junegd

နွေကျောင်းပိတ်ရက်က မကုန်ဆုံးသေးပေမယ့် အပူဒဏ်က ကလေးတွေအတွက်အပြင်ထွက်ဆော့ခွင့်ကို ပိတ်ပင်ထားပါတယ်။ ဒါကြောင့် ကလေးတွေကို အအေးခန်းထဲ အလုံပိတ်ထားတဲ့ မိဘတွေရှိသလို ဂိမ်းဆိုင်တွေမှာ အချိန်ကုန်နေတဲ့ကလေးတွေလည်းရှိတဲ့ နွေကျောင်းပိတ်ရက်မှာ သဘာဝပတ်ဝန်းကျင်နဲ့ ရင်းနှီးသွားအောင် လုပ်ပေးနိုင်သလို ကလေးတွေကိုယ်တိုင်လည်း စိတ်ဝင်စားပြီး ပျော်ရွှင်တဲ့ဥယျာဉ်လေးတစ်ခု ဖန်တီးကြည့်တာ မိဘတွေရော၊ သားသမီးတွေအတွက်ပါ အကောင်းဆုံးအကြံÓဏ်ဖြစ်နိုင်ပါတယ်။

ဂိမ်းခွေတွေထဲက စိတ်ကူးယဉ်ဇာတ်ကောင်တွေကို

ဖယ်ရှောင်ပြီး အကောင်းဆုံးသောတကယ့်ဘဝထဲက အပင်တွေအကြောင်း ကလေးတွေကို သိစေသင့်ပါတယ်။ ဒါမှကြီးပြင်းလာတဲ့အခါ ဆေးဖက်ဝင် သစ်ပင်တွေ၊ သစ်ဥသစ်ဖုတွေက ဘာတွေလည်းသိသွားကြမှာဖြစ်သလို ဘယ်အပင်တွေကတော့ ဘယ်လောက်ကိုယ့်အတွက် အန္တရာယ်ရှိနေသလဲဆိုတာလည်း ကလေးတွေသိသွားပါလိမ့်မယ်။

junegd2

အပင်တွေနဲ့ပတ်သက်တဲ့ ဗဟုသုတကိုအရင်ပေး သိပါ

အပင်တိုင်းဆေးဖက်ဝင်တယ်ဆိုတာ မှန်ပေမယ့် ဘယ်အပင်တွေက ကလေးတွေ အတွက် အဆိပ်ဖြစ်စေမလဲကို အရင်သင်ပြထားပါ။ အဆိပ်မရှိရင်တောင် ဆူးရှိရင်သူတို့ အတွက် ဘယ်လိုနာ ကျင်မှုရနိုင်သလဲဆို တာ ဗဟုသုတပေးဖို့ လိုပါတယ်။ ဆူးပါတဲ့ အပင်တွေက ရတဲ့ နာကျင်မှုကို သူတို့လေး တွေ သိမထားတဲ့အခါ တစ်ခုခုကြောင့် အဲဒီ နားရောက်ပြီး ဆူးစူး မယ်ဆိုရင် ဒီအပင် တွေကို ကြောက်တဲ့ စိတ်ဝင်သွားနိုင်ပါတယ်။

junegd3

စားစရာ အပင် တွေထဲမှာ နူးညံ့ပြီး အရောင်စွန်းထင်းစေတဲ့ ဘယ်ရီမျိုးစိတ်တွေဟာလည်း ကလေးတွေအတွက် အန္တရာယ်ရှိစေပါတယ်။ ရုတ်တရက် မျိုချလိုက်တာ ရေမဆေးဘဲ စားတာတွေဟာ ကလေးတွေအတွက် ကြီးမားတဲ့ ကျန်းမာရေးပြဿနာဖြစ်လာပါလိမ့်မယ်။

ဒါဆို သဘာဝပတ်ဝန်းကျင်နဲ့ ကလေးတွေကို ရင်းနှီးစေဖို့ရာ ကူညီပေးနိုင်တဲ့ အပင်ကတော့ Butterfly Bush ပင်တွေပါပဲ။ အရောင်စုံပြီးအနံ့လည်း မွှေးတဲ့ ဒီအပင်တွေကို လိပ်ပြာတွေက အထူးကြိုက်ပြီး ကလေးတွေအတွက်လည်း အန္တရာယ်မရှိပါဘူး။ နောက်ထပ်ကလေးတွေကို ရင်းနှီးစေရမှာက သီးပင်စားပင်၊တွေပဲ ဖြစ်ပါတယ်။ ကလေးတွေအတွက် ထင်းရှူးပုံးကလေးတွေထားပြီး နံနံ၊ မုန်ညင်း၊ ကြက်သွန်၊ ဆလပ်၊ ခရမ်းချဉ်သီးနဲ့ ငရုတ်သီးကလေးတွေကို စိုက်ပျိုးခိုင်းပါ။ ရေလောင်း၊ ပေါင်းသင်တာ၊ မြေသြဇာထည့်တာတွေကို သူတို့ကိုယ်တိုင်လုပ်ကြည့်ခိုင်းပါ။

june3

Water Features (ရေနဲ့ပတ်သက်တာတွေ) ပြုလုပ်ပေးပါ

မြေကျယ်ကျယ်ရှိရင် ကလေးတွေနဲ့အတူ မြက်ခင်းလေးစိုက်ပါ။ ကလေးတွေခုန်ဖို့ထိဖို့ အကောင်းဆုံးသော အပင်က မြက်ဖြစ်ပါတယ်။ ပြီးရင်တော့ ရေတံခွန် (သို့)ရေကန်လေးဆောက်ပေးပါ။ ရေစီးသံဟာကလေးတွေရဲ့ စိတ်အာရုံကို အထူးငြိမ်သက်စေပြီး ပတ်ဝန်းကျင်ဆူညံသံတွေ၊ စကားပြောသံတွေကို ကလေးတွေ မကြားရအောင် ကူညီပေးနိုင်ပါတယ်။ ယောက်ျားကလေးတွေဟာ ရေကြောက်တတ်တာများပြီး သူတို့ကို ကလေးဘဝတည်းက ဒီလိုနည်း တွေ နဲ့ ရေကိုထိတွေ့ပေးထားရင်တော့ ရေကြောက်တဲ့ စိတ်နည်းသွားပါလိမ့်မယ်။

junegd4

ကစားခုန်စားဖို့ နေရာတွေပါပါစေ

အချိန်တိုင်း အပင်စိုက်ခိုင်းရင်တော့ ကလေးတွေပျင်းမှာ အသေအချာပါပဲ။ ဒါကြောင့် ဥယျာဉ်တစ်ခုဖန်တီးပြီဆိုတာနဲ့ ကလေးတွေအတွက် ဒန်း၊ see-saw ဟိုဒီခုန်ကူးဖို့ အင်္ဂတေကျောက်ပြားတွေပါမှ ဥယျာဉ်ထဲမှာ မမောမပန်းအကြာကြီး နေပါလိမ့်မယ်။ အရိပ်ရတဲ့ အပင်ကြီးတွေ စိုက်ပေးထားခြင်းဟာ သစ်ပင်တက်ဖို့ အထူးလေ့ကျင့်ကွင်းဖြစ်သလို နူးညံ့တဲ့မြက်ခင်းပြင်ကလည်း သူတို့အတွက်အပြေးလေ့ ကျင့်ကွင်းဖြစ်ပါလိမ့်မယ်။ ဒန်းစီးလိုက်၊ ပြေးပြီးဆော့ လိုက်လုပ်ပေးမှသာ ကလေးရဲ့ ကိုယ်ခန္ဓာက ကျန်းမာ ကြံ့ခိုင်မှာပါ။ ဒါကြောင့် မိဘတွေအနေနဲ့ ကလေးတွေကို ပူတိုင်းအပြင်ပေးမထွက်တာ၊ ဂိမ်းစက်နဲ့ အချိန်ကုန်စေတာထက် ခြံမှာ မြေပိုကလေးရှိရင် တစ်သက်လုံးပျော် ချင်သစ်ပင်စိုက်ဆိုတဲ့အတိုင်း ဖြစ်အောင် ကျောင်း ပိတ်ရက်မှာ သင်ကြားပေးသင့်ပါတယ်။

junen3

အပင်တွေနဲ့အတူ ကစားစရာတွေကို စနစ်တကျထည့်သွင်းပြီး ဥယျာဉ်ကလေးကို dk Playground ဖြစ်အောင်လုပ်ထားပေးရင် ကလေးတွေလည်း ပျော်ရွှင် ရသလို ကိုယ့်အိမ်အလှလည်း ပိုပြီးတင့်တယ်တာကြောင့် မိဘလည်းအဆင်ပြေ၊ ကလေးလည်းပျော်မှာ အသေအချာပါပဲ။

Anada

Go to top