စား၊ ဝတ်၊ နေ ရေး အရေးသုံးပါးအနက် "နေရေး"က အရေးပါလှတဲ့ အရေးတစ်ပါး ဖြစ်တာမို့ မိသားစုတစ်တွေ အေးအေးချမ်းချမ်းနေ ထိုင်ဖို့၊ လုပ်ငန်းလုပ်ဖို့ရာ စိုင်းပြင်းနေကြတဲ့ သူတွေအတွက် ရုံးခန်းလေးထဲမှာ တည်တည်ငြိမ်ငြိမ်နဲ့ လုပ်ကိုင်နိုင်ဖို့ နေရာကောင်းလေးတွေ အမှန်တကယ် လိုအပ်လာပါပြီ။ စိတ်မပူပါနဲ့။ အဲ့ဒီလို နေရာကောင်းတွေ ဖန်တီးပုံဖော်ပေးနေတဲ့ "အရိပ်လှလှ" ဆိုတဲ့

Construction & Home Decoration ကုမ္ပဏီတစ်ခုနဲ့ မိတ်ဆက် ပေးချင်ပါတယ်။ ဒီအတွက် "အရိပ်လှလှ" ကုမ္ပဏီက ဒါရိုက်တာ ဒေါ်သီတာခိုင်ကို လုပ်ငန်းနဲ့ ပတ်သက်ပြီး သိလိုသမျှတွေအတွက် တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။

 Untitled-1

 

  • လုပ်ငန်းတွေများစွာထဲကဒီConstruction & Home Decoration လုပ်ငန်းကို လုပ်ဖြစ်ခဲ့ပုံလေး သိချင်ပါတယ်။

လူ့ဘဝမှာ စား၊ ဝတ်၊ နေရေးဆိုတဲ့ အရေးသုံးပါး အနက် တစ်ရေးဖြစ်တဲ့ နေထိုင်ရေးအတွက် အဓိက လိုအပ်ချက်ဖြစ်တဲ့ လူတိုင်း ပိုင်ဆိုင်မှုတစ်ခု ၊ နေထိုင်မှု တစ်ခုရရှိစေဖို့ ရည်ရွယ်ပြီးတော့ Construction လုပ်ငန်းကို လုပ်ကိုင်ဖြစ်ခဲ့တာပါ။ ပိုင်ဆိုင်မှု ရှိပြီးသား သူတွေအတွက်လည်း အစဉ်အမြဲ စိတ်ချမ်းသာစေဖို့၊ လှပတဲ့ လူနေမှုအဆင့်အတန်းကို ဖော်ပြရာရောက်စေဖို့ ရည်ရွယ်ပြီးတော့ Decoration လုပ်ငန်းကိုပါ ပူးတွဲလုပ်ကိုင်ဖြစ်ခဲ့ခြင်း ဖြစ်ပါတယ်။

 

  • ဒီ Construction & Home Decoration လုပ်ငန်းကို ဘယ်အချိန်ကတည်းက စတင်လုပ်ဆောင်ခဲ့တာပါလဲ။

၁၉၉၄ ခုနှစ်ကစပြီးတော့ ကျောင်းအားလပ်တဲ့ နေ့ရက်တွေဆိုရင် မိဘတွေရဲ့လုပ်ငန်းမှာ မိဘတွေနဲ့အတူ ဝင်ရောက် လုပ်ကိုင် ဖြစ်ရင်းနဲ့ ၂ဝ၁၃ ခုနှစ်က စပြီးတော့ Construction&Home Decoration ကုမ္ပဏီကို မိမိကိုယ်ပိုင် လုပ်ငန်းအဖြစ် တည်ထောင်ပြီး လုပ်ကိုင်ဖြစ်ခဲ့တာပါ။

 

  • ကုမ္ပဏီရဲ့ နာမည်ကို 'အရိပ်လှလှ' လို့ ပေးဖြစ်ခဲ့ပုံလေးကရော . . .

အရိပ်ဆိုတာ အေးမြတယ်မဟုတ်လား။ ဒီလိုပဲ အရိပ်ထဲမှာမှ အမေ့ရဲ့အရိပ်က ပိုအေးမြတယ်လေ။ အဲ့ဒါကြောင့် အမေရဲ့နာမည်နဲ့ အမေ့ရဲ့ အရိပ်ကို ဦးထိပ်ထားပြီးတော့ ကုမ္ပဏီ နာမည်ကိုအရိပ်လှလှလို့ပေးခဲ့တာပါ။အမေ့နာမည်က"လှလှ"ပါ။

 

  • ကုမ္ပဏီအနေနဲ့ လုပ်ငန်းပိုင်းဆိုင်ရာမှာ ဘယ်လို ပညာရှင်မျိုးတွေနဲ့ အားဖြည့်ထားပါသလဲ။

ဆောက်လုပ်ရေးကျွမ်းကျင်တဲ့ အင်ဂျင်နီယာ ပညာရှင်တွေ၊ ဝါရင့်အကြီးတန်း လိုင်စင်ရအင်ဂျင်နီယာ ပညာရှင်တွေ ၊ နောက်ပြီးတော့ ကျွမ်းကျင်တဲ့ ဗိသုကာ ပညာရှင်တွေ၊ ဥပဒေပညာရှင်တွေ၊ စီးပွားရေး အကြံပေး ပုဂ္ဂိုလ်တွေနဲ့ ကိုယ်ပိုင် လက်သမား၊
ပန်းရန်၊ သံချည် သံကွေးဝန်ထမ်းတွေနဲ့အားဖြည့်ထားပါတယ်။

 

  • ကုမ္ပဏီမှာ လာရောက် လုပ်ကိုင် ဆောင်ရွက်ကြတဲ့ Customer တွေကို သူတို့တွေ စိတ်တိုင်းကျအောင် ဘယ်လိုဝန်ဆောင်မှုမျိုးတွေ ပေးလေ့ရှိပါသလဲ။

အရင်ဆုံး ကုမ္ပဏီက Customer တွေရဲ့လုပ်ငန်းနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို ဦးစွာပထမ အခမဲ့ တိုင်ပင်ဆွေးနွေးပေးပါတယ်။ နောက်ပြီး Customer တွေရဲ့ မြေယာ ပိုင်ဆိုင်မှု နဲ့ ပတ်သက်ပြီး ကုမ္ပဏီက အကုန်ကျခံပြီးတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မြေယာဌာနမှာ စုံစမ်းပေးတာတွေ၊ PAE စနစ်၊ အခန်းပေး အခန်းယူစနစ်နဲ့ လုံးချင်းတွေ တာဝန်ယူဆောက်လုပ်ပေးတာတွေ၊ အဆင့်မြင့် Condominium တွေ အထပ်နိမ့် အထပ်မြင့်တွေ၊ ဟိုတယ်တွေ၊ စက်ရုံတွေ၊ ဂိုဒေါင်တွေ တည်ဆောက် ပေးပါတယ်။ ဒါ့အပြင် Estimate တွက်ချက် ပေးတာတွေ၊ Architect Design Drawing ရေးဆွဲ ပေးတာတွေ၊ Home Decoration နဲ့ Renovation လုပ်ကိုင်ပေးတာတွေကိုလည်း Customer တွေစိတ်ချမ်းသာစေဖို့ Customer တွေ စိတ်တိုင်းကျတဲ့ အထိ လုပ်ကိုင် ဆောင်ရွက်ပေးနေပါတယ်။

 

  • Construction နဲ့ Home Decoration ဆိုပြီးနှစ်ပိုင်းရှိရာမှာ ကုမ္ပဏီ အနေနဲ့ Construction သတ်သတ် Home Decorationသတ်သတ်ပြုလုပ်ပေးပါသလား။

ဟုတ်ကဲ့ … Construction သတ်သတ် Home Decoration သတ်သတ် ဆောင်ရွက်ပေးပါတယ်။

 

  • "အရိပ်လှလှ" Construction & Home Decoration Co., Ltd နဲ့ လုပ်ကိုင်ဆောက်ရွက်လိုတဲ့ သူတွေအတွက် ဘယ်ကိုဆက်သွယ်ရမလဲ ပြောပြပေးပါဦး။

ကျွန်မတို့ရဲ့ အရိပ်လှလှ Construction & Home Decoration ကုမ္ပဏီ ရုံးခန်းကို အမှတ် ၅၅၊ သုံးလွှာ ၊ ဒေါ်သိန်းတင်လမ်း ၊ မင်္ဂလာတောင်ညွှန့်မြို့နယ်မှာ ဖွင့်လှစ်ထားပါတယ်။ ဖုန်းနဲ့ဆက်သွယ် စုံစမ်းချင်တယ် ဆိုရင်တော့ ဝ၁-၃၉၄၉၆၇ ၊ ဝ၉-၅ဝ၇၄၂ဝ၃၊ ဝ၉-၇၃၁၈၃၂၂၁ ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

Nwai La
Photo-Nay Yan

Go to top