Illustration

ကျွန်မတို့မှာ မောင်နှမ ခုနစ်ယောက်ရှိပါသည်။ ဖေဖေ၊ မေမေနှင့်ဆို မိသားစုကိုးယောက်ဖြစ်သည်။ ဖေဖေက မေမေ့ထက် အသက်ဆယ့်တစ်နှစ်ကြီးသည်။ ဖေဖေနှင့်အိမ်ထောင်ကျချိန်မှာ မေမေက အခြေခံ တန်းမြင့်ကျောင်း (ယခုအခေါ်ဆယ်တန်း) အောင်မြင်ပြီးစ အရွယ်လေးသာ ရှိပါသေးသည်။ မိဘများနှင့် အစ်ကိုနှစ်ယောက်က မေမေ့ကို အရာရာ ချုပ်ချယ်သည်ဟု သိရပါသည်။ ဆံပင်ရှည်တွေကို ဘယ်တော့မှ ဖားလျားချခွင့်မပြုဘဲ ဆီလိမ်းကာ အမြဲကျစ်၊ ထုံးနှောင်ထားရသည်။ ခေတ်ပေါ်အကျီ၊ ဂါဝန်လှလှလေးများ ဝတ်ခွင့်မပြု ဘဲ ရင်ဖုံး၊ လက်ရှည် နှင့် လုံချည်ကိုခြေမျက်စိ ဖုံးအောင်ဝတ်ရသည်။ ကျောင်း သွားလျှင်အစ်ကို နှစ်ယောက်က တစ်လှည့်စီ ကျောင်းဝင်းထဲထိ လိုက်ပို့သည်။ ကိုယ်တိုင် စက်ဘီးမနင်းရ။ ကျောင်းဆင်းချိန် ကွက်တိလာစောင့် ခေါ်သည်။ ဘယ်မှမသွား၊ မလာရ။ မိန်းကလေး သူငယ်ချင်း များ ပင်လျှင် အိမ် လာ လည်သည်ကို မကြိုက်။ အခြား ကျောင်းသူတွေ အိမ်မှာလို အိမ်အတွင်း ခန်းထဲ ရင်းနှီးစွာ ဝင်ထိုင်၊ လွတ်လပ်စွာစကားဆိုခြင်း များမပြုလုပ်ရ။ ဧည့်ခန်းမှာပင် ထိုင်စေကာ မိဘနှစ်ပါးက အနားက ထိုင်စောင့်နေ တတ်သည်။ 

စာပေ ဂီတ၊ သဘင်အားကစားတို့နှင့် စပ်လျဉ်း၍ ကျောင်းမှာ ဘာတစ်ခုမှ ပါဝင်ဆင်နွှဲခွင့်မပြုပါ။ မေမေက ကဗျာ၊ ဝတ္ထုများ ရေးလိုသည်။ ကျပန်းစကား ဝင်ပြောချင်သည်။ ကြက်တောင် ဝင်ရိုက်လိုသည်။ ဘာတစ်ခုမှ လုပ်ခွင့်မရသည့်အဆုံး ထိုထိုသော တင်းမာသည့် ချုပ်ချယ်မှုများအောက်က ရုန်းထွက်ရန် နည်းလမ်းရှာသည့်အခါ ဖေဖေက အဓိကဇာတ်လိုက်အဖြစ် ပါဝင်လာတော့သည်။


' အဖေငယ်ငယ်တုန်းက'ဟု အစချီကာ ဖေဖေက သူ့ငယ်ဘဝဖြတ်သန်းမှုများအကြောင်း မကြာခဏ ပြောပြတတ်၍ ကျွန်မတို့ အလုံးစုံကို သိခွင့်ရခဲ့သည် ချည်းသာ။ ငယ်ဘဝပုံပြင်များပြောပြနေစဉ် ဖေဖေ့အသံက အားသွန်တက်ကြွနေပြီး မျက်လုံးများသည်လည်း ရွှန်းလက်တောက်ပ နေတတ်သည်။ အထူးသဖြင့် 'သမီးတို့အမေနဲ့တွေ့တုန်းကပေါ့'ဟု အစချီလာလျှင်တော့ လူကြီးလူအိုတစ်ယောက်၏ ဝေသီသီမှုန်မှိုင်းမှိုင်း မျက်လုံးများမဟုတ်တော့ဘဲ ဖေဖေ့မျက်လုံးများသည် သိသိသာသာကြီးပင် တောက်ပလာတတ်သည်။

ကျန်းမာရေးမှူးပေါက်စလေး ဖေဖေသည် မေမေတို့ခြံနှင့်ကပ်လျက် ခြံဝင်းမှာ ခေတ္တနေထိုင်ရစဉ် စာမေးပွဲအပြီး နွေရာသီကျောင်းပိတ်ရက်မှာ အိမ် ကဖွင့်သည့် ရွှေဆိုင်မှာ ထိုင်နေတတ်သည့် မိန်းကလေး ကို မြင် လျှင်မြင်ချင်း မျက်စိကျသွားခဲ့သည်။ သည် မိန်းကလေးက ဖေဖေတွေ့ဖူးသည့် ပွင့်လင်းရဲတင်း သည့် နာ့စ်မများနှင့် မတူ။ ပကတိဖြူစင်ရိုးသားသည့် နုနုနယ်နယ် ကျောင်းသူလေး ဖြစ်ပုံရသည်ဟု ဖေဖေက ကောက် ချက်ချသည်။ ပြီးတော့ သည်မိန်းကလေးက ရွှေဆိုင်မှန်ပုံးထဲက ရွှေထည်ပစ္စည်းများအပေါ် ရောင်းချရန် လည်းကောင်း၊ ဝတ်ဆင်ရန်လည်းကောင်း စိတ်ဝင်စားမှု အလျဉ်းမရှိ။ မျက်လုံးအစုံက အိမ့်အပြင် ဘက် လမ်း မကြီးပေါ် မှာ စက်ဘီးစီး၊ စကားဆိုလျက် ဖြတ်သန်းသွားလာနေသည့် ရွယ်တူမိန်းကလေးတွေကိုသာ ငေးကြည့်နေတတ်သည်။

Read more: မိသားစု ရုပ်ရှင်

zar

ခရစ္စမတ် ကာလမှာ နေရာတိုင်းက အမျိုးသား အမျိုးသမီးတွေဟာ သူတို့ရဲ့ ဘုရားကျောင်းတွေမှာ စုဝေးရောက်ရှိလာကြတယ်။ သူတို့ရင်းနှီးကျွမ်းဝင်တဲ့ ကမ္ဘာကြီး ထူးခြားအံ့သြဖွယ်ရာတွေနဲ့ အသစ်တဖန် အ သက်ဝင်လာပုံကို ချီးမွမ်းကြဖို့ပါပဲ။ ကျွန်တော် အနှစ် သက်ဆုံး၊ အမြဲ သတိတရရှိနေခဲ့တဲ့ ဒီ ခရစ္စမတ် ပုံပြင်လေးက ထူးခြားလှချည်ရဲ့လို့တော့ တိတိကျကျမဆိုနိုင်ပါဘူး'

ငယ်ရွယ်လှတဲ့သင်းအုပ်ဆရာလေးရဲ့ ကြုံတွေခဲ့ရတဲ့ အဖြစ်အပျက်ပါ။ သူ့ရဲ့ဘုရားကျောင်းဟာ အလွန်အိုမင်းဟောင်းနွမ်းနေခဲ့ပါပြီ။ ဟိုးအရင်နှစ်တွေတုန်း က ဘုရားကျောင်းလေးဟာ စည်ကားသိုက်မြိုက်ခဲ့ သေး တာပေါ့။ ကျော်ကြားတဲ့ အမျိုးသားကြီးတွေက တရားဟောစင်မြင့်ပေါ်ကနေ ဟောပြောတယ်။ ဆုတောင်းတယ်။ မုန့်၊ စပျစ်ဝိုင်ဆက်ကပ်တဲ့ပွဲတော်အခမ်းအနားမစ ခင်အချိန်မှာပါ။ ဆင်းရဲ၊ ချမ်းသာအားလုံး အ တူ တူပဲ အဲဒီနေရာမှာ ဝတ်ပြုဆု တောင်းကြတယ်။ ဘုရားကျောင်းလေးကို လှပစွာတည်ဆောက်ထားခဲ့ကြတယ်။ အခုတော့ မြို့ငယ်လေးမှာ ဘုရားကျောင်းလေး ရပ်တည်နိုင်ခဲ့တဲ့ ကောင်းမွန်တဲ့နေ့တွေ ကျော် လွန် သွားခဲ့ပြီ။ သင်းအုပ်ဆရာနဲ့ သူ့ရဲ့ ငယ်ငယ်ရွယ်ရွယ်ဇနီးသည်ဟာ သူတို့ရဲ့ တကျွိကျွိတကျွတ်ကျွတ်မြည်နေတဲ့ ဘုရားကျောင်း လေးအတွက် ယုံကြည်နေဆဲပါပဲ။ ဆေးရောင် တွေခြယ်မယ်။ တူလို အိမ်ဆော က် ပစ္စည်းမျိုးတွေ စုံလင်စွာ သူတို့ မှာရှိတယ်။ သူတို့ ယုံကြည်မှုပြင်းထန်မယ်။ ဒါဆိုရင် ဘုရားကျောင်းလေး အသက်ပြန်ဝင်လာမှာပါတဲ့။ သူတို့ အတူတကွ အလုပ်လုပ်ကြတော့တယ်။

Read more: ဇာနားကွပ် စားပွဲခင်းလေး

home

ကျွန်မ အပြင်မှ ပြန်လာသည့် အချိန်တိုင်း ကြိုဆိုနေမည့် သူတစ်ဦးကို မျှော်လင့်တောင့် တမိသည်။ သို့သော်လည်း မရှိခဲ့ပါ။ မိဘမဲ့ဂေဟာ တစ်ခု ကနေ ကြီးပြင်း လူလားမြောက်လာရသူတစ်ဦးပေ မို့ ကျွန်မ အားကြိုဆို မည့်သူမဲ့နေ သည်မှာ မဆန်း ပြားလှပေ။ သို့သော် လိုချင်သည်။ တောင့်တမိသည်။ ဒီအတွက် ကျွန်မမှာ အပြစ်မရှိနိုင်။ လောကကြီးထဲ လူဖြစ် လာခြင်းသည် ကံကြမ္မာ၏ ဖန်တီးခံရန် အတွက်လား။နိုး

Read more: လှပသော ဘ၀ အိမ်ကလေး

house

အမိုးနီနီကလေး။
ဒီလမ်းကိုဖြတ်လာတိုင်း
အမိုးနီနီကလေးက
ို မြင်ရမယ်ဆိုတဲ့စိတ်နဲ့ မီးငယ်စွဲလမ်း
မှတ်မိနေခဲ့တယ်။ အဲဒီတုန်းက
သူနဲ့ မီးငယ်အရွယ်ဟာ
 မတိမ်းမယိမ်းပါပဲ။ ဒါပေမဲ့
မီးငယ်စိတ်ထဲတော့ သူဟာ
အတော်ကို အသက်ကြီးနေသလို။
လူကြီးတစ်ယောက်လို။ မီးငယ်နဲ့
ဘဝချင်း လားလားမှ
မအပ်စပ်တဲ့အရွယ်နဲ့
လောကခြားနေတဲ့
လူတစ်ယောက်လို ထင်ခဲ့မိတယ်။
ခုအရွယ်ကိုရောက်လာမှ
တစ်ခါတစ်ခါ တွေးမိတိုင်း မီးငယ်တအံ့တသြပြုံးမိတယ်။

Read more: တစ်ခါက အမိုးနီနီကလေး အောက်မှာ

home

တတိယမြို့တော်၏ တိုးချဲ့မြေနေရာ ဆိုသော်လည်း အထင်ကရ တက္ကသိုလ်ကြီးနှင့် လည်းနီး၊ အရှေ့၊ အနောက်၊ တောင်၊ မြောက် လမ်းများကလည်းကောင်း၊  အရှေ့လှည့် ထောင့်ကွက် အုတ်တံတိုင်းကာ ရံ ထားသည့်အပြင် နံကပ်နှစ်ထပ် ကားဂိုဒေါင်လေးပါ ပါလိုက် သေးဆိုတော့ သည်အိမ်ရဲ့ တန်ကြေးက တရိပ်ရိပ် တောင်မဟုတ် တစ်ရှိန်ထိုး မြင့်တက်လာသည်။သည်အိမ် မဖြစ်ခင်က တဲသာသာအိမ်ကလေး သာပါသောရွှံအလူးလူးနှင့် အရိပ်မဲ့ မြေကွက်ကလေး၏ တန်ကြေးက ရှစ်သိန်းခွဲတဲ့။အဖေနှင့်အမေက နယ်မြို့ကလေးရှိ ၁ဝဝx၈ဝ ပေ မြေကွက်ပေါ်ရှိ နှစ်ထပ်တိုက်ကြီးကို၁၃သိန်းနှင့် ရောင်းပြီး  တတိယမြို့တော်က မြေကွက်ကလေးကို ဝယ်တော့ ဟိုင်းလပ်ကားတစ်စီးတောင် ရလိုက်သေး သည်။နယ်မြို့လေးက မြေကွက်ကို ဝယ်တုန်းက ကျပ်ရှစ်ထောင်ဟု  အမေပြောတော့ ကျွန်တော်က အံ့သြမဆုံး။ ရွှေဈေးနှင့် နှိုင်းပြတော့ ၂ဝ ကျပ်သား။ တတိယမြို့တော်က အိမ်ကလေးဝယ်သည့် အချိန်ကျေ တာ့ ရွှေ  ၄ဝကျပ်သားလောက်ဖြစ်ပြီ။

Read more: တတိယ မြို့တော်ကအိမ်

Go to top