Benefits-Of-Papaya-For-Skin

အသီးအနှံများမှ ရရှိတဲ့ ဓာတ်တွေဟာလူတွေကို အကျိုးဖြစ်ထွန်းစေပါတယ်။ ဒီထဲမှာမှ သင်္ဘောသီးဟာလည်း လူတွေကိုအကျိုးပြုတဲ့ဓာတ်တွေအများ အပြားပါဝင်နေတဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ အစာလည်းဆေး၊ ဆေးလည်း အစာဆိုတဲ့အတိုင်း သင်္ဘောသီးကို စားသုံးရင်း ရရှိနိုင်မယ့်အကျိုးကျေးဇူးတွေကို ရေးသားဖော်ပြပေးလိုက်ပါတယ်။

အသားအရေအတွက်

မျက်နှာအသားအရေ ထိခိုက်ပျက်စီးမှုများကို ကာကွယ်ပေးပြီး ဝက်ခြံနှင့်အရေပြားပြဿနာများ၊ အရေပြားပေါ်သို့ ရောဂါပိုးမွှားများ ကူးစက်လာမှုတို့ကို ကာကွယ်ရာမှာ ကူညီထောက်ပံ့ပေးပါတယ်။ သင်္ဘော သီးဟာ အရေပြားပေါ်ရှိ

ဆဲလ်သေတွေကိုလည်း ဖယ်ရှားပေးပြီး အရေပြားကို လန်းဆန်းစိုပြည်တောက်ပစေ နိုင်ပါတယ်။ ဒါ့ပြင် သင်္ဘောသီးစားသုံးခြင်းဖြင့် အသားအရေကို ကြည်လင်သန့်စင်စေနိုင်ပါတယ်။ အရွယ်မတိုင်မီ အိုမင်းရင့်ရော်မှုကို ကာကွယ်တားဆီးပေးရာလည်း ရောက်ပါတယ်။

ကိုလက်စထရောကို ကျဆင်းစေတယ်

သင်္ဘောသီးမှာပါဝင်တဲ့ အကောင်းမွန်ဆုံး အချက်တစ်ချက်ဖြစ်တဲ့ ကျန်းမာရေးအကျိုးကျေးဇူး ကတော့ ကိုလက်စထရောကို ကျဆင်းစေတာပဲ ဖြစ် ပါတယ်။ သင်္ဘောသီးမှာ ဗီတာမင် C၊ အင်တီ အောက်ဆီဒင့်နဲ့ အမျှင်ဓာတ်တွေကြွယ်ဝစွာ ပါဝင်နေပါတယ်။ ကိုလက်စထရောကို လျော့ကျစေပြီး Heart Attack ဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။

papaya

ဝမ်းချုပ်ခြင်းနဲ့ အစာမကြေခြင်းအတွက် ဆေးတစ်လက်

သင်ဟာ ဝမ်းချုပ်တတ်သူတစ်ဦးဖြစ်နေပါသလား။ ဒါဆိုရင်တော့ သင်ပုံမှန်စားသောက်မယ့်အစား အစာစာရင်းမှာ သင်္ဘောသီးမှည့်ကိုထည့်သွင်းပါ။ ဝမ်းချုပ်ခြင်းကိုသက်သာစေပြီး အစာချေဖျက်မှုစနစ်ကို ကူညီထောက်ပံ့ပေးပါလိမ့်မယ်။ အစာချေဖျက်မှုစနစ်မှာပါဝင်တဲ့ အင်ဇိုင်းဓာတ်ဟာ သင်္ဘောသီးမှာ ပါဝင် ဖွဲ့စည်းထားပါတယ်။

ဝိတ်ကျစေဖို့ ကူညီပေးတယ်

သင်္ဘောသီးမှရရှိတဲ့ အကျိုးကျေးဇူးများစွာထဲမှာ ဝိတ်ကျခြင်းလည်း ပါဝင်ပါတယ်။ သင်္ဘောသီးအရွယ်တော်တစ်လုံးမှာ ကယ်လိုရီအနေနဲ့ ၁၂ဝ သာ ပါဝင်နေပါတယ်။ ဒါကြောင့် သင်ဟာ ဝိတ်ချချင်နေ သူတစ်ယောက်ဆိုရင်တော့ သင့်ရဲ့အစား အစာစာ ရင်းမှာ သင်္ဘောသီးကိုထည့်သွင်းစားသုံးရမှာ ဖြစ်ပါတယ်။

မျက်လုံးအတွက်လည်း ကောင်းတယ်

သင်္ဘောသီးမှာပါဝင်တဲ့ ဗီတာမင် A Flavonoids Lutein, Cyptovanthin နဲ့ Zeaxanthin စတဲ့ ဓာတ်တွေက မျက်လုံးကျန်းမာရေးကို ကောင်းမွန်စေတဲ့အပြင် အခြားအကျိုးဖြစ်ထွန်းမှုများလည်း ရှိပါ တယ်။

မြတ်လေးခင်
Ref: Internet

Go to top