ktz

မော်ဒယ် ခိုင်သဇင်ငုဝါစီးနေတဲ့ ကားလေးနဲ့အတူ ပုံရိပ်တချို့ကို ဖော်ပြပေးချင်ပါတယ်။ ကားနဲ့ပတ်သက်ပြီး သူမပြောပြတဲ့အကြောင်းအရာတချို့နဲ့ ကားမောင်းတဲ့အခါမှာ ကြုံတွေ့ရတာတွေကိုလည်း မေးမြန်းပြီး ဖော်ပြပေးလိုက်တယ်နော်။

လက်ရှိစီးနေတဲ့ကားကို ညီမလေးစိတ်ကြိုက်ဝယ်ထားတာလား။



အရင်တုန်းက ကားအသေးလေးတွေပေါ်ကတည်းက စိတ်ဝင်စားမိတယ်။ အဲဒီလိုကားသေးသေးလေးတွေကို ချစ်တယ်။ မိန်းကလေးနဲ့ ကားသေးသေး လေးတွေနဲ့ကလိုက်တယ်။ အခုစီးနေတဲ့ ကားကလည်း ညီမစိတ်ကြိုက်ဝယ်ထားတာပါ။

ကားနဲ့ပတ်သက်ပြီး တချို့တွေဆို ကားရဲ့ Accessories တွေဝယ်ဖြည့်ရတာ ဝါသနာပါကြတယ်လေ။ ညီမလေးရော ဝါသနာပါလား။

ကားထဲမှာ Accessories တွေ ဆင်ရတာ အရမ်းကြိုက်တယ်။ အရမ်းလည်း ဝါသနာပါတယ်။ ဒါပေမဲ့ ဆင်လေ ဆင်လေ ကားကိုဆင်တဲ့ ပစ္စည်းတွေက မကုန်နိုင်လေပဲလေ။ အရမ်းလည်းအကုန်အကျ များပါတယ်။ ကိုယ်က တစ်ခုကိုဆင်ပြီးသွားပေမယ့် နောက်တစ်ခုထပ်တွက်ရင်ထပ်ပြီး ဆင်ချင်တယ်လေ။ ဒီကားအတွက်နဲ့ ပိုက်ဆံတော့ အကုန်မခံတော့ဘူးပေါ့နော်။ ကားကတော့ စီးပြီးရင် ပျက်စီးချင်ပျက်စီးမှာပဲလေ။ စက်ပစ္စည်းဆိုတာ ပျက်စီးတဲ့ သဘောပါတော့ ကားကို အရမ်းအလှဆင်ချင်ပေမယ့် မပြီး နိုင်တဲ့ အလုပ်တစ်ခုဆိုတော့ ခေါင်းထဲမထည့်ထားတော့ဘူးပေါ့နော်။

ဘယ်လိုအချိန်တွေမှာ ကားမောင်းရတာ ကြိုက်လဲ။

တစ်ခါတလေမှာ စိတ်ညစ်တာတွေရှိရင် ကားထွက်မောင်းချင်တယ်။ ဒါပေမဲ့ မမောင်းဘူးပေါ့နော်။ ကိုယ့်ဘာသာစိတ်ညစ်တဲ့ အချိန်တွေဆို အိမ်မှာ သီချင်းနားထောင်တယ်။ ကိုယ်က စိတ်လည်း ညစ်နေ တယ်။ စိတ်ဓာတ်လည်း ကျနေတယ်ဆိုတော့ ကားမောင်းရင် အန္တရာယ်များမှာဆိုးလို့ မမောင်းဖြစ်ဘူး။

ktzn

ကားမောင်းတဲ့အချိန်မှာ ဘယ်လိုမျိုးတွေ သတိထားပြီး မောင်းဖြစ်လဲ။

ကားမမောင်းခင်မှာ ညီမကားရဲ့ နံပါတ်ကိုရွတ်ပြီး မေတ္တာပို့တယ်။ ကားကိုစောင့်ရှောက်တဲ့နတ်တွေကို မေတ္တာပို့တယ်။ လမ်းစောင့်နတ်တွေကို မေတ္တာပို့တယ်။ မေတ္တာပို့ပြီးမှ ကိုယ်သွားချင်တဲ့ နေရာကိုသွားပါတယ်။

အခုအချိန်မှာ ကားတွေအရမ်းကျပ်ပြီး လမ်းတွေပိတ်တော့ ဘယ်လောက်အထိ စိတ်ရှည်သီးခံပြီး မောင်းရလဲ။

လိုင်းကားတွေဆို စည်းကမ်းတွေ မရှိကြဘူး။ ကိုယ်က လမ်းမှန်မောင်းတယ်။ လိုင်းကားတွေက အတင်းတိုးဝင်ကြတယ်။ ကိုယ်က ရှုတင် ကနေ ပြန်လာတဲ့အချိန်တို့၊ ရှုတင်ကို သွားတဲ့အချိန်တို့ဆိုရင် မိတ်ကပ်တွေက အဖွေးသားကြီးနဲ့ ဆိုတော့ ကားမှန်ချပြီး ပြောလို့လည်း မကောင်းဘူး။ ဒေါသတော့ ဖြစ်တတ် တယ်။ လမ်းပိတ်ရတဲ့အထဲမှာ စည်းကမ်းမရှိတဲ့ ကားတွေကလည်း အများကြီးဆိုတော့ တော်တော်လေး သည်းခံရတယ်။ သည်းမခံနိုင်တဲ့အခါ ကျရင်တော့ ကားမှန်ချပြီး ပြောရတဲ့အထိ ဖြစ်ရတယ်လေ။ ကားမောင်းတာက တော်တော်စိတ်ရှည်မှရမှာပါ။

ktznw

ကားမောင်းရင်းနဲ့ ဖုန်းပြောတဲ့ အလေ့အထ ရှိလား။

မဖြစ်မနေ ဖုန်းပြောရမယ်ဆိုရင်တောင် နားကြပ်တပ်ပြီး ပြောပါတယ်။ အရမ်းကြီး အရေးမကြီးတဲ့ ဖုန်းတွေကိုတော့ မကိုင်ပါဘူး။

ကားနဲ့ပတ်သက်ပြီး ကြိုက်တဲ့အရောင်က ဘာအရောင်တွေဖြစ်နိုင်မလဲ။

ညီမက ကားနဲ့ပတ်သက်ရင် အနက်ရောင် ကြိုက်ပါတယ်။ ဒါပေမဲ့ အနက်ရောင်က ညီမအတွက် Unlucky ဆိုတော့ အနက်ရောင်ကို ရှောင်တယ်။ အမေကတော့ ကားဝယ်ရင်များသောအားဖြင့် အနက်မပါတာကို ဝယ်တယ်။ အနီရောင်ဆိုရင် ညီမအကြိုက်ဆုံးအရောင်ပါ။ အနီရောင်ကတော့ မစီးဖြစ်သေးပါဘူး။ အခြေအနေ အချိန်အခါအရ ကိုယ်ကြိုက်တဲ့ ကားအမျိုးအစားထဲမှာ အနီရောင်ရှိရင် စီးဖြစ်မှာပါ။

သီတာစိုး

Go to top