shwek

မန္တ္တလေးမြို့သို့ရောက်လျှင် မိမိသွားလိုရာသို့ ရောက်ရန် မန္တ္တလေးနန်းတော်ကြီးကို အရှေ့၊ အနောက်၊ တောင်နှင့် မြောက်မှအကြိမ်ကြိမ် လှည့်ပတ်ရင်းသွားရ လေ့ ရှိပါသည်။ မန္တ္တလေးမြို့ကို ဘယ်နှခါပဲရောက် ရောက် ကျုံးရေပတ်လည်ဝိုင်းရံလျက်ရှိသော မင်းတုန်းမင်း ၏ နန်းတော်မြို့ရိုးကြီးကိုမြင်ရသည်မှာ ဘယ်တော့မှ ရိုးမသွားနိုင်သော မြင်ကွင်းတစ်ခုပင်ဖြစ်ပေသည်။ လေ့လာခဲ့ဖူးသမျှ စာအုပ်များထဲမှ ထိုနန်းေ တ်ာကြီးကို တည်ဆောက်ခဲ့သူ မင်းတုန်းမင်းကြီးအကြောင်း၊ ကုန်းဘောင်ခေတ် မြန်မာရှင်ဘုရင်တို့၏နန်းတော်ကြီး မည်မျှကြီးကျယ်ခမ်းနားခဲ့ပုံအကြောင်း၊ ထိုအချိန်က မြန်မာတို့၏ ဗိသုကာလက်ရာများနှင့် ယဉ်ေ ကျးမှု အဆင့်အတန်း မည်မျှမြင့်မားခဲ့ကြောင်းတို့ကို မိမိ လေ့လာမှတ်ထားသမျှ စာအုပ်များထဲမှ ကောက်နုတ် ပြီး မိမိ၏ဧည့်သည်နိုင်ငံခြားသားများကို အမြဲရှင်းပြ လေ့ရှိပါသည်။ ထိုအခါ ဧည့် သည်နိုင် ငံခြား သားများ သည် မင်းကြီး၏ နန်းတော်ကိုဝင်ရောက်လည်ပတ်ရန် တောင်းဆိုလေ့ရှိကြပါသည်။

Read more: သီပေါမင်း၏ ကုသိုလ်တော် မင်းတုန်းမင်း၏ရွှေနန်းတော်ကျောင်း

v1yy-2

ကမ္ဘာ့အရှည်ဆုံး အမြင့်ဆုံးအဆောက်အဦရှိနေတယ်။ ကမ္ဘာ့အကြီးကျယ်ဆုံးသော နှစ်ပတ်လည်ပွဲ ကျင်းပလေ့ရှိသေးတယ်။ တစ်ခါတစ်ရံ စိတ်အချဉ်ပေါက်လာရင် နျူကလီးယား ခြိမ်းခြောက်မှုနဲ့ ကိုင်စွဲခြောက် လှန့် တတ်သေးတဲ့ မြောက်ကိုရီးယားနိုင်ငံအကြောင်း ကမ္ဘာ့နိုင်ငံတွေ မသိကြသေးတာတွေ ခပ်များများရှိနေပါသေးတယ်။ မြောက်ကိုရီးယားနိုင်ငံ၊ မြို့တော်ပြုံးယမ်းဆီ သွားရောက်လည်ပတ်ဖို့ စိတ်ကူးရှိသူ/ မရှိသူ တွေ ဒီအချက်လေးတွေသိထားရင်လည်း အပိုတော့ ဖြစ်မနေပါဘူး။ စိတ်ဝင်စားစရာပါပဲ။

Read more: ပြုံးယမ်းကို အလည်မသွားခင် သိထားသင့်ထားတာလေးတွေ

v1-2

ဗီယက်နမ်နိုင်ငံသို့ရောက်လျှင် 'ကူချီ' လိုဏ်ခေါင်းများဆီသို့ မရောက်ဖြစ်ခဲ့ပါက ခရီးသွားလေ့လာမှုပြည့်စုံမည်မထင်။ အဘယ်ကြောင့်ဆိုသော် အမေရိကန်တို့၏ ကျူးကျော်ဝင်ရောက်မှုကို ဗီယက်နမ်တို့ ထိရောက် စွာ တွန်းလှန်နိုင်ခဲ့ပြီး အမေရိကန်တပ်သားများ အထိနာခဲ့ ကြသော သမိုင်းဝင်နေရာတစ်ခုဖြစ်သောကြောင့်ပင်။ အမေရိကန်တို့၏ ခေတ်မီလက်နက်များကို ရရာလက်နက် များဖြင့် တန်ပြန်တိုက်ခိုက်ခဲ့ကြသော အောင်မြေဖြစ်သော ကြောင့်ပင်။ 

Read more: သွေးတို့ ချွေးတို့ စတေးသည့်မြေ

pyu

ပြည်မြို့ဟာ ဧရာဝတီမြစ် အရှေ့ဘက်ကမ်းမှာ ချစ်စဖွယ်တည်ရှိ ပြီးတော့ အင်္ဂလိပ်တွေက ပရုမ်းမ် (Prome)လို့  ခေါ် ဝေါ်ကြပြီး မြန်မာတွေက ပြည်မြို့လို့ခေါ်တာပါ။ ဒုတိယမြန်မာစစ်ပွဲအပြီးမှာ သရေခေတ္တရာ လို့သုံးစွဲခေါ်ဝေါ်ပြီးတော့ ရှေးဟောင်းပျူလူမျိုးတို့ရဲ့ သမိုင်းဝင်မြို့တော်အဖြစ် ထင်ရှားခဲ့ပါတယ်။ ယခုအခါ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရဲ့ ကုန်စည် ဖြန့်ဖြူးရောင်းဝယ်ရာ အချက်အချာမြို့ကြီးလည်းဖြစ်နေပါတယ်။ ရန်ကုန်ရဲ့မြောက်ဘက် ၁၆၁ ကီလိုမီတာအကွာ ဟိုင်းဝေးလမ်းမကြီးတစ်လျှောက်ကားနဲ့လာလို့ရတယ်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ အလယ်ပိုင်းနဲ့ အထက် မြန်မာပြည်တို့ကို ဆက်သွယ်ပေါင်း ကူး သွားေ ရာ က်နိုင်တယ်။ ၁၈၇၇ ခုနှစ် ကစလို့ ရထားလမ်းတွေ ချဲ့ထွင်ပြေးဆွဲခဲ့ရာ မြောက်ဘက်တည့်တည့် ပုဂံမြို့တော်သို့တိုင်ရထားနဲ့ အေးအေးလူလူ ခရီးသွားနိုင်ပါတယ်။ ကမ္ဘာတစ်လွှား ခရီးသွားဧည့် သည်တွေ အဖို့  ပုဂံ မှ မန္တလေးမြို့သို့တိုင်ခရီး ဆက်နိုင်ကြတယ်။ 

Read more: ပျူလူမျိုးတွေရဲ့ သမိုင်းဝင်မြို့တော်ဆီ

1-2

ယခင်လမှအဆက်

Grand Island Tour ကတော့ ကော်ဖူးကျွန်းတစ်ပတ် tour bus နဲ့ သွားကြတာပါ။ Grand Island Tour မှာတော့ သြစတြီးယားဘုရင်မ Sisi တည်ဆောက်ခဲ့တဲ့ Achilleion နန်းတော်၊ ကော်ဖူးကျွန်းအနောက် မြောက်ကမ်းခြေမြို့လေး Paleokastritsa ကမ်းခြေ၊ Virgin Mary ကို ရည်စူးတည်ဆောက်ထားခဲ့တဲ့ Byzantine ခေတ် Paleokastritsa Monastery နဲ့ ရှုမျှော်ခင်းလှလှ Mouse Island စတဲ့ ခရီးစဉ်တွေပါဝင်ကြတယ်။ ကျွန်မတို့တည်းတဲ့နေရာ အနီးဆုံးဘတ်စ်ကားမှတ်တိုင်မှာပဲ မနက် ၈ နာရီခွဲလောက် စောင့်ကြတယ်။ minibus လေးနဲ့ လာကြိုတော့

Read more: Grand Island Tour

Go to top