1 Real

ဘယ်နေရာ ဘယ်နိုင်ငံဘယ်ဒေသမှာနေတဲ့သူပဲဖြစ်ဖြစ် မိမိနေခွင့်ရနေတဲ့ နေရာလေးမှာ အကောင်းဆုံးဖြစ်အောင် နေထိုင်ချင်ရင် ကိုယ် ကစပြီး ကောင်းရမယ် ကောင်းအောင်နေရမယ်လို့  ကျွန်မတော့ထင်တာပါပဲ။ ဘာကိုပြောချင်တာလည်းဆိုတော့ ဥပမာ- ကိုယ့် ပတ် ဝန်း ကျင်မှာ အမှိုက်ကင်းမဲ့နေရင် ကိုယ်ကိုယ်တိုင်က လည်း မုန့်စားထားတဲ့ မုန့်အိတ်အခွံလေးကို လမ်းပေါ်ပစ်ရမှာကို မပစ်ရဲတော့ဘူး။ ဒီ တိုင်းလွှင့်ပစ်လိုက်ရင်လည်း  ဘယ်သူမှသိမှာ မဟုတ်ပါဘူးဆိုပေမဲ့လည်း အဲလိုလုပ်ရမှာကို အလိုလိုရှက်နေမိတယ်။ အလိုလိုကို ထိန်း သိမ်းချင်စိတ် ၊ စည်းကမ်းရှိချင်စိတ် ၊ ရှက်တဲ့စိတ်လေးရှိသွားတာပေါ့။  အဲလိုကိုယ့်ဘက်ကစပြီး ထိန်းသိမ်း ထားရင် နောက် တစ်ယောက် ကလည်း လမ်းကလည်း ရှင်းနေတာပဲ၊ အမှိုက်မရှိဘူး၊ ဘယ်သူမှ အမှိုက်မပစ်ကြပါလားဆိုပြီး တစ်ယောက်စ နှစ်ယောက်စ ကိုယ်ပိုင် အ သိဥာဏ်လေးတွေနဲ့စပြီး ထိန်းသိမ်းသွားမယ်ဆိုရင် ကိုယ့်နေရာ ကိုယ့်ပတ်ဝန်းကျင်လေးအရင်စပြီး သန့်ရှင်းလာမယ်လို့ထင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်တောင် သန့်ရှင်းလှပချင်လို့  နေ့တိုင်းရေချိုး အမွှေးအကြိုင် လိမ်းနေကြတာပဲဆိုတော့။  ကိုယ့်တစ်ကိုယ်ရေ သန့် ရှင်းမှု ကစ ကိုယ့်အိမ်တွင်း ကိုယ့်ပတ်ဝန်းကျင် ဒီလိုမျိုး လေးတွေကို ကိုယ်ကစပြီး ထိန်းသိမ်းပြီး လူများနားလည်လာ  မိမိနဲ့အတူပါ ဝင် လာေ အာင်  ကိုယ်ကစပြီးနေထိုင်ဖို့ လိုပါလိမ့်မယ်။

မြင်ခဲ့ရသလောက်တော့

Read more: ရောမမြို့မှ အပြန်အလှန် ထိန်းကျောင်းခြင်းစနစ်

robothotelnew 3376265k

ဧည့်ကြိုကောင်တာဝန်ထမ်းဟာ ရိုဘော့ဒိုင်နိုဆော တစ်ကောင်ဖြစ်နေတဲ့အချိန် အခန်းအဆင့်မြှင့်ဝန်ထမ်းကတော့ တကယ့်ကို ခပ်သွယ်သွယ်ဖြစ်သွားမှာပါ။ ကြယ်ငါးပွင့် ဂျပန်ဟိုတယ် Henn-na ဟိုတယ်ကို ဇူလိုင်လလယ်ပိုင်းက ဖွင့်လှစ်ခဲ့ပါတယ်။ Henn-na ဆိုတဲ့နာမည်ကတော့ Strange ဆိုတဲ့အဓိပ္ပာယ်ပါ။ Strange Hotel လို့ အမည်ပေးထားပါတယ်။ ဟိုတယ်မှာတည်းခိုတဲ့ ဧည့်သည်တွေကတော့ နာဂါစာကီဒေသ အပမ်းဖြေပန်းခြံ Huis Ten Bosch ကို သွား ရောက်လည်ပတ်ကြမယ့် သူတွေဖြစ်နေပါလိမ့်မယ်။ ဂျပန်စကားပြောဧည့်သည်တွေ နဲ့တွေ့ဆုံတဲ့အခါ

Read more: ဂျပန်မှာဖွင့်ထားတဲ့ ကမ္ဘာ့ပထမဆုံး ရိုဘော့ဟိုတယ်

s1

စင်ကာပူကိုလာရင် တစ်လဘယ်လောက်ကုန်မလဲ မေးလာကြသူများအတွက် ခန့်မှန်းတွက်ချက်ပြလိုက်ခြင်းဖြစ်ပါသည်။ မည်မျှကုန်မည်ဆိုသည်ကို အတိအကျပြောရန် ခက်ပါသည်။ မည်သည့်နေရာတွင် မည်ကဲ့သို့နေမည်၊ မည်ကဲ့သို့စားမည်၊ မည်ကဲ့သို့ သွားမည်၊ ဘယ်လိုသုံးမည် ဆိုသည့်အပေါ်မူတည်ကာ ကွာခြားသွားပါသည်။ သို့အတွက် ကိုယ့်ဘာသာကိုယ်တွက်နိုင်ရန်ဈေးနှုန်းများပါ ဖော်ပြလိုက်ပါသည်။

လူတစ်ဦး တစ်လနေထိုင်ခြင်းအတွက်

အိမ်ခန်းငှားခ -  ၄၅ဝ
စားသောက်စရိတ် - ၂၅ဝ
သွားလာစရိတ် -  ၁ဝဝ
အထွေထွေ အသုံးစရိတ် - ၃ဝဝ
စုစုပေါင်း - ၁၁ဝဝ

ဈေးနှုန်းများ 

အိမ်ငှားခ


ဆွေမျိုး၊ မိတ်သင်္ဂဟများအိမ်တွင်နေမည်၊ အိမ်ငှားရန်မလိုဆိုပါက အိမ်ငှားခ နုတ်ပါ။ ပျမ်းမျှ အိမ်ငှားခမှာ နေရာကိုလိုက်၍ (တစ်ဦးအတွက်) ၃၅ဝ မှ ၅ဝဝ ထိ ရှိပါသည်။ ဘူတာ၊ ဈေးများနှင့်နီးသောနေရာ၊ မြို့ထဲနှင့် နီးသောနေရာများတွင် ပိုဈေးကြီးပါသည်။ ထို့ပြင် ရေတို (တစ်လ၊ နှစ်လ) ငှားခမှာ ပုံမှန်ဈေးထက် ပိုများတတ်ပါသည်။

စားသောက်စရိတ်

အသိအိမ်တွင်နေပြီး ချက်စားလို့ရမည်ဆိုလျှင် ၁၂ဝ လောက်သာ ကုန်ပါလိမ့်မည်။ နေရာကိုလိုက်၍

Read more: စင်ကာပူတွင် နေထိုင်ခြင်းအတွက် ခန့်မှန်းကုန်ကျစရိတ်

WZ

ခရီးသွားကြတဲ့အခါတိုင်း လက်မှတ်တွေ၊ ဗီဇာတွေလိုသလို၊ လမ်းခရီးမှာ စားသောက်ဖို့ ရိက္ခာတွေ၊ စုဆောင်းဖို့လည်း လိုပါတယ်။ ဘဝရဲ့ သံသရာခရီးကိုသွားတဲ့အခါမှာလည်း ရိက္ခာတွေ၊ ဗီဇာတွေ အမှန်ပဲ လိုအပ်ပါတယ်။ အားလို့ သေတဲ့မသာဆိုတာ မရှိဘူးလို့ လူကြီးသူမတွေ ပြောသံကြားဖူးတယ်။ မှန်ပါတယ်၊ မအားလည်း သေဖို့ လူတိုင်း ပြင်ဆင်ကြရပါမယ်။ ဘဝသံသရာခရီးအတွက် ရိက္ခာတွေ ရှာဖွေ စုဆောင်း ကာ ပြင်ဆင်ကြရပါမယ်။ ဘာတွေ ဘယ်လိုပြင်ဆင်ကြရမလဲ စဉ်းစားတဲ့အခါ . . .

Read more: ဆိတ်ငြိမ်မှုတွေနဲ့ တဒင်္ဂခရီး

IMG 1242

'အင်းအိုင်ဝိုင်းလည် မြို့ကြီးတည် . . ၁၂၄၄ ခုနှစ်မှာတော့ အမရပူရရွှေနိုင်ငံ ရေချိုတွင်းက မြနန်းစံရွှေဘိုမင်းဆက် မြနန်းစံ မြတ်ဘိုးတော် ..သူစီမံ ..အင်း ကြီး တောင်တမန် ဝဠာတစ်ခွင်မှာလေ…ရာဇဝင် တွေ ..ဝိုင်းဝိုင်းပြီးတော့ . . တစ်ပိုင်းတစ်စစီ သာကျန်..ပစ္စင်ကျုံးများရဲ့သဏ္ဌာန် .. မန္တလေးလုံချည် .. ပိုးလုံချည်တွေ ထွက်တဲ့ ၎င်းအချက်ကျ နေရာပေါ့..တဘောင် မကျိုးတဲ့ တောင်မြို့လို့ ဆိုပါတော့…'။ နန်းတော်ရှေ့ ဆရာတင်က ဆိုပါတယ်။ ဒီတစ်ခေါက် အမရပူရကို လိုက်ပို့ချင်ပါတယ်။

တောင်တမန်အင်းဆိုတာ အထင်အရှား တည်ရှိခဲ့တာပါ။ အမရပူရဟာ

Read more: မသေတဲ့ရွှေနိုင်ငံ အမရပူရ

Go to top