0ld original

မြန်မာပြည်က အကြီးဆုံးမြို့တော်ကြီးရဲ့ ၃၅ ရာခိုင်နှုန်းလောက် ဖွံ့ဖြိုးရေးအစီအစဉ်သစ်တွေကြောင့် ပျက်စီးသွားခဲ့ပြီးနောက် မိုးမိုးဝါ ဟာမြို့ကြီးရဲ့အမွေအနှစ် တွေကိုထိန်းသိမ်းဖို့ကြိုးစားနေပါတယ်။ သူမရဲ့ဇာတိမြို့တော်ကြီး မမှတ်မိနိုင်လောက်အောင် ပြောင်းလဲသွားတာကို ဆယ်စုနှစ်စုကြာအောင် မိုးမိုးဝါ အနေနဲ့ ဘာမှမတတ်နိုင်ဘဲ စောင့်ကြည့်နေခဲ့ရ ပါတယ်။ လူသွားစင်္ကြံပလက်ဖောင်းတွေဆိုတာ ပျောက်ကွယ်လုမတတ်ဖြစ်နေပါတယ်။ လမ်းတွေမှာလည်း ကားတွေပိတ်ဆို့လို့။ နှစ်သက်မြတ်နိုးခဲ့ရာ ရုပ်ရှင်ရုံတွေဟာလည်း ဘူဒိုဇာတွေအောက်မှာ ပြိုလဲကုန်ပါပြီ။ စိမ်းစိုတဲ့နေရာတွေဆိုတာလည်း တဖြည်းဖြည်း ပျောက်ကွယ်ပါးရှားလာနေပါပြီ။

'ကျွန်မတို့ အဲဒီလှပတဲ့ နေရာတွေတစ်ဝိုက်မှာ လမ်းလျှောက်ခဲ့ကြတယ်၊ ဆော့ကစားခဲ့ကြတယ်၊ အလုပ်လုပ်ခဲ့ကြတယ်၊ ဒါဟာ တကယ့်ကိုနေ့စဉ်ဘဝရဲ့ အစိတ်အပိုင်းတွေအဖြစ်နဲ့ ပုံမှန်နေထိုင်လာခဲ့ကြတာ။ ဒီအပြောင်းအလဲတွေကို ရှင်စပြီးသိမြင်လာတဲ့အခါ ကျွန်မတို့ ဘယ်လိုနေထိုင်ခဲ့ကြတယ်၊ ဘယ်လိုနေထိုင် နေကြတယ်ဆိုတာကို ရှင်မှန်းဆမိမှာအမှန်ပါပဲ။မြန်မာနိုင်ငံမှာ ရှည်လျားလှတဲ့ ဗိသုကာသမိုင်းကြောင်း ရှိခဲ့ပါတယ်။ သမိုင်းဖြစ်ရပ်အများအပြားဟာ ဒီလမ်း တွေ၊ အဆောက်အဦတွေနဲ့ ဆက်စပ်နေပါတယ်'လို့ မိုးမိုးဝါက အမှတ်ရစွာပြောပြပါတယ်။မြို့လယ်ကောင်မှာဝိတိုရိယနဲ့ အက်ဒွပ်ခေတ် အဆောက်အဦတွေ အများအပြား ဟိုတစ်စုဒီတစ်စုနဲ့ အတူရန်ကုန်ဟာ မျက်စေ့မူးနောက်စရာအဆောက်အဦတွေဟာ အစီအရီခင်းကျင်းလို့နေပါတယ်။ ဆိုရှယ်လစ်အထီးကျန်ဝါဒ ဆယ်စုနှစ်တွေ နောက်

ဆက်လိုက်ပါလာတဲ့ မြန်မာပြည်ကိုလိုနီသိမ်းပိုက်မှု သမိုင်းရဲ့တစ်ခုတည်းသော ယိုယွင်းပျက်စီးနေတဲ့ အကြွင်းအကျန်ပဲဖြစ်ပါတယ်။

High Court Burma1

အဆောက်အဦအများအပြားက ရာစုတစ်စု ကျော်ကြာသက်တမ်းရှိနေပါတယ်။ အဲဒီအဆောက်အဦ တွေရဲ့အရောင်အဆင်းအရ၊ ထိုင်းမှိုင်းနေတဲ့အဆင် အပြင်တွေအရ သူတို့ရဲ့သက်တမ်းဟာ အထင်းသား ပေါ်နေပါတယ်။ ဆယ်စုနှစ်ပေါင်းများစွာအပေါ် ယံလေး ကိုပဲ ဆင်ယင်ခြယ်သပြီး တစ်စတစ်စဆိုးရွားလာတဲ့ အနေအထားပဲဖြစ်ပါတယ်။ တချို့အဆောက်အဦ တွေကတော့ မိုးနဲ့နေရောင်ကို ကာကွယ်ပေးတဲ့ ဆင်ဝင် ကိုသာလှပတင့်တယ်အောင်ပြုပြင်ထိန်းသိမ်းထားကြပါတယ်။ ဆင်ဝင်အများစုကတော့ ၁၉၉ဝပြည့်နှစ်တွေ ကစလို့ လမ်းတွေတိုးချဲ့ခဲ့တာကြောင့်ပျက်စီးကုန်ကြပါပြီ။ ၁၉၉ဝ နဲ့ ၂ဝ၁၁ အကြား ရန်ကုန်မြို့လယ်ကောင်ရဲ့ ၃၅ ရာခိုင်နှုန်းဟာ ဖွံ့ဖြိုးရေးအစီအစဉ်သစ်တွေ (ဈေး ဝယ် စင်တာတွေ၊ ဈေးအလွန်ကြီးတဲ့ကွန်ဒိုတွေ၊ ဟိုတယ် တွေ)ဖော်ဆောင်ဖို့အတွက်ဖြိုဖျက်ခံခဲ့ရပါတယ်။

ရန်ကုန်ဟာ မိုးမိုးဝါ သိမြင်ခဲ့သလိုပါပဲ။အန္တရာယ် နဲ့ရင်ဆိုင်နေရပါပြီ။ ဒါကြောင့် ၂ဝ၁၂ မှာ သူမ နဲ့ စိတ်တူကိုယ်တူရှေးအမွေအနှစ်ကိုထိန်းသိမ်းလိုသူတွေစုစည်းလို့ Yangon Heritage Trust ကို တည်ထောင်ခဲ့ကြပါတယ်။ အခုတော့ မိုးမိုးဝါဟာ အဲဒီမှာ ကြီးကြပ်ကွပ်ကဲနေပါတယ်။ သုံးနှစ်တာကာလလုံးရပ်ခံပြီးပြုပြင်ထိန်းသိမ်းခဲ့ပြီးနောက် အဲဒီအဖွဲ့ရဲ့ရည်မှန်းချက်ဟာ အဆောက် အဦဟောင်းတွေအပေါ်မှာပဲ အာရုံစိုက်မှုကနေ မြို့တော်တစ်ခွင်လုံးသာယာလှပရေး၊ သတင်းအချက်အလက် ပေးပြီးမြို့တော်ကြီးနဲ့ ပိုမိုအကျွမ်းတဝင်ရှိစေဖို့ ကူးပြောင်းခဲ့ပါတယ်။

IMG 5700

ဒီနှစ်အစောပိုင်းလောက်မှာပဲ ရန်ကုန်မှာ မြန်မာနိုင်ငံရဲ့ပထမဆုံး Art and Heritage ပွဲတော်ကိုကျင်းပခဲ့ပါတယ်။ My Yangon My Home ဆိုတဲ့ အကြောင်းအရာနဲ့ ကျင်းပတဲ့ ပွဲတော်ဟာ ရန်ကုန်ဒေသခံတွေကို သူတို့သမိုင်းနဲ့ရှေးအမွေအနှစ်တို့ကို ပိုမိုနီးကပ်စွာရှုမြင်ခြင်းဖြင့် သူတို့မြို့တော်ကြီးရဲ့ အနာဂတ်ကို စိတ်ကူးပုံဖော်ဖို့အခွင့်အရေးရရှိစေခဲ့ပါတယ်။'မြို့တော်ကြီးကို မတူညီတဲ့ဘက်ကနေကျွန်တော် တို့ဖော်ပြချင်ခဲ့ပါတယ်။ ကျွန်တော်တို့ ပြပွဲတွေပြသဖို့အတွက် အများပြည်သူနေရာတွေ၊ ရှေးလက်ရာတွေရှိတဲ့နေရာတွေကိုအသုံးပြုခဲ့ပါတယ်။ ဒါကြောင့် လူတိုင်း မြင်တွေ့နိုင်ပါတယ်' လို့ မြန်မာပန်းချီဆရာလည်းဖြစ်၊ပြပွဲကိုပူးတွဲလုပ်ဆောင်သူလည်းဖြစ်တဲ့ ထိန်လင်း ကပြောပါတယ်။ 'ဒီအဆောက်အဦတွေနဲ့အများပြည်သူ့နေရာ တွေ တည်ဆောက်မှု၊ ဖြိုဖျက်မှုတွေအားလုံးနဲ့အတူ အဲဒီအရာတွေအကြောင်း သတင်းအချက်အလက်ကို မျှဝေပေးဖို့၊ အများပြည်သူကိုဒီအရာတွေဘယ်လို တည်ရှိခဲ့တယ်၊ ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာကိုသိရှိစေဖို့ အချိန်အခါကောင်းပဲဖြစ်ပါတယ်' ရန်ကုန်တရားရုံးချုပ်ကြီးရဲ့ တောက်ပလှတဲ့ အနီရောင်အုတ်တွကြောင့် သေးနုပ်သွားရတဲ့ လမ်းကြားလေးတစ်ခုထဲက သာမန်ရိုးစင်းတဲ့ လမ်းဘေး ဆိုင်တန်းလေးတစ်ခုမှာဆာလောင်နေကြတဲ့ဝယ်ယူစားသုံးသူအစဉ်အတန်းကြီးဟာ မနက်ခင်းစာကို မှာယူစားသုံးနေကြပါတယ်။ နှစ်တစ်ရာသက်တမ်းရှိ ဘာရော့ခေတ်သစ် လက်ရာဗိမာန်ကြီးရဲ့ အေးမြတဲ့အရိပ်မှာခိုရင်း မြို့ကြီးရဲ့ အနာဂတ်ကိုမှန်းဆမကြည့်ခင် ၂၂ နှစ်အရွယ် အင်ဂျင်နီယာ ကျောင်းသားတစ်ဦးက မုန့်ဟင်းခါး တစ်ပန်းကန်ကို အရင်အပြောင်ရှင်းနေပါတယ်။ 'နယူးယောက် ဒါမှမဟုတ် တိုကျိုဒါမှမဟုတ် ဘန်ကောက်ဖြစ်ဖို့လိုတယ်လို့ကျွန်တော်တို့တွေးတော စဉ်းစားကြည့်ကြပါတယ်။ ဒါပေမဲ့ ခင်ဗျားဘေး ဝန်းကျင် ကိုကြည့်လိုက်ပါ။ ကျွန်တော်တို့ဒါကိုဘယ်လိုဖျက်ဆီးပစ်ရမလဲ။ အဲဒီအစား ကျွန်တော်တို့ရောမဒါမှမဟုတ် ပရော့ဂ်နဲ့ တူနိုင်ပါတယ်' လို့ ကျော်ကသူ့ဘေးမှာခေါင်း တဆတ်ဆတ်နဲ့ညိတ်နေတဲ့ အတန်းဖော်တွေရဲ့ စိတ် အခြေအနေကို ပဲ့တင်ထပ်ပြောပါတယ်။

Myanmar-Yangon-Main train station

ဒီလိုရန်ကုန်ရှေးအမွေအနှစ်ကို ကာကွယ်ထိန်းသိမ်းရေးစိတ်ဓာတ်တွေဟာ ကျယ်ပြန့်နေပြီ။ ဒါပေမဲ့ အဲဒီစိတ်ဓာတ်တွေဟာ လုံးဝ အြ<ွကင်းမဲ့တော့ မဟုတ်ပါ ဘူး။ဆိုင်ခန်းငယ်တစ်ခုမှာထိုင်နေတဲ့အသက်ပိုကြီးသူတစ်ယောက်ကတော့ ဖွံ့ဖြိုးတိုးတက်မှုကို လိုလား ပါတယ်။ သူက ကျော်နဲ့သူငယ်ချင်းတွေပါ ဆိုရှယ် လစ်မူဝါဒတွေ ဆီမြန်မာပြည်လိုက်နေမှုနဲ့ ပတ်သက်တဲ့ အကြောက်တရားအောက်မှာ တိုင်းပြည်ရဲ့ အချိန်တွေ ကုန်ခဲ့ပြီး တိုးတက်မှုကင်းမဲ့ခဲ့တဲ့ အတွေ့အကြုံကိုမခံစား ခဲ့ရလောက်အောင် ငယ်ရွယ်လွန်းတယ်လို့ ထောက်ပြ ပါတယ်။ 'အခုကမ္ဘာကြီးကို အမီလိုက်ဖို့လိုတယ်လို့ သူက ထင်နေပါတယ်၊ ဒါဟာ ပြိုင်ပွဲတစ်ခုလိုမျိုးနဲ့တူနေပါ တယ်'လို့ကျော်ကပြောပါတယ်။သူမရုံးခန်းဆီပြန်ရောက်တဲ့အခါ မိုးမိုးဝါဟာ မတူညီတဲ့အမြင်တွေကို သိမြင်နားလည်သွားပါတယ်။ 'တချို့က ဒါဟာဗြိတိသျှဟာတွေ၊ ငါတို့ဟာတွေ မဟုတ်လို့ထောက်ပြကြပါတယ်။ ဗိသုကာပညာရှင် တချို့တောင် အဲဒီလို တွေးကြပါတယ်၊ဒါပေမဲ့ ကျွန်မတို့ ဒီနေရာတွေကို ဗြိတိသျှတွေထွက်ခွာသွားပြီး လွန်ခဲ့တဲ့ နှစ်ပေါင်းခြောက်ဆယ်ကျော်အသုံးပြုနေခဲ့ကြတာ၊ ကျွန်မတို့အလိုရှိသလို အဲဒါတွေကို အသုံးပြုနေကြာပါ။ ဒါဟာ ကျွန်မတို့ဘဝရဲ့ အစိတ်အပိုင်းတစ်ရပ် ပါပဲ၊ ဒါဟာဗြိတိသျှ ဒါမှမဟုတ် အိန္ဒိယလို့ကျွန်မတို့ ဆက်မပြောနိုင်တော့ပါဘူး'ပြိုကျလုနီးပါးအဆင့်အထိရောက်အောင် တဖြည်းဖြည်း ယိုယွင်းပျက်စီးလာနေတဲ့ ရန်ကုန် အခြေခံ အဆောက်အဦတွေနဲ့ အတူမြို့တော်သူမြို့တော်သား အများစုအနေနဲ့ ကြီးမားတဲ့ဖွံ့ဖြိုးတိုးတက်မှုတစ်ရပ် လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ယုံကြည်နေကြပါတယ်။ ဖွံ့ဖြိုးအောင်လုပ်ဆောင်မယ့်အတိုင်းအတာနဲ့ ဦးစားပေးစရာတွေကတော့ အငြင်းပွားစရာတွေအဖြစ်ဆက်ရှိ နေတုန်းပါပဲ။ 'ကျွန်မတို့ ဘယ်အရာကို ဖွံ့ဖြိုးအောင်လုပ်ဆောင် မယ်၊ဘယ်အရာကိုကာကွယ်စောင့်ရှောက်မယ်ဆို တဲ့ ကြားမျှခြေတစ်ရပ်ရှာဖွေဖို့လိုအပ်ပါတယ်။ မြို့တော်ကြီး ထဲမှာ ရှင်ဂုဏ်ယူတဲ့အရာကို ဆက်လက်ထိန်းသိမ်း ထား သင့်ပါတယ်။လူတွေကဒါကိုနှစ်သက်သဘောကျ ကြပါလိမ့်မယ်။ ငယ်ရွယ်တဲ့မျိုးဆက်တွေက ဒါကို ဂုဏ်ယူဝမ်းမြောက်ပါလိမ့်မယ်'လို့ မိုးမိုးဝါကပြောပါ တယ်။ 'ဒါဟာမျှခြေထိန်းညှိမှုပဲဖြစ်တယ်၊ ရှင်ပိုင်ဆိုင်တဲ့ အရာကို ရှင်မစောင့်ရှောက်ဘူးဆိုရင် နောက်ထပ် မြို့တော်ကြီး တစ်ခုနဲ့ပဲရှင်နိဂုံးချုပ်သွားမှာဖြစ်တယ်' ။

မင်းမင်းစိုး

Go to top