smilesite

စမိုင်း ဒီအိမ်ကို ၂ဝ၁၂ တုန်းက စဝယ်ခဲ့တာပါ။ စဝယ်တုန်းကတော့ ခြံထဲမှာ ပျဉ်ထောင်အိမ်လေးတစ်လုံးရှိတယ်။ အဲဒါကိုဖျက်ပြီးတော့ ဒီအတိုင်းထားထားသေးတယ်။ ၂ဝ၁၃ မှာ ဒီိ အိမ်ကို စဆောက်ခဲ့တာပါ။ ကိုယ်တွေကလည်း လူငယ်၊ သားသမီးတွေလည်းရှိလာတော့ ကိုယ်တွေ ပါတီလုပ်သလိုမျိုးပဲ သူတို့ ကြီးလာရင်လည်း လုပ်ကြမှာပဲလေ။ ဒီတော့

သူတို့အတွက်ရော၊ ကိုယ်တွေအတွက်ပါ စဉ်းစားပြီး ဒီအိမ်ကို ဆောက်ခဲ့တာပါ။ ဒီအိမ်ကိုစဆောက်ကတည်းက စမိုင်းတို့ လင်မယားနှစ်ယောက်လုံး ကိုယ်တိုင်ဒီဇိုင်းဆွဲကြတယ်။ ကိုယ်လိုချင်တဲ့ ပုံစံတွေကိုလည်း ပြောပြတယ်။

ဒီအိမ်ရဲ့ အဓိက Feature ကတော့ Double Stairs ပါပဲ။ အဲဒီလို လှေကားနှစ်ဖက်နဲ့ အိမ်မှာနေချင်တာက ကျွန်မရဲ့ ငယ်ငယ်တုန်းက Dream ပါပဲ။ ဒါကြောင့် ကျွန်မရဲ့အမျိုးသားကိုပြောပြတော့ သူကလည်း ကြိုက်တယ်ဆိုတဲ့အတွက် အဲဒီ Double Stairs ကို ဆောက်မယ်ဆိုပြီးဆုံးဖြတ်ခဲ့ကြတာပါ။ ဒါပေမဲ့ ဒီနိုင်ငံမှာရှိတဲ့ အခက်အခဲက လှေကားနှစ်စင်းလုပ်လိုက်တဲ့အခါကျရင် နေရာပုပ်သွားလိမ့်မယ်။ ဒါကြောင့်ပဲ တော်တော်များများက ဒီအကြံကိုလက်မခံကြဘူး။ အခက်အခဲတွေရှိပေမဲ့ ကိုယ်က ရှင်းပြရတာပေါ့။ လှေကားနှစ်စင်းလုပ်လိုက်တဲ့အတွက် အိပ်ခန်း ၄ ခန်းစာလောက်ကို နေရာပုပ်သွားပါတယ်။ စမိုင်းတို့အိမ်မှာဧည့်ခန်းက ၂ ခုရှိပါတယ်။

smilesite1

smilesite2

Formal ဧည့်ခန်းနဲ့ ရိုးရိုးဧည့်ခန်းပေါ့။ ရိုးရိုးဧည့်ခန်းလေးကတော့ မိသားစုအတွက်ပေါ့။ ရိုးရိုးဧည့်ခန်းကို အုတ်တွေနဲ့မလုပ်ဘဲနဲ့ ညဘက်တွေကျရင် Natural Light လေးတွေမြင်ရအောင်၊ စမိုင်းရဲ့ သမီးလေးတွေက ကြယ်တွေကြည့်ရတာ ဝါသနာပါတော့ တီဗီကြည့်နေရင်းနဲ့ ကောင်းကင်ကြီးကို ကြည့်ရအောင်ဆိုပြီး အပေါ်အမိုးနဲ့ ဘေးတစ်ခြမ်းလုံးကို မှန်နဲ့ ဆောက်လိုက်တာပါ။

7-8sm

ကလေးတွေ အခန်းမှာလည်း ကလေးအခန်းအလျောက် စီစဉ်ပေးထားပါတယ်။ ဒီအိမ်မှာတော့ Gold နဲ့ အဖြူရောင်ကို အဓိကသုံးထားပါတယ်။ အိပ်ခန်းလေးတွေ၊ ထမင်းစားပွဲတွေ အကုန်လုံးကိုလည်း အဲဒီအရောင်လေးတွေနဲ့လိုက်အောင်စီစဉ်ထားပါတယ်။ စမိုင်းတို့က နေရာကျယ်ကျယ်ဝန်းဝန်းကိုလည်း ကြိုက်တယ်။ ကျွန်မရဲ့ ကလေးတွေက ငယ်သေး တော့သူတို့ဟာ သူတို့ လျှောက်ပြေးပြီး ဆော့လို့ရတယ်လေ။ စမိုင်းတို့အတွက်လည်း ဧည့်သည်တွေလာ၊ ပါတီတွေလုပ်တဲ့အခါကျရင် နေရာကျယ်ကျယ်ဝန်းဝန်းကိုကြိုက်တယ်။ အခန်းကိုအရမ်းကြီး မကျယ်ရင်တောင်ရတယ်။ ကိုယ်တွေက အပြင်မှာနေတာ ပိုများတာကို။ အခန်းကျတော့ ညဘက်လောက်ပဲ အိပ်ကျတာဆိုတော့ Open Space ကိုပဲ ပိုလုပ်ဖြစ်သွားတာပါ။

3-sm4

5-sm6

အပေါ်ဆုံးထပ်မှာ ရေကူးကန်ထည့်မယ်လို့ အစောကြီးကတည်းက စီစဉ်ထားခဲ့ကြတာ ပါ။ ရေကူးကန်က ကလေးတွေအတွက်၊ ဘားကောင်တာက စမိုင်းရဲ့ အမျိုးသားအတွက်ပေါ့။ အဲဒီမှာ ကာရာအိုကေခန်းလည်း လုပ်ပေးထားတယ်။ လိုအပ်တာတွေ အကုန်ပြင်ဆင်ပေးထားတယ်။ အဲဒီအခန်းကိုတော့ Mencave လို့ အမည်ပေးထားပါတယ်။ ဒီတော့ သူ့သူငယ်ချင်းတွေနဲ့ တစ်ပတ်မှာ ၂၊ ၃ ရက်လောက်ပါတီလုပ်ကြတယ်။ ကိုယ့်ယောက်ျားအပြင်ထွက်တာထက်စာရင် အိမ်မှာကျတော့ စိတ်လည်းချရတယ်။ လုံလည်း လုံခြုံပါတယ်။ ဒီအိမ်ကို ပြီးခဲ့တဲ့ ၂ဝ၁၅ အောက်တိုဘာလကမှ ပြောင်းလာခဲ့တာပါ။ ဒီအိမ်မှာနေရတာကိုကလေးတွေကလည်း အရမ်းပျော်တယ်။ နေ့တိုင်း ရေကူးကြတယ်။ ရေကူးကန်ဆောက်ထားရတာတန်တယ်။ ဂျီကျတာတစ်ခုကတော့ သူငယ်ချင်းတွေကို အိမ်အလည် ခေါ်ချင်ကြတာပါ။

3-smj4

7-smj8

စမိုင်းတို့က Classic ဖြစ်တာကို ကြိုက်ပါတယ်။ အင်္ဂလန်မှာနေကတည်းက ပိုက်ဆံတတ်နိုင်တဲ့ အချိန်ကျရင်တော့တိုင်လုံးကြီးတွေနဲ့၊ ရေတံခွန်ကြီးတွေနဲ့ အိမ်မျိုးဆောက်ကြမယ်လို့ တွေးခဲ့ကြတာပါ။ ဒီနိုင်ငံမှာ မြေဝယ်ပြီးတော့ အိမ်စဆောက်မယ်ဆိုတော့လည်း ဖြစ်ချင်တဲ့ပုံစံတွေကို အတတ်နိုင်ဆုံးထည့်ကြတယ်။ ဒီတစ်အိမ်လုံးဆောက်တာက စမိုင်းတို့ရဲ့ Idea ၉၉ ရာခိုင်နှုန်းလောက်ပါတယ်။ Wallpaper တွေ၊ လိုက်ကာတွေ ရွေးတာကအစ အားလုံးကို စီစဉ်ခဲ့တာပါ။ အရောင်တွေကိုလည်းလူကိုမျက်စိအေးစေ၊ ကြည်စေတဲ့ အရောင်တွေပဲ ရွေးခဲ့တာပါ။ Formal ဧည့်ခန်းက ထိုင်ခုံတွေကတော့ အီတလီကနေမှာခဲ့တာပါ။ ကျန်တဲ့ Furniture တွေအကုန်လုံးကတော့ ဒီနိုင်ငံကနေပဲ ဝယ်ခဲ့တာပါ။

7-fgh8

7-smju8

ဒီအိမ်ပြီးစီးသွားတော့လည်း အရမ်းအားရတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုမျိုးလေးနေရတယ်ဆိုတာက ဘုရားပေးတဲ့ ကုသိုလ်အပြင် ကျွန်မရဲ့ အမျိုးသား အလုပ်ကြိုးစားလို့လည်းပါပါတယ်။ စစချင်းပြောင်းတုန်းကဆိုရင် အိမ်ကအရမ်းကြီးနေတော့ သိပ်အသားမကျခဲ့ဘူး။ အခုတော့ အဆင်ပြေသွားပါပြီ။နောက်ပိုင်းကျရင်တော့ အပေါ်ဆုံးထပ်ရေကူးကန်ရဲ့ အပေါ်မှာထပ်ပြီးတော့ Theatre Room လေးလုပ်ချင်တယ်။ ကလေးတွေ Movie ကြည့်ဖို့အတွက် အဲဒီအခန်းလေးထပ်ထည့်ဖို့ စဉ်းစားထားပါတယ်။ စမိုင်းအတွက် အိမ်ဆိုတာကတော့ မိသားစုတွေ တစ်ယောက် နဲ့တစ်ယောက် ချစ်ချစ်ခင်ခင် နွေးနွေးထွေးထွေးဖြစ်နေကြရင် အိမ်လို့သတ်မှတ်ပါတယ်။ ချမ်းသာမှ ဆင်းရဲမှမဟုတ်ပါဘူး။ ဘယ် လောက်ကောင်းတဲ့အိမ်ကြီးမှာပဲနေနေ အိမ်ထောင်ရေးတွေ အဆင်မပြေဘူး၊ ငိုယိုနေတယ်ဆိုရင် အိမ်မဟုတ်တော့ဘူးလေ။ တစ်ယောက်နဲ့တစ်ယောက် ချစ်ကြပြီးတော့နေနေရတဲ့အိမ်၊ လုံခြုံမှုပေးတဲ့ အိမ်ဆိုရင်တော့ စမိုင်းက အိမ်လို့ သတ်မှတ်ပါတယ်။

စည်သူဟိန်း
ဓာတ်ပုံ - ကိုနိုင် (ပေါ်ပြူလာ)

Go to top