tain-tid

အမိုးခုံးခုံးနဲ့ အိမ်ပုလေးတစ်လုံးဟာ ခြံဝင်း ကျယ် ကျယ်လေးတစ်ခုရဲ့ အလယ်မှာ ပျော်ရွှင်ခြင်း တွေကို သေသေချာချာ သိုဝှက် သိမ်းဆည်းပြီး နေရောင်အောက်မှာလည်း အပျော်နဲ့၊ လရောင် အောက်မှာလည်း အပျော်နဲ့ ၊ညမှောင်မှောင်မှာ လည်း အပျော်နဲ့ပဲ နေမယ်ဆိုတဲ့ ခံယူချက်နဲ့ ခိုင်ခိုင် မာမာ တည်ရှိပါတယ်။သဘောတရားနဲ့ အနီးစပ်ဆုံးအရောင်ဖြစ် တဲ့ မြေကြီးရောင် အဝါဖျော့လေးကို အိမ်နံရံတွေ မှာ သုတ်ထာြး ပီးချောကလက်ရောင် ရင့်ရင့်နဲ့ အနားသတ်ထားတဲ့ ပြတင်းတံခါးဘောင်တွေ၊ တံခါးမကြီးရဲ့ဘောင်တွေ၊ အောက်ခြေအ နားသတ် တွေကြောင့် ထင်းလင်းလှပနေ တဲ့ သူ့အရောင်သူ ဂုဏ်ယူစွာနဲ့ အိမ်ကလေး ဟာဆင်ခြေလျှောတစ်ခု မှာ ခပ်မော့မော့ ရပ်နေ ပါတယ်။ ခြံဝင်းထဲ ဖြတ်စီး သွားတဲ့ စမ်းချောင်းလေးဟာ သူ့အလှကို အမြဲ ငေး နေရင်း စီးဆင်းနေတာလို့လည်း ဘဝမြင့်ချင်ပါ တယ်။

Read more: တိမ်တိုက် အမှတ် ၉ ပေါ်ကအိမ်

ShortStory

ကျွန်တော်တို့ ဟိုတယ်မှ တစ်နှစ်တစ်ခါ ဝန်ထမ်းများ အပန်းဖြေလေ့လာနိုင်ရန်အတွက် ဟိုတယ်ပိုင်ရှင် မိသားစု မှ ခရီးစဉ် အစမှသည် အဆုံးတိုင် ၂ ညအိပ် ၃ရက်ခရီးကို အစစအရာရာ စီစဉ်ပေးခြင်းကြောင့် ဝန် ထမ်းအားလုံး ပျော်ရွှင်မှုကို ရစေသည်။ဟိုတယ်ဖွင့်သည်မှာ ၂ နှစ်ပင် ကျော်ခဲ့ပေပြီ။ ပိုင်ရှင်၏ စေတနာထား ပံ့ပိုးပေးမှု၊ ရိုးသားကြိုးစားကြသော မန်နေဂျာနှင့် ဝန်ထမ်းအားလုံး၏ စေတနာ ထားမိသားစု စိတ် ဓာတ်ဖြင်ဝိုင်းဝန်းလုပ်ဆောင် ဝန်ဆောင်မှုပေးခြင်း တို့ကြောင့် နိုင်ငံခြားသားဧည့်သည်များ၊ ပြည်တွင်းဧည့်သည်များ၏ ဒုတိယအိမ်ကဲ့သို့ခံစားမှုရရှိအောင် ပြုလုပ်ပေး နိုင်ခဲ့ပေပြီ။



ဟိုတယ်၏ ဆောင်ပုဒ်မှာ 'စိတ်ငြိမ်၊ လုံခြုံ၊ စိတ်ချမ်းမြေ့စေမှာ Royal Ruby Hotel မှာ' ဆိုသည့် အတိုင်း အချို့ ဧည်သည်များက  'မင်းတို့ ဟိုတယ် တည်းခိုရတာ. . . နတ်ပြည်များ ရောက်နေသလား'ဟု ပင် ပြော တတ်ကြသလို 'ရန်ကုန်ရောက်ရင် အန်တီတို့ မိသားစု အိမ်ရှိပေမဲ့ မင်းတို့ဟိုတယ် မတည်းဘဲမနေနိုင်ပါဘူးကွယ်' 'ဘာလို့လဲဆို တော့ ဟိုတယ်က စိတ်ငြိမ်အေးချမ်းတယ်၊ အန်တီတို့ပါတဲ့ ကားတွေ နောက် ဆံမ တင်းရအောင် လုံခြုံမှုရှိတယ်၊ အခန်းသန့်ရှင်းမှု၊ ထည့်ထားတဲ့ပစ္စည်း၊ ဝန်ထမ်းဆက်ဆံရေး၊ နံနက် စာကျွေးမွေးမှု၊ အရသာရှိတဲ့ အစားအစာတွေကို နေ့စာ၊ ညစာ အားလုံး အဆင်ပြေတယ်၊ ဒါတင် ဘယ်ဟုတ် မလဲ လေဆိပ်၊ ကားဂိတ် သွားရတာလည်း အဆင်ပြေသလို လေယာဉ်လက်မှတ်၊ ကားလက်မှတ်ပါ အားလုံး အဆင်ပြေလို့ပါကွယ်' ဟုပြောသံကြားရတတ်သည်။

အသက် ၁၈ နှစ်ပြည့်ပြီး ဧရာဝတီတိုင်းတွင်းရှိ မြို့အသီးသီးမှ အမျိုးသားဝန်ထမ်းလေးတွေ ခန့်ထားပြီး နေ့စားစရိတ်ငြိမ်းစီစဉ်ပေးခြင်း၊ လက်ထောက် မန်နေဂျာမှဟိုတယ်သင်တန်းပို့ချခြင်း၊ စည်းကမ်း ပိုင်းဆိုင်ရာ များ သင်ကြား ပို့ချပြောပြပေးထားခြင်း၊ ဟိုတယ်ပိုင်ရှင်မှ ဝန်ထမ်းများ နေ့စဉ် ဘုရားရှိခိုး၊ ငါးပါး သီလယူ၊တရားနာအကျင့်ပြုလုပ်ပေး ထားခြင်း၊ နေ့စဉ် ဧည့်သည်အိပ်ခန်း၊ ရေချိုးခန်း၊ စားသောက်ခန်း၊ ဧည့်ကြို ဝန်ေ ဆာင်မှု၊ လုံခြုံရေး၊ ပြုပြင်ထိန်းသိမ်းရေး၊အချက်အပြုတ် မီးဖိုချောင်တို့ကို စစ်ဆေးပေးခြင်း၊ အခါအားလျော်စွာ ပိုင်ရှင်ကိုယ်တိုင် စစ်ဆေးမှုများ ပြုလုပ်၍ လိုအ ပ်သည်တို့ ကို ညွှန်ကြားပြ သခြင်း တို့ကို လည်း ပြုလုပ်ပေးခဲ့ပါသည်။

Read more: ရိုးသား၊ ကြိုးစား၊ စံပြုထားတို့ ဧရာဝတီသား

june-short-story

သင်္ကြန်အားလပ်ရက်တွေ မွေးရပ်ဇာတိက အိမ်ကို သင်းသင်း အလည်ပြန်ရောက်ဖြစ်တော့ အိမ်မှာ မေမေနဲ့ အတူနေထိုင်တဲ့ မမကြီး ရယ်၊ သူ့ သားလေးရယ် မြူးထူးပျော်ရွှင်စွာ ဆီးကြိုကြလေတယ်။ သင်းသင်းမွေးဖွားခဲ့ရာ အိမ်ကြီးကလည်း လှလှပပ ခံ့ထည်စွာပဲ ကြိုဆိုနေတာပါပဲ။ အပြင်ဘက်အုတ်နံရံ က ဝင်ဝင်ချင်း ညာဘက်မှာ အမိုးအကာလေးရှိ နေတယ်။ အိမ်မကြီးရယ်၊ ဘေးက

Read more: နောက်တစ်ကြိမ် အိမ်ပြန်လာခွင့် ရတဲ့အခါ

cityofnight

Read more: ညကလေးမြို့

article01

Read more: အိမ်ကလေး

Go to top