k1-2

MODEL : KHAY MAR (SUPER MODEL)
PHOTO : LUCK Z (KACHIN)
ARRANGED BY THIDA SOE

ကိုယ့်အခန်းလေးကို ကိုယ့်စိတ်ကြိုက် ပုံဖော်ပြီး နေထိုင်ရတာကိုကြိုက်နှစ်သက်သူ အဆိုတော် ခေမာက 'ညီမအခန်းကို ညီမစိတ်ကြိုက်ပြင်ဆင်ထားတာပါ။ အခန်းဒီဇိုင်းတွေကိုလည်း မကြာခဏပြောင်းလေ့ရှိပါတယ်။ ဧည့်ခန်းကိုတော့ အမေပဲ ပြင်ဆင်တာပါ။ ညီမ အခန်းကိုတော့ ခြောက်လတစ်ခါ၊ တစ်နှစ်တစ်ခါလောက် ဒီဇိုင်းတွေချိန်းလေ့ရှိပါတယ်'လို့ ပြောပြပါတယ်။ ကိုယ်ပိုင်အိမ်လေးတစ်ခုကို ပိုင်ဆိုင်ပြီး စိတ်ကြိုက် ဖန်တီးပါဆိုရင်လည်း ခေမာဖန်တီးချင်တဲ့

အိမ်ပုံစံက တော့ 'ခြံထဲမှာ တစ်ထပ်အိမ်လေးဆောက်ပြီး နေချင်ပါတယ်။

km1-2

khay1-2

ညီမက ခြံဝင်းနဲ့နေရတာကို သဘောကျတယ်။ ခြံထဲမှာ ပန်းလေးတွေ၊ ခွေးလေးတွေနဲ့ နေချင်ပါတယ်။ အရောင်ကိုတော့ အဖြူရောင်လေးကြိုက်တယ်' လို့ ပြောပြခဲ့ပြီး အိမ်ကို အလှဆင်တဲ့ပစ္စည်းတွေ ဝယ်ရတာလည်း စိတ်ဝင်စားသူတစ်ယောက်ပါ။ တစ်နေ့တာ ပင်ပန်းထားသမျှအတွက် ကိုယ်အနားယူရမယ့် ကိုယ့်ရဲ့အခန်းလေးကို ကိုယ့်စိတ်ကြိုက် ပြင်ဆင်ထားခြင်းက ကိုယ်ကိုယ့်ကိုယ် သက်သောင့်သက်သာနဲ့ စိတ်ချမ်းသာစေပါတယ်။ ခြောက်လတစ်ခါ၊ တစ်နှစ်တစ်ခါ ပြောင်းလဲပြင်ဆင်တတ်တဲ့ ခေမာရဲ့အခန်းလေးကို အလည်သွားကြည့်ရအောင်နော်။

 

Go to top