morgan1

မေဂန်န်ဖောက်စ်လို့ ပြောလိုက်ရင် ညှို့အားပြင်း တဲ့ မဒီမှန်း အားလုံးက သိကြပါတယ်။ သူမဟာ အသက် ၁ နှစ် ၁၁ လသားအကြီး Noah  နဲ့ အသက် ၇ လအရွယ် သားငယ် Bodhi တို့ရဲ့ အမေဖြစ်ကာ အသက် ၂၈ နှစ်အရွယ် ရှိနေပေမဲ့ ကြည့်လိုက်ရင် အမြဲအပျိုလေး အတိုင်း လှပနေဆဲပဲ ဖြစ်ပါတယ်။သူမရဲ့ အောင်မြင်မှုကို Transformers  နဲ့ အခိုင်အမာ စိုက်ထူထားနိုင် သလို ၂ဝ၁၄ ခုနှစ်မှာလည်း နင်ဂျာကား နဲ့ပရိသတ် အသိအမှတ်ပြု မှုကို ရရှိထားတာ ကြောင့် ကလေးမွေးပြီး နောက်ပိုင်း စန်းမကျတဲ့ မင်းသမီး တစ်လက် လည်းဖြစ်ပါတယ်။ အောင်မြင်မှုတိုင်းနဲ့အတူ ချမ်းသာကြွယ်ဝ မှုတွေလည်း ရှိကြပြီး အခက်အခဲတွေ လည်းကြုံရ စမြဲဆိုတာ ဟုတ်၊ မဟုတ် မေဂန်န်ဖောက်စ် ရဲ့ ဘဝကို ကြည့်ကြည့် ရအောင်ပါ။

Read more: ကလေး နှစ်ယောက် ရလာပြီဖြစ်လို့ အိမ်အသစ် ပြောင်းရွှေ့ သွားပြီဖြစ်တဲ့ မေဂန်န် ဖောက်စ်ရဲ့ Celebrity...

her-place1

သက် စိတ်ကြိုက်အိမ်လေးတစ်လုံး ဆောက်ခွင့် ရမယ်ဆိုရင်တော့    ကန်စပ်မှာ     တစ်ထပ်တိုက်အိမ်လေးကို မှန်တွေနဲ့ပဲ ကာထားတဲ့ပုံစံမျိုးလေး ဆောက်ပြီး နေချင်ပါတယ်။

Read more: Her Place (Thet Thakhin)

his-place1

လူတိုင်းမှာ ကိုယ်ပိုင် ဘဝ တွေ၊ ကိုယ်နေထိုင်ရာ ရိပ်မြုံ နေရာတွေ ရှိကြပါတယ်။ ကိုယ် နေထိုင်ရာ ပတ်ဝန်းကျင်မှာ  ထိတွေ့ ပတ်သက်နေရတာတွေက ကိုယ့်ရဲ့ Living Style ထဲမှာ ပါဝင်နေ ပါတယ်။အနုပ ညာရှင်တွေရဲ့ Living Style ကိုတော့ ပရိသတ်တွေက ပိုပြီး စိတ်ဝင်စားတတ်ကြပါ တယ်။ ဒီလမှာတော့ ချိုမြမြအသံနဲ့ ကန်းထရီး သီချင်းတွေ သီဆိုတတ်တဲ့ တေးသံရှင်ဇော်ပိုင် ရဲ့ Living Style ကိုဖော်ပြပေး လိုက်ပါတယ်။

Read more: His Place

sakar-lat

စကားဂျို (Scar Jo) လို့ခေါ်ရင် မကြိုက်တဲ့ စကားလက်ဂျိုဟန်ဆန်ရဲ့ အလှနဲ့ အနုပညာ စွမ်းရည် ကို Lucy ဆိုတဲ့ ရုံတင်ကားထဲမှာ ပရိသတ်ကြီးတွေ့မြင် ပြီးသားဖြစ်မှာပါ။ ရွှေရောင် ဆံပင်ပိုင်ရှင်ဆိုရင် ညှို့ အားပြင်းတဲ့ ကော်ပတ်မ (တစ်နည်း လှရုံလွဲပြီး talent မရှိ) လို့ ပြောကြတဲ့ ဟောလိဝုဒ်ကမ္ဘာမှာ စကားလက်ဟာ သရုပ်ဆောင်ပညာ၊ မော်ဒယ်နဲ့ သီချင်းသီဆိုခြင်းဆိုတဲ့ ကိစ္စသုံးရပ်စလုံးမှာ ပါရမီ အများကြီး ပါတဲ့အတွက် အချိန်တိုင်းအတွက် အအောင်မြင်ဆုံး မင်းသမီးအဖြစ် ရပ်တည်နေနိုင်တဲ့ ရွှေရောင်ဆံပင်ပိုင်ရှင်ပဲ ဖြစ်ပါတယ်။ဖွံ့ထွားလွန်းတဲ့ ခန္ဓာကိုယ်အလှကြောင့် လိင်ဆွဲ အား ပြင်းသင်္ကေတအဖြစ် အမြဲတံ ဆိပ်ကပ်ခံရပေ မဲ့ အနုပညာစွမ်းရည်ဘက်မှာလည်း ရွှေကမ္ဘာလုံးဆုနှစ်ဆုကို 'A Girl With a Pearl' နဲ့ 'Lost in Translation'တို့နဲ့ ရရှိထားသလို တတိယရွှေကမ္ဘာလုံးဆုကိုတော့ 'A Love Song for Bobb Long' နဲ့ ရရှိထားပါတယ်။ ဒီလို သုံးကြိမ်တိတိ တစ်ကြိုဝင်ထား တဲ့ စကားလက်ဟာ ၁၉၈၄ ခုနှစ်ဖွားဖြစ် ကာ ၂ဝ၁၄ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်နေ့မှ အသက် ၃ဝ ပြည့်မှာဖြစ်တာကြောင့် အသက် ငယ်သေးတဲ့သူ ပဲ ဖြစ်ပါတယ်။ သူမ ဟာ ၁၉၉၄ ခုနှစ်မှာ ' Manny & Lo' ဇာတ်ကားနဲ့ အနုပညာလောကထဲ ဝင်လာပြီး ထိုစဉ်က သူမအသက် ဟာ ၉ နှစ်ပဲ ရှိပါသေးတယ်။ ဒီနောက်ပိုင်း မြီးကောင် ပေါက်အရွယ် ဇာတ်ရုပ်တွေ ကို ဆက်တိုက် ရိုက်လာပြီး ထင်ရှားတဲ့ ကားတွေက 'ံHome Alone 3, North, Just Cause, If Lucy Fell'တို့ ဖြစ်ပါတယ်။ လူကြီးဇာတ်ရုပ်ကို ၂ဝဝ၃ ခုနှစ်၊ သူမအသက် ၁၉ နှစ်မှာ စရိုက်ခဲ့ပြီး ဒါတွေ ကတော့ ရှေ့မှာဖော်ပြထားတဲ့ ဇာတ်ကားနှစ်ကားပဲဖြစ်ကာ အသက် ၁၉ နှစ်နဲ့ ရွှေကမ္ဘာလုံးဆုရခဲ့တာဖြစ် ပါတယ်။

Read more: ရင်သွေးကလေးအတွက် အိမ်ကျယ်ကျယ်လိုအပ်တဲ့ စကားလက်ဂျိုဟန်ဆန်

dipikar

ဒီပီကာရဲ့ အနုပညာဘဝ

အိန္ဒိယရဲ့ အကျော်ကြားဆုံး မင်းသမီးတွေထဲက တစ်ဦးဖြစ်တဲ့ ဒီပီကာပါဒူကွန်းဟာ အားကစားမယ် ဘဝကနေ မော်ဒယ်ဘဝကို ကူးပြောင်းလာပြီး ဒီက တစ်ဆင့် ရုပ်ရှင်နယ်ထဲ ရောက်လာသူပဲ ဖြစ်ပါတယ်။ ရုပ် ရည်အလှနဲ့ ငယ်ဂုဏ်လေးရှိတဲ့အတွက် ဒီပီကာဟာ မင်းသမီးဖြစ်လာခဲ့ပေမဲ့ စစချင်း အနုပညာလောကထဲ ဝင်ခါစမှာတော့ ပန်းခင်းလမ်းပေါ်မှာ လျှောက်ခဲ့ရတဲ့ ဘဝမဟုတ်ပါဘူး။ သူမ စတင်ရိုက်ကူးခဲ့တဲ့ အချစ် ဇာတ်မြူးကား Bachna Ae Haseeno  (၂ဝဝ၈) နဲ့ Housefull} ]Lafangey Parindey (၂ဝ၁ဝ) တို့ဟာ အဆိုးမြင်တဲ့ဘက်ကနေ ဝေဖန်ခံခဲ့ရပါတယ်။ ဒါကြောင့် ရှေ့ဆက်ဖို့အားတွေ လျော့ခဲ့ပေမဲ့ ဒီပီကာ ဟာ ၂ဝ၁၂ ခုနှစ်မှာတော့ Cocktail ရုပ်ရှင်နဲ့ တန်းဝင် မင်းသမီးဘဝကို ပြန်လည် ရရှိခဲ့ပါတယ်။ ၂ဝ၁၃မှာ တော့ ဟာသကားတွေဖြစ်တဲ့ Yeh Jawaani Hai Deewani တို့ဟာ အချိန်တိုင်းအတွက် အမြတ်အစွန်းအ ရဆုံး ရုပ်ရှင်ကား စာရင်းဝင်ခဲ့တဲ့အတွက် ဒီပီကာဟာ Filmfare Award  မှာ အကောင်းဆုံး ဇာတ်ဆောင်မင်းသမီးဆုကို ရရှိခဲ့ ပါတယ်။ဒီပီကာဟာ ကြော့ရှင်းတဲ့ အချိုးအဆက်၊ ပါးချိုင့် နှစ်ဖက်နဲ့ ချစ်စဖွယ်အပြုံးပိုင် ရှင် ဖြစ်တာကြောင့် ကြော်ငြာ တွေ များစွာလက်ခံရရှိထားသူပဲ ဖြစ်ပါတယ်။ သူမ ပိုမို အောင်မြင်လာတဲ့အခါ စင်မြင့်ဖျော်ဖြေပွဲတွေ၊ သတင်း စာတွေမှာပါ သူမအကြောင်းတွေ ပလူပျံအောင် ပါလာသလို ဇာတ် ကားတွေ ရဲ့နောက်ကွယ်က သူမ ဘဝဟာ လည်း အဝါရောင်စာစောင်တွေရဲ့ အကြိုက် ဖြစ်လာ ပါတယ်။

dipikar1

သူမဘ၀အစ

သူမကို ဇန်နဝါရီလ ၅ ရက်နေ့၊ ၁၉၈၆ ခုနှစ်မှာ မွေးဖွားခဲ့ပြီး မွေးဇာတိက ဒိန်းမတ်နိုင်ငံပဲ ဖြစ်ပါတယ်။ သူမဖခင်ကတော့ နိုင်ငံတကာအဆင့် ဘက်မင်တန် အားကစားသမားPrakash ပဲ ဖြစ်ပါတယ်။ အရပ် အမြင့် ၆ ပေ ၁ လက်မရှိတဲ့ သူမအဖေကို နူးညံ့တဲ့ ကျား လို့ ဘက်မင်တန်လော က က ခေါ်ကြပြီး ဒူပီကာဟာ ဖခင်ဆီက အားကစားအမွေကို ရယူနိုင်ခဲ့ပါတယ်။သူမမိခင်ကတော့ ခရီးသွားကုမ္ပဏီရဲ့ အေးဂျင့် တစ်ဦးဖြစ်ပြီး ဒီပီကာဟာ မိခင်ရဲ့ ရုပ်ရည်နဲ့အတော်ကြီး ဆင်တူပါတယ်။ သူမမှာ ညီမတစ်ဦးရှိကာ သူမထက် အသက် ၅ နှစ်ငယ်ပြီး ဂေါက်သီးမယ်ဖြစ်ကာ ကြေးစား အားကစား သမားအနေနဲ့ လတ်တလော မှာ အိန္ဒိယ ဂေါ့ဖ်လောကရဲ့  နံပါတ် ၉ နေရာ ရရှိနေပါတယ်။အတူနေချိန်ရှားပါးပေမဲ့ ဒီပီကာဟာ သူမ ရုပ်ရှင် ကားသစ်တင်တိုင်း မိသားစုနဲ့အတူ ပွဲတက်ပါတယ်။ သူမ ညီမ Anisha  ဟာ အားမနာ တမ်း ဝေဖန်အ ကြံပြု တတ်သူမို့ ဒီပီကာဟာ ရုပ်ရှင်ကားတွေထဲက သူမရဲ့ အနုပညာစွမ်းရည်အတွက် ညီမရဲ့ မှတ်ချက်ကို အမြဲ ဂရုစိုက်ရပါတယ်။သူမဟာ ဒိန်းမတ်နိုင်ငံမှာ မွေးဖွားလာခဲ့ပေမဲ့ အသက် တစ်နှစ်အရွယ်မှာ အိန္ဒိ  ယနိုင်ငံကို မိသားစု လိုက် ပြန်ပြောင်းရွှေ့လာကာ Bangalore မှာ နေထိုင် ခဲ့ကြပါတယ်။ ငယ်စဉ်ကတော့ သူမဟာ ဆက်ဆံရေးကောင်းသူမဟုတ်ဘဲ ကျောင်းစာပြီးရင် ဘက်မင်တန်ဟာ သူမဘဝ ဖြစ် တာကြောင့် သူငယ်ချင်းလည်း များများစားစား မရှိခဲ့ပါဘူး။ သူမငယ်စဉ်အချိန်ဇယား က မနက် ၅ နာရီထကာ အားကစားလေ့ကျင့်ခန်းလုပ် ပြီး ကျောင်းသွား၊ ကျောင်းကပြန်ရောက်တာ နဲ့ ဘက်မင်တန်ကစားပြီး ညဘက်မှာ အိမ်စာပြီးတာနဲ့ အိပ်တယ်လို့ ၂ဝ၁၂ ခုနှစ်မှာ ပြုလုပ်တဲ့ အင်တာဗျူး တစ်ခုမှာ ဖြေထားပါတယ်။ ကျောင်းစာထက်စာရင် အားကစားထူးချွန်တဲ့ ဒီပီကာဟာ အသက် ၈ နှစ်မှာ child model  စလုပ်ခဲ့ ပါတယ်။ ဒီလိုနဲ့ သူမ ၁ဝ တန်း ရောက်လာပြီး ဒီအချိန်မှာ ဖက်ရှင်ဘက်မှာ နာမည်ရစ ပြုလာတဲ့အတွက် ဖက်ရှင်မယ် ဖြစ်ချင်လာခဲ့ပါတယ်။ အဖိုးကစပြီး အဖေအဆုံး ဘက်မင်တန် အားကစား သမားတွေ ဖြစ် တာကြောင့် အားကစားလုပ်ခဲ့ပေမဲ့ သူမရဲ့ တကယ့် ဝါသနာအစစ်က အနုပညာသမား ဖြစ်ချင်တာကြောင့် ဖခင်ဆီက ခွင့်ပြုချက်တောင်းကာ ၂ဝဝ၄ ခုနှစ်မှာ ဖက်ရှင်လောက ထဲဝင်လာခဲ့သူပဲ ဖြစ်ပါတယ်။

dipikar2

 ဖက်ရှင်လောကထဲက သူမ

ဖက်ရှင်လောကထဲဝင်ပြီး မကြာမီမှာ သူမဟာ တီဗီကြော်ငြာ စတင်ရိုက်ကူးခဲ့ပြီး အထင်ရှားဆုံး ကြော်ငြာက Liril ဆိုတဲ့ ဆပ်ပြာကြော်ငြာပဲ ဖြစ်ပါတယ်။ ဒီက တောက်လျှောက်မြောက်မြားစွာသော ကုန်ပစ္စည်း အမှတ်တံဆိပ်တွေနဲ့ ထုတ်ကုန်အမျိုးမျိုးအတွက် ကြော်ငြာပေးဖို့ ကမ်းလှမ်းခံခဲ့ရပါတယ်။ လျှောက်လမ်း အောင်မြင်မှုကတော့ Lakme Fashion Week For Designer Suneet Varma  ရဲ့ပွဲမှာ Model Of The Year ရခဲ့တာပဲ ဖြစ်ပါတယ်။ ကြော်ငြာ၊ ဖက်ရှင်ဘက်က နုပျိုလန်းဆန်းတဲ့ ပန်းပွင့်လေး ဒီပီကာ ဟာ အဆိုတော် Himesh Reshammiya ရဲ့ သီချင်း Naam Hai Tera မှာ ပါဝင်လာပြန်တဲ့အခါ သူမကို ရုပ်ရှင်ဘက်ကပါ စိတ်ဝင်စားပြီး ကမ်းလှမ်းမှုတွေ ပြုလုပ် ပေမဲ့ သရုပ်ဆောင်ပိုင်း အတွေ့အကြုံနည်းတဲ့အတွက် Anupam Kher ရဲ့ Film Academy  မှာ သင်တန်း တက်ခဲ့ပါတယ်။ အောင်မြင်မှု ပိုကြီးလာပြီး လူကြိုက်များ လာတဲ့ ဒီပီကာကို ဒါရိုက်တာ Farah Khan က ၂ဝဝ၆ ခုနှစ်မှာ Happy New Year ဆိုတဲ့ ရုပ်ရှင်မှာ ပါဝင် စေခဲ့တာကနေ ရုပ်ရှင်လောကထဲ ရောက်လာပါတယ်။

dipikar3

ဝင်ငွေကောင်းတဲ့ ရုပ်ရှင်ကားတွေနဲ့ သူမ

၂ဝဝ၇ ခုနှစ်မှာ ဒါရိုက်တာ Farah Khan က သူမကို Om Shantiom ဆိုတဲ့ ဇာတ်ကားမှာ ပါဝင် စေခဲ့ပြီး ဒီကားဟာ စီးပွားရေးအရ အလွန်အောင်မြင် ခဲ့ပြီး တစ်နှစ်တာရဲ့ ဝင်ငွေအကောင်းဆုံးကားအဖြစ် အိန္ဒိ ယငွေအားဖြင့် ၁ ဒသမ ၄၉ ကုဋေ (အမေရိကန် ဒေါ်လာ ၂၅ သန်း) နဲ့ ရပ်တည်နိုင်ခဲ့တဲ့အတွက် ဒီပီကာ ဟာနေ့ချင်းညချင်း နာမည်ပိုကြီးလာပါတယ်။၂ဝဝ၉ ခုနှစ်မှာတော့ Chandni Chowk To China ကားကို ရိုက်ကူးခဲ့ပြီး ဒီကားကို Warner Bros  က ထုတ်လုပ်တဲ့အတွက် ကမ္ဘာတစ်ဝန်း ကျယ်ပြန့်စွာ ဖြန့်ချိနိုင်ခဲ့တဲ့ အိန္ဒိယရုပ်ရှင်ဖြစ်လာပါတယ်။ ဘဏ္ဍာ ရေးအရ တွက်ချေမကိုက်ခဲ့သလို မူလကုန်ကျ စရိတ် အမေရိ ကန်ဒေါ်လာ ၁၃ သန်းရှိပေမဲ့ ကမ္ဘာတစ်ဝန်းလုံး ရငွေက အမေရိကန်ဒေါ်လာ ၉ ဒသမ ၂ သန်းပဲ ရခဲ့ပါ တယ်။ ဒါ့အပြင် သူမရဲ့ သရုပ်ဆောင်စွမ်းရည်ဟာ အဆိုး ဘက်ကနေ ဝေဖန်ခံခဲ့ရပါတယ်။ ဒါပေမဲ့ Love Aaj Kal ဆိုတဲ့ ကားကတော့ သာမန် အချစ်ဇာတ်မြူးကား ဖြစ်ပေမဲ့ ၂ဝဝ၉ ခုနှစ်ရဲ့ ဝင်ငွေအကောင်းဆုံး တတိယနေ ရာမှာ ၁ ဒသမ ၂ ကုဋေ (အမေရိကန်ဒေါ်လာ သန်း ၂ဝ) နဲ့ ရပ်တည်နိုင်ခဲ့တဲ့အတွက် ချက်ချင်း နာမည် ပြန်ကြီး လာပါတယ်။ ၂ဝ၁ဝ ပြည့်နှစ်မှာ သူမ ရုပ်ရှင် ငါးကားထွက် ခဲ့ပြီး ဆာဂျစ်ခန်နဲ့ ရိုက်ခဲ့တဲ့ Housefull ဟာ ၁ ဒသမ ၁၅ ကုဋေ (အမေရိကန်ဒေါ်လာ ၁၉ သန်း) ရရှိခဲ့ပြီး ဒီကားက သူမရိုက်သမျှ ၅ ကားထဲမှာ ဝင်ငွေ အကောင်း ဆုံး ဖြစ်ခဲ့ပါတယ်။၂ဝ၁၁ မှာလည်း သူမရုပ်ရှင်တွေ ထွက်ခဲ့ပေမဲ့ သူမရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီးရော၊ ဝင်ငွေ အရပါ ပြောစရာအထွေအထူး မရှိခဲ့ပါဘူး။ ၂ဝ၁၂ မှာတော့ သူမ ရဲ့ အလုပ်ကို တစ်ဆစ်ချိုး ပြောင်းလဲလိုက်တဲ့ Cocktail ရုပ်ရှင်ထွက်လာပါတယ်။ ဝင်ငွေအရ ရော၊ အများဝေဖန်တဲ့ သူမရဲ့ သရုပ်ဆောင်စွမ်းရည် ညံ့ဖျင်းမှု ကိုပါ မေ့သွားရတဲ့အထိ သရုပ်ဆောင်ကောင်းလာ ပါတယ်။ ဒီကားနဲ့ အကောင်းဆုံး မင်းသမီးဆုကို filmfare, Screen နဲ့  ILFA တို့က ချီးမြှင့်ခဲ့ပါတယ်။ ၂ဝ၁၃ မှာတော့ သူမဟာ ဟင်ဒီစကား ပြောရုပ်ရှင် လောက ရဲ့Top Star တွေဖြစ်တဲ့Saif Ali Khan, Johny Abraham, Jacqueline Fernandez, Ammeesha Patel, Anil Kapoor တို့နဲ့အတူ Abbas- Mustan's Race 2 မှာ ပါဝင်ခဲ့ပါတယ်။  ထုံးစံအတိုင်း နာမည်ကြီး တွေ စုတဲ့ကားပီပီ ဝင်ငွေက ၁ ဒသမ ၆၂ ကုဋေ (အမေရိကန် ဒေါ်လာ ၂၇ သန်း) ရရှိခဲ့ပါတယ်။

ဝင်ငွေကောင်းတဲ့ သူမရဲ့Living Style

သူမဟာ အသက် ၂၁ နှစ်အရွယ်မှာ မွမ်ဘိုင်းကို လာခဲ့ပြီး အဒေါ်အိမ်မှာ နေထိုင်ခဲ့ပါတယ်။ မိသားစုကို ခင်တွယ်သူပီပီ ပုံမှန် Bangalore ကို သွားရောက်ပြီး မိသားစုနဲ့ အချိန်ဖြုန်းလေ့ရှိပါတယ်။ ဝင်ငွေကောင်းတဲ့ ကားတွေမှာ ပါခဲ့သူပီပီ သူမရရှိတဲ့ အကျိုးအမြတ်တွေ ကလည်း မြင့်မားလာတဲ့အတွက် အဆင့်မြင့်တိုက်ခန်း ကို  မွမ်ဘိုင်းမြို့ထဲက BeauMonde Tower မှာဝယ် ယူခဲ့ပါတယ်။ ဈေးအကြီးဆုံးနေရာတွေထဲက တစ်ခုဖြစ် တဲ့ သူမတိုက်ခန်းဈေးနှုန်းကြောင့် သူဌေးတွေအများစု ပဲ နေထိုင်နိုင်ပါတယ်။ သူမမှာ အိပ်ခန်းနှစ်ခန်းပါ အိမ် တစ်လုံးလည်း Bandra  ဆိုတဲ့ အရပ်မှာရှိပါသေးတယ်။ အိမ်နီးချင်းတွေရဲ့ အပြောကတော့ ဒီပီကာဟာ အလွန် ဖော်ရွေသူလို့ သိရပါတယ်။ သူမဝယ်ယူခဲ့တဲ့ တိုက်ခန်း ရှိတဲ့ Beau Monde Tower ဟာ ဈေးအကြီးဆုံး Complex  ဖြစ်ရတာဟာ မိုးမျှော်တိုက် ဖြစ်တာ ကြောင့် ရှုခင်းကြည့်ပြီး အပန်းဖြေစ ရာနေရာ ၃ ခုပါသလို တင်းနစ် ကွင်း ၂ ကွင်း၊ ဘက်မင်တန် အားကစားကွင်း အပါ အဝင် အားကစားခန်းမတွေလို one stop service တွေ ပါရှိတာ ကြောင့် ဖြစ်ပါတယ်။ သူမတိုက်ခန်းရဲ့ ဈေးနှုန်း ဟာ ရူပီး အားဖြင့် ၁၆ သန်းပေးရတဲ့အတွက် ဒီပီကာဟာ ဘောလိဝုဒ်  မင်းသမီးတို့အနက် ဈေးအကြီးဆုံး တိုက်ခန်း ပိုင်ဆိုင်သူ ဖြစ်လာတာပဲ ဖြစ်ပါတယ်။ သူမ တိုက်ခန်း ဟာ ၂၇၇၆ စတုရန်းပေ ကျယ်ဝန်းပြီး ၃၃ ထပ်ရှိ တဲ့ အဆောက်အဦရဲ့   ၂၆ လွှာမြောက်ဖြစ်ပါတယ်။ သူမအိမ် ကို အလှဆင်ပေးသူက Vinita Chaitanya ဖြစ်ပြီး သူမအကြိုက်က မော်ဒန်နဲ့ ရိုးရာလွှမ်းထားတဲ့ ပုံစံဖြစ်ပြီး ဥရောပဟန်နဲ့ သူမတို့ လူမျိုးဇာတိ အိန္ဒိ ယ မြောက်ပိုင်းဟန် ကို အချိုးညီညီ လွှမ်းခြုံထားပါတယ်။ သူမဟာ အိန္ဒိယရုပ်ရှင်လောကမှာ မျက်မှောက် ခေတ် အကျော်ကြားဆုံး မင်းသမီးဖြစ်လာပြီး ၂ဝ၁၃ ခုနှစ်အတွက် India Forbes ရဲ့ Celebrity 100 စာရင်းမှာ နံပါတ် ၁ ချိတ်ခဲ့ပါတယ်။ ဒီလိုရွေးချယ်တဲ့အခါ Forbes ဟာ ဝင်ငွေနဲ့ ကျော်ကြားမှုအပေါ် အခြေခံ ထားကြောင်း သိရပါတယ်။

သူမရဲ့ ကြွယ်ဝမှုနဲ့ ဝင်ငွေလမ်းကြောင်း

၂ဝ၁၃ ခုနှစ်မှာ ဒီပီကာရဲ့ ကြွယ်ဝမှုက အမေရိကန် ဒေါ်လာ ၇.၅ သန်းခန့် ရှိပါတယ်။ သူမဟာ အရပ်အမြင့် ၅ ပေ ၉ လက်မနဲ့အတူ အားကစားသမားပီပီ အဆီမရှိ တဲ့ အချိုးအဆက်၊ ရှည်လျားချိုင့်ခွက်တဲ့ ပါးချိုင့် တို့ ကြောင့် ကြော်ငြာများစွာရဲ့ အရှင်သခင်မ ဖြစ်လာခဲ့ပါ တယ်။ Tissot, Sony Cyber-Shot, Nescafe, Vogue eyewear, Maybelline  နဲ့ Pepsi တို့ဟာ ဝင်ငွေ အများကြီးရနေတဲ့ ကြော်ငြာကြီးတွေပဲ ဖြစ်ပါ တယ်။ ၂ဝ၁၂ မှာ သူမဟာ Garnier နဲ့ အမေရိကန် ဒေါ်လာ တစ်သန်းတန် စာချုပ် ချုပ်ဆိုနိုင်ခဲ့တဲ့အတွက် သူမ အရှေ့က ကြော်ငြာဝင်ငွေ စံချိန်တင်ခဲ့တဲ့ မင်းသမီး တွေရဲ့ အမည် တွေကို  ပယ်ဖျက်ပြီး အခု ထက် ထိ သူမ နာမည်ကို ရေးထိုးထားနိုင်ပါတယ်။

သူမရဲ့ နာမည်ဂုဏ်ပုဒ်

သူမဟာ ညှို့အား ပြင်း အမျိုးသမီးလို့ တံဆိပ်ကပ် ထားပြီး သွေးမနှောတဲ့ တိုင်းရင်း သူ အိန္ဒိယမင်းသမီးတို့ အနက် ဆွဲဆောင်မှုနဲ့ ပတ်သက်တဲ့ ဘွဲ့ထူးနာမည်တွေ အားလုံးကို သိမ်းကျုံး ယူထား နိုင်သူပါ။ သူမဟာ ဌာနေက မဂ္ဂဇင်းတွေ ပေးတဲ့ဆုတွေအပြင် UK အခြေစိုက် Easten Eyes ရဲ့World's Sexiest Asian Women  ဆုကို ၂ဝဝ၉ ကနေ ၂ဝ၁၃ ခုနှစ်အထိ နှစ်စဉ် Top Ten စာရင်းမှာ အမြဲပါ ထားပါတယ်။ အမြဲပြုလုပ်နေတဲ့ ပရဟိတလုပ်ငန်းစဉ်သူမက များစွာသော လှူဒါန်းမှုနဲ့ဆိုင်တဲ့ အဖွဲ့ အစည်းတွေမှာ ပါဝင်လှူဒါန်းမှုပြုနေပါတယ်။ ၂ဝဝ၉ ခုနှစ်မှာ သူမဟာ Hindustan Time မှာ အပတ်စဉ် ပါရှိတဲ့ lifestyle section မှာ ပရိသတ်ကြီးကို သူမရဲ့ အကြောင်းတွေ မိတ်ဆက်ဖော်ပြဖို့ စာမျက်နှာရရှိခဲ့ ပါတယ်။ တစ်နှစ်တည်းမှာပဲ world 10 k Bangalore မာရသွန်ပြိုင်ပွဲမှာ ဝင်ပြိုင်ခြင်းဖြင့် အမေရိကန်ဒေါ်လာ ၂၂ဝဝဝဝ ရှာဖွေပေးနိုင်ပြီး ဒီအတွက် NGO အဖွဲ့ အစည်း ၈၁ ခုမှာ ထောက်ပံ့မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ မွမ်ဘိုင်းမှာ ပြုလုပ်ခဲ့တဲ့ India Premier League  ရဲ့ တတိယရာသီအတွက် အဖွင့်ပွဲမှာလည်း သူမပါဝင် ခဲ့ပါ တယ်။ အားကစားမျိုးရိုးပီပီ သူမဖခင်နဲ့အတူ Olympic Gold Guest Team မှာ ပါဝင်အားဖြည့် ကူညီနေပါတယ်။

လူပြောသူပြောများတဲ့ သူမအချစ်ရေး

သူမကို ပွဲဆူအောင်လုပ်တတ်သူလို့ တချို့က မြင်ကြပေမဲ့ ပရိသတ်အများစုကတော့ ရိုးသားပွင့်လင်း သူလို့ ထင်ကြပါတယ်။ သူမဟာ ၂ဝဝ၈ ခုနှစ်မှာ Ba Chna Ae Haseeno ကားမှာ အတူတွဲဖက်ပါဝင် ခဲ့ တဲ့Ranbir Kapoor နဲ့ ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်။ သူတို့ဆက်ဆံရေးကို ပရိသတ်ဆီ တရားဝင်ဖွင့်ပြောပြ ခဲ့သလို သူမလည်တိုင် အတွင်းကျကျနားမှာ ရန်ဘာရဲ့ လက်မှတ်တိုပုံစံလေး ကို ဆေးမင်ကြောင် ထိုးထားခဲ့ ပါတယ်။ ဒီအချစ်ရေးက သူမကို လူသားဆန်ပြီး ယုံကြည်မှုတိုးစေတယ်လို့ ဖွင့်ဟခဲ့ပေမဲ့ လက်ထပ်ဖို့ကို နောက် ငါးနှစ်အတွင်း အစီအစဉ် မရှိသေးကြောင်း ပြောပြခဲ့ပါတယ်။ ၂ဝဝ၉ ခုနှစ်မှာတော့ သူတို့အချစ်ရေး အဆုံးသတ်ခဲ့ပေမဲ့ သူမ ဘက်ကပြတ်စဲကြောင်း ထုတ် မပြောသေးဘဲ ၂ဝ၁ဝ ပြည့်နှစ်မှသာ ပြတ်စဲကြောင်း တရားဝင်ပြောခဲ့ပါတယ်။ ၂ဝ၁၁ ခုနှစ်မှာတော့ King Fisher ပိုင်ရှင်ရဲ့သား Siddharth Mallya နဲ့ အိန္ဒိယပရီးမီးယားလိဂ် ပွဲလာကြည့်စဉ် အနမ်းပေးနေ တဲ့ပုံတွေ ထွက်ရှိလာပြီး ဒါနဲ့ပတ်သက်ပြီး သိပ်ရှင်းရှင်း လင်းလင်း မပြောထားပါဘူး။ နောက်ထပ် သတင်းထွက် သူကတော့မင်းသား Ranveer Singh ဖြစ်ပြီး သူမနဲ့သူဟာ ဒီပီကာတို့ ဒူဘိုင်းမှာရိုက်တဲ့ Happy New Year ဇာတ်ကား ပါတီမှာစပြီး ဆုံတွေ့ ခဲ့ရာက နေ မိတ်ဆွေတွေဖြစ်ခဲ့ကြ ပြီး Ranbir  နဲ့ကွဲပြီး အတော် ကြာ မှသာ အချစ် ဇာတ်လမ်း ဖြစ်ခဲ့ပေမဲ့ Ranbir  နဲ့ တုန်းက အချစ်ရေးကံခေခဲ့မှုကြောင့် ဒီပီကာဟာ တွဲ နေကြောင်း ကို လုံးဝထုတ်မပြောခဲ့ပါဘူး။Ranbir ဟာ ဒီပီကာကို သစ္စာဖောက်ပြီး အင်္ဂလိပ်သွေးပါတဲ့ မင်းသမီး ကတ်ထရီ နာ ကေ့(ဖ်)နဲ့ တွဲခုတ်ခဲ့တာကြောင့် အရှက်ရခဲ့ ရတဲ့ ဒီပီကာဟာ နောက်ထပ် မင်းသားတစ်ယောက်နဲ့ ထပ်တွေ့တဲ့အခါ ဘာမှတ်ချက်မှ မပေး တော့တာလည်း ဖြစ်နိုင်ပါတယ်။

ကားချစ်သူလို့ လူသိများတဲ့ ဒီပီကာ

ဒီပီကာမှာ တန်ဖိုးကြီးတဲ့ ကား ၃ စီးရှိပါတယ်။ သူမ ပုံမှန်စီးနေကျ Audi Q 7 ဟာ ဇိမ်ခံတဲ့နေရာနဲ့ ကားစွမ်းဆောင်ရည်မြင့်မားမှု စတဲ့ အရည်အချင်းနှစ်မျိုး လုံး ပြည့်ဝစွာပါရှိနေပါတယ်။ Audi က ထုတ်တဲ့ ကား တွေအနက် First - ever SUV အဖြစ်လည်း စာရင်း ဝင်ပါတယ်။ သူမမှာ နောက်ထပ်  Audi Q8 တစ်စီးနဲ့ BMW တစ်စီးလည်း ရှိပါသေးတယ်။

ဒီပီကာရဲ့အလှအပရေးရာ အဖြာဖြာ

ဒီပီကာဟာ ခွန်အားသုံးရတဲ့ အားကစားသမား ဘဝကလာသူပီပီ အစားအသောက်ကို ခုံမင်လှပါတယ်။ နာရီဝက်တစ်ခါ အစာစားပေးခြင်းဟာ သူမရဲ့ လှပတဲ့ အသားအရေရဲ့ လျှို့ဝှက်ချက်လို့ သိရပါတယ်။ သူမ ဟာ ထိုင်းအစားအစာကို နှစ်သက်ပြီး ချောကလက်ကို အချိုပွဲအနေနဲ့ နှစ်သက်ပါတယ်။ ဘယ်လောက်အစား ကြူးထားပါစေ၊ လေ့ကျင့်ခန်းကို လုံးဝမပျက်အောင် လုပ်ရင် ဝမလာနိုင်ဘူးလို့ ပြောထားပါတယ်။ သင့်တော် မှန်ကန်တဲ့ ဓာတ်စာနဲ့ လေ့ကျင့်ခန်းဟာ သူမအသွင် ကို ကြည့်ကောင်းစေပါတယ်။ မြောက်ပိုင်းအိန္ဒိယသူ သဘာဝအရ သူမဟာ ဆန်စားခြင်းကြောင့် ဝလာတယ် ဆိုတာ မဖြစ်ဘဲ ပုံမှန်ထမင်းစားကာ ညဘက်ကိုပဲ ထမင်း ရှောင်ကြောင်း သိရပါတယ်။သူမဟာ ပုံမှန်အိမ်ကထည့်လာတာကိုပဲ စားပြီး ရှုတင်က ကျွေးတာကို သိပ်မစားသူပဲ ဖြစ်ပါတယ်။ တစ်နေ့ကို ပုံမှန် သုံးကြိမ်စားကာ မနက်စာကိုတော့ အဓိက ထားပြီး စားပါတယ်။ နာရီဝက်တစ်ခါတော့ ဟိုဟာနည်းနည်း၊ ဒီဟာတို့တို့နဲ့ စားနေသူပဲဖြစ်ပါတယ်။ သူမဟာ နို့နဲ့ဒိန်ခဲကိုလည်း ကြိုက်သူဖြစ်တာကြောင့် ပုံမှန်စားကြောင်း သိရပါတယ်။ သို့သော် အရပ် ၅ ပေ ၉ လက်မရှိသူ  သူမဟာ အမြဲပိန်သွယ်နေတာကို တွေ့ရ ပါတယ်။ အစားများများစားပြီး များများလေ့ကျင့်ခန်း လုပ်ခြင်းကြောင့် သူမမှာ အဆီပို လုံးဝရှာမတွေ့ပါဘူး။ မနက်ခင်းမှာ မိနစ် ၄ဝ အပြေးလေ့ကျင့်ပြီး weight training ကို ထပ်မံယူပါတယ်။ ညနေဘက်မှာတော့ ကြက်တောင်ကို ၃ နာရီကနေ လေးနာရီအထိ အချိန် ပေးပြီး ရိုက်တာကို လုပ်လာတာဟာ သူမကြက်တောင် စရိုက်တဲ့ ဆယ်ကျော်သက် အရွယ် ကတည်းကပါ။ မင်းသမီးဖြစ်လာပြီးနောက် အပြင်းအထန်မလုပ်တော့ တာတောင် လမ်းလျှောက်တာကိုတော့ ပြေးတဲ့နေရာ မှာ အစားထိုးလိုက်ပါတယ်။ အမြန်ပြေးပြီးနောက် ရွရွ လေးပြေးခြင်းကို မိနစ် ၂ဝ ထပ် လုပ်ပြီးမှ မနက်စာ စား ပါတယ်။ ရှုတင်ရှိနေတဲ့အချိန်တွေမှာ Gym မသွားနိုင် ခဲ့ရင် ရေကူးခြင်း (သို့) ကခုန်ခြင်းဖြင့် ကယ်လိုရီတွေ လောင်ကျွမ်းအောင်ပြုလုပ်ပါတယ်။ အကကတဲ့ အခါ ခန္ဓာကိုယ် အစိတ် အ ပိုင်းတွေကို လိုသလို ဆန့် ထုတ်နိုင် ဖို့နဲ့ ပျော့ပျောင်းနေစေဖို့ သူမရဲ့ နည်းပြက  Pilates (အညောင်းဆန့်ခြင်းနဲ့  အသက်ရှူခြင်းအတွက် လှုပ်ရှား မှုကို ထိန်းချုပ်ပေးသည့် လေ့ကျင့်ခန်းစနစ်) ကို ထပ်မံ ပေါင်း ထည့်ပေးထားတဲ့အတွက် သွယ်လျတဲ့ အလှ ပိုင်ရှင်ဖြစ်နေတာပါ။၂ဝ၁၄ ခုနှစ်အတွက် ရုပ်ရှင်တစ်ကားကို ရူပီး ၈ သန်းမှ ၉ သန်းကြားရနေပြီဖြစ်တဲ့ ဒီပီကာဟာ ရုပ်ရှင်ဇာတ်ကားအပြင် ကြော်ငြာဝင်ငွေအပါအဝင် ၂ဝ၁၃ ခုနှစ်အတွက် အသားတင် ဝင်ငွေ ၂၅.၆၉ သန်း ရှာထား ပါတယ်။ ၂ဝ၁၄ ခုနှစ်အတွက် အချမ်းသာဆုံး မင်းသမီး စာရင်းဝင်သွားတဲ့ ဒီပီကာဟာ ကျောင်းသူ တုန်းကလို မဟုတ်ဘဲ အပေါင်းအသင်းများစွာ ထားကာ ပျော်ရွှင် တက်ြ<ွကစွာနေပြီး သူမအကြောက်ဆုံးက အထီးကျန်မှာ စိုးတာလို့ သိရပါတယ်။ ၂ဝ၁၅ ခုနှစ်မှာ လက်ထပ်တော့ မယ်လို့ သတင်းထွက်နေပေမဲ့ နှစ်ခါ ရှက်ရမှာကြောက် တဲ့အတွက် သေချာ မှ ပြောပါရစေလို့ ပရိသတ်ကို တောင်းပန်ထားကြောင်း ပြောကြားရင်း အဆုံးသတ် လိုက်ပါတယ်နော်။

Go to top