အာကာသဆီ တစ်ညအိပ်ခရီး

travel news 2
    

အာကာသထဲသွားနိုင်ဖို့  အမြဲစိတ်ကူးအိပ်မက်မက်နေခဲ့ပေမယ့် အာကာသယာဉ်မှူးတစ်ဦးရဲ့  အလွန် ပင်ပန်းလှတဲ့  လေ့ကျင့်မှုမျိုးကို ကြုံဖူးကြမှာမဟုတ်ဘူး။ မကြာတော့ပါဘူး။ ကမ္ဘာကြီးကိုမခွဲခွာဘဲ စိတ်ကူး ယဉ်အိပ်မက်ကို  အကောင်အထည်ဖော်နိုင်တော့မှာ ပါ။ ဆွစ်ဇာလန်နိုင်ငံ  Zurich  မြို့Kameha Grand Zurich  ဟိုတယ်ဟာ အာကာသစခန်းတစ်ခုရဲ့ အတွင်း အပြင်အဆင် အသစ် ပြင် ဆင်ထားတာ ပြသခဲ့ပါ  တယ် ။    Grand Kameha ရဲ့အာကာသခန်းဟာ zero gravityအိပ်ရာနဲ့အတူ မြေပြင်ကနေ  ဆွဲအားမဲ့မျောပါနေသလို ခံစားရစေမှာပါ။ ရေနွေးငွေ့ ရေချိုးကန်မှာလည်း

စကြ ဝဠာ ထဲက  မြင်ကွင်းမျိုးခံစားကြည့်ရှုနိုင်အောင်  ဖန်တီး ထားပါတယ်။  လတ်တလော hit  ဖြစ်နေတဲ့ ဒါရိုက်တာ  Ridley Scott's   ရဲ့ အာကာသစွန့်စားခန်းရုပ်ရှင်သစ် ကို စိတ်ဝင်စားနေကြတဲ့သူတွေအတွက် စိတ် ထွက် ပေါက်ပေးနိုင်မယ့် အတွေ့အကြုံဖြစ်စေပါလိမ့်မယ်။ အာကာသခန်းဒီဇိုင်းက ဂျာမန်   artist Michael Najjar ရဲ့လက်ရာပါ။Najjar ဟာ ပထမဆုံးစီးပွားဖြစ် အာကာသပို့ဆောင်ရေးလိုင်းVirgin Galactic  ရဲ့ ခရီးသွားအာကာသယာဉ်မှူးတွေထဲက တစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့  ၃ နှစ်က လေ့ကျင့်မှုပြုလုပ်ခဲ့တယ်။ သူ့ရဲ့ ဓာတ်ပုံ၊ ဗီဒီယို artwork တွေမှာလည်း  အာကာသအတွေ့ အကြုံတွေ မကြာခဏထည့် သွင်း အသုံးပြုရှိသူပါ။ 'ရည်ရွယ်ချက်ဆိုရရင် သက်သောင့်သက်သာရှိလှတဲ့ အိပ်ခန်းတစ်ခုဖန်တီးတာ တစ်မျိုးတည်းမဟုတ်ဘဲ အာကာသစခန်းတစ်ခုထဲမှာ  နေထိုင်ရှင်သန်သူတစ်ဦး ရဲ့ ပတ်ဝန်းကျင်ထဲနှ စ်မြုပ်ပျော်ဝင်သွားစေဖို့ ဖန်တီး ထားက ပိုပါတယ်လို့ Najjar   က ပြောပါတယ်။ အခန်း ထဲရောက်လာတဲ့ ဧည့်သည်တွေဟာ ဟိုတယ်ခန်းတစ် ခုထဲရောက်နေတယ်ဆိုတာ မေ့သွားလိမ့်မယ်။ အာ ကာသစခန်း ထဲရောက်နေတယ်ဆိုတဲ့  ခံစားမှုမျိုးပဲ ရရှိ နေပါလိမ့်မယ်လို့ ဆိုတယ်။ အခန်းထဲက two-screen ဗီဒီယိုအင်စတော်လေးရှင်းမှာလည်း ကမ္ဘာပတ်လမ်း ကြောင်းထဲက ဂြိုဟ်သိမ်ဂြိုဟ်ပဲ့တွေ ဝဲလည်လှည့်နေ တာနဲ့ ဒုံးပျံအင်ဂျင်တွေကြောင့်ဖြစ်လာတဲ့ အာကာသ ထဲက မီးအလင်းတွေပြသထားပါတယ်။ ဖုန်းနဲု့ key card တွေကိုင်တွယ်ဖို့ အာကာသထဲသုံးထဲ လက် အိတ်ပုံစံနံရံကပ်စင်ကလည်း စိတ်ဝင်စားစရာပါ။ အခန်းထဲက စာကြည့်ခန်းမှာ အာကာသခရီးသွားနဲ့ သက်ဆိုင်တဲ့ စာအုပ်၊ audio book  တွေ ဖတ်ကြည့် နိုင်တယ်။ နားထောင်နိုင်ကြတယ်။ နိုင်ငံတကာ အာကာသစခန်းနဲ့ NASA TV  ကို တိုက်ရိုက်ချိတ်ထား တဲ့ သတင်းလိုင်းတွေလည်း ကြည့်ရှုနိုင်ကြမှာပါ။ တစ် ညတာအတွက် ဟိုတယ်အခန်းခက ဒေါ်လာ ၂ဝဝဝ ခန့်ရှိပါလိမ့်မယ်။ Kameha Grand Zurich ရဲ့ နှစ်ညတာ  package ယူမယ်ဆိုရင် တစ်ညအတွက် ဒေါ်လာ ၁၈၉ဝ ကျသင့်ပြီး အာကာသခန်းမှာ အိပ်ရာ၊ နံနက်စာတွေပါဝင်မယ်။ ရောက်ရောက်ချင်းမှာ airbus A 320 လေယာဉ်နဲ့  ၁နာရီခွဲစာ ကိုယ်ခန္ဓာ လေမှာ       အဆင်ပြေပြေပျံဝဲနိုင်အောင် လေ့ကျင့်ပေးပါလိမ့်မယ်။ Michael Najjar  ရဲ့ artwork တွေ ပါဝင်တဲ့ စာအုပ်၊ art   လက်ဆောင်တစ်ခုနဲ့ Najjar ရဲ့  ဘာလင်က   စတူဒီယိုမှာ တွေ့ဆုံနိုင်မယ့် ဖိတ်ကြားစာ စတာတွေ ရရှိနိုင်မှာပါ။


Digital ခေတ်ထဲက နေရာသစ်ဆီ ရွှေ့ပြောင်းကြသူများ

t1-2

Kenya   ဒေသရဲ့ ရွှေရောင်လွှမ်းနေတဲ့ ဆာဗားနားမြက်ခင်းလွင်ပြင်တစ်လျှောက် ခရမ်းရောင်ရင်အုပ် လုံးလုံးroller ငှက်လေးတွေကို ဆာဖာရီခရီးသုံးကား တစ်စီးပေါ်ကနေ ကြည့်ရှုနိုင်မယ်။ မြေပြင်ပေါ်မှာ အာဖရိကသမင်တွေ၊ မြင်းကျားတွေနဲ့တခြားတောရိုင်းတိရစ္ဆာန်တွေဟာ အာဖရိကအရှေ့ပိုင်းကိုဖြတ်ကာ ပိုပြီး စိမ်းလန်းမယ့် စားကျက်တွေရှိရာဆီ ပြောင်းရွှေ့ ကြတဲ့ အလုအယက်ပြုံတိုးရွှေ့ပြောင်းကြတဲ့ Great Migration  ဖြစ်စဉ်ကို ကြည့်ရှုနိုင်ကြမယ်။ Maasai Mara National Reserve  ဒေသက ဆာဖာရီလမ်းညွှန်တွေဟာ Great Migration   ကို ကမ္ဘာ့ပထမဆုံး တိုက်ရိုက်ထုတ်လွှင့်နိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။  Mara  မြစ်အနီးကနေ ဖုန်ခိုးဖုန်ငွေ့တွေ  အလိပ်လိပ် ထောင်းထောင်းထ ပိတ်ဖုံးနေတဲ့  မြင်ကွင်းကနေ  အာဖရိက သမင်တွေအလုအယက်ပြေး ဝင်လာတဲ့  မြင်ကွင်း မျိုးရိုက်ကူးထုတ်လွှင့်ခဲ့ကြတယ်။  အောက်တိုဘာ ၅ ရက်နေ့ကနေစတင်ပြီး  Van Kets  နဲ့ Verhof တို့ဟာ ကင်ညာကMasai Mara Reserve  တစ်ဝန်း မိနစ်လေးဆယ်စာ နေ့ စဉ်ထုတ် လွှင့် ခဲ့ကြပါတယGoogle Map  ရဲ့    Herd Tracker Application  နဲ့လည်း ပူးပေါင်းပြသခဲ့ကြတယ်။ Perisocope  ဒါမှမဟုတ်YouTube   ကိုသုံးပြီး တိုက်ရိုက်ပြသနေတဲ့အချိန်မှာ ရိုက်ကူးနေသူတွေက နေ သူတို့ဘာတွေမြင်နေရတဲ့ မြင်ကွင်းတွေကို ပြောပြပေးနေကြတယ်။ အာဖရိက ခြင်္သေ့ကြီးတွေပြေးလွှား ပြီး မြစ်ကိုဖြတ်ကူးနေကြတဲ့ သမင်တွေ၊ ဆင်တွေ တွေ့ရှိသမျှ လိုက်လံသတ်ဖြတ် ကြတဲ့ မြင် ကွင်းမျိုးတွေလည်း ပါဝင်တယ်။ ကြည့်ရှုသူတွေကို like ဒါမှမဟုတ်  comment တစ်ခုခု  သူတို့ တိုက်ရိုက်မြင်တွေ့နေတာကို ရေးချပေးဖို့ တောင်းခံခဲ့ပါတယ်။ တချို့မေးခွန်းတွေက ရိုးရှင်းပါတယ်။ 'ဆင်တွေ ဘာစားလဲ' ဒါမှ မဟုတ် 'ဆင်တွေ မကြာခဏတစ်ကိုယ်တည်းသွားကြသလား'စတဲ့ မေးခွန်းတွေ မေး ထားတာပါ။ တချို့ စိတ်ရိုင်းဝင်နေတဲ့ ဆင်ကြီးတစ်ကောင် ရိုက်ကူးနေတဲ့ကားနားကို ကပ်လာတဲ့အခါ ကြည့်ရှုနေကြသူတွေက အသည်းငယ်ငယ်လန့်ဖျတ်ပြီး နောက် ပြောင်ရေးကြတာလည်း ရှိပါတယ်။ 'တစ်ယောက်ယောက် အဝတ်အစား အသစ်လိုချင် လို့ အနားကို ကပ်လာနေပြီ' စတဲ့  commentတွေရေးချကြတယ်။ ကင်ညာခရီးသွားအဖွဲ့ ကလည်း Make it Kenya အစီအစဉ်နဲ့ ခရီးသွားအစီအစဉ်တွေ ပြုလုပ်နေကြပါတယ်။ ကင်ညာဒေသရဲ့ အာဖရိကတောရိုင်းတိရစ္ဆာန်တွေ ရဲ့ နေ ရာရွှေ့ပြောင်းပုံကို   digital  ခေတ်ထဲမှာ ပထမဆုံးတိုက်ရိုက်ကြည့်ရှုခဲ့ကြရတာမို့ ကင်ညာဒေသခရီးသွားအတွက်  ပိုပြီးအထောက်အကူဖြစ်စေခဲ့မှာပါ။

ဖြိုးဖြိုး

Go to top