LIVING WITH AUTO

 

KNP 4734

 

ကားတွေကို ခရီးသွားလာရာမှာသာ အသုံးပြုဖို့အတွက် စီးနင်းကြသူတွေရှိသလို  ကားတွေကို နှစ်သက်သဘောကျတဲ့ ကား Crazy   သမားတွေလည်း ရှိကြပါတယ်။ ဒီလမှာတော့  မော်ဒယ်နွယ်နွယ် ထွန်းရဲ့  ကားတွေနဲ့ ပတ်သက်တဲ့ သဘောထားနဲ့ သူမစိတ်ကြိုက် ကားတွေ အကြောင်းကို Living With Auto  ကဏ္ဍကနေ တင်ဆက်ပေးလိုက်ပါတယ်။ ကားတွေနဲ့ပတ်သက်လို့ သူမနဲ့ စကားပြောဖြစ်တဲ့အခါ မှာတော့ . . . . .KNP 4737

 

'ကားတွေထဲမှာတော့  ပြိုင်ကားလှလှတွေကိုကြိုက်တယ်။အိမ်စီးကားအနေနဲ့ကတော့မိသားစု လေးငါးယောက်စီးလို့ရမယ့်ခရီးပါသွားလို့ အဆင်ပြေမယ့် ကားမျိုးကိုကြိုက်ပါတယ်။ ကားအရောင်ထဲမှာတော့ အနက်ရောင်ကိုပဲ ကြိုက်ပါတယ် 'လို့သူမရဲ့ အကြိုက်ကိုပြောပြခဲ့ပါတယ်။

KNP 4735
ကားမောင်းတဲ့အခါ ၊ဒါမှမဟုတ် ကားစီးတဲ့အခါမှာ သူမခေါင်းထဲထည့်ထားတာကအန္တရာယ်ကင်းဖို့ပါပဲလို့ ဆိုပါတယ်။ ဒါနဲ့ပတ်သက်လို့ သူမက .....

KNP 4736  

 'ကိုယ်တိုင်မောင်းတဲ့အခါ   အန္တရာယ်ကင်းဖို့ကိုပဲခေါင်းထဲထည့်ထားတယ်။သူများမောင်းတာဆိုရင်လည်းအန္တရာယ်ကင်းဖို့ကိုပဲ ဦးစားပေးမောင်းခိုင်းတယ်။ ဒါမှငြိမ့်ငြိမ့်လေးခရီးဆုံးထိစီးလို့ရမှာပါ'လို့ ပြောပြခဲ့ပါ တယ်။ကားအလှဆင်မှုနဲ့ပတ်သက်လို့သူမက  ....' ကားပေါ်မူတည်ပြီး ဆင်သင့်ရင် ဆင်ရမယ်လေ။  ပြင်လွန်းရင် ဖင်ချွန်းဆိုတဲ့စကားလည်း ရှိတယ်လေ။တချို့ကျတော့ နဂိုအတိုင်းလေးပဲ ကောင်းတယ်'လို့ သူမရဲ့ သဘောထားကိုပြောပြခဲ့ပါတယ်။

PHOTO & ARRANGED BY KO NAING (POPULAR)

 

 

photographer feeling

မြန်မာနိုင်ငံရဲ့  ရေခဲတောင်တွေပေါ် တက်ရောက်ပြီး ရေခဲတောင်ပုံရိပ်တွေကိုမှတ်တမ်းတင်ခဲ့တဲ့ဓာတ်ပုံကျော်သာ (ဟိုက်ချင်း)ကို Photographer Feeling ကဏ္ဍမှာ ဖော်ပြပေးချင်ပါတယ်။ဓာတ်ပုံကျော်သာ (ဟိုက်ချင်း)ဟာ ၂ဝဝ၁ ခုနှစ်မှာ မြန်မာနိုင်ငံ ဓာတ်ပုံအသင်းက ပို့ချခဲ့တဲ့ သင်တန်းအမှတ်စဉ် (၃ဝ)မှာ တက်ရောက်ပြီး ဓာတ်ပုံပညာနဲ့စတင်ထိတွေ့ခဲ့သူရာသက်ပန်အသင်းသားတစ်ဦးပဲ ဖြစ်ပါတယ်။ သူ မှတ်တမ်းတင်ခဲ့တဲ့ ရေခဲတောင်ပုံရိပ်တွေကို ရန်ကုန်၊ မန္တလေးမြို့တွေမှာ ဓာတ်ပုံပြပွဲပြုလုပ်ပြီး ရောင်းချ ရသမျှငွေအားလုံးကိုလည်း ရေဘေးသင့်ပြည်သူတွေကို လှူဒါန်းခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ ရေခဲတောင် ဓာတ်ပုံ ရိုက်ကူးမှု အကြောင်းအရာတွေကိုတွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။

Read more: မြန်မာနိုင်ငံ ဓာတ်ပုံအသင်းရဲ့ အလံကို ရေခဲတောင်တွေရဲ့ ထိပ်မှာစိုက်ထူနိုင်ခဲ့သူ

1-2 Real

ရိုးရှင်းတဲ့ ဖွဲ့စည်းမှုတွေနဲ့ တည်ဆောက်ထားတဲ့ သရုပ်ဆောင် တက်နေရဲ့ အိမ်လေးကို အလည်သွားရ အောင်နော်။ အိမ်ရဲ့အတွင်းပိုင်း ပြင်ဆင်မှုတွေကို ရိုးရှင်း သပ်ရပ်တဲ့ ပုံစံလေးတွေ ခင်းကျင်းထားတာကို တွေ့မြင် ရမှာပါ။ တည်ငြိမ်တဲ့ ဆေးရောင်လေးတွေကို ပေါင်းစပ် ပြီး သုံးထားပါတယ်။ တည်ငြိမ်ရိုးရှင်းတဲ့ ပုံစံလေးကို ပုံဖော် ထားတဲ့ အိမ်လေးပါ။ အိမ်နဲ့ပတ်သက်ပြီး

Read more: HIS PLACE - သရုပ်ဆောင် တက်နေ

pp1-2 Real

ဒီလ Living with Auto ကဏ္ဍမှာ ပါဝင်ပေးမယ့်သူကတော့ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ တေးသံရှင်ဖြူဖြူကျော်သိန်းပဲ ဖြစ်ပါတယ်။ သူမရဲ့ ကားနဲ့ပတ်သက်တဲ့ ခံစားချက်၊ သဘောထားစတာတွေကို ဒီကဏ္ဍလေးမှာ သိမြင်ခွင့်ရမှာဖြစ်ပါတယ်။ ကားနဲ့ပတ်သက်လို့ သူမပြောပြခဲ့တာတွေက . ....

Read more: လက်တွေ့ကျကျအသုံးဝင်မယ့် ကားကိုသာ ရွေးချယ်သူ ဖြူဖြူကျော်သိန်း

1nb2

အဆိုတော်ဇော်ပိုင်ရဲ့ သားဖြစ်သူ ရွှေပိုင်လေးဟာ ပရိသတ်နဲ့ စိမ်းတဲ့သူတော့ မဟုတ်ပါဘူး။ဒါပေမဲ့ သူ့ရဲ့အိပ်ခန်းလေးကိုတော့တွေ့ မြင်ဖူးတဲ့ ပရိသတ်တွေနည်းလိမ့်မယ်လို့ ထင်ပါတယ်။ဒါကြောင့် သူ့ရဲ့ အိပ်ခန်းလေးကို အလည်တစ်ခေါက်လောက် သွားကြည့်ကြရအောင်ပါ။

Read more: အဆိုတော်ဇော်ပိုင်ရဲ့ သားလေး ရွှေပိုင်နေတဲ့ အခန်း

Go to top