aKNP 5452

မော်ဒယ်ဆုမြတ်နိုးကျော်ကို သူမရဲ့ ကားနဲ့အတူ ရိုက်ထားတဲ့ ပုံရိပ်တချို့ကို ဖော်ပြပေးလိုက်ပါတယ်။ ကားနဲ့ပတ်သက်ပြီး သူမပြောပြတဲ့ အကြောင်းအရာ တချို့ ကတော့ ...

 

ညီမလေးလက်ရှိစီးနေတဲ့ကားက ညီမလေးစိတ်ကြိုက်ဝယ် ထားတာလား။

မြတ်နိုးစိတ်ကြိုက်ဝယ်ထားတာတော့ မဟုတ်ပါဘူး။ မေမေ တို့က ဒီကားဆိုပစ္စည်းသယ်ရတာ ကောင်းတယ်။ အဆင်ပြေ တယ်ဆိုပြီး ဝယ်ထားတာပါ။ မြတ်နိုးက ရှုတင်တွေသွားရင်ပစ္စည်း တွေသယ်ရ တာတွေရှိတော့ အဲဒါတွေအားလုံးအတွက် အဆင် ပြေမယ့်ကားကို မေမေတို့က ဝယ်ပေးထားတာပါ။

aNP 5432

ကားနဲ့ပတ်သက်ပြီး ညီမလေးကြိုက်နှစ်သက်တဲ့ အရောင်တွေ ရှိလား။

အနက်ရောင်ကိုကြိုက်ပါတယ်။ အများနဲ့မတူတဲ့ ကာလာ ဆန်းဆန်းလေးတွေကိုလည်း ကြိုက်ပါတယ်။

အပြင်သွားရင် ညီမလေးကိုယ်တိုင် ကားမောင်းဖြစ်လား။

ကားကို အမြဲတမ်း မမောင်းဖြစ်ပါဘူး။ ကားတွေများပြီး ကားလမ်း တွေပိတ်နေတာကြောင့်လည်း ပါပါ တယ်။ တစ်ခါတလေကျရင်တော့ ကားရှင်းတယ်ဆိုရင် ကားမောင်းဖြစ်ပါတယ်။

ap5480

ကားအတွင်းပိုင်းကို အလှဆင်ရတာတွေကော ညီမလေးအနေနဲ့ သဘောကျလား။

ဟုတ်...ကြိုက်ပါတယ်။ ထိုင်ခုံအစွပ်တွေကို လှတာလေးတွေ ကြိုက်ပါတယ်။ ကားအတွင်းပိုင်းကိုလည်း သန့်သန့်ရှင်းရှင်းဖြစ်တာ ကြိုက်ပါတယ်။

ခုလိုကားတွေများပြီး ကားလမ်းတွေပိတ်တော့ ညီမလေးအနေနဲ့ ကားမောင်းတဲ့အခါ ဘယ်လိုတွေ သတိ ထားဖြစ်လဲ။

လက်ရှိမှာ ကားတွေအရမ်းများပြီး လမ်းတွေ ပိတ်ပါတယ်။ အဲဒါကြောင့် သတိထားပြီး စိတ်ရှည်ရပါတယ်။ ဖြည်းဖြည်းမှန်မှန်သွား ရတာပေါ့နော်။

aKNP 5551

ညီမလေးစိတ်ကြိုက်ကားတစ်စီးဝယ်ရမယ်ဆိုရင် ဘယ်လိုကားမျိုး ဝယ်ချင်လဲ။

ပြိုင်ကားလေးတွေ ကြိုက်ပါတယ်။ ပြိုင်ကားကို ကိုယ့်ဘာသာ မောင်းပြီး လျှောက်သွားချင်တယ်။

MODEL : SU MYAT NOE KYAW
MAKE-UP : JET JET (JUDSON)
DRESS : TOO COOL
PHOTO : KO NAING (POPULAR)
ARRANGED BY THIDA SOE

Go to top