nwe sai  1

ပင်စင်ယူပြီးပြီဆိုတော့ အလုပ်မရှိတော့သလို လို ကျန်းမာရေးက ချို့ယွင်းလာသလိုလို။ အပြင် လည်း  သိပ်မထွက်နိုင်။ စာဖတ်တာကိုပဲ အလုပ်အကိုင်ကြီး တစ်ခုလိုဖြစ်နေတယ်။ ဒီမှာ ခေါင်းထဲမှာ အလုပ်ကိစ္စ တွေပေါ်လာတယ်။  စာတွေဖတ်ပြီးအတိုင်းမနေဘူး။  တွေးမိတယ်။ တွေးမိတာတွေကို ရေးချမိတယ်။ ဟုတ်တာမဟုတ်တာ နောက်မှထား။ စာတိုပေစ ဆို တာမျိုးလေးတွေ ထွက်လာတယ်။ မှားမိသည်ရှိသော် ပြန်ပြင်မယ်။ စေတနာအမှားမှ မဟုတ်တာ။ ပြန်ရှင်း နိုင်ရင် ပြေလည်သွားမယ်။ နိုင်ငံခြားသားတွေ ဖတ် ကြတာမှမဟုတ်တာ၊ မြန်မာအချင်းချင်းပဲ၊ အစက တည်းက မှားသည်ရှိသော် ဝန္ဒာမိဆိုတာ အလိုလိုသိ ကြပြီးသား။

Read more: ကျန်းမာရေးအတွက် ဆေးစစ်မှု အလွဲအချော်ဖြစ်ရပ်များ

၂ဝ၁၅ နိုဝင်ဘာ  ၈ ရက်နေ့မှာ  ကျင်းပမယ့် မြန်မာနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲဟာ  ပြည်တွင်းမှာသာမက  ပြည်ပနိုင်ငံတချို့အတွက်ပါ  စိတ်လှုပ်ရှား စရာရွေးကောက်ပွဲဖြစ်နေပါတယ်။ အထူးသဖြင့် စစ်အာဏာရှင်စနစ်အောက် နှစ်ပေါင်း ၂ဝ ကျော် ဖြတ်သန်းလာခဲ့ရတဲ့ မြန်မာပြည်ရဲ့ ကံကြမ္မာဟာ ရွေးကောက်ပွဲပြီးနောက်ပိုင်းမှာ ပေါ်ထွက်လာမယ့် အစိုးရသစ်ပေါ်မှာ အများကြီး သက်ရောက်မှုရှိနေပါတယ်။ ၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲ နောက်ပိုင်းမှာ ပေါ်ထွက်လာခဲ့တဲ့ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ ပြည်ခိုင်ဖြိုးအစိုးရဟာ စစ်တပ်ယူနီဖောင်း ချွတ် အရပ်သားတစ်ပိုင်းအစိုးရဖြစ်နေလို့ ပြည်တွင်း ဒီမိုကရေစီ လိုလားသူတွေနဲ့ ပြည်ပ ရင်းနှီးမြှုပ်နှံသူတွေ အတွက်   စိတ်ကျေနပ်မှုအပြည့်အဝ ပေးစွမ်းနိုင်တဲ့ အစိုးရ တစ်ရပ် မဖြစ်ခဲ့ပါဘူး။ သမ္မတဦးသိန်းစိန်က  Reformist ( ပြုပြင်ပြောင်းလဲရေးသမားတစ်ဦး)လို့   အစပိုင်းနှစ်တွေမှာ ရှုမြင်ခဲ့ ကြပေမဲ့   ပြည်တွင်းဘာသာရေး ပဋိပက္ခတွေ၊ ဖွဲ့စည်းပုံပြင်ဆင်ရေး မအောင်မြင်မှုတွေနဲ့ နိုင်ငံသားတစ်ဦးချင်းစီရဲ့ လူမှုဘဝအခြေအနေတွေ မြင့်မားလာခြင်းမရှိတဲ့ အတွက် ပြည်တွင်းရော ပြည်ပ ပါ သူ့ အစိုးရကို ယုံကြည်မှု ကျဆင်းခဲ့ပါတယ်။ ဒါပေမဲ့သဘာဝ သယံဇာတွေကြွယ်ဝခြင်း နဲ့လုပ်ခလစာနည်းပါးခြင်းဆိုတဲ့ အချက်၂ ခုတည်းနဲ့တင်  နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေဟာ မြန်မာပြည် မှာ စီးပွားရေး လာရောက်ရင်းနှီးလုပ်ကိုင်ဖို့ဆက်ပြီး   စိတ်ဝင်စားခဲ့ ကြပါ တယ်။ အထူးသဖြင့် အိမ်နီးချင်း တရုတ်နဲ့ ထိုင်းနိုင်ငံ တွေရဲ့ စီးပွားရေးလုပ်ငန်း တွေဟာ မြန်မာနိုင်ငံထဲကိုဆက်ပြီး စီးဝင်လာနေပါတယ်။  ထိုင်းနိုင်ငံရဲ့  အကြီးဆုံးကုမ္ပဏီတစ်ခုဖြစ်တဲ့  Charoen Pokhand Group (CP) 

Read more: တရားဥပဒေစိုးမိုးရေးကို အခြေခံတဲ့ စီးပွားရေး ၂ဝ၁၆ နောက်ပိုင်းမှာ မြင်တွေ့ ခွင့်ရမလား

way to the top

တာဒအိုအန်ဒို (Tadao Ando)   ကို ၁၉၄၁ စက်တင်ဘာ ၁၃ ရက်နေ့မှာ တိုကျိုမြို့မှာ မွေးဖွားခဲ့ပါ တယ်။ သူဟာ ဂျပန်လူမျိုးဖြစ်ကာ အမြွာညီအစ်ကို တစ်ဦးရှိပါတယ်။သူ့ရဲ့ ထင်ရှားတဲ့ အချက်က

Read more: ကျွန်တော့်ရဲ့ လက်အစုံဟာ တွေးတောခြင်းနဲ့ တီထွင်ခြင်းတွေ ဖြန့်ကြက်လုပ်ကိုင်နိုင်ဖို့...

အာကာသဆီ တစ်ညအိပ်ခရီး

travel news 2
    

အာကာသထဲသွားနိုင်ဖို့  အမြဲစိတ်ကူးအိပ်မက်မက်နေခဲ့ပေမယ့် အာကာသယာဉ်မှူးတစ်ဦးရဲ့  အလွန် ပင်ပန်းလှတဲ့  လေ့ကျင့်မှုမျိုးကို ကြုံဖူးကြမှာမဟုတ်ဘူး။ မကြာတော့ပါဘူး။ ကမ္ဘာကြီးကိုမခွဲခွာဘဲ စိတ်ကူး ယဉ်အိပ်မက်ကို  အကောင်အထည်ဖော်နိုင်တော့မှာ ပါ။ ဆွစ်ဇာလန်နိုင်ငံ  Zurich  မြို့Kameha Grand Zurich  ဟိုတယ်ဟာ အာကာသစခန်းတစ်ခုရဲ့ အတွင်း အပြင်အဆင် အသစ် ပြင် ဆင်ထားတာ ပြသခဲ့ပါ  တယ် ။    Grand Kameha ရဲ့အာကာသခန်းဟာ zero gravityအိပ်ရာနဲ့အတူ မြေပြင်ကနေ  ဆွဲအားမဲ့မျောပါနေသလို ခံစားရစေမှာပါ။ ရေနွေးငွေ့ ရေချိုးကန်မှာလည်း

Read more: TRAVEL NEWS

titanic

ကြမ္မာဆိုြးံကုံခဲ့ရတဲ့ တိုက်တန်းနစ် သင်္ဘောကြီး ရဲ့ နောက်ဆုံး first class နေ့လယ်စာ စားသောက်ဖွယ်စာရင်း မူရင်းကို အွန်လိုင်းလေလံတင်ပွဲတစ်ခုက နေ စုဆောင်းသူတစ်ဦးဆီ ဒေါ်လာ ၈၈ဝဝဝ နဲ့ ရောင်း ချခဲ့ပါတယ်။ အဲဒီစာရင်းစာရွက်ကို ပထမတန်းခရီးသည် Abraham Lincoln Salomon က သိမ်း ဆည်းဖြစ်ခဲ့တာပါ။ သူဟာ တိုက်တန်းနစ်သင်္ဘော အတ္တလန်တစ်ရဲ့ ကျင်စက်အေးခဲနေတဲ့ ရေခဲတွေ ပြည့်နေတဲ့ ရေထဲစတင် နစ်မြုပ်ခဲ့တော့ အသက်ကယ်လှေတစ်စင်းပေါ် နေရာယူခဲ့ကြတဲ့ သူဌေးသူကြွယ် ထဲက တစ်ဦးပါ။ အဲဒီအသက်ကယ်လှေကို 'ငွေလှေ' 'မီလျံနာတွေရဲ့လှေ'လို့တောင် ခေါ်ခဲ့ကြတယ်။ အဲဒီ အသက်ကယ်လှေကို ဘေးအန္တရာယ်ကြားထဲမှာ လူတွေများများကယ်ဆယ်ရေးထက်

Read more: တိုက်တန်းနစ်သင်္ဘောပေါ်က နောက်ဆုံးနေ့လယ်စာ

Go to top