IMG 5718ကျွန်တော်တို့ နေ့စဉ် အသုံးပြုနေတဲ့ အသုံး အဆောင်ပစ္စည်းတွေဟာ ကျွန်တော်တို့ရဲ့ဘဝကို ကောင်းမွန်အောင် ဒါမှမဟုတ် ဆိုးရွားအောင် ပြုလုပ်နိုင်စွမ်းရှိတယ်ဆိုတာ သတိပြုမိပါရဲ့လား။ ဥပမာ ပစ္စည်းကောင်းကောင်းတစ်ခုကို အသုံးပြုလိုက်လို့ ရရှိလာမယ့် ပျော်ရွှင်စိတ်ချမ်းသာမှုကို သင်ခံစားဖူး မယ်ဆိုရင် သင်ဒီအချက်ကို ထောက်ခံမိပါလိမ့်မယ်။ မှန်ပါတယ်။ အရည်အသွေးကောင်းမွန်တဲ့ ပစ္စည်းတွေဟာ ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝကို စိတ်ချမ်းမြေ့ပျော်ရွှင်မှုတွေနဲ့ ပြည့်စုံအောင် ပြုလုပ်ပေးနိုင်တယ်ဆိုတာ ငြင်းလို့မရပါဘူး။ အဲ့ဒါကြောင့် Living Fashion မဂ္ဂဇင်း စာဖတ်ပရိသတ်ကြီးကို ဒီနေရာကနေ ပစ္စည်းကောင်းတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ UCHINO တဲ့။ Bath Accessories ကောင်းကောင်းတွေ ထုတ်လုပ်ပေးနေတဲ့ အမှတ်တံဆိပ်ပဲ ဖြစ်ပါတယ်။ ဒီ UCHINO Bath Designs နဲ့ ပတ်သက်ပြီး သိလိုသမျှကိုတော့ Household Textile & Texture Co. Ltd က ဒါရိုက်တာ မနှင်းဝေယီအား တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။

 


ဒီ UCHINO Bath Designs ဆိုင်လေးကို ဘယ်လိုကြောင့် ဖွင့်လှစ်ဖြစ်ခဲ့တာလဲ။ ဘယ်တုန်းက ဖွင့်လှစ်ဖို့ စတင် ရည်ရွယ်ခဲ့ပြီးတော့ ဘယ်အချိန်မှာ အကောင်အထည်ဖော်ဖြစ်ခဲ့တာလဲ။

၂ဝ၁၂ က စခဲ့တာပါ။ ၂ဝ၁၂ ဖေဖော်ဝါရီလောက်က စပြီးတော့ Dagon Center II မှာ ဆိုင်လေးက သေးသေးလေးနဲ့ပဲ စဖြစ်တယ်။ ပစ္စည်း အမျိုးအစားနဲ့ brand လည်း သိပ်မစုံသေးဘူးပေါ့။ အဲ့ဒီမှာတော့ ရေချိုးခန်းသုံးပစ္စည်းကို မျက်နှာသုတ် ပုဝါလေးတွေကနေ ပြီးတော့ ခြေသုတ် ဖိနပ် အခုဆိုရင် accessories တွေပါ ပါသွားတာပေါ့။ အဓိက ရည်ရွယ် ချက်ကတော့ အရည်အသွေးကောင်းတဲ့ ပစ္စည်းတွေနဲ့အတူ lifestyle လေးကို မိတ်ဆက်တာပါ။ အခုဆို ဒီဒုတိယမြောက်ဆိုင်လေးကို ပစ္စည်း စုံစုံလင်လင်နဲ့ ဖွင့် ဖြစ်ခဲ့ပါတယ်။


UCHINO Bath Designs မှာ ရရှိနိုင်မယ့် Uchino Bath Accessories တွေက . . .

အမျိုးအစားတွေကတော့ အများကြီး ရှိပါတယ်။ ရေမချိုးခင်ကနေ ရေချိုးပြီးတဲ့အထိ အသုံးအဆောင် ပစ္စည်းတွေ။ မျက်နှာသုတ်ပဝါ ၊ ခြေသုတ် ၊ ဖိနပ် ၊ ဆပ်ပြာ၊ အမွှေးနံ့သာတွေပေါ့နော် ၊ ပြီးရင် အက်ႌ၊ ကေလးအက်ႌ၊ ကလေးပစ္စည်းတွေဆိုရင်လည်း ကလေးတွေကို မွေးကင်းစ ကလေးတွေကနေ စပြီးတော့ စိတ်ချရမယ့် ပစ္စည်းမျိုးတွေပေါ့ ၊ ကလေးတွေ အိပ်တဲ့ အခါကျရင်လည်း စောင်မလွတ်အောင် ခြုံတဲ့အင်္ကျီတို့ ၊ သွားရည်ခံတို့၊ ရေချိုးသုံးတဲ့ ပစ္စည်းတို့၊ နောက်ပြီး အဝတ်တွေနဲ့ လုပ်ထားတာဆိုတော့ ကလေးတွေရဲ့ပါးစပ်ထဲ အစအနတွေ ဝင်လို့ရှိရင် အန္တရာယ်ကင်းစေမယ့် နည်းပညာတွေနဲ့ ထုတ်ထားတဲ့ ပစ္စည်းတွေပေါ့နော်။ UCHINO မူရင်း brand တွေအပြင် တရားဝင်လိုင်စင်ရ brand တွေဖြစ်တဲ့ Paris က Marie Claire, Japan က Hello Kitty နဲ့ Accototo brand တွေကိုလည်း ရနိုင်ပါတယ်။


 

UCHINO Bath Accessories တွေက ပြည်တွင်းထုတ်ကုန်တွေလား။ ဒါမှမဟုတ် ပြည်ပမှ တင်သွင်းကုန်တွေဆိုရင် ဘယ်နိုင်ငံတွေက တင်သွင်းသလဲ သိပါရစေ။

အားလုံးက ပြည်ပက တင်သွင်းတဲ့ ပစ္စည်းတွေပါ။ ဒီ UCHINO Bath Designs က ပစ္စည်းတွေကတော့ ဂျပန်ပစ္စည်းတွေပေါ့နော်။ Japan နည်းပညာနဲ့ ထုတ် ထားတာပါ။ စက်ရုံတွေကတော့ အများကြီး ရှိပါတယ်။ ကျွန်မတို့က ဒီ UCHINO brand ကို မြန်မာပြည်မှာ တင်သွင်းဖြန့်ချိတဲ့ ကိုယ်စားလှယ်ပါ။


 

UCHINO Bath Designs က UCHINO Bath Accessories တွေကို အသုံးပြုခြင်းအားဖြင့် ရရှိလာမယ့် အကျိုးကျေးဇူးတွေက . .

အဓိကကတော့ စိတ်ကျေနပ်မှုပေါ့။ ဒီလို သင့်တင့်ပြီး အသုံးတည့်တဲ့ ပစ္စည်းလေးတွေနဲ့ တစ်နေ့တာ ပင်ပန်း နွမ်းနယ်မှုတွေကို ပြေပျောက်စေပါတယ်။ကျန်းမာရေး အတွက်လည်း စိတ်ပူစရာမရှိဘူး။ ဒီမျက်နှာသုတ်ပဝါနဲ့ ချည်ထည်တွေရဲ့အရောင်တွေကို လည်း သဘာဝ ဆိုး ဆေး နဲ့ ဆိုးထားတာပါ။ Organic ပစ္စည်းကောင်းကောင်း တွေ ကြိုက်တဲ့သူ ၊ ပစ္စည်းကောင်းကောင်းကိုမှ သုံးချင် တဲ့သူတွေ စိတ်ကျေနပ်မှုသာမက စိတ်ရွှင်လန်းမှုကိုပါ ရနိုင်ပါတယ်။ ပြီးတော့ မျက်နှာသုတ်ပဝါ လေးတွေ ဆိုရင်လည်း အရည်အသွေး ပြည့်ဝတဲ့ အသားအမျိုးမျိုးနဲ့ ထုတ်လုပ်ထားတယ်ဆိုတော့ အထူအပါး၊ အပျော့ အမာ၊ ဆိုက်မျိုးစုံ ရှိပါတယ်။ ရေစုပ်အားကတော့ အကုန် လုံး ကောင်းတယ် ၊ အားလုံးအကြိုက်ကို လိုက်မီအောင်လို့ ထုတ်လုပ်ထားပါတယ်၊ နောက်ပြီး နိုင်ငံခြားမှာ သွားဝယ်တာနဲ့စာရင် ဒီမှာ Quality Products တွေကို လွယ်လွယ်ကူကူ ဝယ်နိုင်မယ်။ နောက်တစ်ယောက်နဲ့ တစ်ယောက် မင်္ဂလာလက်ဖွဲ့တို့၊ မွေးနေ့လက်ဆောင်တို့ ပေးချင်တယ်ဆိုရင်လည်း ပစ္စည်းကောင်းကောင်းကို ပေးနိုင်ပါတယ်၊ ဝယ်ယူ သုံးစွဲသူတွေ စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။


UCHINO Bath Accessories တွေကို နေအိမ်အပြင် ဟိုတယ်နဲ့လုပ်ငန်းသုံးအတွက် အထူးရောင်းချပေးနေတယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် အော်ဒါမှာမယ်ဆိုရင် လက်ခံလေ့ရှိပါသလား။ အော်ဒါအတွက် ဘယ်လို ဝန်ဆောင်မှုမျိုးတွေ ပေးပါသလဲ။

အော်ဒါကတော့ လက်ခံပါတယ်။ အခု လုပ်ဖူးတာကတော့ ဟိုတယ်အော်ဒါမျိုး ရှိတယ်။ ကုမ္ပဏီသုံးကျတော့ အများသုံးတဲ့ဟာပေါ့။ နာမည်ထိုးတာကအစ၊ ပစ္စည်းကမ်းတာကအစ၊ လက်ဆောင်သေးသေးလေး တွေဆိုရင်လည်း မင်္ဂလာဆောင်မှာပေးတာက အစပေါ့။ အားလုံးကို customer စိတ်ကြိုက် သူတို့ဘယ်လို လိုချင်လဲပေါ့နော် ဆိုပြီးတော့ လုပ်ပေးလို့ရပါတယ်။ ဈေးနှုန်းဆိုရင်လည်း လက်ကားဖြစ်သွားတာပေါ့။ အဲ့ဒါကြောင့် customer စိတ်ကြိုက်ညှိနှိုင်းလို့ ရပါတယ်။


UCHINO Bath Accessories တွေကို အားပေးချင်တဲ့ customer တွေအတွက် UCHINO Bath Designs တည်ရှိရာ နေရာကို ပြောပြပေးပါဦး။

အမှတ်(၄၅၉/ဘီ)၊ Unit B2၊ တက္ကသိုလ် ရိပ်သာလမ်းသစ်၊ ဗဟန်းမြို့နယ် ဖြစ်ပါတယ်။

IMG 5806

Nwai La
Photo-Nay Yan


 

 

Go to top