Buddhist monks in front of the Angkor Wat

ယဉ်ကျေးမှုအနုပညာလက်ရာတွေနဲ့ ပတ်သက်ပြီး ကမ္ဘာမှာ ထင်ရှားတဲ့ နေရာတွေရှိပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် ပုဂံလို့ပြောလိုက်ရင် မရောက်ဘူးတဲ့လူသာ ရှိမယ်။ မကြားဘူးတဲ့ လူရယ်လို့ မရှိပါဘူး။ ဒါကြောင့်လည်း မြန်မာမှာ ပုဂံ၊ ပုဂံမှာရှိတဲ့ ဘုရား၊ စေတီတွေ၊ ဂူဘုရားတွေနဲ့ ခေတ်ပြိုင်လက်ရာလို့ ပြောလို့ရနိုင်တဲ့ အနုပညာမြောက်လှတဲ့ နေရာတစ်နေရာကလည်း အရှေ့တောင်အာရှမှာ တစ်နေရာရှိနေပါတယ်။ အဲဒီနေရာက ကမ္ဘာအံ့သြဖွယ်ရာများစာရင်းထဲမှာလည်း ပါပါတယ်။ အဲဒါဘယ်နေရာလဲဆိုတာ သိကြရဲ့လား။ ပရိသတ်ကြီးတို့။

ကမ္ဘာအကြီးဆုံး ဘာသာရေးအဆောက်အဦတစ်ခုလို့ ပြောလို့ရတဲ့ အရှေ့တောင်အာရှရဲ့ ကမ္ဘောဒီးယားနိုင်ငံမှာရှိတဲ့ အန်ကောဝပ်ဘုရားကျောင်း (Angkor Wat Temple) ပဲ ဖြစ်ပါတယ်။ မြန်မာ့ပုဂံနဲ့ ကမ္ဘောဒီးယား အန်ကောဝပ်က ခေတ်ပြိုင်ဖြစ်သလို လူတွေပြောနေကြတဲ့

Read more: မြန်မာတို့ရဲ့ ပုဂံနဲ့ နှိုင်းယှဉ်ကာ လေ့လာချင်စရာအဖြာဖြာ အန်ကောဝပ်ဗိသုကာ

j226

ကျွန်တော် ပြောပြချင်တဲ့ နေရာလေးကတော့ မြိတ်ကျွန်းစု အကြောင်းလေးပဲ ဖြစ်ပါတယ်။ မြိတ်ကျွန်းစုဟာ မြန်မာနိုင်ငံတောင်ဘက် တနင်္သာရီတိုင်း ဒေသကြီးအတွင်းမှာ တည်ရှိပြီး... Wikiphedia ရဲ့အဆိုအရ ကျွန်းပေါင်း ၈၀၀ ကျော်နဲ့ ဖွဲ့စည်းထားပါတယ်။ Myeik Archipelago လို့ တစ်ချို့က ခေါ်ကြသလို... တစ်ချို့ကလည်း Mergui Archipelago လို့လဲ ခေါ်ကြပါတယ်...။ ဘာကွာလဲဆိုရင်တော့ ဘာမှမကွာပါ ပြည်ကို Prome, အင်းဝကို Ava… ရန်ကုန်ကို Rangoon ခေါ်သလိုပါပဲ။

အဲ့ဒီ့ ကျွန်းပေါင်း ၈၀၀ ကျော်မှာ လူနေထိုင်လို့ရစေဖို့အတွက် အရေးအကြီးဆုံးအချက်ဖြစ်တဲ့

Read more: သဘာဝအလှတရားများနှင့် ကျွန်တော်

june58

Hello kitty အရုပ်လေးတွေကို ချစ်ခင်နှစ် သက်ကြသူတွေကို ဆွဲဆောင်နိုင်တဲ့ နည်းလမ်းအဖြစ် အရှိန်မြင့်ရထားတစ်စင်းမှာံHello kitty ရုပ်လေး တွေဆေးခြယ်ထားလိုက်ပါတယ်။ အဲဒီရထားဟာ Taipei နဲ့ Taitung မြို့တော်ကြား အပြန်အလှန် ပြေး ဆွဲမှာပါ။ ပါးစပ်မပါတဲ့ အရုပ်လေးရဲ့ ပရိသတ် ၂ဝဝ ကျော်ဟာ ကျွန်းရဲ့ မြောက်ဘက်နဲ့ အရှေ့တောင် ဘက်ဆီအသွား ၄ နာရီခရီးမှာ စကားပြောစရာမလို လှဘဲ မြူးထူးပျော်ရွှင်ရယ်မောသွားနိုင်ဖို့ ရည်ရွယ် ထားတယ်လို့ ဆိုတယ်။ ကြောင်မဟုတ်တဲ့ နာမည်ကျော် Hello kitty ရဲ့ ပုံလေးတွေကို ရထားရဲ့အပြင်ဘက်၊ အတွင်းဘက်နံရံတွေမှာ၊

Read more: Hello Kitty ရထားခရီးသွားမယ်

junet1

 

အပြန်လမ်းတစ်လျှောက်မှာ လူကအတော်လေးပင်ပန်းနေပြီ။ ဟိုတယ်ပြန်ရောက်တော့ ည ၇ နာရီ အတော်မှောင်နေပြီ။ ဘာစာမှလည်း မရေးနိုင်၊ မရေးချင်။ ပြီးတော့ ဘာမှလည်း မတွေးချင်တော့ဘူး။ တောင်တန်းတွေ၊ တိမ်လိပ်တွေ၊ ညစာတွေ၊ ကော်ဖီတွေ၊ မတွေ့ခဲ့ရတဲ့ နှင်းဆီနီတွေအားလုံးကို အာရုံထဲက ဖျောက်၊ သူ့ကိုပါ မေ့ဖျောက်ပြီးအခန်းထဲပြန်ရောက်တာနဲ့ ရေချိုးပြီး အိပ်လိုက်တယ်။ ဖုန်းမြည်သံခပ်တိုးတိုးကြောင့် အိပ်ရာက နိုးလာတယ်။ ဖုန်းမျက်နှာပြင်မှာ ပေါ်လာတဲ့ ကော်ဖီတစ်ခွက်နဲ့ နှင်းဆီပန်းနီနီတွေကို တွေ့လိုက်ရတော့မှ

Read more: အနီရောင်နှင်းဆီပွင့်များနှင့်အတူ - ၎

danu

'ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ'ဟုဆိုလိုက်သည်နှင့် 'ဓနု'ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မြို့နှစ်မြို့ ဖြစ်သော ရွာငံနှင့်ပင်းတယမြို့နယ်ဟုအများက သိရှိကြသည်။ပင်းတယမြို့သည် သုဓနမင်းသားနှင့် ဒွေးမယ်နော်မင်းသမီးတို့၏ အချစ်ပုံပြင်ပါ။ ပုတ်တလုတ် ရေကန်နှင့်တကွ ရွှေဥမင်လိုဏ်ဂူ၊ ကြီးမားလှပသော ညောင်ပင်ကြီးများစသည်ဖြင့် သဘာဝအလှအပ များ၊ စိတ်ဝင်စားဖွယ်ရာ ရေမြေတောတောင်များကြောင့် ပြည်တွင်းခရီးသွားများသာမက ပြည်ပနိုင်ငံမှ နိုင်ငံ ခြား သားခရီးသွားများအထူးများပြားသော မြို့ ဖြစ်သည်။

ပင်းတယမြို့သို့ လာနိုင်သော လမ်းသုံးသွယ် ရှိသည်။ ကလော-အောင်ပန်းမှတစ်ဆင့်သော်လည်း ကောင်း၊ ဟဲဟိုးမှလည်းကောင်း၊ ရပ်စောက်မြို့မှ လည်းကောင်း လာရောက်နိုင်သည်။ ကလောမှ ပင်းတယ ပဲလာလာ၊ ဟဲဟိုးမှ ပင်းတယသို့ပဲ သွားသွား၊ ရပ်စောက်မှ ပင်းတယကိုပဲ ခရီးဆက်ဆက်ကားမောင်းချိန် တစ် နာရီဝန်းကျင်မျှသာ အသီးသီးကြာမြင့်မည်ဖြစ်သည်။

ပင်းတယတွင် နှစ်သန်းပေါင်း နှစ်ရာကျော် သက်တမ်းရှိသော ရွှေဥမင်လိုဏ်ဂူသည် မသွားမဖြစ် နေရာတစ်ခုဖြစ်သည်။ လိုဏ်ဂူအတွင်းမှာ ရှိသော ဗုဒ္ဓရုပ် ပွားတော်ဟောင်းများ အားလုံးသည် မျက်လွှာတော်ချထားကြသည်ကို ဖူးတွေ့ရမည်ဖြစ်သည်။ လိုဏ်ဂူရှိ ကျောက်စက်ပန်းချီများ၊ ကျောက်စက်မိုး မျှော်များ၏ လှပမှုကို လူတို့လိုက်လံတုပနိုင်မည် မဟုတ်ပေ။ ကျောက်စက်ပန်းဆွဲနှင့် ကျောက်စက်မိုး မျှော်တို့ထိဆကာ ဖြစ်ပေါ်လာသော ကျောက်စက်တိုင်ကို ဘူမိဗေဒပညာရှင်တို့ စမ်းသပ်လေ့လာလိုက်သောအခါ လိုဏ်ဂူ၏သက်တမ်းသည် နှစ်သန်းပေါင်းနှစ်ရာကျော်ရှိပြီဟု သိပ္ပံနည်းကျ တွက်ချက်၍ ရလာသည်။ တောင်နံရံတွင်ရှိနေသော လိုဏ်ဂူမှ ကြည့်လိုက်လျှင် သုဓနမင်းသားနှင့် ဒွေးမယ်နော် နတ်သမီးတို့၏ပုံပြင်တွင်ပါဝင်သော ပုတ်တလုတ်ရေကန်ကိုလည်းကောင်း နှစ်ပေါင်းရာချီသည့် သက်တမ်းရှိသော ညောင်ပင်ကြီးများကိုပါ ရှုမငြီးဖွယ် တွေ့ ကြရမည် ဖြစ်သည်။

danu1

ပညာဂုဏ်ကျော်ဇောသော ကုံလုံဆရာတော် ဘုရားကြီး၏ လွမ်းစေတီသည်လည်း ပင်းတယမြို့တွင် မသွားမဖြစ် နေရာတစ်ခုပင်ဖြစ်သည်။ ကျပ်သိန်းပေါင်း တစ်သောင်းသုံးထောင်ကျော်အကုန်အကျခံတည်ထားသည့် ဆရာတော်၏ ထန့်စံကျောင်းခေါ် လွမ်းစေတီ၏ လက်ရာမြောက်ခမ်းနားမှုကို ရောက်ဖူးသူ အပေါင်းက အံ့အားသင့်ကြည်ညိုရသည်ချည်းဖြစ်သည်။ စဥ့်ချပ်တို့ဖြင့် မွမ်းမံတည်ထားသော စဥ့်စေတီစံကျောင်းလို လက်ရာမျိုးအား အခြားဒေသများ၌ တွေ့ရဖူးရဖို့ ရှိမည်မထင်ပါ။ ဆရာတော်၏ ထူးခြားစွာ ကြည်ညိုဖွယ်ကောင်းသော ရုပ်ကလာပ်တော်သည် သိပ္ပံပညာဖြင့် ချဉ်းကပ်လေ့လာဖို့ ခက်သော ထူးခြားမှုများကို ဖူးရသူများ အံ့အားသင့်ကြည်ညိုရသည့်ချည်း ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်များ ပင်းတယရောက်တိုင်း မဖြစ်မနေသွား ကြသော နေရာနှစ်ခုမှာ ရွှေဥမင်သဘာဝ လှိုဏ်ဂူနှင့် ကုံလုံဆရာတော်ဘုရားကြီး၏ လွမ်းစေတီခေါ် စဥ့်စံကျောင်းဖြစ်သည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ တွင်ပါဝင်သော မြို့နှစ်မြို့ဖြစ်သည့် ပင်းတယနှင့် ရွာငံအနက် ပင်းတယသည် လာရောက်သူတို့ ပုံမှန်သိရှိလည်ပတ်နေကြ မြို့ ဖြစ်ကာ ယခုနှစ်များအတွင်း ရွာငံသည်လည်း သဘာဝအလှအပများကြောင့် လာရောက်လည်ပတ်သူတို့ အထူးများပြားလာပြီဖြစ်သည်။ ရွာငံမြို့တွင် တစ်စထက် တစ်စ ထင်ရှားလာသည်။ ရွာငံမြို့နယ်၊ တောကျယ်ရွာရှိ မြသပိတ်ရေကန် (ခေါ်) ရေပြာကန်နှင့် တောကျယ်ရေတံခွန်၊ အလယ်ချောင်း ကျေးရွာတွင် ရှိသော အလယ်ချောင်း ရေတံခွန်၊ ရွာငံမြို့နယ် ကျောက္ကူတိကျေးရွာရှိ ပေပေါင်း သုံးရာ့လေး ဆယ်ကျော်မြင့် သော ကျောက္ကူတိ ရေတံခွန်၊ ကမ္ဘာဦးစလူသားများ နေထိုင်ခဲ့ကာ နံရံဆေး ရေးပန်းချီများ ရှိနေသော ပြဒါးလင်းဂူ၊ အချိန်သုံးနာရီခွဲခန့် ဂူထဲဝင်ကြည့်သော်လည်း နေရာအနှံ့ မရောက်နိုင်သော၊ မျက်စိမပါသည့် ငါးမျိုးစိတ်တို့ ရှင်သန်နေထိုင်ရာ ရေဝင်ချောင်ဂူတို့ဖြစ်သည်။

danuhh

ဗိုလ်မှူးကြီးဗထူး ကျဆုံးခဲ့ရာ နေရာကို ဂူအဖြစ်အမှတ်တရထားရှိသော ဗိုလ်မှူးဗထူး အမှန်တကယ်ကျဆုံးခဲ့ရာ တဲ့လူးရွာသည်လည်း ရွာငံမြို့နယ်ထဲတွင်သာ တည်ရှိသည်။ ပြည်တွင်း ပြည်ပ ခရီးသွားများ အများဆုံး လာရောက်ကြသော နေရာမှာ ရေပြာအိုင်ဟုခေါ်သော တောကျယ်မြသပိတ်ရေပြာအိုင်ဖြစ်သည်။ သဘာဝအလျောက် ပြာနေသော ရေတို့ရှိရာ အပြာရောင် ရေ ပြာအိုင်အတွင်း ကူးခတ်နေသော ငါးများကိုကြည့်ရင်း လာရောက် အပန်းအဖြေသူများလှသည့် တောကျယ် ရွာကို ဟဲဟိုး၊ ရပ်စောက်စသော မြို့များမှသာလျှင် ပင်းတယမှ ရွာငံသို့ဖြတ်ဖောက်ထားသည့် 'ပွေးမြတ်' ဖြတ်လမ်းရှိသည်။ ၎င်း'ပွေးမြတ်' ဖြတ်လမ်းမှသွားလျှင် ပင်းတယမှ ရေပြာအိုင်သို့ ကားမောင်းချိန် တစ်နာရီဝန်းကျင်မျှသာ ကြာမြင့်သည်။

ပင်းတယဘက်အခြမ်းမှမဟုတ်ဘဲ ကလော- အောင်ပန်းလမ်းမှလာမည်ဆိုလျှင်လည်း အောင်ပန်းမှ ကျုံး၊ ကျုံးမှတစ်ဆင့် အောင်ပန်း-မန္တလေးလမ်းအတိုင်း လာ၍ရပါသည်။ ပင်းတယ-ပွေးမြတ် ဖြတ် လမ်းသည်လည်း အောင်ပန်း-မန္တလေးလမ်းမနှင့် လာရောက်ဆုံတွေ့မည်ဖြစ်ပြီး ရေပြာအိုင်ရှိရာ တောကျယ်ရွာကို အောင်ပန်း-မန္တလေး လမ်းမပေါ်မှနေ ငါး မိနစ်ခန့်သာ မောင်းရမည်ဖြစ်သည်။ တောကျယ် ရေ ပြာအိုင်နှင့် တောကျယ်ဘုန်းကြီးကျောင်းမှာ သုံးမိနစ် ခန့်သာ မောင်းရမည်ဖြစ်ပြီး တောကျယ်ဘုန်းကြီး ကျောင်းမှာ ကားရပ်နားခဲ့ကာ ရေတံခွန်သို့ ဆယ်မိနစ် နီးပါးလမ်းလျှောက်သွားရမည်ဖြစ်သည်။ရေပြာအိုင်ရှိရာ တောကျယ်ရွာမှ ထွက်လာပြီး အောင်ပန်း-မန္တလေးလမ်းအတိုင်း အနည်းငယ်မောင်းလာလျှင် အလယ်ချောင်ရွာကို ရောက်ပါမည်။ ရွာမှ နာရီဝက်ခန့်လမ်းလျှောက်လျှင် အလယ်ချောင် ရေတံခွန်၏ အလှအပများကို မြင်တွေ့ရမည်ဖြစ်ပါသည်။

ပေသုံးရာ့လေးဆယ်မြင့်သော ကျောက္ကူတိ ရေတံခွန်ကို သွားလိုလျှင်တော့ မန္တလေး-အောင်ပန်းလမ်းအတိုင်း မောင်းနှင်လာပြီး ရေဦးလမ်းခွဲမှတစ် ဆင့် ကျောက္ကူတိရွာကို ဆက်လက်မောင်းနှင်ရပါမည်။ ကျောက္ကူတိဘုန်းကြီးကျောင်းတွင် ကားကိုထားခဲ့ရ မည်ဖြစ်ပြီး ဘုန်းကြီးကျောင်းမှ ကျောက္ကူတိ ရေတံခွန် ရှိရာ တောင်အောက်သို့ တစ်နာရီခန့် မတ်စောက်စွာ ဆင်းရပါမည်။ မတ်စောက်သော တောင်ကမ်းပါးယံရှိ လမ်းကို တစ်နာရီခန့်ဆင်းပြီးသည်နှင့် အင်မတန်လှ သော ကျောက္ကူတိရေတံခွန်ကို တွေ့ မြင်ရမည်ဖြစ်ပါ သည်။ ရေတံခွန်သို့ သွားရာလမ်းတစ်လျှောက် လမ်း ညွှန်ဆိုင်းပုဒ်များကို မြင်တွေ့ရမည်ဖြစ်ပြီး လမ်းပြလို အပ်ပါကလည်း ကျောက္ကူတိရွာခံ 'ဓနု'တိုင်းရင်းသား များက အခမဲ့လိုက်ပါပို့ဆောင်ပေးမည်ဖြစ်ပါသည်။ သဘာဝအလှအပများ သဘာဝအတိုင်းရှိနေဆဲဖြစ် သည်ကို မြတ်နိုးစွာ လေ့လာလိုပါက 'ဓနု'ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဖြစ်သော ပင်းတယမြို့နှင့် ရွာငံမြို့ များဆီ အပြေးလှမ်းလာလည်ပတ်သင့်ပါကြောင်း သတင်းကောင်းတွေ ဖြန့်ချိပေးလိုက်ပါသည်။

ပြည့်ပိုင်မှူးအိမ်

Go to top