watermelon

ဖရဲသီးဆိုတာက လူတန်းစားမရွေး စားသုံးနိုင်တဲ့အသီးအနှံတစ်မျိုးပဲဖြစ်ပါတယ်။ မောပန်းနေတဲ့အချိန်မှာ ဖရဲသီးလိုအရည်ရွမ်းတဲ့အသီးကို စားသုံးလိုက်ရ တာက အမှန်တကယ်ကို အမောပြေစေတာဖြစ်ပါ တယ်။ နေရာမရွေးမှာ အလွယ်တကူ ဝယ်ယူစားသောက်နိုင်တဲ့ ဖရဲသီးကနေရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကို ပြန်လည်မျှဝေပါရစေ။

ဖရဲသီးဟာ

ခန္ဓာကိုယ်တွင်းမှာရှိတဲ့ ရေဓာတ်ပမာဏကို ထိန်းညှိကူညီပေးပြီး ကြွက်သားတွေ ကြွက်တက်ခြင်းရောဂါကို သက်သာလျော့ပါးစေပြီး သွေးခုန်နှုန်းကိုလည်း ပုံမှန်ဖြစ်အောင် ထိန်းညှိပေးပါတယ်။ ဖရဲသီးမှာ Beta Cartotene ဓာတ်ပါဝင်ပြီး မျက်စိအမြင်အာရုံနဲ့ သက်ဆိုင်တဲ့ ပြဿနာတွေကို လျော့ပါးစေပါတယ်။ ဒါ့အပြင် အမျိုးမျိုးသော ရောဂါပိုးမွှားတွေ ကူးစက်မှုကိုလည်း တိုက်ခိုက်ပေးပါတယ်။

ဒါ့အပြင် နှလုံးရောဂါဖြစ်ပွားမှုကို လျှော့ချပေးတဲ့ အကျိုးအာနိသင်လည်း ရှိပါတယ်။ ရေဓာတ်ဆုံးရှုံးမှုကို လျှော့ချပေးပြီး ဟော်မုန်းပမာဏကိုလည်း ညီမျှအောင် ထိန်းညှိပေးပါတယ်။ ခန္ဓာကိုယ်ရဲ့ immune system ကိုလည်း တိုးပွားစေပါတယ်။ ရေဓာတ် ၉ဝ ရာခိုင်နှုန်းပါဝင်ပြီး သကြားဓာတ်ပမာဏ ၁ဝ ရာခိုင်နှုန်းသာပါဝင်တဲ့ အသီးအနှံဖြစ်ပါတယ်။

မြတ်လေးခင်

Go to top