way to the top

တာဒအိုအန်ဒို (Tadao Ando)   ကို ၁၉၄၁ စက်တင်ဘာ ၁၃ ရက်နေ့မှာ တိုကျိုမြို့မှာ မွေးဖွားခဲ့ပါ တယ်။ သူဟာ ဂျပန်လူမျိုးဖြစ်ကာ အမြွာညီအစ်ကို တစ်ဦးရှိပါတယ်။သူ့ရဲ့ ထင်ရှားတဲ့ အချက်က

သမိုင်းဝင် ဗိသုကာ Francesco Dalco နဲ့ အမျိုးအစားတူ Critical Regionalism ကို ဗိသုကာ နဲ့ ရှု ခင်းပေါင်းစပ် ကာ ဖန်တီးတဲ့ ဗိသုကာ ပညာရှင်ဆိုတာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ငယ်ဘဝကို ပြန်ကြည့်ရင် ဗိသုကာတစ်ဦး မဖြစ် ခင် ခက်ခဲကြမ်းတမ်းတဲ့ ဘဝကို ဖြတ်သန်းခဲ့ရ သူပါ။အသက် ၂ နှစ်အရွယ်မှာ မိဘနှစ်ပါးကအမြွှာ နှစ်ဦးကို တစ်ဦးစီ ခွဲထားဖို့ စီစဉ်တဲ့အတွက် သူဟာ အဘွားနဲ့ကြီးပြင်းခဲ့ရပါတယ်။အသက်မွေးဝမ်းကျောင်း အနေနဲ့ ထရပ်ကား မောင်းသလို လက်ဝှေ့လည်း ထိုးပါတယ်။ လက်ဝှေ့ ကိုထိုးနေပေမဲ့ ပုံမှန်လေ့ကျင့် သင် ယူမှုမရှိဘဲ အမြင်နဲ့ကျင့်ခဲ့သူပါ။ သူအထက်တန်း ဒုတိယနှစ် အရောက်မှာ တိုကျိုရှိ Imperial Hotel ကို ဒီဇိုင်းဆွဲပေးသူ Frank L Loyd Wright   တစ်ယောက်  တိုကျိုကို အလည် အပတ်ရောက် လာခဲ့ပါတယ်။ ဒါကို အားကျသွားတဲ့အတွက် သူဟာ Boxing ထိုးတာကို ရပ်ပြီးနောက် အထက်တန်းအောင်ရင် ဗိ သု ကာ   ကျောင်းတက်မယ်လို့ စိတ်ကူးခဲ့ပါတယ်။  Boxing   ထိုးတဲ့ အချိန်နေရာမှာ  Drawing  နဲ့   Interior Design  ပညာကို ညကျောင်းတွေမှာ တက်ခဲ့ပါတယ်။ ဒီနောက် ကမ္ဘာသိ ဗိသုကာ ပညာရှင်တွေဖြစ်  တဲ့  Le Corbusier, Ludwig Mies Vander Rohe, Frank Lloyd Wright နဲ့   Louis Kahn  တို့ရဲ့ လက်ရာအဆောက်အအုံတွေကို လှည့်လည် ပညာ ယူပြီး ၁၉၆၈ ခုနှစ်မှာ အိုဆာကာကို ပြန်လာကာ သူ့ရဲ့ စတူဒီယို Tadao Ando Architects and  Associates   ကို တည်ထောင်ခဲ့ပါတယ်။ သူ့ရဲ့ ဒီဇိုင်းပညာဟာ   Zen  ဆိုတဲ့ ဂျပန်ရိုးရာ ကိုးကွယ်မှုဘာသာနဲ့ ဂျပန်လူမျိုးတွေရဲ့ ဘဝ နေထိုင် မှုပုံစံ လွှမ်းမိုးမှုများကာ  ဗိသုကာ စတိုင်ကတော့   Haiku  (ဟိုက္ကူ)ဆိုတဲ့ ရိုးရှင်းမှုကို အခြေတည်ထားပါတယ်။  သူ့ဒီဇိုင်းတွေအားလုံးဟာ အမှတ်ရစရာကောင်းသလို လူစိတ်ဝင်စားမှု အထူးရှိပေမဲ့ ရိုးရှင်းမှုကို မြင်သာနေရပါတယ်။ ဒီအ တွက်  ဂျပန်လူမျိုးတွေ အတွက်ပဲ သူ့ဒီဇိုင်းဟာ အသက်ဝင်နေမယ်လို့တော့ မထင်ပါနဲ့။  သူဟာ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေလည်း ဒီဇိုင်းဆွဲပေးခဲ့ပြီး ထင်ရှားတဲ့ လက်ရာတွေအနေနဲ့  Church of the Light (1989)  နဲ့ The Church in Tarumi (1993)  တို့ ရှိပါတယ်။ ဂျပန်စတိုင် ဆောက်တာနဲ့ ဥရောပစတိုင်ဆောက်တာကြား ကွာ ခြားချက် ဘာမှမရှိကြောင်းနဲ့အိမ်ပဲ ဆောက်ဆောက်၊  ဘုရားကျောင်းပဲဆောက်ဆောက် သူ့အဖို့ Design   ပိုင်းမှာ ခြားနားချက်ထားကြောင်း ရှင်းပြထားပါတယ်။Award  အနေနဲ့  Pritzker Architecture Prize အပါအဝင်ဆုများစွာ ရခဲ့ဖူးပြီး စာအုပ်အနေနဲ့    Seven Interview with Tadao, Ando, Rokko Housing 1-2-3  တို့ထွက်ရှိထားပြီး sek-taught architect  အဖြစ် နာမည်ကျော်သူ တာဒအိုအန်ဒိုရဲ  The way to the top    ဖြစ်လာတဲ့ လမ်းက အတွေးအခေါ်တွေကို ကြည့်ရအောင်ပါ။

way to the top3          

အနုပညာ၊ အတွေးအခေါ်နဲ့ ဖန်တီးမှု

ကျွန်တော့်ရဲ့ လက်အစုံဟာ တွေးတောခြင်းနဲ့ တီထွင်ခြင်းတွေ ဖြန့်ကြက်လုပ်ကိုင်နိုင်ဖို့ ပါလာတာပါ။ thinking process, creative process   တွေ လုပ်ကိုင်ဖို့ အပိုပါလာတဲ့ စက်ပစ္စည်းတစ်ခုလိုပါပဲ။

ဂျပန်ဗိသုကာပညာကို လေ့လာမယ်ဆိုရင်

ဂျပန်ရိုးရာဗိသုကာ ပညာကို လေ့လာမယ်ဆို ရင် ဂျပန်လူမျိုးတွေရဲ့ ယဉ်ကျေးမှုနဲ့ သဘာဝလောကကြီး နဲ့အကြား သဟဇာတဖြစ်အောင် နေထိုင်နိုင်တာကို တွေ့ရပါလိမ့်မယ်။ သဘာဝကို မပြုပြင်ဘဲ နီးစပ်အောင် ဖန်တီးယူတာက ဂျပန်ဗိသုကာ ပညာပါပဲ။

လှပတဲ့ ပုံရိပ်ဆိုတာ
 နေရာတစ်ခုဟာ ဘာကြောင့်လှနေသလဲဆို တာကို အလွယ်တကူမခန့်မှန်းနိုင်ပေမဲ့  နေရာရဲ့ ပုံရိပ်ကတော့ မျက်စိထဲမှာ ထင်ထင်ရှားရှားကြီး မြင် နေမိတတ်ပါတယ်။

Design and Level
အသေးစိတ်ဖော်ပြချင်တဲ့ Level တစ်ခုနဲ့ လက်သမားပညာပေါင်းစပ်မှုကို မူလဒီဇိုင်းဖန်တီးစဉ် မှာ တစ်ခါတည်းထည့်သွင်းထားရပါတယ်။ ဒါကြောင့် ပုံစံတစ်ခုကို ဆွဲပြီဆိုတာနဲ့ ဒီအဆောက်အအုံမှာ ဘယ်အရာကို အသေးစိတ်ဖော်ပြမလဲကို အရင်စဉ်း စားပါတယ်။

သမိုင်းအရ အဖိုးတန်တဲ့ ဗိသုကာမြေ
    အကြိုက်ဆုံးဗိသုကာ လက်ရာတွေရှိတဲ့ မြေက တော့ အီတလီပါပဲ။ ဗိသုကာ စံအရ ကြီးမားပြည့်စုံ လွန်းတဲ့ ရောမက  Pantheon   ဟာ ကျွန်တော့်စိတ် ကြိုက်နေရာပါ။

အတိတ်၊ အနာဂတ်နဲ့ ပစ္စုပ္ပန်
ကျွန်တော်က အတိတ်ကို ပြန်တွေးသလို အနာ ဂတ်ကိုလည်း မျှော်တွေးနေပါတယ်။ ဒါ့အပြင် လက်ရှိ ဘဝမှာလည်း ငါဘယ်ရောက်နေသလဲ၊ ဘယ် လောက်ဆက်သွားဖို့ လိုအပ်ပြီးဘာတွေထပ်မံဖြည့် ဆည်းရမလဲတွေးမိပါတယ်။

              way to the top4

way to the top 1                                                                                                           

အမေရိကန်အပေါ် အမြင်
စီးပွားရေးအမြင်အရ ကြည့်ရင် အမေရိကဟာ ခေါင်းဆောင်သဖွယ် ဖြစ်နေပါတယ်။ ဒါကြောင့် ဒီမြေ မှာ ရှင်သန်ချင်ရင် သင့်အနေနဲ့ တစ်ခုခုကို အသစ်အဆန်းလုပ်ပြဖို့လိုအပ်ပါလိမ့်မယ်။

သူ့ဗိသုကာပညာရဲ့ လျှို့ဝှက်ချက်က ....

ကျွန်တော်ဟာ ဂျပန်အမျိုးသားဖြစ်တာကြောင့် ဂျပန်ဗိသုကာ ပညာရပ်နဲ့ ဆောက်လုပ်မှုပုံစံတွေကို အမြဲမြင်နေရပါတယ်။ ကျွန်တော့် ဒီဇိုင်းတွေရဲ့ အတွေး အခေါ်နဲ့ ပုံစံဟာ ဂျပန်ဒီဇိုင်းတွေက လာတာပါ။ အနောက်တိုင်းနည်းပညာနဲ့ ပစ္စည်းတွေကို ဘယ် လောက်သုံးထားသည်ဖြစ်ပါစေ။ ဒီဇိုင်းအခြေခံက တော့ ဂျပန်ဗိသုကာပညာအပေါ် အခြေတည်ပါတယ်။

ယုံကြည်မှုမရှိရင် ဖြစ်မလာနိုင်တဲ့ Modernist Architecture

  ပြင်းထန်တဲ့ ယုံကြည်မှုသာ မရှိခဲ့ရင် မော်ဒန် ဆန်လွန်းတဲ့ ဗိသုကာပညာဆိုတာ အခုလိုပြည့်ပြည့် စုံစုံရှိနေနိုင်မှာ မဟုတ်ပါဘူး။ ယုတ္တိဗေဒကျမှုနဲ့ မော်ဒန်ပညာကြား ကွာခြားချက်များလွန်းပေမဲ့  ကျွန်တော် ကတော့ ဒီနှစ်ခုစလုံးကိုပေါင်းစည်းပစ်လိုက်ပါတယ်။

နည်းပညာ၊ Technology ကို မပစ်ပယ်ပါနဲ့။

ကွန်ပျူတာဟာ ဗိသုကာတီထွင်မှု နောက်တစ် မျိုးကို အမြဲပေးစွမ်းနေပါတယ်။ ဒါကြောင့် ကွန်ပျူတာ နည်းပညာရပ်ကို မငြင်းပယ်ပါနဲ့။ မတူညီတဲ့ ကမ္ဘာနှစ် ခုကို ပေါင်းစပ်ဖို့ ကြိုးစားပ

ဦးနှောက်နဲ့ လက်ကိုတစ်ပြိုင်နက်တည်း ခိုင်းပါ။way to the top2
ကျွန်တော်တစ်စုံတစ်ခုကို ရေးဆွဲပြီဆိုတာနဲ့ ဦးနှောက်နဲ့လက်ကို တစ်ပြိုင်နက်တည်း အလုပ်လုပ် ပါတယ်။

ဗိသုကာပညာရပ်ဟာ လူတွေအတွက်ပါ။
 အားလုံးသော ဗိသုကာ ပညာရပ်တိုင်းဟာ သဘာဝအရကို လူများတဲ့ နေရာမှာရှိတဲ့ အဆောက် အအုံတိုင်းအတွက် ရည်ရွယ်နေပါတယ်။ ဒါကြောင့် ဆွဲသမျှ ဒီဇိုင်းတိုင်းမှာ  Public Space ပါအောင် ထည့်ထားပါတယ်။

စာပေနဲ့ ဂီတဟာ တခြားဘဝတစ်ခုပါ။    way to the top6
 ကျွန်တော့်ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေ သလဲကို စိတ်ဝင်စားပါတယ်။ တခြားအနုပညာရပ်တွေ ထဲမှာတော့ စာပေနဲ့ ဂီတကို အထူးအာရုံထားပါတယ်။

စာပေက သင်ယူခြင်း
အီတလီက သမိုင်းဝင်အဆောက်အဦတွေပါ တယ်။ ဥရောပဘက်မှာ ဂရိရဲ့ဗိသုကာ အတွေးအခေါ် ကို အခုထိ လက်သင့်ခံနေရတုန်းပါပဲ။ ဒါကြောင့် စာအုပ်တွေ လေ့လာသလို အဆောက်အအုံတွေရဲ့ ဓာတ်ပုံတွေကိုလည်း ကြည့်ရပါတယ်။ ဗိသုကာ ပညာ ဒီဇိုင်းအရ ဗိသုကာပညာအစုံအစေ့ကို ဥရောပ ဗိသု ကာ ဒီဇိုင်းတွေက ရပါတယ်။                                                                            

ချိုတေးသံ

 

 

 

 

 

 

 

 

Go to top