punch

ခင်ဗျားတို့  ခရစ်စမတ်မှာ ဘာတွေလုပ်ကြမလဲ။ ခင်ဗျားတို့  ဘယ်လိုစီစဉ်ကြမလဲ။ ခင်ဗျားတို့ရဲ့ ခရစ်စမတ်ပွဲကို အဆင့်မြင့်မြင့်နဲ့ တခမ်းတနား အကျော်အမော် ဆင်နွှဲနိုင်ဖို့ ဘယ်လိုကြိုးစား မောင်းနှင်ထားသလဲ။ ဒါမှမဟုတ် အနည်းဆုံးပြီးခဲ့တဲ့ အချိန်အတွင်းမှာ ရှော့ပင်းထွက်ပြီး ဘာတွေဘယ်လိုလုပ်မယ်စိတ်ကူးခဲ့ကြသလဲ။ အမှန်တော့ ကျွန်တော်တို့တစ်တွေဟာ

ကိုယ့်အိမ်ကိုယ့်နေရာတစ်ဝိုက် အလှအပတွေ မွမ်းမံခြယ်သဖို့ကို အားထုတ်ကြိုးပမ်းချင်ပါတယ်။ လှပသာယာတဲ့ ညနေခင်းလေးမှာ ညနေစာကိုလည်း လှလှပပ ပြင်ဆင်ချင်ပါသေးတယ်။ သက်ကြီးရွယ်အို တွေအတွက် ရော သင့်တင့်သလို သောက်စားနိုင်ဖို့  ဒီကနေ့နဲ့မနက်ဖြန်မှာ ပျော်ပျော်ရွှင်ရွှင် အဆင်ပြေပြေ ဧည့်ခံကျွေးမွေးချင်ပါတယ်။ ကလေးသူငယ်တွေအတွက်လည်း သင့်တင့်သလို လုပ်ဆောင်ပြင်ဆင်ပေးဖို့လည်းအရေးတကြီး လိုအပ်သေးတာပေါ့။

မဲရီး ခရစ်စမတ် သန်းခေါင်ယံပွဲတော်ချိန်ကို ရောက်ခဲ့ပါပြီ။ ပွဲတော်နတ်ကလေးဟာလည်း ပျော်ရွှင်ဖွယ်ရာပွဲတော်ချိန်ခါမှာ ကွန်ကော့ဒ်တဲအတွင်းကနေ ကော့တေးလ်ပါတီကို ဆင်နွှဲဖို စိတ်အားထက်ထက်သန်သန် နိုးဆော်နေပါပြီ။Rudoiph ရဲ့ မူးယစ်စေတတ်တဲ့ ဝိုင်နဲ့ဆော်ဒါ ရောစပ်ထားပြီး ယမကာတွေက အသင့်ရှိနေတယ်။ ဒါဟာ ခရစ်စမတ်အိဗ်ပွဲတော်ရဲ့အနှစ်သာရပဲလေ။ စန်တာကြီးကို သင်တို့မျှော်နေကြပြီမို့လား။ ကလေးတွေ စောင့်နေလောက်ပြီ။ မိုဂျီတို အနီရောင်ဘယ်ရီသီးတွေက စိတ်ကူးကောင်းကောင်းနဲ့ စောင့်ကြည့်နေတဲ့ အရာတွေပေါ့။ ကျွန်တော် တို့အတွက်တော့ မဟုတ်လောက်ဘူးထင်ပါရဲ့။ အိုး ... ဘယ်လောက်များ ပျော်ဖို့ကောင်းလိုက်မလဲ။ ခရစ်စမတ်နေ့ကို Poinsettia Drink Day လို့ တချို့က အမည်ပေးထားတယ်လေ။

ဒီလိုသန်းခေါင်ယံညစာ ခရစ်စမတ်အိဗ်မှာ ချိုချိုချဉ်ချဉ်၊ ရီရီထွေထွေ သောက်စရာ ကော့တေးလ်လေးတွေမှမပါရင်လည်း အပျော်အပါးပွဲတော် မမည်နိုင်တော့ဘူးပေါ့။ အားလုံးပျော်ရွှင်မြူးထူးဖို့ ဒီလိုကော်တေးလ်ကို ဒီလိုလှလှပပ ခွက်ကလေးတွေနဲ့ တည်ခင်းကြည့်ပါ။ ကလေးသူငယ်တွေကို ပေးကမ်း တည်ခင်းဖို့ဆိုတာတော့ သူတို့အကြိုက်တွေ့မှလို့ ဆိုရပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ဒါကကလေး၊ လူကြီး အားလုံးမျှော်လင့်ရင်ခုန်ရတဲ့ ခရစ်စမတ်အိဗ်ပွဲတော်ချိန်လေးပဲ မဟုတ်ပါလား။

မေစုဖြိုး

Go to top