nwe sai  1

ပင်စင်ယူပြီးပြီဆိုတော့ အလုပ်မရှိတော့သလို လို ကျန်းမာရေးက ချို့ယွင်းလာသလိုလို။ အပြင် လည်း  သိပ်မထွက်နိုင်။ စာဖတ်တာကိုပဲ အလုပ်အကိုင်ကြီး တစ်ခုလိုဖြစ်နေတယ်။ ဒီမှာ ခေါင်းထဲမှာ အလုပ်ကိစ္စ တွေပေါ်လာတယ်။  စာတွေဖတ်ပြီးအတိုင်းမနေဘူး။  တွေးမိတယ်။ တွေးမိတာတွေကို ရေးချမိတယ်။ ဟုတ်တာမဟုတ်တာ နောက်မှထား။ စာတိုပေစ ဆို တာမျိုးလေးတွေ ထွက်လာတယ်။ မှားမိသည်ရှိသော် ပြန်ပြင်မယ်။ စေတနာအမှားမှ မဟုတ်တာ။ ပြန်ရှင်း နိုင်ရင် ပြေလည်သွားမယ်။ နိုင်ငံခြားသားတွေ ဖတ် ကြတာမှမဟုတ်တာ၊ မြန်မာအချင်းချင်းပဲ၊ အစက တည်းက မှားသည်ရှိသော် ဝန္ဒာမိဆိုတာ အလိုလိုသိ ကြပြီးသား။

nwe sai  2

အမေရိကန်အများစုဟာ သူတို့ရဲ့ ဘဝတာ အချိန် မှာ မှားယွင်းတဲ့ ရောဂါစစ်ချက်တွေ၊  ဒါမှမဟုတ် နောက် ကျလို့ လွန်သွားတဲ့ ဆေးစစ်မှတ်တမ်းတွေနဲ့ ရှော့ခ်ရ သွားနိုင်တာတွေကို မကြာခဏ နပန်းလုံးနေရတယ်။ ရေတွက် ထားလို့ မရနိုင်ဘူး။ သို့ပေသိ အရေးတကြီး ထားရမယ့်ကိစ္စတွေပဲ။ ဂရုတစိုက်အနီးကပ် ကျန်းမာ ရေးစနစ်မျိုး လိုနေတယ်တဲ့။ ရေဒါနဲ့ သိမ်းဆည်း ထိန်းသိမ်းထားနိုင်မှ အထောက်အကူရမယ်လို့ အမျိုးသားဆေးပညာဆိုင်ရာ အကယ်ဒမီရဲ့ အစီရင်ခံ စာမှာထပ်တွေ့ရတယ်။ ဒီမှာ မဟုတ်ပါဘူး။ သူတို့ အမေရိကန်ပြည်ထောင်စုမှာ ပြောကြတာ။လူနာတစ်ဦးရဲ့ ကျန်းမာရေးဆေးစစ်ချက်မှာ ရောဂါဗေဒဆိုင်ရာ သမားတော်ကြီးတွေနဲ့ ဓာတ်မှန် ပါရဂူတွေကအစ တက်တက်ကြွကြွပါဝင်ကြတယ်။ အရင်က ဆေးတက္ကသိုလ် ခုတော့ ဆေးအကယ်ဒမီ လို့ခေါ်မလား မပြောတတ်ဘူး။ သူတို့ ကိုယ်တိုင် အတည်ပြုထားတာပဲ။ ကျန်းမာရေးဆိုင်ရာ အား နည်းချက်တွေနဲ့ပတ်သက်တဲ့ ဥပဒေတွေကိုလည်း ပြောင်းလဲဖို့ တောင်းဆိုနေကြတယ်။ ဒါမှ ပရော်ဖက် ရှင်နယ်တွေဟာ ကိုယ်တိုင်ကိုယ်ကျလုပ်ထားတဲ့ အမှားအယွင်းတွေကို မကြောက်တော့ဘူး။ သေသွား တဲ့ လူ့ခန္ဓာကိုယ်က အသားစထုတ်ယူပြီး ပြန်စစ်တာ မျိုး လုပ်ရဲကိုင်ရဲရှိလာကြမယ်။ ဆေးရုံတွေ၊ ဆေးခန်း တွေနဲ့ ဌာနဆိုင်ရာအဖွဲ့အစည်းတွေမှာအမူအကျင့် တွေပြောင်းလဲလာမယ်။ပိုကောင်းတဲ့နည်းပညာ တွေကိုလည်းအသုံးချလာနိုင်ကြမယ်။ ဒေါက်တာဂျွန်ဘောလ်ဟာ ဆေးပညာဆိုင်ရာ ရောဂါရှာဖွေရေးမှာ ဖြစ်ပေါ် တတ်တဲ့ အမှားအယွင်း  များ ရှာဖွေရေးကော်မတီမှာ ဥက္ကဋ္ဌလုပ်နေတဲ့ သူ ဖြစ်ပါ တယ်။  ဒီကိစ္စကို အစီရင်ခံစာမှာလည်း ရေးထား တယ်။ သူက 'လူတိုင်း သူတို့ရဲ့ ဘဝတာတစ်ချိန်ချိန် ကျန်းမာ ရေး ဆေးစစ်ရာမှာ အရေးပါတဲ့ အမှားအယွင်းတစ်ခု တော့ တွေ့လိမ့်မယ်'လို့ အင်ဘင်စီ သတင်းဌာနကို ပြောခဲ့ဖူးတယ်။ သူကထပ်ရှင်းပြသေးတယ်။ 'ရိုးရိုး သားသား ပြောရရင် ဒီအဖြစ်ဆိုးဟာ ဘာဖြစ်မလဲဆို တာ ကျွန်တော်တို့ မသိဘူး။ ကျွန်တော်တို့ ဒါကိုကွဲကွဲ ပြားပြားသိနိုင်အောင် ပိုမိုလေ့လာဖို့ လိုတယ်။ ဒီကိစ္စ ကိုပြန်ပြောပြဖို့ အသင့်မဖြစ်သေးဘူး။ လေ့လာဆဲ ဧရိယာထဲမှာပဲ ရှိသေးတယ်။ ဒီအဖြစ်တွေအပေါ်မှာ ကောင်းကောင်း တုံ့ပြန်ဖို့တော့လိုနေပြီ'တဲ့။ဒီအစီရင်ခံစာမှာပါတဲ့အချက်အလက်တွေက တော့အမေရိကန်အရွယ်ရောက်သူအနည်းဆုံး၅ရာခိုင်နှုန်းဟာကျန်းမာရေးဆေးစစ်တဲ့ နေရာမှာအလွဲအချော်တစ်ခုနဲ့ကြုံရတတ်တယ်။ ရုပ်အလောင်း ကိုရင်ခွဲစစ်ဆေးပြီးဘာကြောင့် သေဆုံးရသလဲလို့ဇာစ်မြစ်ကိုရှာဖွေရာမှာလူနာသေဆုံးမှုတွေရဲ့၁ဝရာခိုင်နှုန်းအထိအမှားအယွင်းတစ်ခုကြောင့် ဆိုတာ ပြနေ တယ်။  ဆေးရုံတွေမှာ အန္တရာယ်တွေ ဆုံတွေ့ရမယ့်အဖြစ်ဆိုးတွေဟာ၆ရာခိုင်နှုန်းကနေ၁၇ရာခိုင် နှုန်းအထိရှိတယ်လို့ ဆေးမှတ်တမ်းများအရ ဖော်ပြထားတယ်။တစ်ခါတရံအလွဲအမှားတစ်မျိုးထက်မကကြုံဆုံခံစားရတတ်သေးတယ်တဲ့။အိုင်ဒါဟိုပြည်နယ်၊ ဘွိုင် ဆဲ  က ဆူဆန်ရှာရီဒန် အကြောင်းကြား ရရင် ရင်နာမယ်။ သူ့မှာ လင်ယောက်ျား ဖြစ်သူက ကင်ဆာရောဂါဖြစ်နေတာ မှန်းသိတာနောက်ကျလို့ဆုံးပြီ။  သားယောက်ျားလေး တစ်ယောက်ရှိပေမဲ့ ဒီသားလေးက  အမြဲတစေ  မသန်စွမ်းဖြစ် နေရှာတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူမွေး ကတည်းက  အရေးကြီးတဲ့ အသည်းရောင် အသားဝါ ဖြစ်နေတာကို ဘယ်သူမှ သတိမထားမိဘူး။ သားဖြစ်သူ ကယ်လ်ကိုမွေးပြီးတော့ တစ်ခုခုဆိုးဆိုးဝါးဝါး မှားယွင်း နေပြီလို့ သူမဟာ သတိပြု မိခဲ့တယ်။  ခုတော့ ကယ်လ် ဟာ အသက် ၂ဝ တောင်ရှိနေပြီ။ ကယ်လ်ဟာ မွေးခါစမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့အတိုင်း  အသားနည်း နည်းဝါတယ်။ ဒါပေမဲ့ ဆူဆန်ဟာ ရောဂါလက္ခဏာပြတာ ကို ပိုပြီး သတိထားမိတယ်။

nwe sai  3

'သူ သုံးလေးရက်သားရောက်တော့ အအိပ်လွန်တဲ့ လက္ခဏာစပြတယ်'လို့  ဆူဆန်ပြော ပြတယ်။  ကယ်လ်ဟာ အစားအများကြီးစားပေမဲ့ အားမရှိဘူး။ အားကုန် အားပြတ်ဖြစ်နေပုံရတယ်။ ဒါနဲ့ ဆူဆန်ဟာ ဘွိုင်ဆဲက စိန့်လုဆေးရုံကို အကြံပေးတဲ့ အတိုင်း သွားပြတယ်။ အဲဒီဆေးရုံမှာပဲ ကယ်လ်ကို မွေးခဲ့တာပဲ။ 'သူတို့က မေးတယ်။ ဒါပထမအကြိမ်လား တဲ့။ ကျွန်မက ဟုတ်တယ်ဆိုတော့ စိတ်မပူပါနဲ့တဲ့။ ပုံမှန်ပါပဲလို့ သူတို့က ပြောတယ်'။  အဲဒီလို ဆူဆန်က ပြန်ပြောပြတယ်။သူမဟာ စိုးရိမ်နေတုန်းပဲ။ သူမရဲ့ ကလေးဆရာ ဝန်က ကယ်လ်ကို ဆေးရုံတင်ရင် တင်ပါလားလို့ စိတ် မပါတပါနဲ့ ပြောတယ်။ 'သူဟာ လိမ္မော်ရောင်တောင် ပြောင်းနေသလို သိပ်ပြီး အသားဝါတယ်။ ဆေးရုံတင် တာ လက်ခံတဲ့ သူက  သူ့ကိုရွှေဖရုံသီးလေးလို့ ခေါ်  တယ်။

 

ဘာဖြစ်လို့လဲဆိုတော့ သူအသားဟာ သိပ်ဝါနေလို့ လိမ္မော်ရောင်တောင် သန်းနေပြီ'လို့ ဆူဆန်က ပြန် ပြောပြတယ်။ ဒီလိုအသွင်အပြင်မျိုးဟာ အလွန်မြင့်တဲ့ ဘိုင်လီရူဘင် လက္ခဏာတွေပါ။ ဆေးပညာအခေါ် အဝေါ်အရတော့ Bilirubin လို့ခေါ်တာပေါ့။ ကနဦး  ဖြစ်စဉ်က သွေးနီဥမှာရှိတဲ့ ဇီဝဓာတုဓာတ်တစ်မျိုးဟာ ပြိုကွဲပြီး အသည်းမှာ အဝါသန်းတဲ့ လိမ္မော်ရောင်ဓာတ် ပေါင်းတစ်မျိုး ပေါ်လာတယ်။ အဲဒီဓာတ်ပေါင်းကို သည်းခြေရည်အဖြစ် စွန့်ထုတ်လိုက်တယ်။ ဒါပေမဲ့ မွေးကင်းစကလေးရဲ့ သေးငယ်တဲ့ အသည်းတွေက ဒီလိုဓာတ်ပေါင်းမျိုးကို မချေနိုင်တော့ဘူး။ အဆင့် သိပ်မြင့်လာတဲ့အခါ ဘိုင်လီ ရူဘင်ဟာ  ဦးနှောက်ကို ဖျက်ဆီးနိုင်တယ်။ခုတော့ ဆေးရုံအများစုဟာ ဒီစမ်း သပ်မှုကို စံချိန်ပြည့်လုပ်နေ ပါပြီ။  ဒါပေမဲ့ ကယ်လ်လေး မွေးဖွားတဲ့ ၁၉၉၅ ခုနှစ် အတောအတွင်းမှာ ဒီလို စမ်းသပ်တာဟာ စောဒက တက်စရာ အလုပ်မျိုးဖြစ်နေခဲ့တယ်။ ကယ်လ်ကို နားအထိရောဂါပိုး မကူးစက်အောင် ပဋိဇီဝဆေး တစ်မျိုးပေးပြီး အိမ်ပြန်လွှတ်လိုက်တယ်။သူ့ရဲ့ ဘိုင်လီရူဘင်ဟာ ဦးနှောက်ကို ပျက်စီးစေ ပြီး အလျင်အမြန်တိုးပွားလာတယ်။ အဆင့် ၂ဝ ဟာ ဘေးအန္တရာယ်ရှိနေပြီ။ ကလေးကိုသီးသန့် ဓာတ်ရောင် ခြည်ပေးပြီး ကုရင်မခက်ဘူး။ တကယ်လို့ ပိုဆိုးလာရင် သွေးလဲရတော့မယ်။ အချိန်ကြာလာတာနဲ့အမျှ ဆူ ဆန်ရဲ့ စိုးရိမ်သောကကို ထည့်မစဉ်းစားတော့ဘူး။ သူ အသနားခံတောင်းပန်နေတာတောင် မရဘူး။ ဘိုင်လီ ရူဘင်ဟာနာဗ်ကြောကို အပြင်းစားအဆိပ်သင့်စေတဲ့ ဓာတ်ပေါင်းဖြစ်လို့ သွေးအကြည်ရည်ထဲမှာ အဆိပ် တွေမြင့်လာတယ်။ ကယ်လ်ဟာ ဘိုင်လီရူဘင်ကြောင့် ဦးနှောက်ပျက်စီးမှုတိုးလာတယ်။ သူ့ရဲ့ခန္ဓာကိုယ်ဟာ နောက်ဘက်ကိုကွေးလာပြီး ညည်းသံပေးနေတယ်။ တုန်ခါနေတယ်။ ကယ်လ်ကိုနာဗ်ကြော ကျွမ်းကျင်သူ နဲ့ စစ်ဆေးဖို့ ဆူဆန်တောင်းဆိုတယ်။ ဒါပေမဲ့ နာဗ် ကြောကျွမ်းကျင်သူကလည်း အဖြေရှာမတွေ့ဘူး။

nwe sai  4

ဆူဆန်နဲ့သူ့ယောက်ျားက လက်မမြှောက်သေးဘူး။ နောက်ဆုံးတော့ သူတို့ကကယ်လ်ကိုဆေးစစ်ပြီး ဝါရှင်တန်တက္ကသိုလ်မှာ ကုမယ်လို့ သဘောတူတယ်။  ဒါပေမဲ့ တော်တော်နောက်ကျသွားပြီ။ ခုတော့ အသက် ၅၅ နှစ်တောင်ရှိနေပြီဖြစ်တဲ့ ဆူဆန်ဟာ ဒီလိုပြောပြ တယ်။ 'ကယ်လ်ဟာ မမွေးခင်ကတည်းက ဒါမှမဟုတ် မွေးပြီးစမှာ ဦးနှောက်ဒဏ်ရာကြောင့် ကြွက်သားတွေ ပျက်စီးသွားတယ်။ ဟိုနာဗ်ကြောဆွဲနေပြီး သွက်ချာ ပါဒလိုက်နေတယ်။ သူဟာဘေးက တစ်ယောက် ယောက်နဲ့မှ လမ်းလျှောက်နိုင်တယ်။ သူဟာ စကား ပြောတာ တစ်ခုခု နာကျင်ခံစားနေရသလိုပဲ။ အကြားမှာ လည်း ဆုတ်ယုတ်လာတယ်။ သူ့မျက်လုံးတွေက နေရာအားလုံးကိုလိုက်ကြည့်နေသလို' သူ့ကို တစ်ဘဝလုံး ဂရုစိုက်ပေးနေရတော့မယ်။ ဆူဆန်ဟာ စိန့်လုမှာပဲ အခြေချနေတယ်။  ကယ်လ် ဘာတွေဖြစ် လာမလဲဆိုတာ မတွေးတတ်တော့ဘူး'တဲ့။ ဆူဆန်ဟာ လူနာနဲ့ပတ်သက် ပြီး တက်ြ<ွကလှုပ်ရှားသူတစ်ယောက် ဖြစ်လာပြီ။   ရောဂါ စမ်းသပ်ဖို့လိုတယ်။ ဒီလိုထပ်မဖြစ်ရအောင် အမှား တွေကို  တားနိုင်ဖို့မှာတဲ့ အချက်တချို့လည်း ရှိတယ်။ အဲဒါတွေကို ဝါရှင်တန်မှာ စမ်းသပ်မယ်။ သူဟာ ကျန်းမာရေး ဆေးပညာဆိုင်ရာ ရောဂါစမ်းသပ် မှု တိုးတက်ရေးအဖွဲ့မှာ အလုပ်လုပ် တယ်။ ဒီအဖွဲ့က အင်္ဂါနေ့ အစီရင်ခံ စာကို ပုံနှိပ်ထုတ်ဝေနေတာပေါ့။  အဲဒီအစီရင်ခံစာဟာ မှာကြားချက်လည်းဖြစ်တယ်။ ပိုမိုတိကျတဲ့ လေ့ကျင့် ခြင်းလည်း ဖြစ်တယ်။ ဆေးရုံတွေ၊ ကျန်းမာရေးစောင့် ရှောက်မှုစနစ်တွေ၊ ဌာနဆိုင်ရာ အဖွဲ့အစည်း တွေဟာ 'တိုးတက်နေရမယ်။ တစ်ခုခုကို သတ်မှတ်ထားနိုင် အောင် ဖြန့်ကြက်ထားရမယ်။ လေ့လာသင်ယူနေရ မယ်။ ကျန်းမာရေးစမ်းသပ်မှု အမှားတွေကို လျှော့ချနိုင် ရမယ်။ လက်တွေ့ဆေးဝါးကုသမှု အလေ့ အကျင့်တွေ တလွဲတချော်ဖြစ်တာကို တားဆီး ကာကွယ်ရမယ်'လို့ အစီရင်ခံစာထဲမှာ အကြံပေးထားတယ်။ 'တကယ်လို့ လူတွေဟာ ပြဿနာဖြစ်မှာ ကြောက်လို့ဖြစ်ချင်တာ၊ ဖြစ်နေတာကို မပြောဘဲ ငြိမ် နေရင် အဖြစ်ဆိုးတွေဟာ ဆက်ပြီးဖြစ်နေနိုင်တယ်။  ဒီနေရာမှာ ဆေးရုံနဲ့ ဆရာဝန် တွေဟာ သူတို့ရဲ့ အမှား ကိုဝန်ခံဖို့ လွတ်လွတ်လပ်လပ် ခံစားမယ်။ ဒီလို အလေ့အထတွေကို ဖန်တီးဖို့ အရေး ကြီးတယ်'လို့ ဘီလ်က ပြောတယ်။ ဒီမှတ်ချက်ဟာ ၁၉၉၈ ခုနှစ် သမိုင်းမှတ်တမ်းမှာကျော်ကြားခဲ့တယ်။ ဆေးပညာဆိုင်ရာ တက္ကသိုလ်က တောင်းဆိုခဲ့တာ လည်း ဒါနဲ့ အလားတူပါပဲ။  ဝန်ခံခြင်းယဉ်ကျေးမှုတဲ့။ အဲဒီအစီရင်ခံစာထဲမှာ အမေရိကန်အမျိုးသားတွေ သိန်းချီပြီး အသက်ဆုံးရှုံး ရတယ်လို့ ကျန်းမာရေးဆိုင်ရာ လွဲချော်မှုတွေနဲ့ ပတ်သက်ပြီး ဖော်ပြထားတယ်။ ခွဲစိတ် တာတွေ အမှား အယွင်းယွင်းဖြစ်တယ်။ ဆေးရုံတွေမှာ ကူးစက်ရောဂါတွေဖြစ်တယ်။ အဲဒီလို အမှားတွေ အမျိုး မျိုး အဖုံဖုံ တွေ့ရတယ်။ မယုံနိုင်စရာ ပြောပြရဦးမယ်။ တိုင်းပြည်ရဲ့ ရှုပ် ထွေးတဲ့ စိတ်ကူးတွေနဲ့ ကျန်းမာရေးစနစ်ကြောင့် ရှာရီ ဒင်မိသားစုကို ထပ်ပြီး ရိုက်ခတ်ခံတယ်။  ဆူဆန်ဟာ လူနာတွေ ပိုမိုပူးပေါင်းပါဝင်နိုင်ဖို့ အကြံပေးရင်း ဘဝ လမ်းကြောင်းအသစ်ကို အခြေချနေပြီ။ အဲဒီတုန်းက ပက်ထရစ်ဟာ လည်ချောင်းမှာ နာသလိုလိုဖြစ်လာ တယ်။ ဆရာဝန်တွေက လူ့ခန္ဓာကိုယ်အစိတ်အပိုင်း တွေကို လေ့ကျင့်ပေးတဲ့ ကုထုံးနဲ့ ကုပေးတယ်။ နာတာ ကျင်တာပျောက်ဖို့ ဆေးတွေပေးတယ်။ နာကျင်နေတဲ့ နေရာတွေကို အပ်စိုက်ကုပေးတယ်။ ဘာမှအထောက် အကူမဖြစ်ဘူး။ အရိုးအထူးကု ဆရာဝန်က အမ်အာ ဘိုင်စကင်ရိုက်ခိုင်းတော့ သူ့ရဲ့ကျောရိုးမှာ အကျိတ် တွေ့ရတယ်။ 'အရီဇိုနာမှာ တော်တော်နာမည်ကြီးတဲ့ ဆေးရုံကို ကျွန်မတို့သွားတယ်'လို့ ဆူဆန်က ပြောခဲ့ တယ်။ ခွဲစိတ်ဆရာဝန်ကြီးတစ်ဦးက ကျူမာကိုဖယ် ထုတ်ခဲ့ပြီး ဒါဟာ ရိုးရိုးအကျိတ်ပါလို့ ရီဒန်တို့ မိသားစု ကို ပြောခဲ့တယ်။ ဒါပေမဲ့ ဆူဆန်ကဒီစကားကိုမယုံခဲ့ဘူး။ကယ်လ်နဲ့ အတွေ့အကြုံများခဲ့ပြီးလို့တော့ မဟုတ်ဘူး။ 'ကျွန်မ ခွဲစိတ်ဆရာဝန်ရဲ့ အစီရင်ခံစာနဲ့ ရောဂါရှာဖွေတာကိုတောင်းတယ်။ ကျူမာက ထုတ်ထားတဲ့ တစ်သျှူးဖြတ်စတစ်ခုကိုရတယ်။ အဲဒါအေးခဲ နေပြီ' သူမပြောပြခဲ့တယ်။ သူမဟာ သူ့ဘာသာသူ အထွေထွေရောဂါကုဆရာဝန် တစ်ယောက်လို အရာ ရာကို ယူလုပ်တယ်။ 'ကျွန်မတို့ မသိခဲ့တာတစ်ခုရှိတယ်။ ရောဂါရှာဖွေရေး ဆရာဝန်ကြီးက ကျွန်မယောက်ျား အကျိတ်ကို ထပ်စမ်းပြီး ညွှန်ကြားတယ်ဆိုတာ။ အဲဒါ ဟာ ကျူမာဆိုတာ ထင်ရှားနေပြီ။ ဆုံးဖြတ်နိုင်နေပြီ'။ ၂၃ ရက်နောက်ကျပြီး ရောဂါရှာဖွေရေး ဆရာဝန်ကြီးက သူ့အစီရင်ခံစာကို ဆူဆန်ရဲ့ ဆရာဝန်ကြီးဆီ ဖက်စ်နဲ့ ပို့လိုက်တယ်။ ဆူဆန်က 'ဘယ်ဆရာဝန်မှ မကြည့်ရ သေးခင် ကျွန်မယောက်ျား ကို စမ်းထားတဲ့ အဖြေကို ရတယ်'လို့ ပြောပြရှာတယ်။ ပက်ထရစ်ပြန်ကောင်း လာတယ်လို့ထင်ပြီး သူတို့မိသားစုပျော်ပွဲရွှင်ပွဲ ကျင်းပ လိုက်ကြသေးတယ်။ ဒီဆဲလ်အုပ်စုဟာ သူ့ကိုယ်ထဲ မှာ ပြန့်နေမလားလို့ နည်းနည်းတော့ သံသယရှိတယ်။ ခြောက်လကြာတော့ နာကျင်မှုဟာ ပြန်ပေါ်လာတယ်။ ဒီလိုဖြစ်ပြီးရင် သတိမေ့မြောနေတော့မှာပဲ။ 'ဆေးမကု တဲ့ ခြောက်လအတောအတွင်း ကျူမာဟာ ကျောရိုး ကိုပြန့်နေတယ်။ ပက်ထရစ်ဟာ တစ်ပတ်ပြီး တစ်ပတ် ဆေးစစ်ဖို့နဲ့ ဓာတ်ကင်ဖို့ ဟောက်စ်တန်မှာရှိတဲ့ အင်ဒါ ဆင်ကင်ဆာဌာနကို သွားခဲ့တယ်။ သူမအပြောအရ သူဟာ မလုပ်ဖြစ်ခဲ့ဘူး။ ပက်ထရစ်ဟာ အသက် ၄၅ နှစ် အရွယ် ၂ဝဝ၂ ခုနှစ်မှာ ကွယ်လွန်ခဲ့တယ်။ ဒီကျန်း မာရေးဆေးစစ်ချက်အမှားက သူ့ဘဝကို အဆုံးသတ် သွားခဲ့တယ်။ 'သူပြောခဲ့တယ်။ ဒါဟာ ကင်ဆာမှန်း သူသိတယ်။ ကျန်တဲ့ လူတွေလည်း သိမယ်လို့ သူ ထင်တယ်။ သိသိမသိသိ တစ်နည်းနည်းနဲ့ ဒီစက်ဝိုင်း ကွင်းဆက် ပိတ်နိုင်တဲ့စနစ်ကို သူယုံကြည်ရတယ်လို့ ကျွန်မတွေးမိတယ်'။အာရုံကြောပညာရှင်ရဲ့  ဒီအကျိတ်အကြောင်း အစီရင်ခံစာကို မြင်တာနဲ့ ရောဂါရှာဖွေရေးသမားက ဘာကြောင့်  သေချာနေရတာလဲ။ သူဖုန်းကောက်ကိုင် ပြီး ဆရာဝန်ကိုခေါ်မယ်။

nwe sai  5

ကျွန်တော်တို့တော့ တစ်ခုခု ဆိုးဆိုးဝါးဝါး လက်ဆုပ်လက်ကိုင်တွေ့   ပြီလို့  ပြောလိုက် ရင် ဘာဖြစ်မလဲ။ ဒါတွေဟာ ဆူဆန်တစ်ယောက် အဖြေမတွေ့တဲ့ မေးခွန်းတွေပဲ။ ဆရာဝန်တွေဟာ အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် စကားပြောဖို့ အတွက် ကုန်ကျစရိတ်ပြန်ပေးရတယ် သို့တည်းမဟုတ် အခကြေးငွေပေးရတယ်လို့ မကြားဖူးဘူး။ ကျွန်မတို့ စနစ်ဟာ ဆရာဝန်တွေကို အချင်းချင်း မဆွေးနွေးဖို့ တားမြစ်ထားတယ်'။ အင်္ဂါနေ့အစီအစဉ်မှာ ဒီပြဿနာ ကို တိုက်ရိုက်ဖော်ထားတယ်။ အခုတော့ ဟုတ်နေပြီ။ ဒီလိုမဖြစ်အောင် သူတို့ကို ငွေလည်းပေးလို့မရတော့ ဘူး။ အားပေးနေလို့လည်း မထူးတော့ဘူး။ ဒါပေမဲ့ သူ တို့ဘာသာလုပ်သင့်တာလုပ်လိမ့်မယ်လို့ ဘောလ်က မှတ်ချက်ပြုတယ်။ ဒီအစီရင်ခံစာဟာ ဒီလိုဒီပုံ အကြံ ပြုတဲ့အတွက်  ငွေတောင်းထားတာ။  နောက်ပြီး အာမခံ ကုမ္ပဏီကို ကုန်ကျစရိတ်စာရင်းပို့ဖို့ ကိုယ်ပိုင် သုံး ကုတ်နဲ့ပေးရမယ်တဲ့။ဓာတ်မှန်ပါရဂူတွေနဲ့ ရောဂါရှာဖွေရေး ပါရဂူ တွေကို ကျန်းမာရေးစောင့်ရှောက်မှုအတွက် ပါဝင်ဖို့ အများကြီးလိုတယ်။ ဒီမှာ ရောဂါစမ်းသပ်မှု ၃ဝ,ဝဝဝ နဲ့ မော်လီကျူးစမ်းတာ ၁ဝ,ဝဝဝ ရှိတယ်။ ဘယ်ရောဂါ ရှာဖွေရေးသမားတော်တစ်ဦးတည်းနဲ့ ဒီလိုသီးခြား လူနာအတွက် သုံးထားတဲ့ စမ်းသပ်ထားတာတွေကို ဆွဲမထုတ်နိုင်ဘူး'ဒီလို ဘီလ်က ပြောပြန်ရော။ အသက်မဲ့ ခန္ဓာက အသားစထုတ်ပြီး  ရောဂါဇာစ်မြစ်ကိုရှာတဲ့ ပညာဟာ ပျောက်သလောက်ဖြစ်နေပြီ။ ဒီပညာဟာ ဆရာဝန်တွေနဲ့ ဆေးရုံတွေမှာ ဘေးဖယ်ထားတဲ့ လုပ်ထုံးလုပ်နည်းပါ။  အဲဒီနည်းပညာ ပြန် ရောက်လာဖို့ အစီရင်ခံစာထဲမှာလည်း တောင်းဆိုထားတယ်။ လူနာတွေဟာ များသောအားဖြင့်   တလွဲ တချော်ဖြစ်နေ တဲ့ ရောဂါရှာဖွေစမ်းသပ်နေတာနဲ့ သေလုမျောပါးဖြစ် နေပြီ။ ဒါကို ဘယ်သူမှ မသိဘူး။ ဒါဟာ အစီရင်ခံစာရဲ့ စကား။လူသေအလောင်းက အသားစထုတ်ယူပြီး စမ်းသပ်ကြည့်တဲ့ အကြိမ်နှုန်းဟာ တော်တော်များများ လျော့ကျလာတယ်။ တစ်စိတ်တစ်ပိုင်းကတော့ ငွေ မပေးနိုင်လို့။ နောက်ပြီးများသောအားဖြင့် အခုလုပ် နေတဲ့ ရောဂါရှာနည်းဟာ အစားထိုးနိုင်သလား။ လူ နာမှာရှိတာကိုကြိုပြီး သိထားသင့်လားစသဖြင့် လူတွေ က သံသယတွေပွားလာတယ်' ဒါက ဘောလ်ရှင်းပြ တာ။ တကယ်လို့ သူတို့သာ အမြဲတစေကျယ်ကျယ်ပြန့် ပြန့် သုံးလာခဲ့ရင်။ သုံးနေတဲ့အခါ အီလက်ထရွန်နစ် မှတ်တမ်းတွေဟာ အထောက်အကူဖြစ်မှာပါ။ အဲဒီလို စာမှာဖော်ပြထားတာဘဲ။ ဒါပေမဲ့ ဆေးရုံတစ်ရုံရဲ့စနစ် က တခြားနဲ့ချိတ်ဆက်နိုင်တာတို့။ ဆရာဝန်တွေဟာ အခြေခံ အီလက်ထရောနစ်ကိရိယာတွေကိုတောင် အသုံးပြုဖို့ မနှစ်သက်ကြလို့ ဆုတ်ဆုတ်ဆိုင်းဆိုင်း လုပ်နေကြတာ။ အမျိုးစုံနေတာပဲ။ ဒါပေမဲ့ ဒီလို ကိစ္စ တွေမှာ စေ့စပ်သေချာတဲ့ စနစ်တစ်ခုမှ မရှိသေးဘူး။ 'ကျွန်တော်တို့စနစ်မှာ ဆရာဝန်တွေ တစ်ယောက်နဲ့ တစ်ယောက် ဆွေးနွေးတာကို တားမြစ်ထားတယ်။  ဈေးနှုန်းသက်သာတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေရဲ့ ပြဋ္ဌာန်းချက်တွေဟာလည်း အထောက်အကူ ပြုခဲ့သင့်တယ်'လို့ ဘောလ်က ပြောခဲ့တယ်။ စမ်းသပ် တာ၊ လှည့်လည်ကြည့်တာနဲ့ ရောဂါစမ်း သပ်စစ်ဆေး မေးတာ တစ်ခုစီအတွက် လုပ်လက်စတစ်ပိုင်းတစ်စ တွေကို ပြန်ပေးဝေရမယ့်အစား လူနာတွေကို ဂရုတစိုက် ပြုစုဖို့အတွက် အဖွဲ့တွေကို အားပေးရမယ်တဲ့။လူနာဗဟိုပြုအကျိုးသက်ရောက်မှု သုတေသန အဖွဲ့အစည်းအတွက် တွေ့ဆုံဆက်သွယ်မယ့် လူနာ တွေကို ညွှန်ကြားရေးမှူးဖြစ်နေတဲ့ ဆူဆန်က ပိုလို ချင်တယ်။ 'တို့ရဲ့ ကျန်းမာရေးပြုစုစောင့်ရှောက်မှု စနစ်က လိုနေ တယ်။ ကြီးကြပ်ပေးမယ့်လူမရှိဘူး။ ကျွန်မတို့ ကိုဘေးကင်းအောင် ထိန်းသိမ်းကြီးကြပ်ပေးဖို့ တာဝန်ခံ တချို့လိုတယ်။ အမှားတွေကို လက်ညှိုးထိုးပြမယ့် လူမျိုးပေါ့။ အမှားတွေပေါ်လာတဲ့အခါ သတင်းပို့မယ့် ကျွန်မတို့အတွက် နေရာမရှိဘူး။ ပထမဦးဆုံး ကျွန်မ လုပ်ချင်တာက တစ်ယောက်ယောက်ကို ပြောပြတာ ပဲ။  ဒါမှ ဒီလိုထပ်မဖြစ်ဖို့ သေချာနိုင်လိမ့်မယ်'။ ဒါတွေ က ဆူဆန်ရဲ့ ရင်နာနာနဲ့ပြောပြခဲ့တဲ့ စကားတွေပါ။ စနစ်အဟောင်းဆိုရင် ဒီလိုပဲဆက်ဖြစ်နေဦးမယ်ဆို တာ ဘယ်သူကြိုပြောနိုင်မှာလဲ။ တစ်ခုတော့ ရှိတယ်။ ဒါက အမေရိကန်ပြည်ထောင်စုမှာမို့ အပူ တပြင်း ဖြစ်ပြီး ဒီလိုပြဿနာတွေ့ နေလို့ ရေးကြ သားကြတာထင်ပါရဲ့။ ဒီမှာဆိုရင် အေးအေးဆေးဆေးပါ။ လူဆိုတာ သေမျိုးချည်းပဲလို့ တွက်ထားကြတော့  စိတ်မကောင်းဖြစ် ပေမဲ့ ထွေထွေထူးထူး  ဘယ်သူ့မှအပြစ်ပြောမနေပါ ဘူး။ အသက်ရှင် တုန်း ကုပေးတဲ့ သမားတော်ကြီး တွေကိုတောင် ကျေးဇူးတင်ပါကြောင်း သတင်းစာမှာ ထည့်ပေးကြတယ်မို့လား။

 ဖိုးပြည့်
Ref : "Getting it Wrong; Everyone Suffers An Incorrect or Late Diagnosis" by Maggie Fox.

 

 

 

 

 

 

 

Go to top