enviromental

 


ကျွန်မရဲ့မွေးရပ် ဇာတိမြေဆိုတာ ကားလမ်း၊ ရေလမ်းမရှိ။ လော်ကယ်ရထား စုတ်စုတ်တွေသာ အားကိုးပြီး ခရီးသွားရတဲ့ တောနယ်ဖြစ်တဲ့  ကန့်ဘလူမြို့နယ်ထဲက ချပ်သင်း ဆိုတဲ့ တိုက်နယ်ရွာလေးပါ။ ဒီလိုရွာလေးကသာမန် ဝန်ထမ်းမိသားစု ကနေမွေးဖွားလာပြီး ကြီးပြင်းလာခဲ့တဲ့ လူတစ်ယောက်အတွက် ငယ်ငယ်ကအိပ်မက်တွေ ရှိခဲ့ဖူးတယ်။ ဒါပေမဲ့ဖြစ်နိုင်ချေက တွေးကြည့်ရင် နည်းတာချည်းပါပဲ။ ဆယ်တန်းအောင်တော့ မိဘတွေက ကျွန်မရဲ့ အိပ်မက်တစ်ခုကို မနိုင်ဝန် ဖြစ်ပေမယ့် ကြိုးစားပုံဖော်ပေးခဲ့ကြတယ်။ အဲဒီ့အိပ်မက်က ရန်ကုန်ဆိုတဲ့မြို့ကြီးမှာ တက္ကသိုလ်တက်ရောက်ခွင့်ပါပဲ။ ၂ဝဝ၁ / ၂၀၀၂ခုနှစ်ကစလို့  ရန်ကုန်မှာစတင်နေခဲ့တဲ့ ကျွန်မအတွက် အားလုံးက အထူး အဆန်း ၊  ဟာသလူရွင်တော်ကွမ်းသီးက ဇာတ်လမ်းထဲမှာ ပြောသလို ရန်ကုန်ဆိုတာ ငါတို့ရွာက ဘုရားပွဲထက် စည်ပါလားတဲ့။

ဟုတ်တယ်လေ ရန်ကုန်မှာကားစောင့်နေတဲ့ လူအုပ်ကိုက ကျွန်မတို့ရွာဘုရားပွဲ နီးနီးရှိနေပြီလေ။ ကဲ မွေးရပ်မြေအကြောင်း အစပျိုးနေတာလိုရင်းက ဝေးသွားပါဦးမယ်။ အခု ကျွန်မ ရောက်နေတဲ့ နေရာမှာကျွန်မအတွက် လေ့လာအားကျစရာတွေ အကြောင်းရေးပြီး ဝေမျှချင်တာပါ။ အခုနေရာကငယ်ဘဝမှာ မပြောနဲ့အရွယ်ရောက်လာတဲ့အထိ သိပေမယ့်မမက်နိုင်ရဲတဲ့ အိပ်မက်နေရာ၊ ကမ္ဘာမှာသြဇာကြီးမားတဲ့ အမေရိကန်ရဲ့ အစိတ်အပိုင်းတစ်နေရာ။ ဒီနိုင်ငံမှာ လူကိုမပြောနဲ့ ခွေး၊ ကြောင်တိရစ္ဆာန်တွေကိုတောင် တန်ဖိုးထား ကာကွယ်တဲ့ နေရာ၊ တောထဲက သစ်တောမပြောနဲ့ မြို့ပေါ်ကသစ်ပင်၊ ကိုယ့်ခြံထဲ သစ်ပင်ရှိလို့တောင်ခုတ်ပိုင်ခွင့်မရှိထိန်း သိမ်းစောင့်ရှောက်တတ်တဲ့ နေရာ၊ ဥပဒေအထက် မှာဘယ်သူမှမရှိတာသိသာတဲ့နိုင်ငံ။ကျွန်မအတွက် တော့ ရောက်ရောက်ချင်း သဘောကျ အားကျ မိခဲ့တာက ခေတ်မီဖွံ့  ဖြိုးတိုးတက်နေတဲ့  နိုင်ငံမှာ သဘာဝသယံဇာတကိုတန်ဖိုးထားထိန်းသိမ်းထားတာ ပါပဲ။ ကျွန်မအတွက် ရိုးစင်းတဲ့အတွေးနဲ့ တွေးမိတာ က  ခေတ်မီမှုကို ဦးစားပေး ရှေ့တန်းရောက်နေရင် သဘာဝအလှတရားတွေအတွက် စဉ်းစားပေး နိုင်ပါ့ မလားပေါ့။ ဒါက ကျွန်မကြီးပြင်းလာရတဲ့ နေရာဝန်း ကျင်နဲ့နှိုင်းယှဉ်ပြီးတွေးမိတာပါ။ဟုတ်တယ်လေတစ် ခုခုဖွံ့ဖြိုးရေးဆိုတာတွေလုပ်တိုင်းသစ်ပင်၊သစ်တော သဘာဝသယံဇာတတွေ၊ ပြည်သူရဲ့အိမ်ယာမြေတွေ ပေးဆပ်စတေးလိုက်ရတာတွေက ပြောစရာ မလိုတဲ့ ဟိုး..ရှေးကတည်းက အလေ့အထဖြစ်နေတာကို။ ဒီ နိုင်ငံမှာနှစ်ရှည်သစ်ပင်တွေရော၊လှပစွာစိုက်ပျိုးထား တဲ့အပင်တွေရောနေရာအနှံ့မှာရှိနေတာကို ကားပေါ် က မြင်နေရာတာဟာ အင်မတန် စိတ်ချမ်းသာစရာ ကောင်းတဲ့မြင်ကွင်းတွေပါ။မြို့ထဲမှာကားကျပ်လို့ဖြစ် စေ၊ ပြည်နယ်တစ်ခုကနေ  တခြားပြည်နယ်တစ်ခုသို့ ဖြစ်စေအချိန်ကြာကြာမောင်းနေလို့ စိတ်မကြည်လင် လာရင်တောင်ဘေးဘီဝဲယာက လှပလွတ်လပ်စွာရှင် သန်နေကြတဲ့သစ်တောသစ်ပင်တွေက စိတ်အကြည် ကိုဖြစ်စေတာတော့ အတိအကျအခိုင်အမာပါပဲ။ ကျွန်မ ဒီမှာ သစ်ပင်ကြီးတွေ၊ မြို့ပေါ်မှာတောင် တောအုပ်ကလေးတွေမြင်တော့ ကျွန်မရဲ့ သတင်းထောက်စိတ် လက်ကျန်က မပြတ်သေးတော့ စူးစမ်းမိပါတယ်။

northern-california-road-into-the-redwoodsဒီမှာသစ်ပင်တွေကို ဘယ်လိုထိန်းသိမ်းတန်ဖိုးထားလဲမေးကြည့်တော့ ဖြေပေးတဲ့ မိတ်ဆွေက ပြောတယ်။ ဒီနိုင်ငံမှာကိုယ့်အိမ်၊ ကိုယ့်ခြံထဲက သစ်ပင်တောင် ကိုယ်စိတ်ကြိုက်ခုတ်ခွင့်မရှိဘူး။ Countryကိုတင်ပြပြီးမှ ခုတ်ရတယ်။ ခုတ်ခွင့်တင်တိုင်းလည်းမချပေးဘူး။ အကြောင်းအကျိုးတစ်ခုကိုသေချာတင်ပြရပါတယ်တဲ့။ သူ့မိတ်ဆွေတစ်ယောက်က သူ့ခြံထဲမှာ သစ်ပင်ကို ခုတ်ချင်လို့ တင်ပြတော့ Countryဌာနကလာရောက်စစ်ဆေးပြန်ပါတယ်
တဲ့။ ဟောဒီက သစ်ပင်တွေက မင်းတို့ထက် သက်တမ်းရှည်တယ်။ မင်းတို့ထက်တန်ဖိုးပိုရှိတယ်လို့ ပြောပြီးခုတ်ခွင့်မရှိခဲ့တာမျိုးတွေလည်းရှိနေပါတယ်တဲ့။ သူတို့နိုင်ငံကပန်းခြံ ဆိုတာက မြန်မာပြည်က သစ်ပင်တွေပေါတဲ့ ကန်
တော်ကြီးပန်းခြံလောက်မပြောနဲ့။ ကျွန်မငယ်ငယ်က နေခဲ့တဲ့ရွာဝန်းကျင်တစ်ဝိုက်မှာရှိတဲ့ သစ်တောတွေလောက်တောင်သစ်ပင်တွေထူထပ်အုပ်ဆိုင်းနေပါတယ်။ သစ်ပင်တောအုပ်တွေ ရှိတော့တောမှာ  ပျော်တဲ့တောရိုင်းတိရစ္ဆာန် လေးတွေဖြစ်တဲ့ သမင်၊ ယုန်၊ ရှဥ့်တွေလည်း လွတ်လပ်စွာ ရှင်သန်နေထိုင်နေကြပါတယ်။ ကျွန်မအခုနေတဲ့ အိမ်နားမှာလည်း သစ်ပင်ကြီးကြီးတွေရှိနေတော့သစ်ပင်တစ်ပင် ပေါ်ကနေတခြားတစ်ပင်ပေါ်ကိုပြေးလွှားနေတဲ့ ရှဥ့်လေး တွေကို အမြဲလိုလို မြင်နေရတာလည်း စိတ်ကျေနပ်စရာ တစ်ခုပါပဲ။ မြို့ထဲသွားတဲ့ လမ်းတွေရဲ့  တချို့နေရာတွေ မှာဆို သမင်တွေ၊ သတိပေး ဆိုင်းဘုတ်တွေ တွေ့တော့ မေးကြည့်ပါတယ်။သမင်တွေကလမ်းပေါ်ထွက်လာတတ် တော့ ကားနဲ့မကြာခဏဆိုသလို တိုက်မိတာတွေရှိတယ် တဲ့။မေးတဲ့မိတ်ဆွေတောင်သမင်ကလမ်းပေါ်ရုတ်တရက်ထွက်လာတော့ သူ့ကားနဲ့တိုက်မိသွားဖူးတယ်ဆိုပြီး ပြောပြပါတယ်။ ဟုတ်တယ် သိပ်မကြာတဲ့ရက်ပိုင်းမှာဈေးဝယ်ပြီး အိမ်အပြန် ကားလမ်းဘေးမှာ သမင်တစ်ကောင် ကားတိုက်လို့ သေနေတာကို မြင်ခဲ့ပါတယ်။ ဒီမှာ သမင်တွေက လမ်းမှားပြီး ရုတ်တရက်ကားလမ်းပေါ် တက်လာတဲ့အခါမှ ကားတိုက်မိလို့သေတာပဲရှိတယ်။ တချို့သမင်တွေ၊တခြား တိရစ္ဆာန်လေးတွေ ကားလမ်းပေါ်ဖြတ်တာကိုခပ်လှမ်းလှမ်းက မြင်ရင်တော့ ကားရပ်ပြီးစောင့်ပေးတာလည်း ရှိပါတယ်တဲ့။ အဲဒီမှာ ကျွန်မ စဉ်းစားမိတာ အခုလို သမင်၊ ယုန်၊ ရှဥ့်လေးတွေ မြန်မာပြည်မှာ အခုလို လူသူနဲ့ နီးလွန်းတဲ့ နေရာ တွေမှာရှိရင်သူတို့ရှင်သန်နေထိုင်မှုကြာရှည်ခံပါ့မလား၊ကျွန်မငယ်ငယ်ကအဘိုး၊အဘွားတွေကပြောဖူးတယ်။သူတို့ငယ် ငယ်တုန်းကရွာထဲကို သမင်တွေ၊ ချေကောင်တွေ၊ ရွာထဲကို မျက်စိလည် ရောက်လာ တတ်တယ်တဲ့။ ကျွန်မက သူတို့ကို ဘာလုပ်လိုက်လဲ မေးရင် ဝိုင်းဖမ်းတယ်။ တစ်ခါတစ်ရံတော့ လွတ်သွားတယ်တဲ့။ ကျွန်မ အရွယ်ရောက်လာတဲ့ အချိန်မှာ တော့ သမင်တွေကို ထိန်းသိမ်းစောင့်ရှောက်တဲ့အဖွဲ့အစည်း တွေရှိပြီး ဖမ်းဆီး သတ်ဖြတ်သူကို ထောင်ဒဏ်တွေ ချမှတ်ပေမယ့် ဥပဒေကို လက်တစ်လုံးခြား လုပ်စားသူ တွေရန်မှာ သမင်လေးတွေနဲ့တခြားတိရစ္ဆာန်လေးတွေဟင်းစားဖြစ်သွား တာတွေလည်း ရှိပါတယ်။ တောကောင်လေးတွေတစ်နေ့တ ခြားရှားပါးလာသလိုငယ်ငယ်ကကျွန်မတို့အိမ်ကလှမ်းမြင်နေ ရတဲ့တောင်တန်းစိမ်းစိမ်းတွေက အခုချိန်မှာ သစ်ပင်ခပ်သေး သေးတွေနဲ့ တောင်ကတုံး သာသာပဲရှိနေပါတော့တယ်။ တောနက်ကြီးတွေထဲက နှစ်ရှည်သစ်ပင် ကြီးတွေကို သယ်ဆောင် ခုတ်မောင်းသွားတဲ့ရထားတွေ၊ ကားတွေကိုလည်း အခုအထိ မြင်နေတွေ့ နေရဆဲဆိုတာ ငြင်းဆိုလို့ မရပါဘူး။ ကမ္ဘာကိုဦးဆောင်နေပြီး ဖွံ့ဖြိုးတိုးတက်မှုမှာရှေ့တန်းကိုရောက်နေတဲ့  ဒီလိုနိုင်ငံမှာတောင်နှစ်ပေါင်းရာချီနေတဲ့သစ်ပင်သစ်တောတွေ ရှိနေဆဲ ၊ အသားငါး စားသုံးမှုများတဲ့ နိုင်ငံတစ်ခု ဖြစ်ပေမယ့် သဘာဝသားကောင်တိရစ္ဆာန်တွေရဲ့ရှင်သန်မှုနဲ့နေထိုင်ကျက် စားမှုကို ကာကွယ်စောင့်ရှောက်ပေးထားတဲ့ နိုင်ငံတစ်ခုဖြစ်နေ ဆဲပါ။ ကျွန်မတို့ မြန်မာနိုင်ငံသားတွေအတွက် သဘာဝတရား ကြီးကတန်ဖိုးကြီးမားပြီးပြည့်စုံတဲ့တောတောင်ရေမြေသဘာဝ သယံဇာတတွေ ပေးခဲ့ပါတယ်။ ဒါပေမဲ့လည်းလေ . . .

အေးနွယ်လှိုင်

Go to top