sky1

ကောင်းကင် ပြာပြာကြီးကို အမြဲတစေ မမြင်ရသည့် တိုင်အောင် မိုးကောင်း ကင်နိုင်ငံဟု အမည်တွင်ပြီး၊ အလျှံပယ် ပေါကြွယ်ဝသော နယ်မြေဟု လည်း အမည်တွင်ကာ၊ ခေါင်ရန်းပန်းပွင့်ရာ မြေ၊ ပိုးဖဲမြို့တော်၊ လိပ် မြို့တော် စသည်ဖြင့် ရှေးနှစ် အတီတေ ကတည်းက နာမည်မျိုးစုံဖြင့် ထင်ရှားခဲ့သည် ကတော့ တရုတ်နိုင်ငံ အနောက်တောင် ဘက်ရှိ စီချွမ်ခရိုင်၏မြို့တော် ချန်ဒူး ပင် ဖြစ်လေသတည်း။အမှန်မတော့ ချန်ဒူးမြို့ သည်တောင်ပတ်လည် ဝိုင်းလျက်ရှိသည့် မြေသြဇာကောင်းမွန်သော လွင်ပြင်ကြီးတစ်ခု ပေါ်တွင် ရှိနေခြင်းဖြစ်သည်။ ထို့ကြောင့် လွင်ပြင်ကြီး၏ ကောင်းကင်ဝယ် သူ့ကိုပတ်ပတ်လည် ဝန်းရံထားကြသည့် တောင်ကြီးများမှ ထုတ်လွှတ်သော တောင်ခိုးများကသာ အစဉ်လိုလို ဝေနေကြသဖြင့် ကောင်းကင်ပြာပြာကြီးကို များသောအားဖြင့် မမြင်ရ၊ မီးခိုးရောင်ကောင်း ကင်ကြီး ကိုသာ အစဉ်မြင်တွေ့နေကြရ သည်။ချန်ဒူးမြို့ကို စတင် တည်ထောင် စဉ်က ဗိသုကာ ပညာရှင်ကြီး ကျန်းရီက မှော်ဝင်လိပ် တစ်ကောင်ကို မြေတွင် လွှတ်ကာ သူသွားသည့် လမ်းကြောင်း အတိုင်း မြို့၏နယ်နိမိတ် သတ်မှတ် ခိုင်း ခဲ့သည်ဟူ သည့် ဒဏ္ဍာရီ ကိုအစွဲပြု၍ လိပ်မြို့တော်ဟု အမည်တွင် ခဲ့သလို၊ အနောက်ဟန် မင်းဆက်ခေတ်က တည်းကပင်လျှင် လက်ရာမြောက် ပိုးဖဲ ချည်ထည် များထွက် ရှိခြင်းကြောင့်လည်း ပိုးဖဲမြို့တော် ဟု ခေါ်ဆိုခဲ့ ကြပြန်ကာ ၊ပဉ္စမမြောက် တန်မင်း ဆက်ခေတ်က မြို့ရိုး နံရံများ တွင် ခေါင်ရန်း ပန်းပင်များ ပြည့်နှက်နေအောင် စိုက်စေခဲ့ခြင်းကြောင့်လည်း ခေါင်ရန်းပန်း တို့ပွင့်ရာမြေဟု လူသိများခဲ့ ပါသေး သည်။

Read more: ကောင်းကင် ပြာပြာကလွဲ၍ ကျန်တာတွေ အကုန်ရှိသည်

tu-ya-ki

နိုင်ငံတကာက ခရီးသွားဧည့်သည်

အစုအပြုံကြီးကတော့တူရကီနိုင်ငံက မြို့တော် အီစတန်ဘူလ် ကို  မဲပြီး သဲသဲ မဲမဲကို ရောက်ရှိလာကြ ပါပြီ။အစ္စတန်ဘူလ်ဆိုတာက တကယ့် ရှေးဟောင်း မင်းနေမြို့တော်ကြီး တစ်မြို့မဟုတ်ပါလား။ သိပ်ကိုခမ်း နား သိုက်မြိုက်ခဲ့တဲ့ မြို့ကြီးပါ။ ရိုးရာဓလေ့ထုံးစံတွေ နဲ့ မိမိတို့ ယဉ်ကျေးမှုနဲ့ ဂုဏ်သိက္ခာရှိရှိ နေထိုင်ခဲ့ကြတာ ပါ။ တူရကီဟာ ရှေးဟောင်းအမွေအနှစ် အဆောက် အဦအပျက်အစီးတွေ  တစ်ပုံ တစ်ပင် ကြွယ် ဝ ချမ်းသာတဲ့ရင်သပ်ရှုမောဖွယ် နိုင်ငံဖြစ်နေတာပါ။ တချို့ဆိုလို့ ရှိရင် ထူးခြားတဲ့ နေရာတွေပါ။ ရေကို ချစ်တဲ့ ကုန်းတွင်းပိုင် ပင်လယ်ထဲကထူးဆန်းတဲ့မျက်စိရှိသူ ကြောင် ကလေး။ တောင်တန်းကြီးပေါ်မှာ က နောဧရဲ့သမ္မာကျမ်းစာလာ လှေကြီး။ လှပတဲ့ မြေထဲပင်လယ်ရဲ့ နေဝင်ချိန်အလှ တောင်တန်း၊ ဆည်းဆာ ဒါတွေဟာ ကမ္ဘာတလွှား ခရီး သွား ဧည့်သည်များ အကြိုက်တွေ ပါပဲ။ ခေတ်သစ်မြို့တော် အစ္စစတန် ဘူလ်နဲ့ရှေးဟောင်းမြို့တော် အင်ကာရာကို သင်ရောက်အောင် ဆက်ဆက် လာခဲ့ပါ။ ဒါပေမဲ့  မြို့က သိပ်ကျယ်ဝန်းပြီး လေ့လာစရာတွေက အလွန်ဆွဲဆောင် လွန်းတာကြောင့် ခရီးသွား ဧည့်သည်တွေအတွက် ပင်ပန်း နိုင်ပါတယ်။ ရှုလို့မဆုံး၊ကြည့်လို့မဆုံးနိုင်တဲ့ မြို့တော်ရဲ့ ရိုးရာယဉ်ကျေးမှုတွေက တခမ်းတနားမို့ လား။ရထားလေးနဲ့ သွားလို့ ကြည့်နိုင်တယ်။ ခရီးသွား ဧည့်သည်တွေဟာ စွန့်စွန့်စားစား သွားရလာရတဲ့ အလုပ်ကို တစ်နေ့တခြား ပိုနှစ်သက်ခုံမင်လာကြတယ် တဲ့။ ဘယ်လောက်ဝေးဝေး ဝေးပါစေ။ ကောင်းကင် ရထားလေးနဲ့ သွားကြရအောင်။ ဒါ တူရကီက အသည်း တယားယား စွန့် စားသွားလာရမယ့် အစီအ စဉ်ကလေး ပါ။မြို့ တော် အစ္စစတန်ဘူလ်နဲ့ မြို့တော် အင်ကာရာကို သွားရင် ဝှီခနဲဆို ဝှီ ခေါ်လိုက်တာနဲ့ တန်းပြီး ရောက်သွား မှာပါ။ ရထားအသစ်စက်စက်ကလေးနဲ့နော်။ The Dogu Expresi u (Eastern Express) ညနေ 6 p.m  ထွက်ပါမယ်။ ကီလို မီတာ၁၅ဝဝ ဝေးတာမို့ ၂၄ နာရီလောက် တော့ စီးရ နိုင်ပါတယ်။ တူရကီဟာ သိပ်ကို မှ ကျယ်ဝန်းလှတယ်။ Kayseri, Sivas  နဲ့ Erzurum  တို့ကို ဖြတ်ကျော်ရပ် နားမှာ ဖြစ်ပါတယ်။ ရထားကက်ဘင် အိပ်ခန်းက ၂ ခန်းပါဝင်ပါတယ်။စမ်းတွင်းရေဖြည့်ထားတဲ့ ရေခဲသေတ္တာငယ်ကလေး တစ်ခု ပါမယ်။ အပျော့စားသောက်စရာ အရက်ပါမယ်။အဝတ်လျှော် စက်ပါမယ်။ ရေ ပူ ရေအေးစနစ် ပါရှိပါ တယ်။တစ်နေ့ လုံး ပေါ်တာ လူငယ်လေးတွေက သင်တို့ အလိုကျ စားစရာ သောက်စရာတွေကို ဖွယ်ဖွယ်ရာရာ ယူဆောင် ပေးနေမှာပါ။ dining car လို့ခေါ်တဲ့ စားစရာ သယ်ဆောင် လာမယ့် ကားလည်း လိုက်ပါလာနေပါ ပြီ။တစ်ခုခု မှာကြားချင်ရင် အွန်လိုင်းကနေTurkish State Railways ကို (+၉ဝ ဝ၂၁၆ ၃၃၇ ၈၇၂၄),  ဖုန်းနံပါတ်အတိုင်း မှာကြားနိုင်ပါတယ်။ ကုန်ကျစရိတ် ကတော့ တစ်ယောက်ကို ၄၅ ဒေါ်လာ ထဲပါ။အိပ်ခန်းခပါဝင်ပြီးဖြစ်ပါတယ်။

 tu-ya-ki2

Hunt rare ruins
အပျက်အစီးပုံတွေကို အနံ့ခံခြင်း

သင့်အနေနဲ့ လမ်းလျှောက်သွားကြည့်ဖို့ ဆိုတာ  မလွယ်လှဘူး။ ရှေးဟောင်း အမွေအနှစ်ပေါင်းစုံက  မနည်းလှဘူးလေ။ တကယ်ပေါများ ကြွယ်ဝ လှပါတယ်။ပေါ်ပြူလာ အဖြစ်ဆုံးက Ephesus ပါပဲ။တစ်နှစ် ပတ် လုံးခရီးသွားတိုးရစ်တွေ မပြတ် ဝင်ထွက်နေကြတယ်။များပြားသည့် အပျက်အစီးပုံ ထဲမှ လိပ်တစ်ကောင် ရဲ့ ရုပ်ကြွင်း ပန်းပု ဆရာတစ်ယောက်လက်ရာ Bodrum, Marmaris or Kusadasi  စတဲ့ ကမ်း ရိုး တန်းအနီး  အပန်းဖြေရိပ်သာတွေဟာလည်း နာမည်ကြီးလှတယ်။ Dalaman Airport လေယာဉ်ကွင်း နဲ့လည်း ခရီးသွားတွေအတွက် အလွန်အဆင်ပြေစေ နိုင်တဲ့ အနေအထားပါ။ကားငှားရမ်းခလည်း သက် သာ ပါတယ်တဲ့။လွန်ခဲ့တဲ့နှစ်ပေါင်း ၂ဝဝဝ ဝန်းကျင်က နာမည် ကျော် ပန်းပုဆရာကြီးတွေရဲ့လက်ရာကို ပြတိုက်တွေ မှာ တွေ့မြင်နိုင်ပါတယ်။

tu-ya-ki3

Sail an inland sea
ပင်လယ်ထဲမှာ ရွက်လွှင့်ကြရအောင်

ကီလိုမိတာ ၁၂ဝလောက်ကိုတော့ ကျော်ဖြတ်ကြ ရမှာပါ။အနက်က မီတာ ၄ဝဝလောက် ရှိပါတယ်။ Lake Van  တဲ့။ ဒါဟာ ကုန်းတွင်းပိုင်း ပင်လယ်လေးတစ်ခုပေါ့။ ရေမှာ ဆားဓာတ်သတ္တု ရည် ပျော်ဝင် ပါရှိနေ ပါတယ်။ရေတိမ်ပိုင်းမှာ အပြာရောင် နို့နှစ်ရည်လို အဆင်းရှိပြီး အလွန် လှပပါတယ်။ ရေထွက်ပေါက် မရှိပါဘူး။သဘာဝ အတိုင်းမဟုတ်ဘဲရေနက် အတွင်းပိုင်းမှာ  ထူးဆန်းတဲ့ ဇီဝရုပ် ဗက်တီးရီးယားတွေ အစု အဖွဲ့ နဲ့အုပ်စု ဖွဲ့နေပုံဟာ မီတာ ၄ဝ လောက်မြင့်တဲ့ မျှော်စင်လိုပါပဲ။ inci kefali  ခေါ်တဲ့ ပုလဲရောင် ငါးတစ်မျိုးကိုလည်း ထူးထူးဆန်းဆန်းတွေ့နိုင်ပါတယ်။ hyper-alkaline  အချဉ်ဓာတ်လွန် ကဲတဲ့ ရေမှာ နေ ထိုင်တဲ့ငါးတစ်မျိုးသာဖြစ်ပါတယ်။ ပင်လယ်ရေပြင်မှာ ရွက်လွှင့်ထွက်ခွာဖို့ ဝါသနာပါရင် ထွက်ခွာနိုင်ပါတယ်။ လူတိုင်းလိုလို  အပျော် လှေစီးထွက်လေ့ရှိပါတယ်။

Van: odd-eyed swimming cats and an ancient church

ရှေးဟောင်း.ဘုရားကျောင်းတစ်ခုမှာ နေတဲ့ ကြောင်ကလေးတွေ ကြောင် သားပေါက် ကလေးတွေ က ရေကူးတတ်သတဲ့။မျက်လုံးကလေးတွေကလည်း ထူးထူးဆန်းဆန်း ပြာလဲ့ပြီး ဝင်းတောက်နေ သတဲ့။နှာ တံကလေးကပန်းနုရောင်သမ်းနေသတဲ့။ ရေသရဲ လေးများလား ထင်ရတယ်။ ရေမှာပျော်တယ်တဲ့။ ရေတိမ်ပိုင်းမှာ သင်လည်း ရေကူးနိုင်ပါတယ်။ ရေပေါ်ပေါ် နေတာမို့  ရေမနစ် နိုင်ပါဘူးတဲ့။ဟို လွန်ခဲ့ တဲ့ နှစ်ပေါင်းတစ်ထောင်လောက်က အာမေးနီးယားနိုင်ငံဆိုတာ ရှိခဲ့တယ်။ အဲဒီနိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့တယ်။ Akdamar Island  ဆိုတာ အဲဒီ ရေကန်ရဲ့ ကမ်းခြေကနေ ၃ ကီလိုမီ တာ  လောက်ဝေး တယ်။ အဲဒီမှာနေတဲ့ရှေးအာမေးနီးယန်း လူမျိုး Surb Kach ဆိုတာ ရှိတယ်။ (Holy Cross) church လို့ ခေါ်တဲ့ ဘုရားကျောင်းမှာ နေတာပါ။ သူက ရေဆေးနဲ့ရော သစ်သားမှာပါ ထွင်းထုပြီး မှတ်တမ်း တင်ခဲ့ တယ်။ ကြောင်လေးရှိတဲ့ Vanကနေ ၅ဝ ကီလိုမီတာ ဝေးတဲ့ Gevas ကို အလည်အပတ်သွားရောက်နိုင်ပါ သေးတယ်။

Cycle among mountains

Turkey has thousands of miles of mountain and forest trails တူရကီမှာ တောတွေ တောင်တွေထဲ လည်ရပတ်ရတာဟာ တစ်နေရာနဲ့ တစ်နေရာ မိုင်ပေါင်းများစွာ ကွာဝေးတတ်ပါတယ်။ ထူးခြား ဆန်းပြားတဲ့မြင်ကွင်းတွေကို ရှုစားဖို့ River Coruh တောင်ကြားနဲု့ခေုမေ တောင်တွေမှာ ဆက်သွယ်ထားတဲ့ ကောင်းကင်ရထားလေးတွေ ရှိပါတယ်။ မြစ်ထဲမှာ ဖောင်ကလေးနဲ့ လည်ပတ်ချင်ရင် လည်း ရပါသေး တယ်။ မီတာ ၃၉၃၂မြင့်တဲ့ နှင်းဖုံး တောင်တန်းတွေမှာ သွားရောက်လည်ပတ်နိုင်ပါသေး တယ်။

Pick your trail ...

နွေရာသီ ဇွန်လကနေ သြဂုတ်လထိ လည်လို့ပတ် လို့ အကောင်းဆုံးပေါ့။ အစ္စတန်ဘူလ်က စားသောက် ဆိုင်တွေကတော့ အပျံစားတွေချည်းပါပဲ။ပင်လယ်နက် ကမ်းခြေကိုလည်း သင် ရောက်ဖူးသွားမှာပါ။ Ankara  ကနေ ကောင်းကင်ရထားလေးနဲ့ သွားချင်ရင်တော့ ရင်တဖိုဖိုနဲ့ တကယ့်ကို စွန့်စားရပါလိမ့်မယ်။ Erzurum  ကနေ Istanbul   သို့မဟုတ် ဗညုမေေ ကို  ရထားလေးနဲ့ လည်နိုင်ပါတယ်။ ကီလိုမီတာ ၁၂ဝ လောက်တော့ဝေးနိုင်ပါတယ်။တကယ့်ကို ခမ်းနားလှတဲ့ ကောင်းကင် ရထားလေး ပါပဲ။ခြေနင်းပြီးသွားတဲ့ကောင်းကင် ကြိုးရထားလည်း ရှိပါသေးတယ် ။The Lycian Way ခရီးစဉ်ကလေး က နှစ်သက် စရာပါပဲ။ အေဂျီယန်ပင်လယ်ကနေမြေထဲ ပင်လယ်ထိ လမ်းလျှောက်သွားနိုင်ဖို့ ၂ဝဝဝ ခုနှစ်က ခရီးပေါက်နိုင်ပါတယ်။  Lycian coast ကမ်းခြေနဲ့ အပြိုင်  လမ်းကြောင်း ရှာဖွေ တီထွင် ခဲ့တာပါ။  Antalya-based အခြေစိုက်စခန်းက Kate Clow ကထူထောင် ခဲ့ပါတယ်။ အပန်းဖြေစခန်းတွေ ဧည့်ဂေဟာ တွေလည်း ခရီးလမ်းတစ်လျှောက် ပြည့်နှက်နေပါတယ်။ ခရီး သွားမယ်ဆိုရင်တော့ ဘယ်လို အစီအစဉ်မျိုးပဲဖြစ်ဖြစ် အားလုံးဟာ အတူတူ ချောမွေ့နေပါလိမ့်မယ်။မီတာ ၁၈ဝဝ နီးပါး ဝေးကွာပါလိမ့် မယ်။

A view along the Lycian Way.

လမ်းလျှောက်သွားမယ်ဆိုရင် အနည်းဆုံး ကီလို မီတာ ၅ဝ၉ ကွာလှမ်းမှာဆိုတော့ သီတင်းလေးပတ် တော့ အချိန်ပေးရပါလိမ့်မယ်။ သင် မလျှောက်နိုင်ဘူး ဆိုရင်လည်း ပြည်တွင်း သယ်ယူပို့ ဆောင်ရေးတွေ ရှိနေတာမို့တစ်ရက် နှစ်ရက်နဲ့ ရောက်နိုင်ပါတယ်။  လေကြောင်းခရီးစဉ် အများအပြား ရှိနေပါတယ်။ဥရောပလေကြောင်းခရီးစဉ်နဲ့လည်း တိုက်ရိုက် ပျံသန်း သွားရောက်နိုင်ပါတယ်။ အကောင်းဆုံးလည်ပတ်ဖို့ အချိန်ကတော့ ဧပြီ၊မေနဲ့ အောက်တိုဘာလတွေမှာ ဖြစ်ပါတယ်။Lycianway.com or Cultureroutesinturkey.com ကို ဆက်သွယ်နိုင်ပါတယ်။

Climb Mt. Ararat

ဘုရားသခင် ဗျာဒိတ်ပေးခြင်းခံရတယ်ဆိုတဲ့ သမ္မာကျမ်းစာလာ နောဧရဲ့ လှေကြီးစခန်းချ နားနေရာ (Mt. Ararat)ကို ဝင်ရောက် ခိုနား လေ့လာနိုင်ပါတယ်။တူရကီတောင်တန်းတွေရဲ့ အပေါ်မှာ နောအေးရဲ့ လှေကြီးခိုနားခဲ့သေးသတဲ့။ မီတာ၅၁၃၇မြင့်ပါတယ်။တချို့က အယုံအကြည်ရှိကြတယ်။ Ararat  တောင်ထိပ် အချွန်ကနေ တူရကီရှိရာကို လှမ်းမျှော် ကြည့်ရင် တကယ့် ပြားပြား ချပ်ချပ် လေး ပဲ မြင်ရတယ် တဲ့။အီရန်နဲ့အာမေးနီးယားလည်း အတူတူပါပဲ။ဘယ်လိုပဲ လမ်းညွှန်စာအုပ်တွေ သုံးသုံး Mt. Ararat ကတော့ ခရီးလမ်း ကြမ်းလွန်းတယ် တဲ့။ အွန် ကျွမ်းကျင်သူများသာ သွားဖို့ သင့်တယ်။ သို့ သော်လည်း ဝါသနာပါလို့  စိတ်ဓာတ် ကြံ့ခိုင်ရင် အရှုံးမပေးပါနဲ့ ဆက်ဆက် တက်ရောက်ပါလို့ အားပေးထားပါတယ်။ အပူဒဏ်၊ အအေးဒဏ်ကိုတော့ ခံနိုင်ရည် ရှိရပါလိမ့်မယ်။

The  great Istanbul hotels
အီစတန်ဘူလ်က ဟိုတယ်များ

ဟိုတယ်တွေက အပျံစားနော်။ မဆလာအနံ့ သင်းသင်းမွှေးမွှေးလေးကို စားရဖွယ် ရှိပါတယ်။ဒါပေမဲ့ အနောက်တိုင်းအစားအစာကို သင် မှာမယ်ဆို ဘာမဆို မှာကြားလို့ ရပါတယ်။ အပျော် တမ်းဂိုက် ကလေးေ တွကို တော့ရှောင်ကြဉ်ပါလို့ သတိပေးထားပါတယ်။အသွားအပြန် ၅ ရက်ဆို ပြည့်စုံပါတယ်။ ခပ် သွက်သွက် လျှောက်လေ့ရှိတဲ့ မြည်းပုကလေးတွေကို လည်း သင်စီးရနိုင်ပါတယ်။ အစ္စတန်ဘူလ်ရဲ့ အရှေ့ဘက် ကီလိုမီတာ၁၅ဝဝအကွာက Dogubayazit  မြို့ကို သင် တွေ့ရမှာပါ။ လေးနာရီ ငါးနာရီလောက် မောင်းရင် Erzurum နဲ့  Van  လေဆိပ်ကို ရောက်ပါလိမ့်မယ်။Turkish Mountaineering Federation, Hani A Blok Kat 4, 06050 Ulus, Ankara; +90 312310 1578  ကို ဆက်သွယ်နိုင်ပါတယ်။တူရကီ ခရီးစဉ်ကတော့ စွန့် စားခန်းတွေ ချည်းပါပဲ။ပျော်စရာလည်းကောင်းပါတယ်။ သင် ကားလမ်း၊ ရထား လမ်း ၊ လေကြောင်းလမ်း စသည် အနည်းဆုံး ဘတ်စ် စသည် သင် သုံးစွဲသွားရောက်ရပါလိမ့်မယ်။ ရေကြောင်းခရီးစဉ်တွေမှာ လက်ဖက်ရည် အရက်ချို အခမဲ့။ ရေနဲ့သရေစာ အခမဲ့ပါ။ မီနီဘတ်စ်တွေ လည်း ပြေး ဆွဲနေပါတယ်။ တခြား အခက်အခဲ ဘာမှ မရှိနိုင်ပါ ဘူး။ တူရကီမြို့တော်ကို လာရောက်လည်ပတ်ကြဖို့ ဖိတ်ခေါ်နေပါတယ်။

Florist
Ref: internet

tree1

ကမ္ဘာကြီးဟာ သိပ်ကိုမှ ဆန်းကြယ်ပါတယ်။ ရုက္ခဗေဒပညာဟာလည်း လူတို့ လိုက်စားလို့ မကုန်နိုင်ပါဘူး။ သစ်ပင်တွေဟာလည်း ထူးဆန်းနေတယ်။အိပ်မက်ဆန်နေတယ်။ ကြည့်ပါဦး။ ဟော ဒီမှာ။ဥမင် လိုဏ်ခေါင်းတွေလိုလို၊ လျှိုကြီးတွေလိုလို ၊ နွားလှည်း ပေါင်းမိုးခုံးကြီးတွေလိုလို၊ လှလည်းလှ အံ့သြဖို့ လည်းကောင်းတဲ့ ဥမင်သစ်ပင် ကြီးတွေ မင်းမူ ရှင်သန် ပေါက်ရောက်ရာမှာ သင် လမ်းမလျှောက် ချင်ဘူး လား။စာဖတ်သူတွေ စိတ်ဝင်စားမလားလို့ florist  က ရှာဖွေစုဆောင်းပြီး  တင်ဆက်ပြသပေးလိုက်ချင်တယ်။လှလည်းလှ အရိပ်လည်းရ၊ တဒင်္ဂ ခိုနားစရာလည်းရ ဘယ်လောက်ကောင်းသလဲ။ကြည့်ပါ။အဖြူ တစ်ကန့် ခရမ်းရောင်တစ်ကန့် ရောနှောပွင့်လေ့ရှိတဲ့ ဂျပန် နိုင်ငံက Wisteria ပဲနွယ်ပန်းပင်ကြီးတွေပါ။ တစ်ပင်နဲ့တစ်ပင်ပေါင်းမိုးလို ကူးလူး ယှက်ဖြာပြီးလူသားတွေကို ကြည်နူး မှု၊ ပျော်ရွှင်ချမ်းမြေ့မှုတွေ၊ အံ့သြ မှုတွေ ဖြစ်စေဖို့ တစ်ပါတည်း ဖော်ထုတ်ပြသ ပေးနေတယ်။ ဒါဟာ ခဏပန်းအလှ မဟုတ်ပါဘူး။ ကမ္ဘာမြေပေါ်မှာ သက်တမ်းအရှည်ဆုံးပွင့်တဲ့ ပန်းနွယ်ပင် တစ်မျိုးလို့ဆိုပါတယ်။သဘာဝဘေးဥပဒ် အန္တရာယ် ကိုလည်း ကာကွယ်ခုခံ ပေးထားခြင်းဖြစ်တယ်တဲ့။ ဖန်လုံအိမ်က ထွက်ရှိတဲ့ မလိုလားအပ်တဲ့ ကာဘွန်ဒိုင်အောက်ဆိုက်ငွေ့ တွေကိုလည်းသူက ပြန်လည် စုပ်ယူသန့်  စင်စေတယ်။လူအများဟာ အဲဒီ လျှောက် လမ်းကလေးမှာ အပျင်းပြေ လမ်းလျှောက်ကြဖို့ အလွန်စိတ်ဝင်တစားရှိကြပေမဲ့ တချို့ကတော့လည်း သူ့ရဲ့ကိုင်းတွေက ကွေးညွှတ်ပြီးခြောက်လှန့်သလိုမျိုး ထင်ယောင်ကာ နည်းနည်း ကြောက်စိတ် ဝင်မိပါတယ် တဲ့။ တကယ်တမ်းပြောရရင် အသက်ရှူမှားလောက်အောင်ကို လှနေတာပါတဲ့။

Read more: အံ့ဖွယ် အပင် ဥမင်ကြီးများ

kot-thaung

ထားဝယ်မှာကတော့ မောင်းမကန်ကမ်းခြေဟာ ဗြိတိသျှ ကိုလိုနီခေတ်ကတည်းက အလွန်တရာ ထင်ရှား ကျော်ကြားခဲ့တဲ့ နေရာတွေပါ။ နာမည်အကျော်ဆုံးပါ။ မြန်မာနိုင်ငံဟာ ကမ်းရိုးတန်း အများဆုံးပိုင် ဆိုင်တဲ့ အလျှောက် ကမ်းခြေတွေဟာလည်း သဘာဝ အတိုင်း လှပသာယာလွန်းနေတယ်။ ကြည်လင်အေးမြတဲ့ ရေ အလျင်မှာ  လူးလားတုံ့ခေါက် ကူးခတ်ပြေးလွှားနေတဲ့ ကျောက်ပုစွန်လုံးကြီးတွေမှ စားချင်တယ်ဆိုရင် လည်းရပါတယ်။ သင်တို့  အလို ရှိရင် ကျောက်ပုစွန်လုံးကြီးတွေ၊ ပုစွန်တုပ်ကြီးတွေ လတ်လတ် ဆတ်ဆတ်မှာယူ စားသောက်နိုင်ပါတယ်။

Read more: ထားဝယ်မှ ကော့သောင်းသို့

aung-chan-thar

အသက် ၂၄ နှစ်အရွယ်က ဒေါ်သဇင်မြင့်အောင် ဆုတောင်း ဓိဋ္ဌာန်ပြုခဲ့သည်။ 'အသက် ၄ဝ ပြည့်လျှင် မဇ္ဈိမဒေသမှာ သာသနာပြုပါရစေ'ဒါပေမဲ့ ခုလို ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတွေကို နှစ်စဉ် မဇ္ဈိမဒေသကိုဘုရားဖူးမြော်ဖို့ ပို့ဆောင်ပေးရ တဲ့လုပ်ငန်းကို လုပ်ဆောင်ခွင့်ရမည်လို့ သူမ မထင်ခဲ့။ အခု ဆုတောင်းပြည့်ခဲ့ပြီ။အောင်ချမ်းသာ ဗုဒ္ဓဂယာဘုရားဖူးအဖွဲ့။ ၁၉၉၆ ခုနှစ်ကစပြီး ၂ဝဝ၁-၂ဝဝ၂ မှ ၂ဝ၁၁- ၂ဝ၁၁၂ ထိ ၁၁ ကြိမ်ပို့ဆောင်ပေးနိုင်ခဲ့ပြီ။ ယခု ၂ဝ၁၄ ထိ ၁၂ ကြိမ်ရှိ ခဲ့ပြီ။၂ဝ၁၄-၂ဝ၁၅ ဘုရားဖူးရာသီတွင် ၁၃ ကြိမ် မြောက်အဖြစ် ၂ဝ၁၄ စက်တင်ဘာ ၂၉ ရက်က စကာ အိန္ဒိယလေကြောင်းလိုင်းဖြင့် ဘုရားဖူးတွေကို ပို့ဆောင် ပေးဦးမည်။

Read more: ယုံကြည်စွာရွေးချယ်ရမည့် အောင်ချမ်းသာ ဘုရားဖူးလုပ်ငန်း

Go to top