op1-2

Miss Universe Myanmar တစ်ဦးဖြစ်သူ သျှားထွဋ်အိန္ဒြာကို သူမရဲ့ကားနဲ့အတူ ရိုက်ကူးပြီး ကားနဲ့ပတ်သက်လို့ သူမရဲ့ စိတ်ဝင်စားမှု၊ သူမ ကြိုက်တဲ့ ကားအမျိုးအစား စတာတွေအပြင် အန္တရာယ်ကင်းအောင် သူမဘယ်လိုမောင်းနှင်လဲဆိုတာတွေကို မေးမြန်းထားပါတယ်။

ကားနဲ့ပတ်သက်ရင် ငယ်ငယ်ကတည်းက စိတ်ဝင်စားတယ်

ကားနဲ့ပတ်သက်ရင် ကားသေးသေးလေးတွေကအစ သျှားစိတ်ဝင်စားမှု ရှိပါတယ်။ ငယ်ငယ်လေးကတည်းက စိတ်ဝင်စားတယ်လို့ ပြောရမှာပေါ့နော်။ ဖေဖေကလည်း ကားဝါသနာပါတဲ့အခါကျတော့ ကားမောင်းသင်တာကအစ ဖေဖေကိုယ်တိုင်သင်ပေးတာပါ။ ကားနဲ့ပတ်သက်ရင်လည်း

အသေးစိတ်လေး တွေကအစ လိုက်လေ့လာတတ်ပါတယ်။ ကားကိုပိုပြီးစိတ်ဝင်စား လာတာက ၈ တန်းနှစ်မှာပါ။ ၈ တန်းနှစ်မှာ ဖေဖေက ကားမောင်းစသင်ပေးတဲ့အခါကျ တော့ ဘယ်ကားက ဘယ်လိုရှိတယ်ဆိုတာမျိုးကိုစပြီး လေ့လာဖြစ်ခဲ့ပါတယ်။

ပထမဆုံးကြိုက်ခဲ့တဲ့ကား

ပထမဆုံးကြိုက်ခဲ့တဲ့ကားအမျိုးအစားက ပါဂျဲရိုး ၉၄ မော်ဒယ်ပေါ့။ အဲဒီကားကို သျှား ၈ တန်းမှာ အရမ်းကြိုက်ခဲ့တယ်။ ကြိုက်ခဲ့သလိုပဲ အဲဒီကားနဲ့ ကားမောင်းသင်ခဲ့ရပါတယ်။

jj3-4

လက်ရှိအကြိုက်က

အခုလက်ရှိမှာတော့ ကားဆိုရင် သေးသေးလေးတွေပိုကြိုက်တယ်။ သျှားပုံစံနဲ့ကျတော့ ကားအသေးလေးတွေနဲ့မလိုက်ဘူးလို့ ပြောကြတယ်။ ကား အကြီးတွေလည်း ကြိုက်ပါတယ်။ ကားသေးသေးလေးတွေကျတော့ သဘောကျတာပေါ့နော်။ ချစ်စရာကောင်းလို့ပါ။ အရောင်ကတော့ အမည်းရောင်တစ်ခုပဲ မကြိုက်တာပါ။ ကျန်တဲ့ ဇီးရောင်တို့၊ ခဲရောင်တို့ဆို ကြိုက်ပါတယ်။

ပြိုင်ကားတွေကို သဘောကျတယ်

ပြိုင်ကားနဲ့ပတ်သက်ရင်တော့ သူငယ်ချင်းတွေနဲ့အတူတူ မောင်းလည်းမောင်းကြည့်ခဲ့ဖူးတယ်။ သူတို့မောင်းတာကိုလည်း လိုက်စီးခဲ့ ဖူးတယ်။ Drift တွေ ဘာတွေဆိုလည်း လိုက်ကြည့်ခဲ့ဖူးတယ်။ ကိုယ်ကိုယ် တိုင်တော့ Drift မဆွဲတတ်ပါဘူး။ ပြိုင်ကားလေးတွေကို သဘောကျပါ တယ်။

junesar

ကားနဲ့ပတ်သက်တဲ့ အမှတ်တရ

ကားနဲ့ပတ်သက်တဲ့ အမှတ်တရကတော့ အိမ်က ကားမောင်သင်ပေးတဲ့အချိန်မှာ အရမ်းပျော်ခဲ့ရတယ်။ ကိုယ့်ကိုယ်ကားဝယ်ပေးတဲ့အချိန်မှာလည်း အရမ်းပျော်ခဲ့ရပါတယ်။

ကားအလှဆင်တာမကြိုက်ဘူး

ကားအလှဆင်ရတာမျိုးတော့ သျှားသဘောမကျဘူး။ ကားလေးကိုပြောင်ပြောင်ရှင်းရှင်းလေးပဲ ကြိုက်ပါတယ်။ ကားအတွင်းပိုင်းတော့ လုပ်ဖြစ်ရင် လုပ်ဖြစ်မယ်။ အပြင်ပိုင်းတော့လုပ်ရတာ မကြိုက်ပါဘူး။

အန္တရာယ်ကင်းအောင်

အရင်တုန်းက ကားစီးရင် ခါးပတ်ပတ်တာမျိုး သိပ်အလေ့အကျင့်မရှိဘူး။ နောက်ပိုင်းမှာ ခါးပတ်ပတ်တတ်လာတယ်။ ပြီးတော့ ကားကို အရမ်းမြန်မြန်ကြီးမောင်းတာထက်စာရင် စိတ်အေးလက်အေးနဲ့ သေသေ ချာချာ ဂရုစိုက်ပြီး မောင်းတတ်လာပါတယ်။

j5-6

ပရိသတ်တွေလည်း သတိထားစေချင်တယ်

အခုနောက်ပိုင်းမှာဆိုရင် Accident တွေ အရမ်းဖြစ်ပါတယ်။ အဲဒီအခါကျတော့ သျှားသတိပေးချင်တာက ပရိသတ်တွေကားမောင်းတဲ့အခါ ခါးပတ်ပတ်ပါ။ ပြီးရင် လိုတာထက်ပိုပြီး ဒေါသမထွက်စေချင် ဘူး။ တစ်စီးလောက်ပေးဝင်လိုက်ရတာ ကိုယ့်အတွက် အရမ်းကြီးအခက်အခဲမရှိပါဘူး။ အဲဒီတော့ တချို့နေရာ တွေမှာ စိတ်ရှည်လက်ရှည်ထားပါ။ ကားမောင်းတဲ့နေရာမှာလည်း အာရုံလေးထားပြီး မောင်းကြပါလို့ ပြောချင်ပါတယ်။

အိအိထွေး

Go to top