BB cake shop

ဆိတ်ငြိမ်အေးချမ်းတဲ့ နေရာလေး တစ်ခုမှာ အေးအေးလူလူ ထိုင်ပြီး စကားပြောချင်တယ်၊ တစ်ယောက်တည်း အေးအေးလူလူထိုင်ပြီး အတွေးတွေ ရွက်လွှင့်ချင်တယ်ဆိုရင် ရန်ကုန်မြို့ ၊ ရန်ကင်းမြို့နယ်၊ ပါရမီလမ်းနဲ့ မဉ္ဇူလမ်းထောင့် ၊ အမှတ် ၄၈ မှာ ဖွင့်လှစ်ထားတဲ့ BB Cake Shop ဆိုတဲ့ ကိတ်မုန့်ဆိုင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

 

အဲ့ဒီဆိုင်လေးမှာ အရသာရှိတဲ့ ကိတ်မုန့် တွေအပြင် တခြား စားချင်ဖွယ်ရာမုန့်တွေ၊ Coffee နဲ့ အမောပြေ သောက်သုံးဖို့ရာ အချိုရည်တွေ၊ Ice Cream တွေ ရရှိနိုင်ပြီးတော့ ဆိုင်အပြင်အဆင်ကိုလည်း အနောက်တိုင်းဆန်ဆန် ပြင်ဆင်ထားတာမို့ အဆင့်မြင့်မြင့် အနားယူချင်သူတွေအတွက် အကောင်းဆုံး နေရာလေး တစ်နေရာပါပဲ။ BB Cake Shop နဲ့ ပတ်သက်ပြီး သိလိုသမျှကို BB Cake Shop ရဲ့ ပိုင်ရှင် "ကိုရန်နိုင်ကို" အား တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။

လုပ်ငန်းတွေများစွာထဲက ဒီလို ကိတ်မုန့်ဆိုင်လေးကို ဖွင့်လှစ် ဖြစ်ခဲ့တဲ့အကြောင်း သိပါရစေ။

အဓိကကတော့ ကျွန်တော့်ရဲ့အထက်က အစ်ကိုတွေ သူတို့ လမ်းကြောင်းပေါ်မှာ အောင်မြင်ပြီးသားဆိုတော့ ဒီလမ်းကြောင်းကိုပဲ ဆက်ပြီး တော့ Carry လုပ်သွားစေချင်တယ်ပေါ့နော်။ ကျွန်တော် ကိုယ်တိုင်ကလည်း နဂိုကတည်းက သူများဆီမှာ အလုပ်လုပ်လာတယ်၊ နောက် Service Industry မှာလည်း အလုပ်လုပ်ခဲ့တယ် ၊ အဲ့ဒီအတွက်ကြောင့် ကျွန်တော် Service Industry လိုင်းကို ပိုပြီးတော့ စိတ်ဝင်စားတယ်၊ အဲ့ဒီအတွက် ကျွန်တော်ကိုယ်တိုင်လည်း Bakery လိုင်းကိုပဲ ရွေးချယ်ခဲ့တာပါ။

BB Cake Shop က ကိတ်မုန့်တွေကို စားကောင်းအောင် နောက်ပြီး စားသုံးသူတွေရဲ့ကျန်းမာရေးနဲ့လည်း ညီညွတ်အောင် ဘယ်လိုများ ပြုလုပ် ဖန်တီးပါသလဲ။

စားသုံးသူတွေရဲ့ကျန်းမာရေးနဲ့ ညီညွတ်အောင် ဆိုတာကတော့ ကိုယ်ကိုယ်တိုင်ကလည်း အစားအသောက်ကို ခုံမင်နှစ်သက်တဲ့ လူတစ်ယောက်ဖြစ်တဲ့အတွက် နံပါတ်တစ်အချက်ကတော့ ကျွန်တော်တို့ အနေနဲ့ မုန့်တစ်ခုရဲ့ အရသာနဲ့ ကွာလတီကိုတော့ လုံးဝ စေ့စေ့စပ်စပ် အာရုံခံနိုင်တဲ့ အရည်အချင်းက ရှိပြီးသားပါ၊ ဒုတိယအချက် စားသုံးသူတွေရဲ့ ကျန်းမာရေးဆိုတာ ကျတော့ customer တွေထဲမှာ ဆီးချိုရောဂါ ဝေဒနာ ခံစားနေရတဲ့ လူတွေရှိမယ် ၊ တချို့ကျတော့ အဆီအဆိမ့် စားလို့မရဘူး ၊ အဲဒီလို customer တွေ အတွက် ကျတော့ ဆီးချိုသမားဆို ဆီးချိုသမား စားလို့ရတဲ့ ပေါင်မုန့်တွေရှိတယ်၊ ကွတ်ကီးတွေရှိတယ်၊ ကျွန်တော်တို့ဆိုင်က မုန့်တွေအများဆုံးကတော့ ဆိမ့်တဲ့ဘက်၊ ချိုတဲ့အီတဲ့ဘက်ကို သွားပါတယ်၊ မုန့်တွေကို အရသာရော ကွာလတီပါ အကောင်းဆုံး ဖြစ်အောင် ကုန်ကြမ်း ကအစ သေချာစိစစ်ရွေးချယ်ပြီး ပြုလုပ်ထားပါတယ်။

 BB Cake Shop မှာ ရနိုင်တဲ့ ကိတ်အမျိုးအစားတွေအပြင် တခြားဘယ်လိုမုန့်တွေ ရနိုင်တယ်ဆိုတာလည်း သိချင်ပါတယ်။

ကိတ်ကတော့ ကျွန်တော်တို့ဆိုင်ရဲ့ specialized ပေါ့နော်၊ အဓိက Cake ဆိုရင် Birthday Cake တွေ ရှိမယ်၊ Wedding Cake တွေ ရှိမယ်၊ တချို့ Ceremony တွေအတွက် အထိမ်းအမှတ် ပြုလုပ်ထားတဲ့ ကိတ်တွေ ရှိမယ်။ နောက်တစ်ခုက ကွတ်ကီးတွေ ရှိမယ် ၊ ပေါင်မုန့် တွေ ရှိမယ်။ Bar ပိုင်းမှာဆိုရင် Coffee ပါမယ်၊ Seasonal Food ပါမယ်၊ Seasonal Fresh Juice တွေပါမယ်၊ ဝေဖာတွေနဲ့ ပတ်သက်တဲ့ Ice Cream တွေပါမယ် ၊ Ice Cream ဆိုရင် ကျွန်တော်တို့က ကိုယ်တိုင် ပြုလုပ်လို့ရတယ်ဆိုပေမဲ့ brand တစ်ခုကို ထိန်းထားချင်တဲ့အတွက် Gelato အမျိုး အစား Ice Cream ကိုပဲ သီးသန့်အော်ဒါမှာထားပါတယ်။

BB Cake Shop မှာ အများဆုံး ရောင်းရတဲ့ မုန့်တွေက . . .KNP 5691

ကျွန်တော်တို့ဆိုင်မှာ ပေါင်မုန့်က သိပ်ရောင်းရပါတယ်။ မနက်ဆိုင်ဖွင့်လို့ ပေါင်မုန့်ထွက်ပြီဆိုတာနဲ့ ဆယ်နာရီ၊ ဆယ့်တစ်နာရီလောက်ဆို မရှိတော့ဘူး။ တစ်နေ့ကို ပေါင်မုန့်က လေးကြိမ်လောက် လုပ်ရတယ်။ အဘိုးအဘွားတွေအစ ကလေးတွေအဆုံး ကြိုက်ကြတယ်။ ဘာလို့ ကြိုက်ကြတာလဲ ဆိုတော့ ကျွန်တော်တို့က ပေါင်မုန့်ကို ဂျုံနယ်တဲ့အခါမှာ ရေနဲ့နယ်ရမယ့်အစား နို့နဲ့နယ်တယ်။ အဲ့ဒီအခါကျတော့ ပေါင်မုန့်အသားက နူးညံ့ပြီးတော့ စားလိုက်တာနဲ့ သီးသန့်အချိုထပ်ခပ် ထားတာမျိုး မဟုတ်ဘဲ အသားထဲမှာတင် စိမ့်ပြီးတော့ ဝင်နေတဲ့ အရသာကို ခံစားရတယ်လေ။

BB Cake Shop အနေနဲ့ ဆိုင်က ကိတ်တွေနဲ့ တခြားမုန့်တွေရဲ့ အရည်အသွေးနဲ့ ပတ်သက်ပြီး လက်မထောင် ပြောနိုင်တဲ့ ထူးခြားသေချာမှုတွေက . . .

ကျွန်တော် ပြောချင်တာကတော့ customer တွေ ဆိုင်ထဲကို ဝင်ဝင်လာချင်းမှာ အရင်ဆုံး တွေ့ရမှာက အရမ်းကို royal ဆန်တဲ့ decoration ပါပဲ။ တချို့ ရှိကြတယ်။ ဆိုင်ရဲ့အပြင်အဆင်ကို ကြည့်ပြီး "ဆိုင်က အရမ်းလှတယ်၊ မုန့်တွေများ ဈေးကြီးမလား မသိဘူး" ဖြစ်သွားတတ်ကြတယ်လေ၊ မှန်ပါတယ်၊ ကျွန်တော်တို့ ဆိုင်မှာ ကိတ်မုန့်တစ်လုံးကို အနိမ့်ဆုံးဈေးနှုန်းဆိုရင် နှစ်သောင်းခွဲ၊ နှစ်သောင်း ရှစ်ထောင်နဲ့ စရပါတယ်။ မသိသေးတဲ့ customer တွေအနေနဲ့ကတော့ ဒီဆိုင်က ဈေးကြီးတယ်ပေါ့။ ကျွန်တော် ပြောချင်တာက ကိတ်မုန့် တစ်လုံး ဘာလို့ဈေးကြီးရတာလဲ။ ကိတ်မုန့် တစ်လုံးကို ဈေးပေါပေါနဲ့ လုပ်လို့ရပါတယ် ၊ ကုန်ကြမ်းကအစ အကုန်ပြောင်းလိုက်၊ ကျွန်တော်တို့ကတော့ တစ်ခါစား မလုပ်ချင်ပါဘူး၊ အကောင်းဆုံး ကုန်ကြမ်းကိုပဲ သုံးပါတယ်။ ဒါကတော့ ကျွန်တော်တို့ဘက်က လက်မထောင် ပြောနိုင်ပါတယ်။

BB Cake Shop ကို လာရောက်သုံးဆောင်ကြတဲ့ customer တွေကို ဘယ်လို service တွေ ပေးပါသလဲ။

ဧည့်သည်တွေ ဝင်လာပြီဆိုတာနဲ့ ကျွန်တော်တို့ ဆိုင်ရဲ့ First Point  က smile ပါပဲ။ ဒုတိယက communication skills ပေါ့။ ဆိုင်ထဲကို ဧည့်သည် တွေ ဝင်လာပြီဆိုရင် အရင်ဆုံး ' မင်္ဂလာပါခင်ဗျာ၊ မင်္ဂလာ ပါရှင် ' လို့ အပြုံးချိုချိုလေးနဲ့ နှုတ်ဆက်ပါတယ်။ လာတဲ့ ခကျအသာနမ တွေက ဆိုင်ကို ပုံမှန်လာတဲ့သူ ဖြစ်ရင် ဖြစ်မယ်။ ဒါမှမဟုတ် အခုမှ ပထမဆုံး ရောက်လာတဲ့သူ ဖြစ်ရင် ဖြစ်မယ်။ အဲ့ဒီအခါကျတော့ ခကျအသာနမ ကို သေချာအချိန်ယူပြီားနညက ကိုကြည့်ခိုင်းပါတယ်။ လွတ်လွတ်လပ်လပ်ကြည့်ပါ။ ဒါမျိုးပေါ့။ ပြီးသွားရင်တော့ ခကျအသာနမ တွေ မေးတဲ့ဟာကိုလည်း ဖြေနိုင်အောင် ကိုယ့်ဆိုင်မှာ ရောင်းတဲ့ ပစ္စည်းတွေရဲု့ညသတူနိါန ကိုလည်း သိထားရပါတယ် ၊ အဲ့ဒီတော့မှ စားသုံးသူတွေ စားချင်လာအောင် ကိုယ်တွေဘက်က ပြောပေးနိုင်မယ် လေ။ နောက်ပြီး ခကျအသာနမ ခသာစူငေည ဆိုတာလည်း ရှိတဲ့ အခါကျတော့ ခကျအသာနမ င် ေူတေပ် မငါ့အ ပဲ။ ဒါကတော့ လူတိုင်း သိပါတယ်။ ဒီလိုဆိုတော့ ကျွန်တော် တို့က ကျွန်တော်တို့ကပဲ မှားမှား ၊ ခကျအသာနမ ကပဲ မှားမှား၊ ဟုတ်ကဲ့ … အနူးအညွတ် တောင်းပန်ပါ တယ် လို့ လေးလေးစားစား ပြောပါတယ်။

တစ်ခု သတိထားမိတာက ဆိုင်ရဲ့အပြင်အဆင်ပါပဲ၊ ဆိုင်ထဲ ဝင်လိုက်တာနဲ့ကို တည်ငြိမ်အေးချမ်းတဲ့ ရသကို ခံစားရပါတယ်၊ ဒီလိုမျိုး ပြင်ဆင်ဖြစ်ခဲ့ပုံ ကရော . . . ။

ပြင်ဆင်ဖြစ်တာကတော့ ဆိုင်ဖွင့်ထားတဲ့ ဒီနေရာက လမ်းမပေါ်ကျတယ်လေ။ အဲ့ဒီတော့ ကျွန်တော့်အနေနဲ့က commercial သီးသန့်ကြော်ငြာနေစရာ မလိုတော့ဘူးပေါ့။ နေ့စဉ် ဖြတ်သွားဖြတ်လာ လုပ်နေကြတဲ့ မိဘပည်သူတွေရှိတဲ့ အခါကျတော့ ဆိုင်ရဲ့အပြင်အဆင်ကို တိုက်ရိုက် မြင်နိုင်တယ်လေ။ နောက်တစ်ချက်က ကျွန်တော်တို့ ညီအစ်ကိုတွေအားလုံး decoration လုပ်ရတာကို စိတ်ဝင်စားကြတယ်။ ကျွန်တော် decoration နဲ့ ပတ်သက်တဲ့ ပညာရပ်တွေကို လေ့လာ တယ်။ decoration နဲ့ ပတ်သက်တဲ့ materials တွေကို စုဆောင်းကြတယ်။ ဒါ့အပြင်ကို ကျွန်တော်တို့ ဝေဇယန္တာလမ်းပေါ်မှာ Yan’s Design ဆိုပြီးတော့ Interior Decoration Company ကို ဖွင့်ထားပါတယ်။ ဒီလိုဆိုတော့ ဆိုင်ရဲ့အပြင်အဆင်ကို သဘောကျလို့ ဘယ်သူနဲ့ ပြင်တာလဲ။ ဘယ်သူနဲ့ အပ်တာလဲ မေးတဲ့ အခါကျရင် ကျွန်တော်တို့ရဲ့ Yan’s Design ကို ကြော်ငြာပြီးသား ဖြစ်သွားတာပေါ့။

မင်္ဂလာဆောင်အခမ်းအနားတွေ၊ မွေးနေ့ပွဲအခမ်း အနားတွေအတွက် BB Cake Shop က အော်ဒါတွေ လက်ခံပေးလေ့ရှိပါသလား ၊ အဲဒီလို အော်ဒါမှာတဲ့ လူတွေကို BB Cake Shop က ဘယ်လို service တွေ ပေးပါသလဲ။

ကျွန်တော်တို့ဆီမှာ Wedding တွေ၊ Birthday ပွဲတွေ၊ Opening Ceremony တွေနဲ့ ရုံးမှာ အရေးကြီးတဲ့ Meeting တွေ ၊ လူဦးရေအများနဲ့ လုပ်တဲ့ Seminar တွေအတွက် အော်ဒါတွေ မှာလေ့ရှိပါတယ်။ ကျွန်တော်တို့ ကလည်း အခမ်းအနားမျိုးစုံကို Catering Services လုပ်ပေးပါတယ်။ လိုချင်တဲ့ လူဦးရေ အရေအတွက်နဲ့ customer တွေက သူတို့လိုချင်တဲ့ potion နဲ့ သူတို့ လိုချင်တဲ့ menu ပေါ်မှာ ရွေးချယ်ပြီးတော့ ကျွန်တော်တို့က customer စိတ်တိုင်းကျ ဝန်ဆောင်မှု ပေးပါ တယ်။

နွေလ
ဓာတ်ပုံ - ကိုနိုင်(ပေါ်ပြူလာ)

Go to top