july1-2

 

မော်ဒယ် ညီမလေး မေနန္ဒာကျော်နဲ့ Living With Auto ကဏ္ဍမှာ ဆုံတွေ့ဖြစ်ခဲ့ပါတယ်။ ကားတွေနဲ့ ပတ်သက်လို့ သူမရဲ့သဘောထားအမြင်၊ ကြိုက်နှစ်သက်မှုတွေက ဒီလိုပါတဲ့...။ ကားအမျိုးအစားကတော့

အခုလက်ရှိစီးနေတဲ့ Crown ကို ကြိုက်ပါတယ်။ ကားကိုတော့ ငယ်ငယ် ကလေးဘဝကတည်းက ကြိုက်တာပါ။ ကားထဲမှာ နေရတာကိုကြိုက်တာ အိမ်မှာနေရတာထက် ကားထဲသွားနေရတာကို ပိုကြိုက်တာ (ရယ်လျက်)။ ကား Crazy ထဲမှာပါတယ်လို့ ပြောလို့ရပါတယ်။ အခုလည်း ကိုယ်တိုင်မောင်းနိုင်အောင် ကားမောင်းသင်နေပါတယ်။

july5-6

5-6

ကိုယ်တိုင်မောင်းမယ်ဆိုရင်တော့ ပြိုင်ကားလို ကားအသေးလေးတွေ မောင်းချင်ပါတယ်။ ပြိုင်ကားတွေကို သဘောကျတယ်။ အစ်ကို့သူငယ်ချင်းရဲ့ ပြိုင်ကားကို တစ်ခေါက်လိုက် စီးဖူးတယ်။ အရောင်ဆိုလည်း အမဲရောင်၊ အနီရောင်၊ အဲဒီအရောင်တွေကို ကြိုက်တယ်။ ကားတွေနဲ့ပတ်သက်လို့ ပြောချင်တာက ညအခါတွေဆို ကားတွေပြိုင်မောင်းကြတယ်။ အဲဒါက အန္တရာယ်အရမ်းများပါတယ်။ ရုတ်တရက် လူထွက်လာတယ်ဆိုရင်လည်း ခိုက်မိသွား နိုင်တယ်။ အဲဒီလို မလုပ်သင့်ပါဘူးလို့ ပြောချင်ပါတယ်။ ကားကို ကိုယ်တိုင်မောင်းပြီးသွားရမယ်ဆိုရင်တော့ သစ်တောလမ်းကလေးတွေ၊ စိမ်းလန်းပြီးကားရှင်းတဲ့ နေရာလေးတွေမှာ မောင်းချင်ပါတယ်။ကာကို အလှဆင်ရတာ သဘောကျပါတယ်။ ကားအတွင်းပဲ ပြင်ဆင်ရတာကိုလည်း ကြိုက်တယ်။ ပန်းရောင်ဆိုလည်း ပန်းရောင်လေးတွေချည်း၊ အနီရောင်ဆိုလည်း အနီရောင်လေးတွေချည်းပဲ အဲဒီလို ပြင်ဆင်ရတာသဘောကျပါတယ်။

j75-6

july3-4

  • Model : May Nandar Kyaw
    Mair & Make Up : Arkar Kyaw (Ko Mar)
    Designer : Htet Htet Oo
    Photo : Ko Naing (Popular)
    Arranged By : Ei Ei Htwe

 

Go to top