robot 1

လူတွေက ကျွန်မကို 'စက်ရုပ်'တဲ့။ လူတွေက ဆိုတာထက် ကျွန်မရဲ့ အိမ်သားတွေကဆိုရင် ပိုမှန် လိမ့်မယ်ထင်ရဲ့။

ကျွန်မ   မနက်ငါးနာရီခွဲမှာ အိပ်ရာထလေ့ရှိတယ်။ ကျွန်မအတွက် နှိုးစက်ဆိုတာ ဘယ်တုန်းကမှ  မလိုအပ်ခဲ့။  ညဘယ်ချိန်မှပဲ အိပ်အိပ်... ထလိုက်တဲ့ အချိန်  ဘယ်သူ့ အကူအညီမှမပါဘဲ   စိတ်ထဲမှာ သတ် မှတ်လိုက်ရုံနဲ့ ကျွန်မနိုးထနိုင်တတ်တယ်။ သိတတ်စ  အရွယ်ကတည်းက  တစ်ဦးတည်း ခွဲအိပ်လေ့ရှိတဲ့  ကျွန်မ၊   အိပ်ရာ နိုးပြီဆို တာနဲ့   ဘယ်လောက်အလုပ်ရှုပ် ရှုပ်၊  အရေးကြီးပါစေ၊  ငါးမိနစ်အတွင်း အိပ်ရာသိမ်း ခြင်း ပြီးဆုံးသွားတတ်တယ်။ ကိုယ်လက်သန့်စင်၊ ဘုရား ပန်းလဲ၊ ညကစီစဉ်ထားတဲ့ အသားဟင်းတစ်ခွက်၊ အရည်သောက်တစ်ခွက်၊ ထမင်းချိုင့်ပြင်ဆင်ပြီး အဓိဋ္ဌာန်အတိုင်း (ကျွန်မအိမ်မှာမရှိချိန်မှအပ) မပျက် မကွက်  ဆွမ်းကပ်ပြီးချိန်မှာ အချိန်က မနက်ခုနစ်နာရီခွဲရှိ သွားပြီ။  ရေချိုးပြီး ဗိုက်ထဲက တကြုတ်ကြုတ်မြည်နေတဲ့ စက်သံတွေ နေသားကျသွားအောင်  အသင့်ဖျော်ထား တဲ့ ကွေကာတစ်ခွက်ကို တစ်ဘရိတ်ထဲ မော့ချလိုက် ပါတယ်။ သနပ်ခါးလူး၊ မျက်နှာကို ရောင်စုံခြယ်သပြီး တာနဲ့ ညက  အသင့်ပြင်ဆင်ထားတဲ့  ယူနီဖောင်း အစုံကို စမတ်ကျကျဝတ်ပြီးချိန်မှာ လက်ဆွဲအိတ်ကိုလွယ်၊ အသင့် ပြင်ထားတဲ့ ထမင်းချိုင့်နဲ့ ကော်ဖီဘူးပါတဲ့ ခြင်း ကိုဆွဲပြီး  နှစ်လက်မမြင့်တဲ့  ဒေါက်ဖိနပ်ကို ပေါ့ပါးစွာစီး၊ လေးလွှာက အပြေးဆင်းခဲ့တယ်။  ကျွန်မ ဖယ်ရီစောင့် နေကျ  ဖယ်ရီ  stand မှာ အချိန်ကြည့်လိုက်တော့  နံနက်ရှစ် နာရီ။ အချိန်တိကျစွာနဲ့  အတိမ်းအစောင်းမခံ တတ်တဲ့ ဖယ်ရီကားဟာ   ကျွန်မကိုဘယ်တော့မှ မစောင့် ခဲ့ရသလို   အချိန်ကိုက်ရောက်လာတတ်တဲ့   ဖယ်ရီကို လည်း အလွန်ဆုံး   သုံးမိနစ်ထက်ပိုပြီး  စောင့်ရလေ့မရှိခဲ့ ပါဘူး။ ဒါကြောင့် နောက်ကျရင် စောင့်လေ့မရှိတဲ့ ဖယ်ရီကားဟာ ကျွန်မကိုချန်ပြီး မသွားခဲ့ရဖူးပါ။


 ကျွန်မအလုပ်ခွင်ဘက်ကို  ရောက်ချိန် အဝင်ဝက အမြဲနှိပ်ရတဲ့     Finger Print    မှာ ကျွန်မရဲ့ ရုံးတက်ချိန် ကိုးနာရီတိတိဖြစ်နေတတ်သလို ဘဏ်မဖွင့်ခင် နာရီ ဝက်အလိုမှာ  ကျွန်မအလုပ်စားပွဲမှာ လွတ်လပ်ပေါ့ပါး စွာ ကြွကြွရွရွလေးနဲ့ အဆင်သင့်ဖြစ် နေခဲ့ပြီ။ ကားပေါ်မှာ အနည်းငယ်ပွယောင်းသွားတဲ့ ကျွန်မရဲ့ဆံပင်ရှည်ကို သပ်ရပ်သွားအောင် ပြင်ဆင် ပြီး  computer ခလုတ်ဖွင့် report တင်ချိန်ကစပြီး ကျွန်မရဲ့ လှုပ်ရှားမှုက ရပ် မနေခဲ့တော့ပါ။
 ကျွန်မရဲ့ နေ့လယ်စာဟာ တစ်ခါတလေ  မွန်းလွဲ တစ်နာရီ၊  နှစ် နာရီဖြစ်သွားတတ်သလို  အဖော်သူငယ် ချင်းက ဆာလှပြီ၊ စားရအောင်ဆိုတဲ့၊  စိတ်ဆိုးသလို သတိပေးသံကြားမှ နာရီကြည့်မိတယ်။ မနက်မိုးလင်း သည်မှ ကွေကာတစ်ခွက် သောက်ထားတာကလွဲလို့  အစာ မရှိသေး။ ဆာသလိုရှိပေမဲ့   ဆာလောင်မှု ဒဏ်ကို ခံနိုင်နေသေးတယ်။  မဖြစ်မနေ စားရမှဆိုတဲ့ ခံစားမှု မျိုး ဘယ်တော့မှ မရှိခဲ့။   ဒါကြောင့် လုပ်ငန်းအတူလုပ်သူ တွေက   You   ကြည့်ရတာ တစ်မျိုးပဲ'လို့ ပြောကြတယ်။ ဟုတ်တယ် ကျွန်မက သီးသန့်သူငယ်ချင်း တပူးတွဲ တွဲမလိုချင်ပါ။ သူငဲ့ ကိုယ်ငဲ့နေရမည်မျိုး မလိုချင်။ ကျွန်မက တခြားလူအတွက် ထိခိုက်မှုမရှိတတ်ပေမဲ့ ကျွန်မကိုအလွန်ချစ်တဲ့၊ ထမင်းစား အမြဲစောင့်လေ့ရှိ တဲ့ သူငယ်ချင်းကိုတော့ အားနာမိတယ်။  'နောက်   You  ကိုယ့်ကို ထမင်းစား  မစောင့်နဲ့ သိ လား။ ကိုယ်က စားချင်မှစားမှာ' ပြောမိတော့  ကျွန်မကို  သူငယ်ချင်းက 'ဒါ ကြောင့် စောင့်တာပါ'တဲ့။  ' အဲ့လိုသာ သတိပေးမယ့်သူမရှိရင်  You  ဘယ်အချိန်မှများ ထမင်းထစားမလဲ မသိဘူး'လို့ စိတ်ဆိုးသလို ပြော တတ်တဲ့ ကရုဏာသံကြားရတယ်။ ကျွန်မပြန်ပြောမိ သည်က . . . 'သေသွားအောင်ထိတော့  မနေပါဘူး You   ရယ် ... နေနိုင်နေသေးလို့ပါ။ မနေနိုင်တော့တဲ့ အချိန်ကျတော့လည်း စားမှာပေါ့'လို့  ပြောရတယ်။   You တို့ ထမင်းစားတာ သိပ်မြန်တာပဲ'တဲ့။ ဟုတ် တယ်။ ကျွန်မ ထမင်းစားတဲ့အခါမှာလည်း အချိန်ဆွဲ၊ စကားပြောရင်း စားလေ့မရှိဘူး။ အစားကိုလည်း အများကြီးမစား ဘူး။One Plate ပဲ။ ပန်းကန်ပြားထဲ မှာ ထည့်ထားတဲ့  ထမင်းနည်းရင်နည်း၊  များရင်များ သွားပါစေ၊  ထပ်ယူလေ့၊  ထပ်ထည့်လေ့မရှိဘူး။  ထမင်း စား ပြီးသွားတာနဲ့ပေသွားတဲ့ နှုတ်ခမ်းနီကို  ပြန်ဖျက်ပြီး  အသစ်တစ်ဖန်ပြန်ဆိုးတတ်တယ်။ ဘေးက သူငယ် ချင်းတွေက ' You မျက်နှာမှာ ဘယ်တော့မှ  မိတ်ကပ်၊  နှုတ်ခမ်းနီမပျက်ဘူး။ ချွေးလည်းမထွက်ဘူး။  ဘယ်လောက် အလုပ်ရှုပ်ရှုပ်ကြည့်နေတာ တစ်နေကုန် ဒီအတိုင်းလေးပဲ' တဲ့။ ထမင်းစားပြီး နာရီဝက်အတွင်းမှာပဲ ကျွန်မြ ကိုက် တဲ့ပေါ့ဆိမ့်၊ သကြားမပါတဲ့ နို့ဆီနဲ့သာဖျော်တဲ့ လက် ဖက်ရည်ဖျော့ဖျော့တစ်ခွက်   အချိန်မှန်ရောက်လာတာနဲ့ တစ်ဘရိတ်ထဲ သောက်ချလိုက်တယ်။ သူများတွေက လက်ဖက်ရည်သောက်တယ်ဆိုတာ အရသာခံပြီး   တော့ ဖြည်းဖြည်းချင်းသောက်ရတယ်တဲ့။ ဟင့်အင်း ကျွန်မကတော့ လက်ဖက်ရည်၊  ကော်ဖီကို အလုပ်စားပွဲ မှာပဲသောက်သောက်၊ ဆိုင်မှာပဲ သောက်သောက်၊ အချိန်ဆွဲသောက်လေ့မရှိဘူး။ ချစ်သူကတော့  ပြောဖူး တယ်။ လက်ဖက်ရည်၊ ကော်ဖီဆိုတာ အေးသွားရင် သောက်မကောင်းဘူးတဲ့။ ကျွန်မကတော့ ဒီလိုမထင် ပါဘူး။ ပူမှအေးမှ၊ ချိုမှခါးမှ၊  ဘယ်တော့မှသတ်မှတ် မထားဘူး။ ပူပူအေးအေး၊ အရသာကောင်းကောင်း မကောင်းကောင်း   လက် ဖက်ရည်ကောင်းဆိုပြီးတာပါပဲ။  ငယ်ငယ်တက္ကသိုလ် ကျောင်းသူဘဝတုန်းကတော့Science Canteen  မှာထိုင်ထိုင်၊ လက်ဖက်ရည်ပေါ့ကျ (သို့)နက်စ်ခါးခါးတစ်ခွက်ကို တရှိုက်မတ်မတ် သောက်လေ့ရှိတဲ့  ကျွန်မ၊  ခုချိန်မှာတော့  နှလုံးမကောင်း တဲ့ အတွက်  ပေါ့ကျ၊  နက်စ်ခါးခါးကို ကျွန်မရဲ့  ကလီစာ တွေက လက် မခံတော့ပါဘူး။ ဒါကြောင့်  pure ကော်ဖီ နဲ့  လက်ဖက်ရည်ဆိမ့်ဆိမ့်လေးကိုဘဲ  ကျွန်မသောက် တော့ တယ်။ နေ့လယ်ခင်း ချိုချဉ်ငန်စပ်၊ မုန့်ပဲသရေစာကို ဝိုင်း အုံလုယက်ပြီး ဝယ်စားနေကြသူတွေကြားထဲမှာ ကျွန်မကတော့  ရုံးထဲကို လာရောင်းတဲ့  ဈေးသည်  အစ်မ နဲ့လည်း  ဖောက်သည်မဖြစ်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်မ သရေစာ စားလေ့မရှိလို့ပါ။ တစ်ခါတလေ အိမ် ကပါ လာတဲ့   ငှက်ပျောသီးတစ်လုံးစားခြင်းဟာ  ကျွန်မရဲ့ နေ့ခင်းသရေစာပါပဲ။အလုပ်ပါးချိန် ဘယ်သူတွေ ဘယ်လိုပဲနားနား ကျွန်မကတော့ လုပ်စရာမရှိရင် ကျွန်မစားပွဲက ဖိုင်     တွေက  တစ်ခုချင်းပြန်စီရင်း   အံဆွဲရှင်းနေတတ်တယ်။ ကျွန်မကို ဘေးက သူငယ်ချင်းက  တအံ့တသြကြည့် ရင်း You   အံဆွဲက ရှင်းနေပြီးသား၊ ရှင်းဖို့ လိုသေးလို့လား'  ပြောတဲ့အခါမျိုးမှာတော့ ကျွန်မ ဘာမှ ပြန်မပြောဘဲ  ပြုံးပြုံးလေးနဲ့  လုပ်မြဲလုပ်နေတတ် ပါ တယ်။
မှတ်မှတ်ရရ   ကျွန်မဘွဲ့ရပြီးမှ အသက် ၂ဝ  စွန်း စွန်း၊ in service  ထဲစဝင်ကတည်းက သူငယ်ချင်း ဆရာမတွေကြားထဲမှာ ဒီနေ့တော့ ဖေဖေက ဘာ လုပ်ပေးလိုက်တယ်၊  ဒီနေ့ အန်တီ ဘာလုပ်ပေးလိုက် တယ်၊ မမက ဘာချက်ပေးတယ်၊ ပြောကြသူတွေရဲ့ ကိုယ်တိုင်မလုပ်ရလို့ ဘာဟင်းလဲတောင် မသိပါဘူး ဆိုတဲ့  စကားတွေကြားတဲ့ အခါမျိုးမှာ   . . .  ကျွန်မခံစား ချက် ရှိစွာ (သို့)မဲ့စွာ ပြုံးပြုံးလေးပဲ နားထောင်နေလေ့ရှိ ခဲ့ပါတယ်။ ဒါကြောင့်  ဘာဟင်းလဲမသိပါဘူး၊ မေမေ ထည့်ပေးလိုက်တာ ဘာညာ . . . ပြောသူတွေကြားမှာ ကျွန်မကတော့ ကျွန်မချိုင့်ထဲက ထမင်းဟင်းကို အလွတ်ရနေသူပေါ့။  ကျွန်မကြောင့်  တစ်ဦးတစ် ယောက် အချိန်ကုန်ရမည်ကို မလိုလား၊ ဘယ်သူ့အပေါ်မှာမှ တာဝန်မပိစေလိုတဲ့အတွက်  ကိုယ့်ထမင်းဟင်း ကိုယ့် ဘာသာ ချက်ပြုတ်ပြီး ကိုယ့်တာဝန်ကိုယ်သာ ယူခဲ့ တာပါပဲ။
 ကိုယ့်အားကိုယ်ကိုးလွန်းတဲ့ ကျွန်မအတွက် ကြာတော့လည်း လူအများ (တစ်နည်း) မိသားစုရဲ့ လျစ်လျူရှုလွန်းမှုကို ခံခဲ့ရတယ်။   ကျွန်မကို  အသည်း အသန် ဂရုစိုက်တာမျိုး  မလိုအပ်တဲ့   အချိန်မှာ မလိုလား ပေမဲ့   လူတိုင်းမှာ တစ်ချိန်မဟုတ်  တစ်ချိန်မှာ  ဂရုစိုက်မှုကို လိုအပ်နိုင်တယ်။  သည်လိုအခါမျိုးမှာ  လျစ်လျူရှုသလို ခံစားရတဲ့အခါ မခံစားတတ်တဲ့ ကျွန်မအတွက် မသိ သာသလို ထင်ရပေမဲ့   တစ်ခါတစ်ရံမှာတော့  စိတ်ဓာတ် က  မြေကြီးထဲရောက်နေပြီ ထင်ရလောက်အောင် ကြေကွဲဝမ်းနည်းတာမျိုးရှိတယ်။  ဘယ်သူ့မှာမှ  အပြစ် မရှိ။ ကိုယ့်ကိုယ်ကိုယ် အားကိုးလွန်းတဲ့   ကျွန်မရဲ့      အပြစ်  လို့သာ  ဆိုရတော့မှာပါ။  ဘယ်လောက်  ကြေကွဲခံစားနေ ရပါစေဦးတော့ အလှပြင်မပျက် ကျွန်မနှစ်သက်တဲ့  နှုတ်ခမ်းနီဆိုးခြင်းကို မမေ့၊ ကျွန်မလုပ်နေကျ အလုပ် များ ပျက်စီးမသွား။ တစ်နေ့တာလုပ်ငန်းများ ရပ်ဆိုင်း မသွားဘဲ ပုံမှန် လည်ပတ်လျက်ရှိတာကို ပတ်ဝန်းကျင် က  လူတွေ  နေ့ရှိသရွေ့     မြင်တွေ့ရပါလိမ့်မယ်။   ဒါကြောင့် အိမ်သားတွေက 'သူက စက်ရုပ်ပဲ' တဲ့။ အဲသည်လို ခဏခဏ ပြောကြတယ်။
 ညနေရုံးဆင်းချိန်မှာတော့  ဖယ်ရီက တစ်ဦး ချင်းစီပို့ရတဲ့အတွက်  အိမ်ကို ခြောက်နာရီခွဲ၊  ခုနစ်နာရီ လောက်မှ ရောက်လေ့ရှိပြီး တစ်ခါတစ်ရံ  ရှစ်နာရီ လောက်အထိ နောက်ကျတတ်တယ်။ ဘယ်လောက် ပဲနောက်ကျကျ၊ ရာသီဥတုဘယ်လိုပဲအေးနေပါစေ ကျွန်မရဲ့ ရေချိုးခန်းလေးထဲဝင်လိုက်တာနဲ့ အမော ပြေသွားတော့တယ်။ ကျွန်မရဲ့ ရေချိုးခန်းလေးဟာ  အစိမ်းဖျော့ရောင်နဲ့ အဖြူရောင်ြေ<ွကသားလေးတွေ ခင်းကျင်းကာရံထားပြီး တကယ့်ကို ရင်အေးစရာ ပြင် ဆင်မွမ်းမံမှုတွေနဲ့ဆိုတော့ ရေချိုးပြီးသွားတိုင်းမှာ တစ်နေ့တာ ပင်ပန်းမှုဆိုတာ ဘာပါလိမ့်လို့ ပြန်စဉ်း စားယူရတဲ့အထိပါပဲ . . . ။  ရေချိုးခန်းထဲက ထွက်လာ ချိန်မှာ နွမ်းနယ်သမျှ ခံစားချက်တွေ အကုန်ပပျောက်  သွားပြီး  ကျွန်မတစ်ကိုယ်လုံး   အသစ်တစ်ဖန်ပြန်လည်  လန်းဆန်းနေတတ်တယ်။  ဒါကြောင့် ညဘက်ကြီး ရေမချိုးနဲ့၊ အဝတ်မလျှော်နဲ့၊  ဘယ်သူတွေ ဘယ်လိုပဲ ပြော ပြော   ကျွန်မကတော့   တစ်နေ့တာ လည်ပတ် ဝတ် ဆင် ခဲ့တဲ့  ဝတ်စုံကို နေ့စဉ်လျှော်ရင်း  ကျွန်မရဲ့  ရေချိုးခန်း ထဲမှာ  ရေကြာကြာချိုးလေ့ရှိတယ်။
 ခုနစ်နာရီမှာ ပြလေ့ရှိတဲ့ ရုပ်ရှင်ကားကိုမီရင် ကြည့် လေ့ရှိတဲ့  ကျွန်မ၊ တရုတ်ကား မကြိုက်ပေမဲ့ပြီးသွားခဲ့တဲ့    အဖြူရောင်လွင်ပြင်  ကားကိုတော့   တော်တော်လေး သဘောကျခဲ့တယ်။ ဘာလို့လဲဆိုတော့ မင်းသား၊ မင်း သမီးတွေဟာ ကိုရီးယားသရုပ်ဆောင်တွေလို ရုပ်ရည် ဆွဲဆောင်မှုမရှိကြ ပေမဲ့  အမူအရာကောင်းကြပြီး ဘာ ကိုမှ ကြိုတွေးထားလို့မရအောင် လျှို့ဝှက်တဲ့ ကားမို့လို့ ပဲပေါ့။ ကျွန်မဟာ အစကတည်းက ဘာဖြစ် မယ်ဆိုတာ ကြိုတွေးလို့ရတဲ့ ကားမျိုးကိုနှစ်ခြိုက်လေ့မရှိဘူး။
 အဲဒီရုပ်ရှင်ဇာတ်ကားကြည့်ရင်း ကျွန်မရဲ့ ညစာဟာ ပန်းကန်တစ်ခုထဲမှာပဲ ပြီးသွားတတ်ပါတယ်။ ကျွန်မတို့ရဲ့  dinner ဟာ  မိသားစုစုံညီစွာ ဝိုင်းဖွဲ့ စားသောက် မှုမရှိခဲ့တာ နှစ်နဲ့ချီကြာသွားခဲ့ပါပြီ။ လုပ်ငန်း တာဝန်တွေ တစ်ယောက်နဲ့တစ်ယောက် လည်ပတ် ပြီးဆုံးချိန်မတူညီကြတော့လို့ပဲ ဖြစ်ပါတယ်။ ဘယ်နှ နှစ်လောက်ရှိသွားခဲ့ပြီဆိုတာကိုတော့   ကျွန်မမေ့ထားလိုက်ပြီ။
 ည ရှစ်နာရီနဲ့   ကိုးနာရီအတွင်းမှာ နောက်တစ်နေ့ မနက်ခင်း  ထမင်းချိုင့်အတွက် ပြင်ဆင်မှုပြုလုပ်ဖြစ်တယ်။ ညစာ ထမင်း one plate စားပြီးတာနဲ့ ကျွန်မ ဘာမှ ထပ်စားလေ့မရှိတော့ဘူး။ ဘာလို့လဲဆိုတော့ အာဟာရဖြစ်ရုံ  ထမင်းတစ်ပန်းကန် ဝင်သွားပြီး  ဗိုက်ထဲက ဆူညံသံတွေ ရပ်သွားတယ်ဆိုရင်ပဲ ကျွန်မအတွက် ပြည့်စုံ သွားပြီဖြစ်လို့ပဲပေါ့။ ညအိပ်ရာဝင်ခါနီးမှာတော့ ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်အရ ကျွန်မ မကြိုက်တဲ့ ကွေကာတစ်ခွက်ကို နှာခေါင်းပိတ်မော့သောက်ပြီးတာနဲ့ စက်ရုပ်အားကုန်သွား လေ့ရှိတယ်။တကယ်တော့ ကျွန်မဟာ ခံစားချက်မဲ့နေလို့ စက်ရုပ်ဖြစ်သွားတာ မဟုတ်ဘဲ ခံစားချက်တွေ ပြင်း ထန်လွန်းအားကြီးတဲ့အတွက် စက်ရုပ်ဆန်သွား တယ်ဆိုတာကို တော့ ကျွန်မ အိမ်သားတွေအပါ အဝင် ဘယ်သူမှ သိကြမယ် မထင်ပါဘူး။
ဘာလို့လဲဆိုတော့ကျွန်မဟာလျှို့ဝှက်တယ်ပဲ ပြောရမလား။ကျွန်မရဲ့ခံစားချက်ကိုတခြားလူအကဲခတ်လို့မရအောင်ထိန်းချုပ်ပြီးကိုယ့်ဘာသာနေတတ်တော့ ဘေးလူတွေမျက်စိလည်သွားနိုင်လို့ပဲပေါ့။   ဖောက်ပြန်တဲ့  ရာသီဥတုကြောင့်လား၊ လငမကျ ကြောင့်ဆိုလား၊ လူစေ့ဖျားနာကြတဲ့  ရာသီတွေမှာလည်း ကျွန်မကတော့  ည ကိုးနာရီ ဆယ်နာရီမှ အိမ်ပြန်ရောက်တယ်ဆိုရင်တောင် ရေတဗွမ်းဗွမ်းချိုး၊ အဝတ် လျှော်ခဲ့ပေမယ့် အအေးမိ၊ နှာစေး၊ ဖျားနာခြင်း လုံးဝမရှိဘူး။ အိမ်သားတွေ အားလုံး နှစ်ကျော့ပြန်လောက် လူစေ့ ဖျားကြချိန်မှာ ကျွန်မက နာဖျားတာတွေ မရှိတော့  ဘာမှမဖြစ်တဲ့   ကျွန်မကို ညီမလေးက အမြဲပြောတယ်။ 'သူက ဘယ်ဖျားမလဲ။ လူမှ မဟုတ်တာ စက်ရုပ်ကိုး'တဲ့ . . .။
တကယ်တော့ စက်ကရိယာဆိုတာ အမြဲတမ်း နိုးကြားတက်ကြွနေနိုင်မယ်လို့ အာမခံလို့ မရနိုင်ပါဘူး။  တစ်ချိန်မှာတော့ တစ်စစီပြုတ်ကျ အပိုင်းပိုင်းပြိုလဲပြီး  စက် တွေရပ်သွား နိုင်တယ်ဆိုတာ သူတို့မသိလို့ ပြောကြတာထင်ပါရဲ့။
  ကျွန်မအတွက် အစာစာခြင်းဟာ အရသာ အာရုံခံဝါးဖို့မဟုတ်ဘဲ နောက်တစ်နေ့ အတွက် ပုံမှန် ဆက်လက်လှုပ်ရှား အသက်ဝင်စေဖို့ သံပတ်ပေးသ လို၊ ဆီထည့်ပေး သလိုမျိုးပါပဲ။  တန်ဖိုးအကြီးဆုံး အစာတွေ စားနိုင်ပါလျက်နဲ့ အိပ်ရာထက်မှာ ပိုက် တန်းလန်းနဲ့ အစာမဝင်တော့တဲ့ သားငယ်ရဲ့ ပုံရိပ်ဟောင်းတွေကို ပြန်လည်မြင် ယောင်မိတိုင်း ကျွန်မ အစာစားခြင်းဟာ လည်ချောင်းဝမှာတစ်ဆို့သွားတတ်တယ်။
 စက်ရုပ်ဆန်တယ်ဆိုတဲ့ ကျွန်မကို ချစ်သူက ဝေဖန်ဖူးတယ်။ ကျွန်မမျက်နှာဟာ ခန့်မှန်းရခက် တယ်။ မျက်နှာက ရယ်နေပေမယ့် ကျွန်မရဲ့ မျက်လုံးတွေက ငိုနေသလို ပဲတဲ့။ တစ်ခါတစ်ခါ ကျွန်မစိတ်ထဲမှာ ဘာတွေဖြစ်နေတယ်ဆိုတာ တစ်ဖက်လူက ဘယ်လိုမှ မခန့်မှန်းနိုင်ဘူးတဲ့။ အေးစက်မာကျောတဲ့ အသည်းကို စကားမပြောနဲ့ တဲ့ဆိုတဲ့  ဆရာငြိမ်းကျော်ရဲ့ ဝတ္ထုနာမည် ကိုပြောရင်း ချစ်သူက စလေ့ရှိတယ်။
 ကျွန်မမှာ ဖျားနာခြင်းဆိုတာ မဖြစ်သလောက် ရှားပါးတယ်ဆိုပေမဲ့ လွန်ခဲ့တဲ့  ၁၅ နှစ်လောက်ကတော့  အဖျားဒီဂရီ ၁ဝ၂ လောက်တက်ပြီး အနည်းငယ်ဖျားခဲ့ဖူး ပါတယ်။ တကယ်တော့ နာဖျားမှုကို ကာကွယ်ဖို့ ညညတွေမှာ ဆေးတွေမျိုးစုံအောင် သောက်နေရတာကို ဘယ်သူမှမသိကြပါဘူး။ အဖျား ၁ဝဝ  လောက်နဲ့ အိပ်ရာထက် မှာ  ဆူညံအော်ဟစ် ခေါင်းကိုက်နေသူ သူငယ်ချင်းကို သက်သာသွားအောင် ဆေး တိုက်ခြင်းမှတစ်ပါး ဖြေသိမ့်မပေးနိုင်ဘဲ  စိတ်တွေပဲရှုပ်နေတတ်သူဆိုပေမဲ့ ကျွန်မ ကိုယ်တိုင်ဖြစ်တဲ့  အခါ  အဖျား ၁ဝ၂ နဲ့ပဲ ရုံးတက်မပျက်ခဲ့သူကိုး။  ဒါပေမဲ့ ကျွန်မ ကိုယ်  ကျွန်မသိပါတယ်။  မနှစ်က အချိန်နဲ့   အခု အချိန်မတူ တော့ သ လို    အခုနှစ်နဲ့ နောက်နှစ်မှာလည်း မတူနိုင်တော့ပါ ဘူး။  ကျွန်မကိုယ်တွင်းက စက်ကိရိယာ တွေ၊ ကလီစာတွေရဲ့ ယိုယွင်းပျက်စီးလာနေတဲ့   အခြေ အနေကို ကျွန်မပဲ အသိဆုံးပါ ပဲ။ကျွန်မစိတ်ဓာတ်ပြင်းထန် မာကျောနေတဲ့အတွက် ဘေးလူ (အိမ်သား)တွေကတောင်  ကျွန်မကို  ဘာမှ မဖြစ်တတ်လို့ ထင်ထားဆဲမှာပဲ သက်တမ်းကုန်သွား တဲ့ ကိရိယာများမှာ တစ်ခုချင်း ပြုတ်ကျ ပျက်စီးသွားခဲ့ပါပြီ။
အိမ်သားတွေကအပြေးအလွှားဆီထည့်ပေးကြတယ်။ပျက်စီးပြိုကျသွားတဲ့အစိတ်အပိုင်းတွေကိုအားကြိုးမာန်တက်တပ်ဆင်ပေးကြတယ်။ဒါပေမဲ့စက်ရုပ်သက်တမ်းကုန်သွားပြီဖြစ်တဲ့အတွက် ပြန်လည်   နိုးထ လာနိုင်ခြင်းမရှိတော့ပါဘူး။
စောနန္ဒာအောင်

Go to top