apsoe

ဒီလ Living မဂ္ဂဇင်းရဲ့ Photographer Feeling ကဏ္ဍအတွက် Landscape ဓာတ်ပုံဆရာ ကိုအောင်ပြည့်စိုးနဲ့ တွေ့ ဆုံဖြစ်ခဲ့ပါတယ်။ ရေမြေ၊ တောတောင်၊ ရှုခင်းတွေကို ကင်မရာကနေတစ်ဆင့် အလှပဆုံးပုံဖော်ပြီး မှတ်တမ်းတင်နေသူ တစ်ဦးလည်းဖြစ်ပါတယ်။ သူ့ပုံတွေကိုကြည့်ပြီး စိတ်ချမ်းသာတယ်ဆိုရင် ပျော်ပါတယ်ဆိုသူတစ်ဦးလည်း ဖြစ်ပါတယ်။ ကိုအောင်ပြည့်စိုးနဲ့ ပြောဖြစ်ခဲ့တာတွေက ....

အစ်ကို့အနေနဲ့ ဓာတ်ပုံလောကထဲကို ဘယ်အချိန်လောက်က စတင်ဝင်ရောက်ဖြစ်ခဲ့လဲဆိုတာကို အရင်ဆုံးသိပါရစေ။

၂ဝဝ၆ ခုနှစ်မှာ မြန်မာနိုင်ငံဓာတ်ပုံအသင်းကဖွင့်တဲ့ သင်တန်းမှာ သွားတက်ခဲ့ပါတယ်။ အဲဒီကစပြီး ဓာတ်ပုံလောကထဲကိုရောက်လာတာပါ။ ၂ဝဝ၇ ခုနှစ် မှာစပြီး

နိုင်ငံတကာ ဓာတ်ပုံပြိုင်ပွဲတွေ ဝင်ပြိုင်ဖြစ်တယ်။ အဲဒီနောက်ပိုင်းတောက်လျှောက်ရိုက်ဖြစ်ခဲ့တာပါ။ ဓာတ်ပုံစရိုက်ကတည်းက ဒီ Landscape လိုင်း ကိုပဲရွေးချယ်ရိုက်ကူးခဲ့တာပါလား။ ဟုတ်ကဲ့။ ကျွန်တော် Landscape ပဲရိုက်တယ်။ ကျန်တာမရိုက်ပါဘူး။

ဓာတ်ပုံလုပ်ငန်းနဲ့ ပတ်သက်လို့ လက်ရှိလုပ်ကိုင်ဖြစ်နေတဲ့ အကြောင်းအရာတွေကိုလည်း သိပါရစေ။

ကျွန်တော် Photography Tour တွေလုပ်ပါတယ်။ နိုင်ငံခြားသား ဓာတ်ပုံဆရာတွေကို Workshop လိုသဘောမျိုးပေါ့။ ကျွန်တော်နဲ့အတူ ခရီးသွားတယ်။ ခရီးစဉ်တွေ ကျွန်တော်ဆွဲပေးတယ်။ ဥပမာ-ပုဂံမှာဆို မနက်ပိုင်းဘယ်နေရာရိုက်မယ်။ ဒါပြီးရင် ဘာလုပ် မယ်ဆိုတာမျိုး ကျွန်တော်အစီအစဉ်ဆွဲပေးတာပါ။ နောက် Company Profile ရိုက်တာမျိုး Foods Photo တွေရိုက်တာမျိုးလုပ်ပါတယ်။

Landscape Photography လိုင်းကို ရွေးချယ်ရိုက်ကူးခဲ့တာကရော ဘယ်လို စိတ်ကူးနဲ့ပါလဲရှင်။

ကျွန်တော်ခရီးသွားတာကြိုက်လို့ပါ။ Landscape ကကျတော့ တောင်တက်ရတယ်။ ရာသီဥတုအခြေအနေ၊ နေဝင်၊ နေထွက်တွေ၊ တိမ်တွေအဲဒီလိုပေါ့နော် ။ မနက်အစောကြီး နေမထွက်ခင်သွားစောင့်ရတာမျိုး နေဝင်ပြီးမှ ရိုက်တာမျိုး၊ ညသန်းခေါင်ထရိုက်ရတာမျိုးတွေရှိတယ်။ နောက် Landscape ရိုက်ရတာက စိတ်လွတ်လပ်တယ်။ ခရီးသွားရတာကြိုက်တဲ့ ဝါသနာနဲ့လည်း ကိုက်ညီတယ်။ အဲဒါမျိုးကြောင့် ပါ။

PS 9118-2

ဒီပုံလေးက ကျွန်တော် ငွေဆောင်သွားရင်း ရိုက်ထားခဲ့တဲ့ပုံလေးပါ။  အရောင်လေးတွေကို အဓိကပြချင်လို့ ကျွန်တော်အကြိုက်ဆုံး  နေဝင်ချိန်လေးမှာ စောင့်ပြီးရိုက်ခဲ့တာပေါ့ ။

မိုးရာသီမှာ ကမ်းခြေသွားပြီး ဓာတ်ပုံ ရိုက်ရတဲ့ အရသာကို အကြိုက်ဆုံးပါပဲ။


ခရီးသွားပြီးရိုက်တဲ့အခါမှာ ကိုယ့်စိတ်ကြိုက် မဖြစ်ခဲ့တာမျိုးနဲ့ ကြုံတွေ့ရရင်ရော။

အဲဒါမျိုးက ခဏခဏကြုံရတယ်။ ခရီးသွားတိုင်းပုံမရပါဘူး။ မြန်မာနိုင်ငံမှာတော့ မော်ဒယ်နဲ့ Portrait ရိုက်တဲ့ ဓာတ်ပုံဆရာတွေကတော့ လူသိ များတာပေါ့နော်။ ကျွန်တော်တို့ကတော့ စီးပွားရေးအနေနဲ့ အဲဒီလောက်ကြီး မကောင်းဘူးဗျ။ ကိုယ်လုပ်ချင်တာကို ခေါင်းမာပြီးလုပ်တဲ့ သဘောပါပဲ။ ဒါပေမဲ့ နိုင်ငံတကာမှာတော့ လူသိများပါတယ်။

မြန်မာနိုင်ငံမှာဆိုလည်း အခုနောက်ပိုင်းမှာ ဒီ Landscape ဓာတ်ပုံတွေနဲ့ ပတ်သက်လို့ ပိုပြီး စိတ်ဝင်စားလာကြတယ်လို့ ထင်ပါတယ်။ အစ်ကို့ အမြင်ကိုလည်း ပြောပြပေးပါဦး။

အခုကတော့ Facebook ပေါ်လာတဲ့အတွက် ပိုသိလာကြတယ်လို့ ထင်ပါတယ်။ ဓာတ်ပုံဝါသနာပါတဲ့လူငယ်တွေလည်း လေ့လာနေလို့ရတော့ ကောင်းပါတယ်။ စိတ်မလေတော့ဘူးပေါ့။ အွန်လိုင်းကနေလည်း အခွင့်အလမ်းတွေပိုရှိလာတယ်။ ပြိုင်ပွဲတွေပြိုင်တော့ လူသိများလာတယ်။ ဒါနဲ့ဆက်စပ်ပြီး အခြားအခွင့်အရေးတွေလည်း အများကြီးရလာတဲ့အတွက် ကောင်းပါတယ်။ ကျွန်တော်တို့လည်း အဲဒီလိုပါပဲ။

PS 9972

ဘုရားပုံတွေထဲမှာ ပုဂံဘုရားတွေ လောက်ပဲ အပေါ်စီးက ရိုက်ဖြစ်ခဲ့ပြီး ဒီလိုသီးသန့် တစ်ဆူတည်း ငါ့ View ရိုက်ဖြစ်တာတော့ ရှားပါတယ် ။ အဲ့ဒီ Composition လေးက သဘာဝအရမ်းဆန်တယ်လို့ ခံစားရလို့ ရိုက်ဖြစ်ခဲ့တာပါ။


အစ်ကို့အနေနဲ့ပြိုင်ပွဲတွေ အများကြီးဝင်ပြိုင်ဖူးတယ်။ ဆုတံဆိပ်တွေလည်း ရရှိထားတယ်။ အဲဒီဆု တွေထဲကမှ မှတ်မှတ်ရရ စိတ်လှုပ်ရှားခဲ့တဲ့ ဆုတံဆိပ်တွေက ဘယ်ပွဲတွေဖြစ်မလဲ။

ပြိုင်ပွဲတစ်ခုရှိတယ်။ အင်ဒိုနီးရှားနိုင်ငံက ကျင်းပတာပေါ့။ ပထမအဆင့်မှာ တစ်ကမ္ဘာလုံးမှာရှိတဲ့ ဓာတ်ပုံဆရာတွေကို ကိုယ်ကြိုက်တဲ့ပုံ ၁ဝ ပုံပြိုင်ပေါ့။ အဲဒီပထမအဆင့်မှာပြိုင်တဲ့ပုံက သောင်းနဲ့ချီပြီးရှိတယ်။ အဲဒီထဲကမှ ၁၅ ယောက်ကိုရွေးပြီး သူတို့နိုင်ငံကိုခေါ်တယ်။ နိုင်ငံစုံကပေါ့နော်။ အဲဒီ ၁၅ ယောက်ကို သူတို့ နိုင်ငံမှာလိုက်ပို့ပေးပြီး ဓာတ်ပုံထပ်ရိုက်ခိုင်းတယ်။ ကျွန်တော်တို့တစ်ပတ်နေပြီး တစ်ယောက်ကို ပုံ ၁ဝဝ ရိုက်ရတယ်။ ပုံ ၁၅ဝဝ ထဲကမှ ဆုပေးတာကို ကျွန်တော်ကဆုကြီးအနေနဲ့ Grand Prize ရဖူးတယ်။ အဲဒါက ၂ဝ၁ဝ ခုနှစ်ကပါ။ အဲဒီပွဲကိုလည်း Final List မှာပါလို့ ၃ ခါတောင်သွားဖူးတယ်။ ပထမဆုံးတစ်ခေါက်မှာ ဘာဆုမှမရဘဲ ပြန်လာရတယ်။ ဒုတိယတစ်ခေါက်မှာ Grand Prize ရတယ်။ နောက်ဆုံးတစ်ခေါက်မှာ Best People ဆိုတဲ့ ဆုရခဲ့ပါတယ်။

APS 0680-2

အမြဲတမ်းရောက်ဖြစ်ပြီး ဘယ်တော့မှ ရိုးအီမသွားတဲ့ ခံစားမှုတွေပေးနိုင်တဲ့ နေရာကိုပြောပါဆို ကျွန်တော်ကတော့ ထိပ်ဆုံးမှာ ပုဂံလို့ပဲဖြေချင်တယ်ခင်ဗျ ။ ဘယ်တော့မှ မရိုးဘူး ။ အမြဲ ခံစားမှုရသသစ်တွေ ပေးစွမ်းနိုင်တယ် ။ ညဖက်ရိုက်ရင်း လျှပ်စီးလက်တဲ့အချိန်ကို အမိအရ ရိုက်ယူနိုင်ဖို့ဆိုတာ စိတ်တော့ရှည်ရတာပေါ့ဗျာ ။ ကျွန်တော် ကျေနပ်မိတဲ့ပုံလေးတစ်ပုံပါပဲ ။



ဒီဓာတ်ပုံလုပ်ငန်းအပေါ်မှာထားရှိတဲ့ အစ်ကို့ရဲ့ စိတ်သဘောထား၊ ခံယူချက် အဲဒါတွေကိုလည်း သိချင်ပါတယ်။

Landscape ဓာတ်ပုံဆရာကတော့ စီးပွားရေးအရ မကောင်းဘူးဗျ။ ကျွန်တော်က တခြားအလုပ်လည်းရှိတယ်ပေါ့နော်။ ဓာတ်ပုံကတော့ မရိုက်ရရင် မနေနိုင်တဲ့အတွက် ရိုက်ပါတယ်။

ဓာတ်ပုံလုပ်ငန်းနဲ့ပတ်သက်လို့ နောက်ထပ် အသစ်လုပ်ဖို့ ဘာတွေများရှိနေပါသလဲရှင်။

နောက်လာမယ့် လူငယ်တွေအတွက် Landscape Only ပေါ့နော်။ သင်တန်းဖွင့်ဖို့ရှိပါတယ်။ ဖုန်းကုမ္ပဏီတွေနဲ့ ဖုန်းကြော်ငြာရိုက်တယ်။ ဖုန်းနဲ့ရိုက်တဲ့ ပုံတွေချည်းပေါ့နော်။ hone Photography လည်း လုပ်နေပါတယ်။

Monk 2 Garuda

ဒီပုံလေးကတော့ Indonesia Garuda Airline ကကျင်းပတဲ့ မှာ Photo Contest မှာဆုရခဲ့တဲ့ပုံလေးပါ။ ပုဂံ ပုထိုးသားများမှာ ရိုက်ခဲ့တာပါ။



Landscape ပုံတွေကို ရိုက်တဲ့အခါမှာ ကင်မရာရဲ့အရည်အသွေးပြည့်ဝမှုရယ်၊ ဓာတ်ပုံဆရာရဲ့ စိတ်ခံစားမှုရယ်၊ Location ရယ်က ဘယ်လိုအချိုးကျမှ ပုံကောင်းတစ်ပုံထွက်တယ်ဆိုတာကို သိပါရစေ။

လူနဲ့အများကြီးဆိုင်ပါတယ်။ ကျွန်တော်တို့ဆို ခရီးသွားတယ်။ အဲဒီနေရာကို မနက်နေမထွက်ခင်မှာ ရိုက်မယ်ပေါ့။ ရိုက်မယ့်အချိန်မှာတော့ ဘယ်လိုရိုက် မယ်ဆိုတာ စိတ်ထဲမှာ သူ့အလိုလိုဖြစ်လာတယ်ပေါ့ နာ်။ အဓိကကတော့ ကိုယ်ရိုက်မယ့် နေရာကိုစောသွားပြီးတော့ ဘယ်လိုရိုက်မယ်၊ ဘာညာဆိုတာကို ကျွန်တော်စာရေးထားတာလည်း ရှိပါတယ်။ Location က ဘယ်လောက်ကောင်းကောင်း၊ ကင်မရာ ဘယ်လာက်ကောင်းကောင်း ရိုက်တဲ့ဓာတ်ပုံဆရာက စိတ်ခံစားမှုမရှိဘူးဆိုရင်တော့ ပုံကောင်းတစ်ပုံရနိုင်မှာမဟုတ်ပါဘူး။ ဓာတ်ပုံဆရာက အရေးအကြီးဆုံးပါပဲ။ မရိုက်ခင်မှာ ကိုယ်ရိုက်မယ့်အရာကို လေ့လာပါ။ သူများရိုက်တဲ့ ပုံတွေကို များများကြည့်၊ များများရိုက် ပေးပါလို့ ပြောချင်ပါတယ်။ ကျွန်တော်တို့လည်း စရိုက်တုန်းက မကောင်းပါဘူး။ ဒီလိုပဲရိုက်ရင်း ရိုက်ရင်းနဲ့ ကောင်းလာတာပါပဲ။ ဓာတ်ပုံဆရာလုပ်တာ အချိန်တော့ပေးရပါတယ်။

River 2

                                                                            ဒါကတော့ Sea Game အတွက် ရိုက်ပေးရင်း ဧရာဝတီမြစ်ကို မှတ်တမ်းတင် ရိုက်ကူးခဲ့တာပါ ။

ဓာတ်ပုံပြပွဲအနေနဲ့ရော ဘာတွေလုပ်ဖို့ရှိနေသေးလဲ။

ပြပွဲက တစ်ယောက်တည်းအနေနဲ့ One Man Show မလုပ်ဖူးသေးဘူး။ ပွဲကြီးလာမယ် ကျွန်တော် ပုံတွေစုနေလို့ပါ။ Landscape ပုံတွေချည်းပဲ သီးသန့်ပြမှာပါ။

ဓာတ်ပုံကနေတစ်ဆင့် လူတွေကို Message တွေ ပေးလို့ရတယ်။ ကောင်းကျိုးတွေလည်း ပေးလို့ရတယ်လို့ ထင်ပါတယ်။ အစ်ကို့အနေနဲ့ရော ကောင်းတဲ့ Message တွေရရှိဖို့ ဘယ်လိုစိတ်ကူးနဲ့ ရိုက်ဖြစ်ပါသလဲ။

ကျွန်တော့်ဓာတ်ပုံတွေကို သူများတွေက ကြည့်တဲ့အခါမှာ လှလိုက်တာပေါ့နော်။ သူတို့ စိတ်ချမ်းသာ ကြတယ်ပေါ့။ ပျော်တယ်ပေါ့။ တချို့လူတွေက ခရီးမသွားနိုင်တာရှိတယ်။ ကျွန်တော့်ပုံတွေကြည့်ပြီး စိတ်ချမ်းသာတယ်လို့ ပြောကြတဲ့အတွက် ပျော်ပါတယ်။

IMG 8126-4ဒီပုံလေးကတော့ Indonesia သွားတုန်းက ရိုက်ဖြစ်ခဲ့တဲ့ပုံလေးပါ။ လှုပ်ရှားမှုလေးတွေကို အသေးစိတ်ပုံဖော်ချင်လို့ သေချာအနီးကပ်ရိုက်ပြီး ထွက်ပြေးရတာ အမှတ်တရပေါ့ဗျာ။ အောက်က ရေထဲမှာထင်တဲ့ Reflection  လေးကိုလည်း အလွတ်မပေးဘဲ ပါအောင်ရိုက်ချင်ခဲ့တာလေ။



Landscape ဓာတ်ပုံနဲ့ပတ်သက်ပြီး ဝါသနာပါလို့ ကြိုးစားနေတဲ့သူတွေအတွက်လည်း ပြောပေး ပါဦး။

ဓာတ်ပုံဆရာလုပ်မယ်ဆိုရင် အဓိက စိတ်ရှည်ဖို့လိုပါတယ်။ အစပိုင်းမှာတော့ စီးပွားရေးအတွက် အဆင်မပြေနိုင်ဘူး။ တစ်နှစ် ၊ နှစ်နှစ်လောက် အချိန်ပေး လေ့လာပြီး များများရိုက်ပါ။ များများရိုက်မှ များများမှားပြီး အတွေ့အကြုံရမှာပါ။ အဲဒီအတွေ့အကြုံကနေမှ ငါဘယ်လိုကောင်းအောင် ရိုက်မယ်ဆိုတာ သိလာတာပေါ့နော်။ အဓိကက စိတ်ရှည်ဖို့လိုပါတယ်။

APS 0295

ဒါကတော့ ၂ဝ၁၅ U20 ဘောလုံးအသင်းကို ကျွန်တော့် ဝါသနာနဲ့ ဂုဏ်ပြုချင် မှတ်တမ်းတင်ချင်လို့ ရိုက်ကူးဖြစ်ခဲ့တာပါ။ ကိုယ်တတ်နိုင်တဲ့ ပညာနဲ့ပေါ့ဗျာ။ မြန်မာအသင်းအပေါ်ထားတဲ့ မြန်မာလူမျိုးတွေရဲ့ အားပေးမှု တာဝန်ကျေပွန်မှု စိတ်ဓာတ်ခွန်အားတွေ အများကြီး ပျော်ဝင်နေတယ်လို့ ခံစားမိတယ်။ ဆူးလေ မဟာဗန္ဓုလပန်းခြံကို အပေါ်စီးက ရိုက်ထားတာပါ ။

Monk Portrait 3

အင်းလေးသွားတဲ့လမ်းက ရွှေရန်ပြေကျောင်းကို ရောက်ရင်း သဘာဝ Lighting ကျနေတာလေးကို အရမ်းသဘောကျလို့
ရိုက်ခဲ့တာပါ ။ လူပုံမရိုက်ဖြစ်တဲ့ ကျွန်တော့်အတွက် အမှတ်မထင်မှ အမှတ်တရ ဖြစ်စေတဲ့ ပုံလေးပါ။

APS 5795

Turn off for: Burmese ရန်ကုန်ကို အပေါ်စီးက ရိုက်ချင်တာ ဘယ်မှာသွားရိုက်ရမလဲ မသိလို့သိတဲ့နေရာလေး သွားရိုက်ထားတာ။ ရိုက်ထားတာတော့ ကြာပါပြီ ။ နွေရာသီမို့ တိမ်တွေမရှိတာကလွဲရင် ကျွန်တော် ကြိုက်တဲ့ ပုံလေးတစ်ပုံပါပဲ

APS 1297-5

ဒီပုံလေးက ရွာငံလမ်းပေါ်က သံရွာကို သွားနေတုန်း ရိုက်ထားတာပါ။ သံရွာကနေ တစ်နာရီလောက် ကားမောင်းရတဲ့ မြို့ကြီးနားက ရွာတစ်ရွာမှာပေါ့။ ရေဘေးပြန်လည်ထူထောင်ရေးမှာ ကျွန်တော် အလှူငွေအများဆုံးထည့်ဝင်နိုင်ဖို့ ထောက်ပံ့ပေးခဲ့တဲ့ အမှတ်တရပုံလေးပါ။ အဲ့ဒီ စမ်းချောင်းလေးကိုတွေ့တော့ Vertical လေးရိုက်ရင် ပိုလှမယ်လို့ ယူဆလို့ ကင်မရာကို Vertical လေးထား မိုးရွာတော့ အကျီလေးချွတ်ပြီးအုပ်ရင်း ၄ နာရီလောက်ကြာအောင်ရိုက်ပြီးမှ စိတ်ကြိုက်ရခဲ့တဲ့ပုံလေးပါ။ ဒီပုံလေးရအောင်သံရွာမှာ အစစအရာရာ ကူညီပြီး လိုလေသေးမရှိ ဂရုစိုက်ပေးခဲ့တဲ့ ကိုကြေးမုံကိုလည်းကျေးဇူးအများကြီးတင်ပါ
တယ်။

အိအိထွေး

Go to top