travelintw

ခရီးသွားလုပ်ငန်းတိုးတက်လာတာနဲ့အမျှ နိုင်ငံခြားသားခရီးသွားတွေအများကြီး ဝင်လာကြတဲ့အခါ သူတို့က ဘယ်အပိုင်းကို အများဆုံး စိတ်ဝင်စားကြသလဲ။

မြန်မာပြည်ကတော့ သဘာဝအခြေခံခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုအခြေခံခရီးသွားလုပ်ငန်းဆိုပြီး ၂ ခု ထွန်းကားပါတယ်။ ယဉ်ကျေးမှုအခြေခံခရီးသွားလုပ် ငန်းဆိုတာကတော့ ဘုရားတွေ၊ ပုထိုးတွေ၊ ဗုဒ္ဓဘာ သာရဲ့ အကြောင်းတွေကို အဓိကထားပြီးတော့ လေ့ လာလည်ပတ်ကြတာပေါ့။ လူ ၁ဝဝ မှာ ၇ဝ လောက်ကတော့ ယဉ်ကျေးမှုအခြေခံပြီး ခရီးထွက်လာကြတာများပါတယ်။ ဘုရားတွေဖူးမယ်၊ ဘုန်းကြီး ကျောင်းတွေကိုသွားပြီး ကိုရင်လေးတွေ၊ မယ်သီလရှင်လေးတွေကို လေ့လာမယ်။ ပြီးရင်တော့ ပြန်ကြတာပါပဲ။ ဒီကြားထဲညှပ်ပြီး သဘာဝအခြေခံခရီးသွား လုပ်ငန်းဆိုတာကတော့

Read more: တိုးတက်လာတဲ့ ခရီးသွားလုပ်ငန်းရဲ့ နောက်ကွယ်မှာ

ctz

မြန်မာနိုင်ငံကို အလည်ရောက်ရှိလာတဲ့ နိုင်ငံခြားသားတွေဟာ မြန်မာလက်မှုပစ္စည်းတွေကို nအထူးပဲစိတ်ဝင်စားကြပါတယ်။ဒီပစ္စည်းတွေရဲ့ ဈေးကွက်ကလည်း အခိုင်အမာဖြစ်ထွန်းနေပြီဖြစ်ပါတယ်။ ဒါဟာသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုအတွက်လည်းပါဝင်လုပ်ဆောင်ပြီးသားဖြစ်သွားပါတယ်။ ဓာတုပစ္စည်း မပါဝင်ဘဲ သဘာဝပစ္စည်းများနဲ့ပြုလုပ်ထားတဲ့ ဆိုးဆေးကိုအသုံးပြုထားတဲ့ ချည်ထည်တွေ၊ စွန့်ပစ်ပစ္စည်းတွေကို အသုံးပြုထားတဲ့ လက်မှုပစ္စည်းတွေကို အနုပညာမြောက်စွာ ဖန်တီးထုတ်လုပ်နေတဲ့ Sunflowers Art, Organic Dye Textile & Crafts, Sunflowers Group Social Enterprise မှ Curator and Co-Founder မဖြူအိသိမ်းကို ဒီပစ္စည်းတွေရဲ့ ဈေးကွက်နဲ့ပတ်သက်လို့ မေးမြန်းဖြစ်ခဲ့ပါတယ်။

အစ်မတို့ sunflower မှာ ရနိုင်တဲ့ Product တွေ အကြောင်းပြောပြပေးပါ။

Read more: သဘာဝပစ္စည်းအသုံးပြု မြန်မာလက်မှုပစ္စည်း ဈေးကွက်အကြောင်းပြောပြတဲ့ မဖြူအိသိမ်း

ayenw

လက်ရှိ မြန်မာနိုင်ငံရဲ့ တိုးတက်မှုအခြေအနေထဲမှာ ခရီးသွားလုပ်ငန်းနဲ့ အိမ်အလှဆင်လုပ်ငန်းတွေက အင်အားတောင့်တင်းနေပါတယ်။ အသစ်အဆန်း တီထွင်ဖန်တီးထားတဲ့ အိမ်အလှဆင်ပစ္စည်းတွေနဲ့ တံခါးဖွင့်ဝါဒကျင့်သုံးလာတဲ့ ဒီနေ့၊ ဒီအချိန်ရဲ့ ခရီးသွားလုပ်ငန်းတွေအကြောင်းကို မြန်မာနိုင်ငံသား ကိုအေးနေဝင်းနဲ့ စကားပြောဖြစ်တဲ့အခါ..... 

Read more: နိုင်ငံတစ်နိုင်ငံရဲ့ စနစ်နဲ့ အယူအဆတွေက ဖက်ရှင်ဖြစ်တာပါပဲ လို့ဆိုတဲ့ ကိုအေးနေဝင်း

Photographer Kyaw Win Hlaing Sar

မြန်မာနိုင်ငံရဲ့ ရေမြေတောတောင် ရှုမျှော်ခင်းတွေကို အနုပညာမြောက်စွာ မှတ်တမ်းတင်နေတဲ့ ဓာတ်ပုံဆရာတစ်ဦးနဲ့ တွေ့ဆုံဖြစ်ခဲ့ပါတယ်။ သူကတော့ ဓာတ်ပုံကျော်ဝင်းလှိုင် (YUC) ပဲ ဖြစ်ပါတယ်။ ဓာတ်ပုံ အနု ပညာနဲ့ပတ်သက်လို့ ဆုတံဆိပ်ပေါင်း ၂ဝဝ ကျော်ရရှိထားပြီး Asia Geographic Magazine ကပြုလုပ်တဲ့ international Photo Contest ပြိုင်ပွဲမှာလည်း နှစ်ကြိမ်တိုင်တိုင် ဆုရရှိထားသူဖြစ်ပါတယ်။ ကို ယ်ပိုင်ဓာတ်ပုံသင်တန်းကိုလည်း ဖွင့်လှစ် ထားတဲ့ ဓာတ်ပုံဆရာတစ်ဦးပါ။ သူနဲ့ပြောဖြစ်ခဲ့တာတွေက . . .

Read more: Photographer Feeling( ဓာတ်ပုံဆရာ ကျော်ဝင်းလှိုင် (YUC) နှင့် တွေ့ဆုံခြင်း)

ASAGIRL

အစားအသောက် ခုံမင်သူ၊ ညစ်နွမ်းနေတဲ့ စိတ်တွေကို ငြိမ်းငြိမ်းချမ်းချမ်း နေရာလေးမှာ ဖြေဖျောက်လိုသ Living Fashion မဂ္ဂဇင်းရဲ့ စာဖတ်ပရိသတ်တွေကို  ဂျပန် ၊ဥရောပအစားအသော က်တွေ ရောင်းချေ ပးနေတဲ့ဆိုင်ကောင်းကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ASAGIRI တဲ့။ ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ နာနတ်တောလမ်းနဲ့ ကျွန်းတောလမ်းထောင့်နဲ့ Junction Square အနီးမှာ ဖွင့်လှစ်ထားပါတယ်။ အမေရိကန်နိုင်ငံလော့စ်အိန်ဂျလိစ်မြို့ ရဲ့ အကျော်ကြားဆုံး Japanese Restaurant  တစ်ခုဖြစ်တဲ့ “ Tamaya ”  က ဂျပန်လူမျိုး Chef  နှစ်ဦး Mr.Nick နဲ့ Mr.Sato တို့ရဲ့ ကြီးကြပ်မှုနဲ့ ၂ဝ၁၁ ခုနှစ် ကတည်းက ဖွင့်လှစ်ထားတဲ့စားသောက်ဆိုင် ဖြစ်ပါတယ်။ ASAGIRI  စားသောက်ဆိုင် အကြောင်း သိလိုသမျှတွေကို ဆိုင်ရဲ့ပိုင်ရှင် ဒေါ်နှင်းနှင်းမြင့်နဲ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

Read more: ASAGIRI သို့ အလည်တစ်ခေါက်

  •  Start 
  •  Prev 
  •  1  2 
  •  Next 
  •  End 
Go to top