ctz

မြန်မာနိုင်ငံကို အလည်ရောက်ရှိလာတဲ့ နိုင်ငံခြားသားတွေဟာ မြန်မာလက်မှုပစ္စည်းတွေကို nအထူးပဲစိတ်ဝင်စားကြပါတယ်။ဒီပစ္စည်းတွေရဲ့ ဈေးကွက်ကလည်း အခိုင်အမာဖြစ်ထွန်းနေပြီဖြစ်ပါတယ်။ ဒါဟာသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုအတွက်လည်းပါဝင်လုပ်ဆောင်ပြီးသားဖြစ်သွားပါတယ်။ ဓာတုပစ္စည်း မပါဝင်ဘဲ သဘာဝပစ္စည်းများနဲ့ပြုလုပ်ထားတဲ့ ဆိုးဆေးကိုအသုံးပြုထားတဲ့ ချည်ထည်တွေ၊ စွန့်ပစ်ပစ္စည်းတွေကို အသုံးပြုထားတဲ့ လက်မှုပစ္စည်းတွေကို အနုပညာမြောက်စွာ ဖန်တီးထုတ်လုပ်နေတဲ့ Sunflowers Art, Organic Dye Textile & Crafts, Sunflowers Group Social Enterprise မှ Curator and Co-Founder မဖြူအိသိမ်းကို ဒီပစ္စည်းတွေရဲ့ ဈေးကွက်နဲ့ပတ်သက်လို့ မေးမြန်းဖြစ်ခဲ့ပါတယ်။

အစ်မတို့ sunflower မှာ ရနိုင်တဲ့ Product တွေ အကြောင်းပြောပြပေးပါ။



အစ်မတို့ဆီမှာရှိတဲ့ Product တွေက သဘာဝဆိုးဆေး လက်ကျစ်၊ လက်ရက်ကန်း ကြာထည်၊ ပိုးထည်၊ ချည်ထည်အမျိုးမျိုး၊ လက်ထိုး အသုံးအဆောင်ပစ္စည်းတွေ စွန့်ပစ်ပစ္စည်းသုံး အသုံးအဆောင် လက်မှုပစ္စည်းတွေ သဘာဝပစ္စည်းသုံးဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ မျက်နှာသစ်ဆေး၊ ကိုယ် တိုက်ဆပ်ပြာရည်၊ အဝတ်လျှော်ဆပ်ပြာရည်၊ တိုင်းရင်းသားရိုးရာ အဝတ်စများအသုံးပြုထားတဲ့ ပို့စကဒ်တွေ ကျွတ်ကျွတ်အိတ်တွေကို ပြန်လည်အသုံး ပြုထားတဲ့ အသုံးအဆောင်ပစ္စည်းတွေရနိုင်ပါတယ်။

မြန်မာနိုင်ငံကို အလည်အပတ်ရောက်ရှိလာတဲ့ နိုင်ငံခြားသားတွေကြားမှာ ဒီပစ္စည်းတွေရဲ့ဈေးကွက်က ဘယ်လိုရှိလဲဆိုတာသိပါစေ။

နိုင်ငံတကာမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ လက်မှုပစ္စည်းတွေရေပန်းစားနေတာ ကြာပါပြီ။ လူမှုစီးပွားလုပ်ငန်းတွေ ဖွံ့ဖြိုးဖို့အတွက် အားစိုက် လာကြတယ်။ အဲဒီအတွက် နိုင်ငံခြားသားတွေကြားမှာ ပြောစရာမလိုအောင် တန်ဖိုးထားကြတာတွေ့ရတယ်။ အဓိကကတော့ ပြည်တွင်းကသူတွေတန်ဖိုးထားတတ် လာအောင် ရှင်းပြပြောပြရမှာလည်းအရေးကြီးတယ်။ စီးပွားရေးဈေးကွက်တစ်ခု ရေရှည်တည်တံ့ဖို့က ပြည်တွင်း ပြည်ပဈေးကွက်နှစ်ခုစလုံးအရေးကြီးပါတယ်။

ctz2

နိုင်ငံခြားသားတွေရဲ့စိတ်ဝင်စားမှုက ဘယ်လိုပစ္စည်းမျိုးပေါ်မှာများလည်းဆိုတာလည်း သိပါရစေ။

သူတို့က လက်မှုပစ္စည်းအားလုံးကို စိတ်ဝင်စား ကြပါတယ်။ ပိုပြီး စိတ်ဝင်စားတာက တခြားနိုင်ငံမှာမရှိတဲ့ မြန်မာဖြစ်စစ်စစ်တွေကိုပိုပြီး စိတ်ဝင်စားကြတယ်။ သဘာဝဆိုးဆေး လက်ရက်ကန်းထည်တွေဆိုရင် မြန်မာပြည်မှာ ဆိုးနိုင်တဲ့အရောင်တွေနဲ့ တခြားနိုင်ငံမှာဆိုးနိုင်တဲ့ အရောင်တွေနဲ့မတူတဲ့အတွက်လည်း စိတ်ဝင်စားကြတယ်။ အများနဲ့မတူတာ ထုတ်လုပ်နိုင် မှု၊ ကိုယ်ပိုင်ဒီဇိုင်း၊ အရောင်အသွေး၊ အသုံးဝင်မှုတွေက လူကြိုက်များမှုရဲ့ အရင်းခံတွေဖြစ်ပါတယ်။

ဒီဈေးကွက်တစ်ခုကရော အခိုင်အမာဖြစ်ထွန်းနေပြီလို့ ဆိုနိုင်ပါသလား။

ဈေးကွက်ကရှိနေပါပြီ။ ခိုင်မာဖို့အတွက် ဂရုတစိုက် ထိန်းသိမ်းဖို့လိုပါတယ်။ တန်ဖိုးထားမှုနဲ့ တာဝန်ယူမှု၊ အရည်အသွေး ပုံမှန်ထိန်းသိမ်းမှုတွေလည်း အရေးကြီးပါတယ်။

ထုတ်ကုန်တွေ ဒီထက်ပိုပြီးရရှိနိုင်ဖို့ သင်တန်းသားတွေ မွေးထုတ်ပေးနေတယ်လို့သိရပါတယ်။ အဲဒါနဲ့ပတ်သက်လို့လည်း ပြောပြပေးပါရှင့်။

Sunflowers အနေနဲ့က စတင်ခဲ့ကတည်းက သင်တန်းသားရှာဖွေပြုစုပျိုးထောင်ရေးပိုင်းတွေကနေ ဈေးကွက်အထိ ရောက်အောင် အဆင့်ဆင့် လုပ်ဆောင်ရတဲ့အတွက်ကြောင့် ခူးပြီးခပ်ပြီးသားအဆင်သင့်တော့ ဘာမှမရပါဘူး။ အခက်အခဲများစွာလည်း ရှိပါတယ်။ ဒါပေမဲ့ အောင်မြင်အောင်တော့ ဒီထက်ပို ဝီရိယထုတ်ရဦးမှာပါ။ လက်မှုပညာအပေါ်တန်ဖိုးထားပြီး အရည်အချင်းတွေ ပြည့်မီအောင် ကြိုးစားမဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ အများကြီးလိုအပ်ပါတယ်။ အနုပညာခံစားမှု အားကောင်းလာအောင် ပြုစုဖို့လည်း အရေးကြီးပါတယ်။

အိအိထွေး

Go to top