str

မျောက်တွေပါ ပါဝင် လာတဲ့ ဟော့ဒီသမိုင်းဦးစစ်ပွဲကြီးဖြစ်လာရတာ ဒီမိုကရေစီစံနှုန်းကို တန်ဖိုးမထားလို့…ပြီးတော့ အကြီးအကဲခေါင်းဆောင်ဆိုတဲ့ လူက ကိုယ်ချမှတ်တဲ့ စည်းကမ်းကို ကိုယ်ကိုယ်တိုင် ချိုးဖောက်ခဲ့လပိုဲ့ဗျ။ တရားခကံ ကျုပဆ် ရာ ရာမလည်း မဟတု ဘ်ူး ။ ကျုပ်မီးရှို့ခဲ့တဲ့ သိန်းခိုပြည်က ရာဝဏ လည်း မဟုတ်ဘူး။တရားခံက ဟိုအဘိုးကြီးဗျ။ ကျုပ်ဆရာညီအစ်ကိုနှစ်ယောက်ရဲ့ ဘိုးတော်ရသေ့ကြီးလေဗျာ။ ကျုပ်ကမျောက်ဆိုပေမဲ့ လူ့အခွင့်အရေးကိုတော့ ကောင်းကောင်းနားလည်တယ်ဗျ ။ ပြီးတော့ ဒီမိုကရက်တိုင်ဇေးရှင်းကိုလည်း နားလည်တယ်။ တကယ်တော့ ကျုပ်တို့ စစ်ပွဲကြီးဖြစ်ရတာ ဒီမိုကရက်တိုင်ဇေးရှင်း မဖွံ့ဖြိုးလို့၊ ကတိမတည်လို့၊ ရွေးကောက်ပွဲစည်းကမ်းတွေ ချိုးဖောက်ခဲ့လို့ ဖြစ်ရတာပဲဗျ။ စဉ်းစားကြည့်လေဗျာ။ အဲ့ဒီလေးတင်ပွဲရဲ့ စည်းကမ်းကို ဘိုးတော်ရသေ့ကြီး ကိုယ်တိုင်သတ်မှတ်ထားတာဗျ။ (၁) သီတာဒေဝီပုံပါတဲ့ ဖိတ်စာနဲ့တကွလာရောက်ရမယ်။ (၂) ခုနစ်ပြည်ထောင်ပဒေသရာဇ်မင်း စစ်စစ်ဖြစ်ရမယ် ။ ကျုပ် စဉ်းစားမိသဗျ။ တကယ်လို့ သူကိုယ်တိုင်ချမှတ်ခဲ့တဲ့ ဒီစည်းကမ်းတွေကိုသာ ဘိုးတော်ရသေ့ကြီးက တိတိကျကျ တင်းတင်းကျပ်ကျပ် လိုက်နာစေခဲ့ရင် အခုလို ရာဇဝင်တွင်တဲ့သွေးချောင်းစီးမှုမျိုးကို ကျုပ်တို့ ရှောင်လွဲနိုင်ခဲ့မှာ. . .။ 

Read more: ချားဒါဝန်ကိုပြောပေး ဟာနုမာန်လူမဖြစ်ချင်ဘူးလို့

1-2

ပြောစရာစကားတို့ ကုန်သွားပြီ။ အတွေ့အကြုံဗဟုသုတ၊ မြင်ခဲ့သမျှ ကြားခဲ့သမျှတွေကို အမေတို့ကို ပြောပြချင်နေခဲ့တာလေ။ ၁၅ရက်ကြာ နှုတ်စောင့်စည်း ခြင်းဖြင့် တည်တံ့ခဲ့ရသမျှ ကရားရေလွှတ် သွန်ချသလို နှစ်နာရီ နီးပါးကြာအောင် စကားတွေတရစပ်ပြောပြီး တော့မှ အာခေါင်တွေ ခြောက်မှန်း သိတော့တယ်။ ထိုင် ရာကထလို့ ရေတစ်ခွက် ယူသောက်။ အမေက သူ့သမီး အဖြစ်ကို ပြုံးပြီးကြည့်နေတယ်။ မောင်ကြီးကတော့ ခပ်မဆိတ် အပြုံး လှစ်ပြပြီး ခုမှ 'နားအေးပါးအေးရှိတော့ တယ်။ ခရီးပန်းလာလို့ တိတ်တိတ်ဆိတ်ဆိတ်နဲ့ တစ်ရေး လောက် အိပ်ပါရစေတော့ 'လို့ လှမ်းပြောအပြီး ကိုယ် နှစ်ပတ်လည်လို့ ခေါင်းရင်းဘက် ဘုရားစင်ရှေ့ကိုအ ရောက် လှဲအိပ်ချလိုက်ပြီ။ နောက်ထပ် ရေတစ်ခွက် အဝသောက်ရင်း နောက်ဆုံးရေတစ်ငုံ မျိုချအပြီး မောင် ကြီးဆီကို တစ်စုံတစ်ရာ ပြန်ပြောဖို့ ပါးစပ်အပြင်မှာ အမေက 'သမီးရယ် ဟုတ်ပါတယ်။ ညည်း သွားနားပါ တော့အေ။ ငါလည်း နားအေးပါးအေး ခဏလောက် လှဲပါရစေ 'လို့ တောင်းဆို သူ နောက်တစ်ယောက်တိုးတော့ ကျွန်မလည်း နှုတ်ခမ်းစူ ခြေကလေး ခပ်ဆောင့် ဆောင့်လုပ်ရင်း အိပ်ခန်းထဲဝင်ကာ အိပ်ရာပေါ်ကျောခင်း လိုက်တော့တယ်။ အိပ်ရာပေါ် ရောက်သွားမှ ' အမေ ဒီမှာ သမီးနဲ့လာလှဲလေ'လို့ အပြောမှာ အမေက ညည်းဘာသာညည်း အေးအေး နားစမ်းပါဦး။ ငါ မောင်ကြီးအ နားမှာ ဝင်လှဲ လိုက်မယ်တဲ့။ ခရီးကပြန်လာတဲ့ ကျွန်မကို တစ်ယောက် တည်း အေးအေးဆေးဆေး အနားယူစေ ချင်ပုံရတယ်။ ဒီလိုဆိုတော့ မွေ့ရာကို မျက်နှာအပ်လိုက်၊ မှောက်ချည်လှန်ချည်လုပ်လိုက်နဲ့ သက်သောင့်သက်သာ ဖြစ်အောင် သေသေချာချာ လှဲအိပ်တော့တယ်။

Read more: မှို့သွပ်အိပ်ရာလေး

lv

နေဝင်ရီတရောအချိန်လေးမှာ အင်မတန်လှပတဲ့ decoration တွေနဲ့ အနုပညာဆန်ဆန် ထုဆစ်ထားတဲ့ ဥယျာဉ်လေးတစ်ခြံဆီ ညလယ်ဝိုင်ရောက်တယ်။ လမ်းကလေးက ခရေနံ့လေးတွေ ထုံသင်းကြိုင်လှိုင်နေ လေရဲ့။ နှစ်ထပ်တိုက်အိမ်လေးရဲ့အပေါ်ထပ်က ဝရန်တာ ကျယ်ကျယ်လေးကို လမ်းကလှမ်းမြင်ရုံနဲ့ ညလယ်ဝိုင် တိတ်တိတ် ကျိတ်ကာသဘောကျသွားတယ်။ လသာသာ ညတွေမှာ အဲဒီဝရန်တာလေးမှာ ဂစ်တာထိုင်တီးရရင် ဘယ်လောက်များ ကောင်းမှာပါလိမ့်ပေါ့။ ဥယျာဉ်ခြံလေးရဲ့ပိုင်ရှင်သူငယ်ချင်း ချစ်ဆုနွယ်က 'လာလာ ညလယ်ဝိုင်… ဟဲ့ကောင်မလေးတွေ အိမ်ထဲစီးတဲ့ ဖိနပ်လာပေးစမ်း'လို့ တစ်ဆက်တည်း လှမ်းအော်တဲ့အခါ ညလယ်ဝိုင်မျက်ခုံးပင့်တက်သွားတယ်။ အိမ်အဝင်ပေါက်ဘေးမှာချထားတဲ့ ဖိနပ်တွေထဲက တစ်ရန်ထုတ်ပြီး ညလယ်ဝိုင် ခြေထောက်အောက် လာချပေးတာလေ။ စီးလာတဲ့ ရှူးဖိနပ်လေးကို အိမ်အကူမလေးက ထိုင်ချွတ်ပေးမယ့်ဟန်လုပ်လာလို့ ညလယ်ဝိုင်ခြေထောက်တွေ နောက်ဆုတ်ရင်း 'အို ကျွန်မဘာသာ လုပ်ပါ့မယ်'လို့ပြောပြီး ကိုယ့်ဘာသာ လဲလှယ်စီးလိုက်ရတယ်။ ချစ်ဆုနွယ်ရဲ့ အိမ်ကြမ်းပြင်ဟာ မှန်လိုအရိပ်တွေထင်နေတဲ့အထိ ပြောင်လက် တောက်နေတယ်။ အိမ်တစ်ပြင်လုံးဟာ ဖိတ်ဖိတ် တောက်နေတာပဲ။

Read more: ညလယ်ဝိုင်ရဲ့ အိပ်မက်အိမ်

Illustration

တစ်သက်လုံးနေလာခဲ့တဲ့ အိမ်တွေကလေး၊ ငါး၊ ခြောက်အိမ်လောက်တော့ ရှိလိမ့်မှာပါ။ အဲဒီထဲမှာ အိမ်ပိုင်တွေရော၊ အငှားတွေရော စုံနေတာပါပဲ။ အိမ် ပုံစံအမျိုးမျိုး၊ နေရာဒေသအမျိုးမျိုးမှာပေါ့။ ပထမဦးဆုံးနေ ခဲ့ရတဲ့ အိမ်ကတော့ ရှင်းပါတယ်။ မိဘအိမ်ပါပဲ၊ အရွယ်ရောက်လာလို့ အိမ်ထောင်ရက်သားကျတဲ့အခါ ယောက္ခမအိမ်လိုက်နေတယ်။ အဲဒီနောက် မိန်းမရဲ့အစ်မနဲ့ အဆင်မပြေဖြစ်ပြီး အိမ်ခွဲနေကြတယ်။

Read more: နောက်ဆုံး အိမ်ကလေး

febshort

ပျော်ခြင်းလည်းမမည်၊ ဝမ်းနည်းခြင်းလည်း မဟုတ်သော ခံစားမှုတစ်မျိုးကို သူမခံစားနေရသည်။ သူမစိတ်နှလုံးတွင် အံ့သြစိတ်တို့ဖြင့် ပြည့်နှက်နေသည်။ ကြည်နူးခြင်းလို့လည်း ခေါ်၍ရနိုင်သည်။ ထိုကဲ့သို့သော ခံ စားမှုမျိုးကို သူမတစ်သက်တာ တွင် တစ်ခါမျှ မကြုံဖူးပေ။ စင်စစ်တော့ သူမသည် နူးညံ့ပျော့ပျောင်း သော မိန်းကလေး တစ်ယောက် မဟုတ်ပေ။ စိတ်ကူးယဉ်ဖို့ဆို ရင် ပိုဝေးသည်။ သူမကိုချစ်သော သူမ၏ဖေဖေ၊ မေမေ နှင့် သူမ ချစ်သူမောင်။ ထိုသူတို့မှလွဲ၍ ကျန်မိတ်ဆွေ၊ ဆွေမျိုးအားလုံးက သူမကို မာရေကျောရေနိုင်သူဟုသာ သတ်မှတ် သည်။ ထို အသိအမှတ်ပြုမှုအတွက် သူမကိုယ်တိုင်ကလည်း နှစ်သက် ကြည်နူးနေ မိသည်။

Read more: ဘွန်ဆန်နီ

Go to top