a

တိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့တွေကို Documentary ရိုက်ကူးသလို ဓာတ်ပုံအနုပညာနဲ့ပါ ပုံဖော်နေတဲ့ ဓာတ်ပုံကျော်ကျော်ဝင်း (စွယ်တော်ရိပ်) နဲ့ Photographer Feeling ကဏ္ဍအတွက် တွေ့ ဆုံဖြစ်ခဲ့ပါတယ်။ ဓာတ်ပုံပညာရှင်တစ်ယောက်လို့ မခံယူဘဲ ဓာတ်ပုံဝါသနာရှင်တစ်ဦးအဖြစ်ခံယူရင်း မြန်မာနိုင်ငံရဲ့ လှပတဲ့ နေရာဒေသ၊ တိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့တွေကို မှတ်တမ်းတင်နေသူတစ်ဦးပဲ ဖြစ်ပါတယ်။ ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့မှ ၂၃ ရက်နေ့အထိ ပြုလုပ်ခဲ့တဲ့ သူ့ရဲ့ Visit To MT.Phone. Yin Razi ဓာတ်ပုံပြပွဲနဲ့ ပတ်သက်တာတွေအပြင် သူ့ရဲ့ ဖြတ်သန်းမှုတွေအကြောင်းကို ဖော်ပြလိုက်ပါတယ်။

Read more: တိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့တွေကို မှတ်တမ်းတင်နေတဲ့ ဓာတ်ပုံကျော်ကျော်ဝင်း (စွယ်တော်ရိပ်)

0


Photographer feeling ကဏ္ဍအတွက် ဒရုန်းတွေကိုအသုံးပြုပြီး ဝေဟင်ပုံရိပ်တွေကို ပုံဖော်ရိုက်ကူးနေတဲ့ ဓာတ်ပုံနေလ နဲ့ သွားရောက်တွေ့ဆုံ ဖြစ်ခဲ့ပါတယ်။ လူငယ်ပီပီ အနာဂတ်ရည်မှန်းချက်တွေဆီကို လျှောက်လှမ်းနေတဲ့ လူငယ်လေး တစ်ယောက်ပဲဖြစ်ပါတယ်။ ဒရုန်းတွေနဲ့ ပတ်သက်တဲ့ သူ့ သဘောထား သူ့ feeling တွေကို အခုလို သိခွင့်ရခဲ့ပါတယ်။

ဒရုန်းတွေနဲ့ပတ်သက်ပြီး ရင်းနှီးပြီးသားသူတွေရှိသလို မရင်းနှီးသေးတဲ့ သူတွေအတွက်လည်း ဒရုန်းဆိုတာ ရဲ့ သဘောသဘာဝကို အရင်ဆုံး ပြောပြပေးပါဦး။

ဟုတ်ကဲ့။ ဒရုန်းဆိုတာ

Read more: ဒရုန်းအသုံးပြုပြီး ဝေဟင်ပုံရိပ်တွေကို မှတ်တမ်းတင်နေတဲ့ ဓာတ်ပုံနေလ

68053725

Adele (အဒဲလ်) ဟာ ၂၁ ဆိုတဲ့ Album ထွက်ပြီးနောက် လေးနှစ်ကြာသည်အထိ အခွေသစ်မထွက်ဘဲ အခု 25 ဆိုတဲ့ Album ထွက်လာခဲ့ပါတယ်။ ထွက်လာတာနဲ့ တစ်ပြိုင်နက်အရောင်းစံချိန်တင်ကာ လက်ရှိ အမေရိကန်ဈေးကွက်မှာတော့ ပထမတစ်ပတ်အတွင်းမှာပဲ ၃.၃၈ သန်း ရောင်းချခဲ့ရပါတယ်။ မကြာမီ ဗြိတိန်မှာလည်း အရောင်းစံချိန်တင်ဖို့ ရှိနေပါတယ်။ စထွက်လာကတည်းက အရောင်းရဆုံး စံချိန်ရှိခဲ့သူ အဒဲလ်ဟာ ပိန်ပါးမှလှပမယ်ဆိုတဲ့ အလှအပဆိုင်ရာ အယူအဆကိုလည်း ချိုးဖောက်ခဲ့သူတစ်ဦးလည်းဖြစ်ကာ အခုချိန်မှာတော့ သားလေးတစ်ဦးနဲ့အတူ ချစ်ခင်ဖွယ်ရာ ခင်ပွန်းသည်လည်း ရှိနေပြီမို့ Perfect Woman လို့တောင် ပြောလို့ရ နေပါပြီ။

Read more: 25 Album နဲ့ အောင်မြင်မှုကို ဆက်ထိန်းကာ ဗြိတိန်ရဲ့အချမ်းသာဆုံး လူငယ်ဂီတသမားဖြစ်လာသူ Adele

lvc

Miss Universe Myanmar Organization ကို ဦးဆောင်လျှောက်လှမ်းနေပြီး Hello Madan Fashion Catalogue နဲ့ Jewellery Catalogue တွေကို ထုတ်ဝေကာ Media လုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ Hello Madan Media Group ရဲ့ CEO မစိုးယုဝေကို dk Cover Look ကဏ္ဍအတွက် ဖော်ပြပေးလိုက်ပါတယ်။

Read more: Cover Look (January)

 1-2


           Gisele Bundchen  (ဂျီဆဲလ်ဘန်းချင်(န်) ကို ဗစ်တိုးရီးယားဆီးကရက်စ် မော်ဒယ်အဖြစ် သိသ လို ကမ္ဘာ့ကြေးအမြင့်ဆုံးမော်ဒယ်အဖြစ်လည်း တချို့ က သိထားပြန်ပါတယ်။ သူမနာမည်ကို ဂျာမန်လိုကျ တော့ ဂျီဆဲလ် ဘွန်းချန်းလို့ အသံထွက်တယ်ဆိုတာအပြင် နောက်ထပ်သိထားရမှာက ချမ်းသာကြွယ်ဝမှု ရှိသူ၊ အလှူအတန်းရက်ရောသူ၊ ကုလသံတမန်ဆို တာနဲ့ အိမ်ကြီးအိမ်ကောင်းတွေ ပိုင်ဆိုင်သူဆိုတာပါ ပဲ။ သူမတစ်ဦးတည်း ကြွယ်ဝမှု က အမေရိကန်ဒေါ် လာ  ၃၈၇ သန်းခန့်ရှိပါတယ်။ ဒီအတွက် သူမက အထွေအထူးမှတ်ချက်မပေးထားပေမဲ့ နာမည်ကြီး Brand  တွေဖြစ်တဲ့ Chanel, Under Armour, pantene H&M, Carolina Herrera  တို့ဆီကနေ ဒေါ်လာ ၄၇ သန်းအပါအဝင် တစ်နှစ်ကိုဒေါ်လာ မနည်းမနော သန်းနဲ့ချီကာ ရနေတာကိုတော့ မငြင်းပါဘူး။ သိပ်မကြာမီကပဲ သူမရဲ့ မော်ဒယ်ဘဝ အနှစ်နှစ် ဆယ်စာဖြတ်သန်းမှုပုံရိပ်တွေကို စာအုပ်အဖြစ် ထုတ် ဝေထားပါသေးတယ်။ ၂ဝဝ၄ မှ ၂ဝ၁၂ ထိ ကိုးနှစ်တိုင် တိုင် ကမ္ဘာ့ကြေးအကြီးဆုံး မော်ဒယ်နံပါတ် ၁ နေရာမှာ ရပ်တည်ခဲ့သူ သူမရဲ့မော်ဒယ်ဘဝပုံရိပ်များစွာ  ပါဝင်ပြီး တချို့ပုံတွေက Nude ဆိုတဲ့ ကိုယ်လုံးတီးပုံတွေပါ။ ဒီစာအုပ်မှာ ရင်းနှီးတဲ့သူတွေ၊  ဖက်ရှင်ထိပ်သီးတွေနဲ့ သူမပုံတွေပါဝင်ပြီး တစ်အုပ်ကို ဒေါ်လာ ၇ဝဝ နဲ့ အုပ်ရေ ၁ဝဝဝ အတိပဲ ကန့်သတ်ထုတ်ဝေထားပါတယ်။သူမဟာ မော်ဒယ်လောကထဲ အသက် ၁၃ နှစ် ကတည်းက ဝင်ရောက်ခဲ့ပြီး ၂ဝ-၇-၁၉၈ဝ ဖွားဆိုတော့ ကနေ့အသက်  ၃၅ နှစ်ရှိသွားပါပြီ။ ကမ္ဘာ ကျော် မင်းသားလီယိုနာဒိုဒီကာပရီယိုရဲ့ မိန်းကလေး အဖြစ် ကျော်ကြားခဲ့ဖူးပြီး ၂ဝဝ၉ ခုနှစ်မှာတော့  NFLကစားသမား   Tom Brady   နဲ့ လက်ထပ်ကာ သားဆင်ဂျမင် ၅ နှစ်။ သမီးဗီဗီယန် ၂ နှစ်အပြင် တွမ်ရဲ့သား  Jack လို့ ချစ်စနိုးခေါ်တဲ့ ဂျွန် ၇ နှစ်ကိုပါ ပြုစုစောင့်ရှောက် ထားပါတယ်။ ဂျွန်ဟာ မိခင်ဖြစ်သူနဲ့အတူ နေထိုင် နေတာဖြစ်ပေမယ့် သူမသားသဖွယ် ချစ်ခင်ရှာပါတယ်။ ဘရာဇီးနိုင်ငံသူဖြစ် ကာ  ဂျာမန်သွေးနှောသူ သူမဟာ ရိုးရိုးရှင်းရှင်း နေထိုင်သူ၊ ပကာသနမဖက်သူအဖြစ် နာမည်ကျော်ကြားသူဖြစ်ပါတယ်။ သူမရဲ့ ကျော် ကြားတဲ့ စံအိမ်တွေ အကြောင်းမေးလာရင်လည်း လျှို့ဝှက်ထား တာ မရှိဘဲ ပြောပြပေးသူပဲဖြစ်ပါတယ်။

Read more: တကယ့်အိမ်အစစ်ဆိုတာ ခုံတန်းပေါ် ခြေထောက်လေးတင်ပြီး အေးဆေးအပန်းဖြေနိုင်တဲ့ နေရာဖြစ်ဖို့ လိုတယ်လို့...

Go to top