဖျက်နိုင်ပါတယ်။

ThinkstockPhotos-486370360

အားကစားဖိနပ်တွေမှ အနံ့ဆိုးများထွက်နေတယ်ဆိုရင်လည်း စီးပြီးတဲ့အခါ ဖိနပ်ရဲ့အတွင်းပိုင်းကို မုန့်ဖုတ်ဆိုဒါဖြူးပေးထားပါ။ နောက်တစ်ခါ ဖိနပ်ပြန် စီးခါနီးမှာလည်း မုန့်ဖုတ်ဆိုဒါကို ဖြူးပြီးမှစီးပါ။ အနံ့အသက်ဆိုးများရန်မှ ကာကွယ်နိုင်ပါလိမ့်မယ်။ ရေချိုးခန်းအတွင်းရှိ ရေချိုြးေ<ွကရေကန်၊ ကျောက်ပြားစတာတွေ အရောင်မှိုင်းလာပြီဆိုရင် တော့ ရေမြုပ်ဖတ်ကိုရေစွတ်ပြီး မုန့်ဖုတ်ဆိုဒါနှင့် ပွတ် တိုက်ပေးပါ။ ပြီးနောက် ရေပြန်လည်ဆေးကြော လိုက်ရင် တောက်ပသစ်လွင်လာတာကို သင်မြင်တွေ့ ရမှာပါ။ ရာသီဥတုပွင့်လင်းလာပြီဆိုရင်တော့ Furniture တွေကို ခြံဝင်းအတွင်းရှိ မြက်ခင်းပြင် ပေါ်ထုတ် လာကြပါတယ်။ အဲဒီလို မထုတ်ခင်မှာ မုန့်ဖုတ်ဆိုဒါနဲ့ ရေကိုရော စပ်ပြီး ပွတ်သုတ်ပေးထားပါ။ ပြန်သိမ်းတဲ့ အခါမှာလည်း ကူရှင်တွေရဲ့အောက် ဒါမှမဟုတ် ထည့် သိမ်းတဲ့ အိတ်အတွင်းထဲမှာ မုန့်ဖုတ်ဆိုဒါထည့်ပေးပါ။ ဒါဟာ ပရိဘောဂတွေကို သစ်လွင်ပြီး အနံ့အသက်ကောင်းအောင် ထိန်းသိမ်းရာရောက်ပါတယ်။

Pinky

Go to top