INBV-Coconut-Water-shutterstock 3

ကျန်းမာတဲ့ နေထိုင်မှုပုံစံကို ရရှိစေနိုင်ဖို့အတွက် ကျန်းမာစေတဲ့ အစားအစာတွေကို စားသုံးပေးဖို့ လိုအပ်ပါတယ်။ လူ့ခန္ဓာကိုယ် ကျန်းမာစေဖို့အတွက် အစားအစာတွေ များပြားစွာရှိနေပါတယ်။ အဲဒီထဲကမှ အုန်းရည်ဟာကျန်းမာရေးအတွက်အာမခံချက်ပေးနိုင်တဲ့ အစားအစာတစ်မျိုးပဲဖြစ်ပါတယ်။ ဒါကြောင့် အုန်းရည်မှရရှိနိုင်တဲ့ အကျိုးကျေးဇူး ၅ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ဝိတ်ကျစေတယ်

အုန်းရည်ဟာ ခန္ဓာကိုယ်အတွက် ဖြည့်တင်းပေးနိုင်မယ့်

အာဟာရဓာတ်တွေြ<ွကယ်ဝစွာပါဝင်ပေမယ့် ဝိတ်ချချင်တဲ့သူတွေအတွက် အုန်းရည်ဟာ ဝိတ်ချနိုင်တဲ့ အကောင်းဆုံးနည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို ထောက်ပံ့ပေးပြီး အချိန်တိုအတွင်း ဝိတ်ကျစေနိုင်ဖို့ ကူညီပေးပါတယ်။

၂။ Immune System ကိုလည်း တိုးမြှင့်စေတယ်

အုန်းရည်ဟာ ခန္ဓာကိုယ်ရဲ့ Immune System ကိုလည်း တိုးမြှင့်ပေးနိုင်ပါတယ်။ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ သွေးဖြူဥတွေကို တိုက်ခိုက်မယ့် အနာရောဂါများမှလည်း ကာကွယ်ပေးတာကြောင့် ခန္ဓာကိုယ်ကြံ့ခိုင်သန်မာစွာ နေထိုင်နိုင်ဖို့ ကူညီပြီးသား ဖြစ်ပါတယ်။ ဒါ့ပြင် အုန်းရည်ဟာ ခန္ဓာကိုယ်ရဲ့မျိုးရိုး ဗီဇဆဲလ်တွေကို တိုက်ခိုက်မယ့် ရောဂါပိုးမွှားတွေကို လျော့ချပေးနိုင်ပါတယ်။

၃။ အမျှင်ဓာတ်ကိုလည်း ရရှိစေတယ်

အုန်းရည်သောက်ခြင်းဟာ ခန္ဓာကိုယ်အတွက် နေ့စဉ်လိုအပ်တဲ့ အမျှင်ဓာတ်ကိုလည်း ရရှိစေပါတယ်။ အမျှင်ဓာတ်ဟာ အူမကြီးရဲ့ ပုံမှန်လည်ပတ်နိုင်မှုလုပ်ငန်းဆောင်တာအတွက် မရှိမဖြစ်လိုအပ်တဲ့ ဓာတ်တစ်မျိုးပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်အာဟာရဓာတ်တွေကိုရရှိစေဖို့အတွက် မူလအစနေရာဖြစ်တဲ့ အစာအိမ်ကိုလည်း ကျန်းမာစေပါတယ်။ အရေပြားပေါ်မှာ ဝက်ခြံ များဖြစ်ပေါ်ခြင်းကိုလည်း ကင်းလွတ်စေမှာပါ။

Woman-looking-at-the-ocean-and-drinking-Coconut-Water

၎။ သတ္တုဓာတ်တို့ရဲ့ အရင်းအမြစ်ဖြစ်ပါတယ်

ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေအတွက်လိုအပ်တဲ့ သတ္တုဓာတ်နဲ့ အာဟာရဓာတ်တွေဟာ အုန်းရည်မှာ ပြည့်ဝစွာပါဝင်နေပါတယ်။ သတ္တုဓာတ်
ဆိုရာမှာပါဝင်နေတာတွေက ခန္ဓာကိုယ်အတွက် ရောင်ခြယ်ဓာတ်၊ ပိုတက်ဆီယံ၊ သံဓာတ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်တွေ ပါဝင်နေတာပဲ ဖြစ်ပါတယ်။

၅။ သက်လုံအားကိုလည်း တိုးစေပါတယ်

အုန်းရည်မှာ ပါဝင်နေတဲ့ အာဟာရဓာတ်တွေကြောင့် သောက်သုံးပြီးတာနဲ့ ချက်ခြင်းအာဟာရဓာတ်ကို ထုတ်လုပ်ပေးနိုင်ပါတယ်။ ခန္ဓာကိုယ်တွင်းမှာ စုဆောင်ထားပြီး အဆီဖြစ်လာတာမျိုးမရှိပါဘူး။ နေ့ စဉ်လိုအပ်တဲ့ အာဟာရဓာတ်ကို ဖြည့်တင်းပေးတာ ကြောင့် သက်လုံအားကိုလည်း တိုးပွားစေပါတယ်။

မြတ်လေးခင်

Go to top